06/09/2025
AI ကြောင့် အလုပ်လက်မဲ့ဖြစ်နိုင်လား
ခုတလော Trend ဖြစ်နေတဲ့ AI ဟာ လူတွေကို အစားထိုးသွားရင် လူတွေအလုပ်လက်မဲ့ဖြစ်ကုန်ကြမှာလားပေါ့❓
တိကျတဲ့ အဖြေကတော့ 👉"No"👈 ပါ
ဘာကြောင့်လဲဆိုတော့ AI က လူတွေနေရာကို အစားထိုးသွားမှာ မဟုတ်တဲ့အတွက် အလုပ်လက်မဲ့တွေလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။
ဒါပေမယ့် AI ဟာ လူတွေရဲ့ အလုပ်လုပ်ပုံတွေကိုတော့ ပြောင်းလဲသွားစေမှာပါ။
ဥပမာပေးရရင် ယခင်က စာစီစာရိုက်ကို လက်နှိပ်စက်တွေသုံးပြီး ရိုက်ကြတယ်။ အခုတော့ ကွန်ပျူတာနဲ့ ရိုက်ကြတယ်။ ဘာကွာသွားလဲ ဆိုတော့ လက်နှိပ်စက်အစား ကွန်ပျူတာကို ပြောင်းသုံးလိုက်ကြတာပါ။ စာစီစာရိုက်လုပ်ငန်းကတော့ ပျောက်ကွယ်မသွားပါဘူး။ သုံးတဲ့ Technique တွေ၊ ပုံစံတွေကလည်း အရင်အတိုင်းပါပဲ။
နောက်တစ်ခု. ယခင်က ထင်းတို့၊မီးသွေးတို့သုံးပြီး ထမင်း/ဟင်း ချက်ကြတယ်။ နောက်ပိုင်း လျှပ်စစ်မီးဖို၊
ဂတ်စ်မီးဖိုတွေပေါ်လာတော့ ဒါတွေနဲ့ ပြောင်းချက်ကြတယ်။ ဒီမှာလည်း ထင်း/မီးသွေး မီးဖိုတွေနေရာမှာ လျှပ်စစ်/ဂတ်စ်မီးဖိုတွေအစားထိုးလိုက်တာက လွဲလို့ ထမင်း/ဟင်းတွေတော့ ချက်မြဲချက်ဆဲပါပဲ။ ထမင်း/ဟင်းချက်ရင် လုပ်ရမယ့် Procedure တွေ၊ Technique တွေကလည်း မပြောင်းပါဘူး။
ဒီဥပမာတွေမှာ တစ်ခုက Professional အလုပ်၊ တစ်ခုက Personal အလုပ်ဖြစ်ပြီး အသစ်တစ်ခုပေါ်လာတဲ့နေရာမှာ လိုက်ပါပြောင်းလဲဖို့အတွက် အဲ့ပစ္စည်းကို သုံးတတ်ဖို့ပဲ လိုပါတယ်။
ပင်မရည်ရွယ်ချက်ဖြစ်တဲ့ စာရိုက်တာ၊ ဆန်ကိုထမင်းပြောင်းတာ၊ အသားတုံးကို ဟင်းဖြစ်စေတာတွေကတော့ ယခင်အတိုင်း ပြောင်းလဲမှာ မဟုတ်ပါဘူး။ လုပ်ပုံလုပ်နည်းလေးပဲ ကွာသွားတာပါ။
ဒါ့အပြင် လက်နှိပ်စက်တွေကို မသုံးကြတော့ပေမယ့် လိုအပ်ချက်အရ ထင်းတို့၊မီးသွေးတို့သုံးပြီးလည်း ချက်နေကြပါသေးတယ်၊ ဒါကတော့ တစ်ပိုင်းပါ။
AI ပေါ်လာတာနဲ့ ပြန်ဆက်စပ်ရရင် ယခင်အလုပ်တွေဖြစ်တဲ့ Software developer, Web developer, Graphic designer၊ နောက်ပြီး Accountant, Data entry, Content writer, Content creater, Drafter ကနေ စလို့ Technician, Mechanic တွေအထိဟာ ယခင်က ပုံစံတွေ အတိုင်း Software/Web ရေးတာ၊ Logo/အိမ် ဒီဇိုင်း ဆွဲတာ၊ Content/Video ဖန်တီးတာ၊ စက်တွေကို ပြုပြင်ထိန်းသိမ်းမှုလုပ်တာတွေ ဆက်ပြီးလုပ်နေရဦးမှာပါ။
ဒါမယ့် ဘယ်လိုလုပ်ကြမလဲတော့ ပြောင်းလာမှာပါ။
(ဥပမာ- Software development အတွက်ဆို code ကို အစအဆုံးရေးစရာ မလိုတော့ဘဲ AI ကို ရေးခိုင်းတာမျိုး၊ နောက်ပြီး Business problem တွေအတွက် စဉ်းစားရာမှာ AI ကို ကူပြီးစဉ်းစားခိုင်းတာမျိုးပေါ့)
ဒါတွေကြောင့် code ရေးချိန် ချွေတာနိုင်မယ်၊ Problem solution အတွက် data source တွေကို တစုတစည်းထဲ ရနိုင်မယ်ပေါ့။
အဲ့လို AI ကို ကူလုပ်ခိုင်းဖို့အတွက်တော့ သူ့ကိုခိုင်းနိုင်ရပါမယ် (Prompt Engineering ကို တတ်ကျွမ်းရန်လို)၊ သူရေးပေးထားတဲ့ code တွေကို နားလည်နိုင်ရပါမယ်၊ လိုသလို adjust လုပ်နိုင်ရပါမယ် (Core programming skill ကောင်းရန်လို)။
🚨🚨🚨
ပြန်ချုပ်ရရင်တော့ AI ကြောင့် အလုပ်လက်မဲ့တွေ ဖြစ်လာကြမှာ မဟုတ်ပါဘူး။
➡️ အလုပ်လုပ်ပုံတွေ၊ Responsibilities တွေတော့ ပြောင်းသွားမှာပါ။ သေချာတာကတော့ ယခင်ကလောက် Code ရေးစရာမလိုတော့ဘူး၊ Content တွေ အစအဆုံး ရေးစရာမလိုတော့ဘူး၊ Design အသေးစိတ် ဆွဲစရာမလိုတော့ဘူး။
➡️ အဲ့ဒီအစား Problem solution ကို သေချာနားလည်ပြီး ကိုယ်ဘာလိုချင်တယ်၊ ဘာလုပ်ချင်တယ် ဆိုတာကို တိတိကျကျခိုင်းနိုင်ဖို့ လိုပါလိမ့်မယ်။
➡️ ပြီးရင် သူရေးပေးထားတဲ့ Code တွေ၊ Content တွေ၊ ဆွဲပေးတဲ့ Design တွေကို သိမြင်နိုင်ရမယ် (သူကကိုယ်ခိုင်းသမျှကို လုပ်ကိုလုပ်ပေးမှာပါ၊ သူဘာလုပ်ပေးလဲ သိရမှာကတော့ ကျွန်တော်တို့တာဝန်ပါ)။
➡️ မိမိလိုအပ်ချက်နဲ့ ထပ်တူဖြစ်လာတဲ့အထိ Edit လုပ်နိုင်ရမယ်၊ Adjust လုပ်နိုင်ရပါမယ်။
တစ်ခုတော့ရှိပါတယ်။ ယခင်ကထက် challenge ပိုဖြစ်လာမှာပါ။ တကယ်နားလည်တဲ့သူတွေ၊ ကျွမ်းကျင်တဲ့သူတွေသာ ဆက်ပြီးလိုက်ပါလာနိုင်မှာပါ။ အခြားသူတွေကတော့ အာမခံချက် ရှိချင်မှ ရှိပါလိမ့်မယ်။
ဒါ့ကြောင့် တကယ်တတ်ဖို့ လိုပါတယ်၊ ဝမ်းစာပြည့်နေဖို့ လိုပါတယ်ခင်ဗျာ...
#အလုပ်အကိုင်အခွင့်အလမ်း