Russian Major Alumni Association - YUFL

Russian Major Alumni Association - YUFL

Share

For All Russian Major students @YUFL

Photos from Russian Major Alumni Association - YUFL's post 23/01/2021

မကြာခင် လုပ်ငန်းခွင်ဝင်ကြရတော့မည့် YUFL ရုရှားမေဂျာဌာနမှ တတိယနှစ်/ စတုတ္တနှစ် ကျောင်းသားကျောင်းသူများနှင့် ရုရှားမေဂျာကျောင်းသားဟောင်းများအသင်းတို့ zoom meeting မှတစ်ဆင့်တွေ့ဆုံပြီး

(၁) လုပ်ငန်းခွင်အတွက် ပြင်ဆင်သင့်သည်များ၊

(၂) ပညာသင်ဆုအတွက် ပြင်ဆင်သင့်သည်များ၊

(၃) ရုရှားစာလေ့လာမှုများနှင့်ပတ်သက်သော

"Knowledge Sharing Meetup" အစီအစဉ်ကို ယနေ့ ( 23.1.2021) ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

#ရုရှားမေဂျာကျောင်းသားဟောင်းများအသင်း

Telegram: Contact @rumaruma 14/01/2021

ရုရှားဘာသာစကားကို သိပ်မလေ့ကျင့်ဖြစ်လို့ မေ့နေပြီလား?

ရုရှားလူမျိုးများနဲ့ မြန်မာလူမျိုးများ အချင်းချင်း အပြန်အလှန်ပြောဆိုဆက်သွယ်နိုင်ပြီး ဘာသာစကား ဖလှယ်လေ့ကျင့်သင်ယူနိုင်မယ့် channel လေးတစ်ခု Telegram မှာ ရှိနေပါပြီ။ မြန်မာနဲ့ရုရှား နှစ်ဘာသာ အသုံးပြုပြီး ခေါင်းစဉ်အမျိုးမျိုးကို ဆွေးနွေးနိုင်မှာဖြစ်လို့ အခုပဲ Telegram app လေးကို download ရယူပြီး လာရောက်ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Channel link -

Telegram: Contact @rumaruma

14/05/2020

"YUFLမှ စုပေါင်း ကမ်းလက်များ"

YUFLersများ ခင်များ...
ကျွန်တော်တို့ Yufl ကျောင်းသားဆောင်ဖြစ်တဲ့ 'အဓိပတိဆောင်'ဟာ မေလ အစ မှ စပြီးတော့
Covid 19 စောင့်ကြည့်လူနာများတွက်
Quarantine centerအနေနဲ့ ဖွင့်လှစ် အသုံးပြုလျက်ရှိပြီး လက်ရှိမှာ ကျန်းမာရေး၀န်ထမ်း၊ စေတနာ့၀န်ထမ်းများနဲ့ စောင့်ကြည့်လူနာ အားလုံးစုစုပေါင်း အယောက်(၁၀၀)၀န်းကျင် ခန့်ရှိတယ်လို့သိရပါတယ်ခင်ဗျ။

လက်ရှိမှာဆိုရင် အစားသောက်ပိုင်းတွက် အလှူငွေ အဓိက အခက်ခဲဖြစ်နေတယ်လို့ ကျွန်တော်တို့
ကြားသိရပါတယ်။
နိုင်ငံအ၀န်းကကျန်းမာရေး၀န်ထမ်းတွေ ၊စေတနာ့၀န်ထမ်းအသီးသီးက ဒီ ကပ်ရောဂါဆိုးကြီးကို ကိုယ်ကျိုးစွန့် တိုက်ထုတ်နေကြသလို ကျွန်တော်တို့ YUFLersများအနေနဲ့လည်း ကိုယ်နိုင်တဲ့ ဘက်ကဝိုင်း၀န်းကူညီကြရအောင်ဗျာ...
လက်ရှိ လိုအပ်နေတဲ့ အဓိပတိ Q- centerတွက်
မိမိတို့ တတ်အားသလောက် အလှူငွေ ထည့်ပြီးYUFLမှ ကမ်းလက်များ ကမ်း ကြဖို့ ကျွန်တော်တို့အနေနဲ့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်ဗျ။

ကျွန်တော်တို့ YUFL ကျောင်းသားများသမဂ္ဂ မှလည်း ရန်ပုံငွေ ထဲ မှ "YUFL မှ စုပေါင်းကမ်းလက်များ" လှူဒါန်းမှု တွက် အလှူငွေ ၁သိန်း မတည် လှူဒါန်းပါတယ် ခင်ဗျ။

အလှူငွေတွေကို ကျွန်တော်တို့ကျောင်းသားများသမဂ္ဂ တာ၀န်ခံများမှ ကောက်ခံစုစည်း သွားမှာ ဖြစ်ပြီး YUFLersများ အနေနဲ့ Q centerတာ၀န်ရှိသူတွေကို လွှဲအပ် လှူဒါန်းသွားမှာဖြစ်ပါတယ်ဗျ။ အလှူခံရငွေစာရင်းကိုလည်း YUFL ကျောင်းသားများ FB gpဖစ်တဲ့ 'We are YUFLer 'gpမှာပြန်လည်း တင်ပြသွားမှာဖြစ်ပါတယ်။

_ကိုယ်တိုင် ပစ္စည်းအလှူငွေ သွားရောက်လှူဒါန်းချင် တယ်ဆိုရင်
အဓိပတိဆောင်အတွက်
*မနော်ညိမ်လင်းထက်_၀၉၇၆၂၁၃၅၉၁၀
ကို ဆက်သွယ်ပေးပါဗျ။

* Edit
ကျောင်းသူဆောင် 'ဧကရီဆောင်'ကို လည်း ယခု အပတ် အတွင်း Q_centreအနေနဲ့ ဖွင့်လှစ် အသုံးပြုတော့မယ်လို့ ထပ်မံသိရှိရပါတယ်။
ဒါကြောင့် ကောက်ခံရရှိတ့ဲ အလှူ‌ငွေ များကို အဓိပတ်ဆောင် နှင့် ဧကရီဆောင်တို့အတွက် လှူဒါန်းသွားမှာပါဗျာ။
ဧကရီဆောင် အတွက် ကိုယ်တိုင်သွားရောက်လှူဒါန်းမယ်ဆိုရင်
* မောင်လမင်းအောင်_၀၉၇၇၀၀၁၇၆၆၄ကို ဆက်သွယ်ပေးပါ။

အားလုံးကိုကျေးဇူးတင်ပါတယ်။

ှစုပေါင်းကမ်းလက်များ
,STAY STRONG

30/04/2020

📣 နေ့တိုင်း အိမ်မှာပဲနေနေရလို့ ပျင်းနေကြပြီလား သူငယ်ချင်းတို့ရေ။ 😃 ဒါဆိုရင်တော့ မေလ ၉ ရက်နေ့မှာ ကျရောက်မယ့် ရုရှား Victory Day ရဲ့ Worldwide Performance မှာ ပါဝင်ကြည့်ကြရအောင်! 🎶

❓ဘယ်လိုပါဝင်ရမှာလဲ။❓

🎤 “Victory Day” (https://www.youtube.com/watch?v=8JWgcxieGAo) သို့မဟုတ် “Katyusha” (https://www.youtube.com/watch?v=4rhp7Q7Ceq8) သီချင်းကို တစ်ပုဒ်လုံးဖြစ်ဖြစ်၊ ကိုယ်ကြိုက်တဲ့ဘယ်အပိုဒ်ကိုပဲဖြစ်ဖြစ် သီဆိုပါ။

🎥 အလင်းရောင် ကောင်းကောင်းရတဲ့နေရာမှာ ဗီဒီယိုနဲ့ record လုပ်ပါ။ ဗီဒီယိုရိုက်တဲ့အခါမှာ အလျားလိုက် (horizontally) ရိုက်ပါ။

📌 ဗီဒီယိုကို ဖေ့စ်ဘွတ်၊ အင်စတာဂရမ် စတဲ့ မိမိရဲ့ social media များမှာ , , , စတဲ့ hashtag တွေနဲ့တင်ပါ။

☎️ ပြီးရင်တော့ ဗီဒီယိုကို [email protected] ကို အီးမေးလ်ကနေတစ်ဆင့်ဖြစ်ဖြစ်၊ ဖုန်းနံပါတ် +7 (916) 645-66-71 ကို WhatsApp, Telegram များမှတစ်ဆင့်ဖြစ်ဖြစ် ပေးပို့လိုက်ပါ။

⚠️ ဗီဒီယိုပေးပို့သည့်အခါ အောက်ပါအချက်အလက်များကိုလည်း ထည့်သွင်းရေးသားပေးပါ။
✅ နာမည်အပြည့်အစုံ (ရုရှား၊ အင်္ဂလိပ်)
✅ အသက်
✅ နိုင်ငံ၊ နေထိုင်ရာမြို့

👫 သီချင်းဆိုရတာ ဝါသနာပါသူများအဖို့ ဒီအခွင့်အရေးဟာ ကိုယ့်မှာရှိတဲ့ talent တွေကို တစ်ကမ္ဘာလုံးက သူငယ်ချင်းတွေနဲ့ မျှဝေခွင့်ရမှာဖြစ်လို့ အားလပ်ချိန်မှာ အပျင်းပြေ ရုရှားသီချင်းလေးဆိုရင်း ရုရှားနိုင်ငံရဲ့ Victory Day မှာ ပါဝင်လိုက်ရအောင်! 🎤

(သီချင်းနဲ့ lyrics များကို https://drive.google.com/drive/folders/1m0NZRI0EvzjLDbSN7p3tynoiGG6x1RwA မှာ ရယူနိုင်ပါသည်။)

#ЯУИЯ
#МыВместе #АктивнаяМолодежь #ТворческаяМолодежь #Россия #ДеньПобеды #Катюша #9Мая

Бирманско-Русско-Бирманский словарь 17/04/2020

🔍မြန်မာ-ရုရှားနှင့် ရုရှား-မြန်မာ အွန်လိုင်းအဘိဓာန်
Бирманско-русский и русско-бирманский ОНЛАЙН-словарь
https://rumar.info/

✅ စာလုံးအရေအတွက် ၆၀၀၀၀ အား လွယ်ကူလျင်မြန်စွာ ရှာဖွေနိုင်သည်။
60000 уникальных слов, удобный быстрый поиск.

✅ အင် နိုဗိကော့ဗ်၊ အေ ဒါဗေဒေါဖ့်၊ ဗီ ကိုလိုဗ်ကော့ဗ်နှင့် ဂျီ မီးနီနာတို့၏ အဘိဓာန်များ ပါဝင်ပေါင်းစပ်ထားသည်။
Словари Н.Новикова, Л.Давыдова, К.Колобова, Г.Мининой и др.

✅ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့မှ ကျောင်းသားကျောင်းသူများ အတူတကွပူးပေါင်းဖန်တီးထားသည်။
Создано при участии российских и бирманских студентов.

Автор сайта - Иван Рымарь
ဝက်ဘ်ဆိုဒ်မူပိုင် - အီဗန် ရူမာ

မည်သူမဆို အခမဲ့အသုံးပြုနိုင်ပြီး [email protected] သို့လည်း အကြံဉာဏ်များ ပေးပို့နိုင်ပါသည်။
Пользуйтесь, делитесь, присылайте отзывы.

Бирманско-Русско-Бирманский словарь TITLE

25/02/2020

ဒီနေ့ပြုလုပ်တဲ့ YUFL ရဲ့ထမနဲထိုးပြိုင်ပွဲကို ရုရှားဘာသာကျောင်းသားဟောင်းများအသင်းမှ တက်ရောက်အားပေးပြီး နှစ်သိမ့်ဆုပထမရရှိတဲ့ ရုရှားမေဂျာအဖွဲ့ကို ဆုငွေတစ်သိန်းကျပ်ချီးမြှင့်ခဲ့ပါတယ်။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address

Yangon