10/03/2026
အသက်မွေးဝမ်းကြောင်းပညာရပ်တစ်ခုကို သင်ယူတတ်မြောက်ပြီး ဘoအာမခံချက် ရယူလိုသူများအတွက်
Sketchup Modelling & Vray Rendering (Zoom Class) အတန်းသစ်ကို
April 1 ရက်နေ့ မှာ ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်လို့ စိတ်ဝင်စားရင် သင်တန်းအပ်နှံနိုင်ပါပြီ ...
Sketchup ကို အခြေခံမှစ၍ ကိုယ်ပိုင် Design ရေးဆွဲပြီး Final Render ပြုလုပ်သည်အထိ သင်ကြားပေးသွားမှာဖြစ်ပါတယ် ...
ဘယ်သူတွေတက်သင့်တာလဲ ???
-------------------------------
🛑 Architect & Interior Designer များနှင့် မိမိကိုယ်တိုင် Design ဖန်တီးလိုသူများ ....
🛑 Sketchup Modelling ကို အခြေခံမှစ၍ ကိုယ်ပိုင် Design ရေးဆွဲပြီး ပုံချောထုတ် Render ပြုလုပ်လိုသူများ ...
🛑 Layout ဖြင့် Detail Drawing Printing ထုတ်ယူခြင်းအထိပါ သင်ကြားပေးသွားမယ့် ရုံးချိန်လွတ် သင်တန်းဖြစ်ပါတယ် ...
သင်ကြားရေးအတွေ့အကြုံ (၁၅)နှစ်ကျော်ရှိပြီး လက်ရှိတွင်လည်း Decoration လုပ်ငန်းတွေမှာ interior design တွေကို ရေးဆွဲနေတဲ့ ဆရာမကိုယ်တိုင် မတတ်မချင်း သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ သင်ကြားမှု ပိုထိရောက်အောင် သင်တန်းသားအရေအတွက်ကို အနည်းငယ်ပဲ သတ်မှတ်ထားပါတယ်။
Class Type : Zoom Class
Start Date : 1 April 2026
Time : 6:30 - 8:30 PM ( TUE/WED)
Duration : 4month+
Fees : 220,000 Ks
🛑 Vray Rendering ကိုပဲ သီးသန့်လေ့လာလိုသူတွေအတွက်လည်း Vray Rendering Special အတန်း ရှိပါတယ်။
🛑 အထူးသီးသန့်အနေနဲ့ အများနဲ့မတတ်ချင်လို့ မိမိတစ်ယောက်တည်းပဲ သင်လိုသူတွေအတွက်လည်း သင်တန်းတိုင်းအတွက် ဆရာမနဲ့ One by One special zoom class ရှိပါတယ်။ One by One သင်တန်းရဲ့အားသာချက်ကတော့ သင်တန်းချိန်ကို မိမိစိတ်ကြိုက် ဆရာမနဲ့ ညှိယူနိုင်ပြီး၊ ကိစ္စရှိပါကလည်း အတန်းချိန်ကို ရွှေ့လို့ရပါတယ်။
အသေးစိတ်သိလိုပါက page messenger ကနေ စုံစမ်းမေးမြန်းနိုင်ပါတယ်။
06/03/2026
💯% Free to learn Archicad
Graphisoft Archicad ဟာဆိုရင် Revit ကဲ့သို့ BIM system အပေါ်အခြေခံထားတဲ့ engineering software တခုပဲဖြစ်ပါတယ်....
Archicad ဆိုတဲ့ အတိုင်း Architect များအတွက် Design-focused use အနေနဲ့ အသုံးများပါတယ် ...
Learning curve အနေနဲ့လည်း Revit လိုအရမ်းမရှုပ်ထွေးလို့ self-study အတွက်လည်း ပိုအဆင်ပါတယ်...
လေ့လာလိုပါက ...
ACT ရဲ့ "All-In-One Bundle Library" Telegram channel ထဲမှာ Free Download ရယူနိုင်ပါတယ် ...
Link !
https://t.me/c/2172670434/159
နောက်ထပ် Free Course တွေလေ့လာနိုင်အောင် channel လေးကို subscribe လုပ်ထားလိုက်နော် ....
14/01/2026
2026 January တန်းခွဲသစ် Sketchup Modelling & Vray Rendering အတွက် သင်တန်းအပ်နှံနိုင်ပါပြီ ...
ဘယ်သူတွေတက်သင့်တာလဲ ???
-------------------------------
🛑 Architect & Interior Designer များနှင့် မိမိကိုယ်တိုင် Design ဖန်တီးလိုသူများ ....
🛑 Sketchup Modelling ကို အခြေခံမှစ၍ ကိုယ်ပိုင် Design ရေးဆွဲပြီး ပုံချောထုတ် Render ပြုလုပ်လိုသူများ ...
🛑 Layout ဖြင့် Detail Drawing Printing ထုတ်ယူခြင်းအထိပါ သင်ကြားပေးသွားမယ့် သင်တန်းဖြစ်ပါတယ် ...
Class Type : Zoom Class
Time : 6:30 - 8:30 PM ( TUE/WED)
Duration : 4month+
Fees : 220,000 Ks
🛑 Vray Render သီးသန့် သင်ကြားလိုသူများအတွက်လဲ " Vray Render Special Zoom Class " ကိုလဲ ဖွင့်လှစ်သင်ကြားပေးနေပါတယ်။
Class Type : Zoom Class
Time. : 5:00 - 8:00 PM ( Sunday Only)
Duration : 6Weeks+
Fees : 120,000 Ks
အသေးစိတ်စုံစမ်းလိုပါက page messenger သို့ စုံစမ်းမေးမြန်းနိုင်ပါသည်။
21/12/2025
Sketchup Modelling & Vray Rendering Class မှာ ဘာတွေသင်ပေးမှာလဲ ?
🏠 3D Modelling အပိုင်းမှာဆိုရင် sketchup ရဲ့ basic tools များအပြင် plug in tools များအသုံးပြု၍ Exterior, Interior, Furniture Design များရေးဆွဲခြင်းကို သင်ကြားပေးမှာဖြစ်ပြီး ....
🔴 Model များပြုလုပ်ခြင်းနှင့် ပြန်လည် Edit ပြုလုပ်ခြင်းများကို အချိန်မကုန်စေပဲ လွယ်ကူလျင်မြန်စွာရေးဆွဲနိုင်ရန် short cut way များဖြင့်သင်ကြားပေးခြင်းအပြင် ...
🔴 Layout မှ Detail Drawing ထုတ်ခြင်းများကိုလဲ သင်ကြားပေးသွားမှာဖြစ်ပါတယ် ...
သင်တန်းပြီးမြောက်ပါက မိမိကိုယ်ပိုင် project များရေးဆွဲနိုင်မှာဖြစ်ပါတယ် ...
🎨 Vray Rendering အပိုင်းမှာဆိုရင်လဲ Vray Tool တခုခြင်းစီအပြင် Materials , Lighting Camera & Render Setting များအကြောင်းကိုလဲ အသေးစိတ်ကြားပေးသွားမှာဖြစ်ပါတယ် ...
🕡 Group Zoom Class များအတန်းဖွင့်ချိန်ကို Page မှတဆင့် ကြော်ငြာပေးသွားမှာဖြစ်ပြီး
🕹 One-By-One Zoom Class တက်လိုပါက cb တွင် အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်...
15/12/2025
2026 January လအတွက် အတန်းသစ်များ
🏡🎨 Architecture Design နှင့် Interior Design များကို 3D Modelling မှ Final Render ပြုလုပ်ခြင်းများကို လုပ်ငန်းခွင် Project များရေးဆွဲနိုင်သည်အထိ Basic to Advance Level ရောက်အောင် သင်ကြားပေးမည့် ....
" Sketchup Modelling & Vray Rendering Zoom Class " အတန်းသစ်ကို 2026 နှစ်သစ်မှာ ပထမဆုံး ဖွင့်လှစ်ကြားပေးသွားမှာဖြစ်လို့ စိတ်ဝင်စားတယ်ဆိုရင် အခုပဲ လာရောက်ဆွေးနွေးပြီး သင်တန်းအပ်နှံနိုင်ပါပြီ 😉 ....
📅 Start Date : 13 Jan 2026
🕡 Time : 6:30 - 8:30 PM (TUE/WED)
💵 Fees : 220,000Ks
🔴 Vray Render သီးသန့်သင်ကြားလိုသူများအတွက်လဲ " Vray Rendering Special Zoom Class " ကိုလဲ အသစ်ထပ်မံဖွင့်လှစ်ပေးထားပါတယ်ရှင် ....
📅Start Date :18 Jan 2026
🕡 Time : 5:00 - 8:00 PM (Sunday Only)
💵 Fees : 120,000Ks
🏡 Modelling သီးသန့်သင်ကြားလိုသူများအတွက် " Sketchup Modelling Special Video Recording Class " အသစ်ကိုလဲ ဖွင့်လှစ်ပေးထားပါတယ် ...
📽 Recording Class ဖြစ်တာကြောင့် မိမိအဆင်ပြေတဲ့အချိန်မှာ လွတ်လပ်စွာလေ့လာနိုင်မှာဖြစ်ပီး Video Lesson များကိုလဲ တပတ်တခါ Telegram မှ Private ပို့ပေးသွားပါမယ် ...
📽 စာမေးလိုသည်များကို ဆရာနှင့်အချိန်ညှိ၍ 2Weeks ကို Zoom Meeting One Time ပေးသွားမှာဖြစ်လို့ မတက်မှာကို စိတ်ပူစရာမလိုပါဘူး ...
📅 Start Any Time
💵 Fees : 80,000Ks
📽 Zoom Class များအတွက်လဲ အတန်းလွတ်သွားခဲ့ရင်ပြန်လေ့လာနိုင်ရန် recording video များ တပတ်တခါ ပို့ပေးပါမည်...
🔴🔴🔴"စိတ်ဝင်စားသူတိုင်းတက်ရောက်နိုင်ရန် သင့်တင့်သောသင်တန်းကြေးဖြင့် အမှန်တကယ်တက်မြောက်မှုကိုအလေးပေး၍ စေတနာမှန်ကန်စွာဖြင့် သင်ကြားပေးနေသော ကျွန်မတို့ ACT သင်တန်းကျောင်းမှ စိတ်အားထက်သန်စွာလေ့လာလိုသူတိုင်းကို ကြိုဆိုသင်ကြားပေးလျက်ရှိပါတယ် "
သင်ကြားပေးမည့် Drawing များနှင့် အကြောင်းရာအသေးစိတ်ကို ACT Page ထဲတွင် ဝင်ရောက်လေ့လာနိုင်ပါတယ်ရှင့်...
စုံစမ်းမေးမြန်းဆက်သွယ်လိုပါက
📱 09 448040744 (or) cb
20/10/2025
After Raining 🌦
TIPS: Landscaping is major impact of your exterior render to make more realistic, mood, storytelling, improve lighting and color .
11/10/2025
Thanks with LOVE
Architectural Design Industry ထဲကို 2011 ခုနှစ်မှာ အလုပ်သင် AutoCAD Lecturer အနေနဲ့ စလုပ်ခဲ့တဲ့အချိန်ကနေ လက်ရှိ ကိုယ်ပိုင် Training လေးလုပ်နိုင်အောင်ရယ် Freelance Project တွေဆွဲနိုင်လာတဲ့အထိ အဘက်ဘက်က ကူညီပံ့ပိုး သင်ကြားပေးခဲ့ကြတဲ့ သင်ဆရာ/မြင်ဆရာ/ကြားဆရာ အားလုံးကို အထူးပဲကျေးဇူးတင်ကြောင်း ဒီ post လေးကနေဂါဝရပြုပါတယ်ရှင် ...
စာသင်တာလဲကြာပြီ Design တွေလဲလုပ်နေပေမယ့် Low Profile သမားဖြစ်နေလို့ ... ပျင်းတာလဲပါတယ် 😅 activity တွေလဲမတင်ဖြစ်ပေမယ့် ပညာလိုချင်လို့ ကိုယ့်ကိုယုံကြည်ပြီး သင်တန်းလာတက်ကြတဲ့ သင်တန်းသား/သင်တန်းသူလေးတွေကိုလဲ ကျေးဇူးတင်တယ် ❤ တကယ်ပါ ...
Thank You So Much
Architecture Industry ကြီးကအရမ်းကိုကျယ်ပြန့်ပါတယ် လေ့လာစရာတွေလဲအလွန်ကိုများတယ် Software ပိုင်းနဲ့ Knowledge ကိုသေချာလေ့လာပြီး Experience ကောင်းကောင်းရယူနိုင်မှသာ နေရာတခုဝင်ဆန့်နိုင်မှာပါ
အဲဒီတော့ ဒီပညာရပ်ကို Career တခုအနေ Professional လုပ်မယ်ဆို Passion လေးပါထည့်ပေါင်းပြီးသေချာလုပ်စေချင်ပါတယ်....
ကျွန်မ သင်တန်းသူ/သင်တန်းသားလေးတွေ ... Assignment နဲ့ Homework တွေလဲလာပို့ကြပါဦးလို့ ...🤣
23/08/2025
Vray Rendering Zoom Class (Batch -01)
Vray Rendering သီးသန့်ပဲတက်ချင်ကြတဲ့သူများအတွက် Special Rendering Class အတန်းသစ်ကို ဖွင့်လှစ်ပေးလိုက်ပါပြီရှင့် ...
🛑 ပထမဆုံးဖွင့်လှစ်ခြင်းအနေဖြင့် သင်တန်းကြေး 120,000 Ks ကို 20,000 Ks Discount ပေးသွားမှာဖြစ်လို့ စိတ်ဝင်စားတယ်ဆိုရင်အမြန်ဆုံး လာရောက်အပ်နှံနိုင်ပါပြီ ...
နောက် batch တွေဆိုရင် သင်တန်းကြေးက 120,000 Ks ပါနော် ...
🎨 Vray Rendering ကိုအသုံးပြု၍ 3D Model Design များကို Photo-Realistic Rendering Image များအဖြစ်လွယ်ကူစွာ ပြုလုပ်နိုင်စေရန်
🎨 Vray Materials, Lighting, Camera Settings ကို Detail ကျကျ လေ့လာနိုင်ရန်
🎨 Real Project တွင် လက်တွေ့အသုံးချနိုင်မည့် Tips & Tricks များကိုလဲ ထည့်သွင်း သင်ကြားပေးပါမည်
Course Title
- V-Ray 7 Latest Features (SketchUp Integration)
- Materials/ Lighting/ Camera
- Lighting Techniques (Interior + Exterior)
- High-Quality Render Settings
- Post-Production Workflow
🕹 Sketchup Modelling ကို တက်မြောက်ထားရန်လိုအပ်ပါသည်။
🕹 Zoom class ဖြစ်တာကြောင့် latop နှင့် အသင့်တင့်လိုင်းကောင်းသော internet ရှိရန်လိုအပ်ပါသည်။
🗓 Start Date: 13 Sep 2025
⏰ Time: 4:00 - 6:00 pm ( Sat/Sun)
🗓 Duration : 6 or 7 week
📍 Zoom Online Class
💸 Fees : Discount Price 100,000Ks
သင်တန်းသားအရေတွက်ကန့်သတ်ထားတာကြောင့် အမြန်စာရင်းသွင်းအပ်နှံနိုင်ပါပြီ...
👉 အသေးစိတ်စုံစမ်းလိုပါက page cb (or) 09 448040744 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
15/08/2025
Learn With AI
အလင်းစူးတဲ့ဒဏ်မခံနိုင်လို့ monitor အလင်းလျော့ပြီး render လုပ်လိုက်တာ ပုံကဖြူဖတ်ဖြူရော်ဖြစ်ကုန်ရော် 😅 ပြန်ပြင်ရမှာပျင်းတာနဲ့ ChatGPT ကိုပြင်ခိုင်းလိုက်တယ်😁
"ငါ့ကို lighting balance လုပ်ပေးပါ" ပေါ့လေ
သူပြင်ပေးတာသိပ်အကြိုက်ကြီးမဟုတ်ပေမယ့် မဆိုဘူးဟလို့
ဖြေရှင်းချက်သိချင်တာနဲ့ "ဘာတွေပြင်လိုက်လဲအသေးစိတ်ရှင်းပြပေး"ဆိုတော့ detail ရှင်းပြတယ်
current lighting မှာဘာတွေဖြစ်နေပါတယ်
Artificial နဲ့ Natural light ကို balance လုပ်တယ်
Color temperature ပြန်ညှိတာ ဘာညာ နဲ့ နောက်ဆုံး post production ပြင်တာပါရှင်းပြပေးသွားတယ် 👍
ကျေနပ်စရာပါပဲ ...
စာကျွင်းအနေနဲ့က ကိုယ့်ဘက်က အတိုင်းတာတခုထိလေ့လာထားပြီးမှသာ သူ့ရှင်းလင်းချက်ကိုနားလည်နိုင်မှာပါ ...
တော်ကြာသင်တန်းမတက်တော့ပဲ AI နဲ့သင်တော့မယ်လုပ်နေမှာစိုးလို့ 🤣
12/08/2025
Me and my student
Student : "အမရေ ဒီနေ့ခွင့်တိုင်ချင်လို့"
Me : "OK ညီမလေး/မောင်လေး ရတယ်နော်"
Student :" အမရေ အိမ်ပြန်ချင်လို့ ဒီတပတ်လုံးခွင့်ယူလို့ရလား "
Me : " OK ရပါတယ် "
Me : " ဒီနေ့ အလုပ်ကိစ္စ meeting လေးရှိလို့ အတန်းပိတ်မယ်နော် "
Student : " ဟုတ် ဟုတ် ရတယ်မ "
စသည်ဖြင့် စသည်ဖြင့်ပေါ့လေ 😁
အဲ့လိုနဲ့ပဲ ၃လခွဲအတန်းဆို ၄လ ၅လ တွေ ဖြစ်လို့ တချို့က course ၂ခုလောက်တက်ပြီး နှစ်ပေါက်တယ် 🤣
အာ့တာနဲ့ပဲ တနှစ်ကို class က ၂ခု ၃ခု ကို မနဲ့ဖွင့်နေရတယ်
ပြောချင်တာက class ဖွင့်တုန်းလေးလာတက်ကြပါလို့ ပြီးမှ လာလာမမေးနဲ့ အတန်းတခုပြီးတခုဖွင့်ဖို့မလွယ်နေဘူးနော် 😄