Early Childhood Education ကို အမှတ်မှားပြီး လွဲမှားစွာလုပ်ဆောင်မိရင်
တကယ်ထိခိုက်နစ်နာရမှာက ကျွန်တော်တို့ရဲ့ ကလေးတွေဖြစ်တာကြောင့် ဖေဖေမေမေတို့ သိသင့်သိထိုက်တာလေးတွေကို မျှဝေပေးလိုက်ပါတယ်ဗျ။
U Thura Kyaw - Early Childhood Educator
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from U Thura Kyaw - Early Childhood Educator, Tutor/Teacher, No. 9. Pwesardan Street , Natchaung Ward, Tamwe Tsp, Yangon.
18/03/2025
မေမေသည်သာ…..
ကိုယ်ရည်ကိုယ်သွေးကောင်းပြီးထူးချွန်ထက်မြက်တဲ့ကလေးတွေရဲ့နောက်မှာ
အလွန်အပင်ပန်းခံနိုင်ပြီး
အမြော်အမြင်နဲ့ဉာဏ်ရည်မြင့်မားနှလုံးသားလှတဲ့မေမေတစ်ယောက်ရှိနေတတ်ပါတယ်။
အတွေးအခေါ်အားနည်းပြီး စက်ရုပ်တစ်ရုပ်လို ကျွမ်းကျင်မှုတွေနဲ့ချစ်ခြင်းမေတ္တာမရှိ အတ္တကြီးတဲ့ကလေးတွေရဲ့နောက်မှာ
အလွန်အပင်ပန်းခံနိုင်ပြီး အလွန်အတ္တကြီးတဲ့ မေမေတစ်ယောက်ရှိနေတတ်ပါတယ်။
ပရမ်းပတာကြီးပြင်းလာတဲ့ကလေးတစ်ယောက်ရဲ့နောက်မှာ
အလွန်အပျင်းကြီးပြီးပရမ်းပတာနေတတ်တဲ့မေမေတစ်ယောက်ကိုတွေ့ရတတ်ပါတယ်။
ဘယ်လို parenting tips တွေ theory ပဲတွေရှိရှိ ကလေးတို့ ဘဝအတွက်တော့
“မေမေသည်သာ အခရာပါ။”
(မေမေတို့ကိုလေးစားအားကျလျက်)
မေတ္တာဖြင့်
ဦးသူရကျော် @ Tr. Terry
မိဘပုံစံလေးမျိုးထဲက ဒုတိယအမျိုးအစားဖြစ်တဲ့ သားသမီးကိုအမြဲအမှားအယွင်းမရှိ ပြည့်စုံနေဖို့မျှော်လင့်ချက်ကြီးလွန်းတဲ့ ဖေဖေ မေမေတို့ ပုံစံဖြစ်ပါတယ်။
သူတို့ရဲ့သမီးလေး သီတာလေးရဲ့အခြေအနေနဲ့စိတ်ခံစားချက်ကိုနားထောင်ပြီးဖေဖေ မေမေတို့ရဲ့ parenting skills လေးတွေကိုပြောပြပေးပါအုံဗျ။
ကလေးတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးဟာမိဘအုပ်ထိန်းမှုပုံစံပေါ်အများကြီးမူတည်နေသလို
မိဘရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ အမြော်အမြင်ကြီးမှုဟာလည်း ကလေးတစ်ယောက်ရဲ့ ဘဝကိုအများကြီးပြောင်းလဲသွားစေနိုင်ပါတယ်။
အဲဒါကြောင့် ကိုယ်ဟာဘယ်လိုမိဘအမျိုးအစားထဲမှာပါလဲဆိုတာကိုဆန်းစစ်ကြည့်နိုင်အောင် မိဘအမျိုးအစား လေးမျိုးကိုပြောပြပေးပါမယ်။
ပထမဆုံး အဆိုးမြင် ဖေဖေ၊မေမေ နဲ့ သူတို့ရဲ့သားလေး ဖိုးခက်အကြောင်းကိုနားထောင်ပြီး ဖေဖေမေမေတို့ရဲ့parenting skills တွေကိုပြောပြပေးပါအုံး
08/06/2023
“We shall endeavor to educate and cultivate wisdom founded upon a virtuous and compassionate heart.”
U Thura Kyaw
09/04/2023
က လေးနှင့်ယဉ်ကျေးမှုဓ လေ့ထုံးစံ
=======================
(ဦးသူရ ကျော်-Early Childhood Educator)
-ယဉ်ကျေးမှုဓ လေ့ထုံးစံတွေဟာ နေရာဒေသအလိုက် ယုံကြည်မှု၊ သ ဘောထား၊စံသတ်မှတ်မှု၊တန်ဖိုးထားမှု၊ကိုးကွယ်ဆည်းကပ်မှုစတာတွေမှတဆင့် ဖြစ်ပေါ်လာပြီး အဆင့်ဆင့်လက်ဆင့်ကမ်းခဲ့ကြတဲ့ အရာများဖြစ်ပါတယ်။က လေးတို့ မွေးဖွားကြီးပြင်းတဲ့ ပတ်ဝန်းကျင်မှယဉ်ကျေးမှုဓ လေ့ထုံးတမ်းများဟာ သူတို့ရဲ့အ တော့အကြုံနဲ့ ဖွံ့ဖြိုးမှုကိုသက်ရောက်ပုံဖော်ပေးလေ့ရှိပါတယ်။
-ကမ္ဘာ့နေရာ ဒေသအသီးသီးမှ လူမျိုးအသီးသီးတို့ရဲ့ မတူညီတဲ့ယဉ်ကျေးမှု ဓ လေ့ထုံးစံတွေဟာ၎င်းပတ်ဝန်းကျင်မှာ မွေးဖွားကြီးပြင်းလာတဲ့က လေးတွေရဲ့ဖွံ့ဖြိုးမှုနဲ့ကိုယ်ရည်ကိုယ်သွေးတွေကိုလည်းကွဲပြားစေပါတယ်။
-ဥပမာ- တချို့ယဉ်ကျေးမှုတွေက အမှီအခိုကင်းတဲ့ ကိုယ့်ကိုယ်ကိုယ်ပိုပြီးလေးစားတဲ့အ ခြေအ နေ မျိုးကို တန်ဖိုးထားကြသလိုတချို့ယဉ်ကျေးမှုတွေက တစ်ဦးကိုတစ်ဦးအမှီပြုတဲ့ ကျွန်းကိုင်းမှီကိုင်းကျွန်းမှီ အ ခြေအ နေ နဲ့ တွယ်တာမှုသံယောဇဉ်များကိုပိုပြီးတန်ဖိုးထားကြပါတယ်။
- က လေးတွေဟာလည်း သူတို့ရဲ့ယဉ်ကျေးမှု ဓ လေ့ထုံးစံများမှတဆင့်အပြုအမူ အကျင့်စရိုက်တို့ရဲ့ ကောင်းခြင်းဆိုးခြင်းများကိုခွဲခြားသင်ယူကြပါတယ်။
- တချို့ယဉ်ကျေးမှုများမှာ က လေးကို မိမိကိုယ်ကိုယုံကြည်မှုရှိစေရန် အမှီအခိုကင်းစေရန် ပြောရဲဆိုရဲရှိစေရန် သင်ကြားရာတွင် ဆရာမိဘ အသက်အရွယ်ကြီးသူဟူ၍မရှိစေဘဲ လွတ်လွတ်လပ်လပ်ပွင့်ပွင့်လင်းလင်း ပြောဆိုချေပ ဝေဖန်ခွင့်ပေးထားတတ်ပါတယ်။
- ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့အတွက်တော့ ကောင်းတဲ့အချက်ဖြစ်ပေမယ့် တစ်ခါတစ်ရံယုံကြည်မှုလွန်ကဲခြင်းကြောင့် အဂါရဝ ဖြစ်စေတဲ့ ရိုင်းပျတဲ့အပြုအမူအဖြစ် ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှုရှုထောင့်မှ ရှုမြင်တတ်ကြပါတယ်။
- တစ်ဖက်ကကြည့်ရင်လည်း ရိုသေ လေးစားရမယ်ဆိုတာထက် ပိုပြီးကြောက်ရွံ့နေမယ်ဆိုရင် တော့ မ ပြောရဲမဆိုရဲတဲ့က လေးတွေဖြစ်လာမှာပါ။
- အ နောက်တိုင်းယဉ်ကျေးမှုအရ အသက်ပြည့်ရင်အိမ်ခွဲနေနိုင်တယ် ကိုယ့်ခြေ ထောက်ပေါ် ကိုယ် ရပ်တည်နိုင်တယ်ဆိုတဲ့ အမှီအခိုကင်းတဲ့စိတ်ကိုပျိုးထောင်ပေးပေမယ့် အ ရှေ့တိုင်းမှာတော့ မိသားစုသံယောဇဉ်နဲ့ နွေးထွေးမှုကို တန်ဖိုးထားတတ်ကြပါတယ်။
- အဲဒါကြောင့် ကိုယ့်ယဉ်ကျေးမှုနဲ့ကိုယ့်လူမှုပတ်ဝန်းကျင် သဟဇာတဖြစ်အောင်သင်ယူကြီးပြင်းဖို့လိုပါတယ်။
ဥပမာ- အ မေ ရိကန် က လေးတစ်ယောက်ဟာ အ မေရိကန်လေးတစ်ယောက်လို ကြီးပြင်းသင့်သလိုမြန်မာက လေးတစ်ယောက်ဟာလည်းမြန်မာ လေးတစ်ယောက်အဖြစ်ကြီးပြင်းသင့်ပါတယ်။
- အဲဒါကြောင့်ဦးစွာပထမ မိမိယဉ်ကျေးမှုဓ လေ့ထုံးစံများမှတဆင့် အပြုအမူကောင်းများကိုသင်ယူရပါလိမ့်မယ်။ ထိုမှတဆင့် တန်ဖိုးတွေ စံတွေကိုသိထားရပါမယ်။ မိမိယဉ်ကျေးမှုကို တန်ဖိုးထားတတ် ချစ်တတ်လာရင်တော့ မတူညီတဲ့ယဉ်ကျေးမှုတွေကိုနားလည်တတ်လာပါတယ်။
- ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာကြီးဟာလည်းမတူညီတဲ့ အရာတွေနဲ့ပေါင်းစပ်ထားတဲ့အတွက် မတူညီတာတွေကိုမြင်တတ်ဖို့ အတူတကွရှင်သန်နေထိုင်နိုင်ဖို့ ယဉ်ကျေးမှု ဓ လေ့ထုံးစံတွေရဲ့ တန်ဖိုးနဲ့အကျိုးသက်ရောက်မှုတွေကို ငယ်စဉ်ကပင် နားလည်သ ဘောပေါက်လာအောင် သင်ကြားပေးဖို့လိုအပ်ကြောင်းတင်ပြလိုက်ရပါတယ်။
(ဦးသူရ ကျော်)
05/04/2023
မိဘအုပ်ထိန်းမှုပုံစံနှင့်ကလေးရဲ့ကိုယ်ရည်ကိုယ်သွေး
====================================
(U Thura Kyaw)
ကလေးပြုစုပျိုးထောင်မှုအကြောင်းပြောကြမယ်ဆိုရင် Nature & Nurture ဆိုတဲ့ဗီဇနဲ့ပတ်၀န်းကျင်ကို အရေးကြီးတဲ့အချက်အနေနဲ့ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ ဗီဇဟာပိုအရေးကြီးသလား ပတ်၀န်းကျင်ကပိုအရေးပါသလားဆိုရင်တော့ နှစ်ခုလုံးအရေးကြီးပြီး တစ်ခုတည်းသီးခြားခွဲထုတ်လို့မရနိုင်ပါ။ ဥပမာ-ချို့တဲ့အားနည်းတဲ့ဗီဇတစ်ခုဟာ ပတ်၀န်းကျင်ကောင်းရဲ့အကျိုးကျေးဇူးကိုအပြည့်အ၀မရရှိနိုင်သလိုဗီဇကောင်းတစ်ခုဟာလည်း ှုပတ်၀န်းကျင်ကြောင့်ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးနောက်ကျနေနိုင်ပါတယ်။
ကလေးပြုစုပျိုးထောင်သူ မိဘ ဆရာ ဆရာမများအနေနဲ့ ဗီဇဆိုတဲ့အရာကိုမပြုပြင်နိုင်ပေမယ့် ပတ်၀န်းကျင်ကောင်းဖန်တီးပြီးကလေးများကို ကူညီပျိုးထောင်နိုင်ပါတယ်။ ပတ်၀န်းကျင်အကြောင်းပြောတဲ့နေရာမှာဇီ၀ပတ်၀န်းကျင်လို့ခေါ်တဲ့ အစာအာဟာရပြည့်၀မှု ကျန်းမာရေးစောင့်ရှောက်မှု ဆေးဝါးပံ့ပိုးမှု စသည်တို့မှလူမှုပတ်၀န်းကျင်လို့ခေါ်တဲ့ မိသားစု ရွယ်တူအုပ်စု ကျောင်း ရပ်ရွာအဖွဲ့အစည်း ယဉ်ကျေးမှုဓလေ့ထုံးစံအထိ ပါ၀င်ပါတယ်။
အခုဆွေးနွေးမယ့် အကြောင်းအရာကတော့ လူမှုပတ်၀န်းကျင်ထဲမှတစ်ခုဖြစ်တဲ့ မိဘအုပ်ထိန်းtမှုပုံစံအကြောင်းဖြစ်ပါတယ်။ မိဘအုပ်ထိန်းမှုပုံစံအမျိူးမျိူးရှိတဲ့အထဲမှ အဓိကပုံစံလေးမျိုးကိုတင်ပြပါမယ်။ အဲဒါတွေကတော့..
၁။ Authoritarian Parenting Style (အာဏာရှင်ဆန်တဲ့မိဘအုပ်ထိန်းမှုပုံစံ)
၂။ Authoritative Parenting Style (စည်းကမ်းနည်းလမ်းကောင်းနှင့်မျှတတဲ့မိဘအုပ်ထိန်းမှုပုံစံ)
၃။ Neglectful Parenting Style ((သူစိမ်းလို မိဘအုပ်ထိန်းမှုပုံစံ)
၄။ Indulgent Parenting style
(အချစ်ပို၍နစ်စေ သော မိဘအုပ်ထိန်းမှုပုံစံ) တို့ပဲဖြစ်ပါတယ်။
၁။ Authoritarian Parenting Style
(အာဏာရှင်ဆန်တဲ့မိဘအုပ်ထိန်းမှုပုံစံ)
=========================================
ဒီအုပ်ထိန်းမှုပုံစံမှာတော့ တင်းကျပ်တဲ့ထိန်းချုပ်မှုတွေ အပြစ်ပေးမှုတွေနဲ့ ပြည့်နေတတ်ပါတယ်။ အရာရာကိုစောဒက တက်ခြင်း မေးမြန်းခြင်း ဆွေးနွေးခြင်းမရှိဘဲ မိဘရဲ့ ဆန္ဒအတိုင်းလုပ်ဆောင်ရပါတယ်။က လေးရဲ့ ဆန္ဒ ခံစားချက် သ ဘောထားများကို ထုတ်ဖော်ပြောဆိုခွင့်မရှိ သ လောက် နည်းပါတယ်၊အဲဒီအုပ်ချုပ်မှုပုံစံအောက်မှာ နေရတဲ့ က လေးများဟာရွှင်ပျမှုမရှိဘဲ ကြောက်ရွံ့အားငယ်နေတတ်ပြီး တစ်ခါတစ်ရံမှာကြမ်းတမ်းခက်ထန်တဲ့ ကိုယ်ရည်ကိုယ်သွေးမျိုးရှိ နေတတ်ပါတယ်။ ပြောဆို ဆက်သွယ်မှုစွမ်းရည်အားနည်းပြီး ဦးဆောင်လုပ်ရမယ့် အရာတွေမှာ အခက်အခဲရှိတတ်ပါတယ်။
၂။ Authoritative Parenting Style
(စည်းကမ်းနည်းလမ်းကောင်းနင့်မျှတတဲ့မိဘအုပ်ထိန်းမှုပုံစံ)
===========================================
မျှတတဲ့မိဘအုပ်ထိန်းမှုပုံစံလို့ဆိုတဲ့အတိုင်း က လေးရဲ့ ဆန္ဒ သ ဘော ထား ခံစားချက်များကို အ လေးထားတဲ့ မိဘ အုပ်ထိန်းမှုပုံစံမျိုးဖြစ်ပါတယ်။က လေးရဲ့လွတ်လပ်မှုကို အတိုင်းအတာတစ်ခုအထိ ပေးထားလေ့ရှိပြီး အပြုသ ဘောဆောင်တဲ့စည်းကမ်းဘောင်တစ်ခုတည်ဆောက်ထားတတ်ပါတယ်။ က လေးလုပ်ချင်သည့်ကိစ္စများကို လုပ်ဆောင်ခွင့်ပေးရာတွင်ဖြစ်ပေါ်လာမယ့်ကောင်းကျိုးဆိုးကျိုးများကိုပါတာဝန်ယူတတ်စေရန် သင်ကြားတတ်ပါတယ်။အများလုပ်မျသည်ကိုအပြစ်မတင် ဘဲအ မှားထဲမှ သင်ယူတတ်စေရန် လမ်းညွှန်ပြသ ပေးတတ်သောကြောင့်ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး စိတ်ဖိစီးမှုများကိုအလွယ်တကူ ဖြေ ဖျောက်နိုင်တဲ့ က လေးများဖြစ်လာပါတယ်။ရွှင်ပျတဲ့ပုံစံ အမှီအခိုကင်းပြီး ရင့်ကျက်တဲ့ကိုယ်ရည်ကိုယ်သွေးများရှိတတ်ပါတယ်။
၃။ Neglectful Parenting(သူစိမ်းလိုမိဘအုပ်ထိန်းမှုပုံစံ)
=============================
ဒီပုံစံက တော့ သူစိမ်းဆန်လှပြီးက လေးကြီးပြင်းမှုတစ် လျှောက်မှာ မိဘရဲ့ပါဝင်ပတ်သက်မှုဟာမရှိသ လောက်နည်းပါးပါတယ်။က လေးကိုအချိန်ပေးမှုမရှိသလို က လေးရဲ့ကောင်းမှုဆိုးမှုအ ပေါ်မှာလည်း စိတ်ဝင်စားမှုနည်းပါးတတ်ပါတယ်။ ဒီလိုမိဘမျိုးရဲ့လက်မှာကြီးပြင်းလာတဲ့ က လေးများဟာ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုမရှိဘဲ မရင့်ကျက်တဲ့ကိုယ်ရည်ကိုယ်သွေးမျိုးရ ရှိတတ်ပါတယ်။လူမှုဆက်ဆံရေးညံ့ဖျင်းတတ်သလိုမိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းလည်း အားနည်းတတ်ပါတယ်။
၄။Indulgent Parenting Style(အချစ်ပို၍နစ်စေသော မိဘအုပ်ထိန်းမှုပုံစံ)
==================================
က လေးကိုအလိုလိုက်လွန်းတဲ့အုပ်ထိန်းမှုပုံစံဖြစ်ပါတယ်။စည်းကမ်းဘောင်မရှိသ လောက်ဖြစ်ပြီး က လေးလုပ်ချင်တာမှန်သမျှကို အ ကောင်းအဆိုးမခွဲခြားဘဲ လုပ်ခွင့်ပြုတတ်ပါတယ်။ဒီလိုအုပ်ထိန်းမှုပုံစံဟာ တစ်ကိုယ်ကောင်းဆန်တဲ့ က လေးတွေကိုမွေးထုတ်ပေးတတ်ပါတယ်။အရာ ရာကို မိမိကိုယ်ကို ဗဟိုပြုစဉ်းစားလေ့ရှိပြီး တခြားသူများရဲ့စိတ်ခံစားချက်ကိုလစ်လျူရှုတတ်ပါတယ်။မိမိရဲ့စိတ်လှုပ်ရှားမှုနဲ့ အပြုအမူကိုရိန်းချုပ်နိုင်စွမ်းနည်းပါးတတ်ပြီးလူမှုဆက်ဆံရေးလည်းညံ့ဖျင်းတတ်ပါတယ်။
အထက်ဖော်ပြပါ မိဘအုပ်ထိန်းမှုပုံစံ လေးမျိုးကိုလေ့လာပြီး က လေးပြုစုပျိုးထောင်သူ မိဘ ဆရာများအ နေဖြင့် က လေးတွေကိုကိုယ်ရည်ကိုယ်သွေးကောင်းတွေ တည်ဆောက်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
=============================
01/04/2023
ကလေးတွေ ဆယ်ကျော်သက်အရွယ်
ရောက်လာချိန်မှာ မိဘတွေအများဆုံးကြုံတွေ့ရတဲ့ ပြောမရ ဆိုမရ ဆုံးမမရခြင်း ပြဿနာတွေအပြင် မိဘနဲ့သားသမီးကြား ဆက်ဆံရေး တင်းမာလာတတ်တာတွေအပေါ် ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့အချက်ကို ကျွန်တော် MRTV-4 ရဲ့ မင်္ဂလာပါ အစီအစဉ်မှာ ဆွေးနွေးပေးခဲ့ပုံလေးကို မိဘတွေသိအောင် မျှဝေပေးလိုက်ပါတယ်။
(1) ဆယ်ကျော်သက်အရွယ်မှာ မိဘနဲ့သားသမီးဆက်ဆံရေး အဆင်ပြေဖို့ သူတို့လေးတွေကို အကောင်းဆုံးကိုင်တွယ်ဖို့ ဘယ်လိုလုပ်ဆောင်ရမလဲ။
သူတို့လေးတွေ ဆယ်ကျော်သက်အရွယ်ရောက်လာချိန်မှာ မိဘကိုကြောက်လို့သာ ဘာမှပြန်မပြောပဲ လက်ခံလိုက်ပေမယ့် စိတ်ထဲကတော့ ဆန့်ကျင်ဖက်ကို ပြန်ပြောလေ့ ရှိကြတယ်။ နည်းနည်းကလန်ကဆန်လုပ်ချင်ကြတယ်ပေါ့ဗျာ။ ကျွန်တော်ပြောနေကျစကားဆိုရင်တော့ သူပုန်ထတယ်ပေါ့။ နောက်ပြီး သူတို့ရဲ့မသိစိတ်ထဲမှာ မိဘတွေရဲ့အကြံက Date outနေပြီဆိုတဲ့အတွေးတွေ မိဘတွေက ခေတ်မမီတော့ဘူးဆိုတဲ့ အတွေးတွေလဲ ရှိနေတတ်ကြပါတယ်။ ဒီလိုအနေအထားကို ကောင်းကောင်းကိုင်တွယ်ဖို့ဆိုရင် မိဘတွေအနေနဲ့ ငယ်ငယ်ကတည်းက
သူတို့နဲ့Relationshipတခု တည်ဆောက်ထားဖို့လိုပါတယ်။ တကယ်လို့ Relationshipမတည်ဆောက်နိုင်ခဲ့ဘူးဆိုရင်တေင် သူတို့ကို နားလည်ပေးနိုင်ဖို့လိုတယ်။ သူတို့ဟာ Biologicalအရရော Behaviourအရပါ ပြောင်းလဲနေပြီ။ ၁၃နှစ် ၁၄နှစ်ကို ကိုယ့်မျက်စိထဲမှာ ၄ ၅နှစ်လောက်ပဲထင်ပြီး ၄ ၅နှစ်ကလေးတွေကို ဆက်ဆံသလို ဆက်ဆံလို့မရပါဘူး။ ဒါကြောင့် မိဘတွေအနေနဲ့ သူတို့ကို နားလည်ပေးရမယ်။ သူတို့နဲ့ ပိုပြီးစကားတွေပြောရမယ်။ သူတို့ခံစားချက်ကို နားလည်ပေးရမယ်။ ဒါဆို အဆင်ပြေပါတယ်။
(2) Generation Gap(မျိုးဆက်ကွာဟမှု) အပေါ်အမြဲလက်ညှိုးထိုးပြီး မိဘတွေ ဆုံးမတာကို လက်မခံတဲ့ အနေအထားဆိုရင်ရော ဘယ်လိုကိုင်တွယ်ရပါမလဲ။
အခုဆိုရင်အသက်အရမ်းမကွာရင်တောင် သူတို့နောက်ကို
တော်တော်လေးလိုက်မီအောင် ကြိုးစားနေရတဲ့ အချိန်မျိုးပါ။ ဘာလို့လဲဆို ဒီခေတ်မှာ ဖွံ့ဖြိုးမှုရော ပြောင်းလဲမှုရောက အရမ်းမြန်တယ်။ တခုပဲရှိတယ်။ ကိုယ်က Generation Gapဖြစ်မသွားအောင် အတင်းကို လိုက်သိဖို့လိုတယ်။ ကိုယ်ကပဲ သိအောင် ကြိုးစားရမယ်။ နောက်ပြီး အရင်က ကိုယ့်ရဲ့Styleတွေကို ဖျောက်ရမယ်။ ကိုယ်တွေအဖေ၊ အမေခေတ်က မိဘအုပ်ထိန်းမှုပုံစံတွေနဲ့ မတူတော့ဘူး။ အိုးကောင်းရဖို့ နာနာရိုက်ရမယ်တို့ တုတ်မကိုင်ရင်မရဘူးတို့ ဆိုတာတွေက အခုခေတ်နဲ့ အဆင်မပြေတော့ဘူး။ အခုပြောင်းလဲလာတာနဲ့အမျှ အဲ့ဒီပုံစံတွေကို ချန်ထားခဲ့မယ်။ မိဘတွေအနေနဲ့ ကိုယ့်ကိုယ်ကို သုံးသပ်ဖို့လိုသလို သူတို့ခေတ်ကို အမီလိုက်ဖို့လဲ လိုပါတယ်။ အရေးကြီးဆုံးအချက်ကတော့ နားလည်မှုများများပေးနိုင်ဖို့ပါ။
(3) မိဘတွေအနေနဲ့ ကလေးကို သူ့အရွယ်နဲ့သူ ဘယ်လိုပြောင်းလဲပြုပြင်သင့်တယ်ဆိုတာကိုလဲ အကြံပြုပေးပါဦး။
ကိုယ်က မိဘရယ်လို့ ဖြစ်လာပြီဆိုရင် ကလေးကို ပဲ့ပြင်ထိန်းကျောင်းရတော့မယ်ဆိုရင် မိဘတွေအနေနဲ့ ဥာဏ်ကြီးဖို့လိုပါတယ်။ တချို့မိဘတွေက ကျောင်းအပ်ချိန်မှာ ဆရာလက်ထဲ ဝကွပ်အပ်လိုက်ရင်ပြီးပြီလို့ တွေးကြတာမျိုးတွေရှိတယ်။ ကျွန်တော့ရဲ့ ၁၀နှစ်ကျော်အတွေ့အကြုံအရဆိုရင် ကလေးရဲ့အောင်မြင်မှုကိုလေ့လာကြည့်တဲ့အခါ မိဘတွေရဲ့ဥာဏ်ကြီးမှု၊ ဗဟုသုတရှိမှု၊ ထိန်းသိမ်းနိုင်မှုတွေက ကလေးအတွက် အများကြီးအရေးပါနေတာကို တွေ့ရပါတယ်။ မိဘဖြစ်လာပြီဆိုရင် ကလေးရဲ့ဖွံ့ဖြိုးမှုကိုသိရမယ်။ Parenting styleတွေကိုလဲ သိရမယ်။ ဘယ်အရွယ်မှာ ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကတော့ မိဘတွေရဲ့လေ့လာအားနဲ့ ဥာဏ်ကြီးမှုအပေါ်မှာမူတည်ပါတယ်။ နောက်တစ်ချက်အရေးကြီးတာကတော့ မိဘတွေမှာမရှိမဖြစ်လိုတဲ့ သည်းခံနိုင်စွမ်း Patienceပါ။ ဘယ်လောက်ပညာတတ်တတ်၊ ဘယ်လောက်ဥာဏ်ကြီးကြီး မိဘတွေမှာ သည်းခံနိုင်စွမ်းမရှိရင် ဘယ်လိုမှ အဆင်မပြေပါဘူး။ မိဘဖြစ်လာပြီဆိုရင် အရမ်းကိုသည်းခံစိတ်ထားပြီးပြုစုပျိုးထောင်ရပါမယ်။ ဘယ်လောက်အတိုင်းအတာလဲဆိုရင် အဆုံးစွန်ထိပါ။ အဆုံးစွန်ထိ စိတ်လျှော့ချပြီး သည်းခံဖို့လိုပါတယ်။
(4) အရာရာကိုစိတ်ပူပြီးတော့ ဦးဆောင်ပေးလေ့ရှိတဲ့ မိဘတွေအနေနဲ့ရော ဘာတွေကြုံတွေ့နိုင်ပါသလဲ။
မိဘက အရာရာကို ဦးဆောင်ပြီးလုပ်ပေးတယ်ဆိုတဲ့နေရာမှာ အမေဝါဒ မရှိဖို့လိုပါတယ်။ အမေက အရာရာကို ဦးဆောင်ပြီးဆုံးဖြတ်တယ်။ အမေက အရာရာကိုကာကွယ်ပေးတယ်ဆိုတာမျိုးတွေက တကယ်တမ်းမှာ ဦးဆောင်တာမျိုးမဟုတ်ပဲ ကလေးကို နှစ်တာဖြစ်နေတယ်။ အကုန်လုံး ဦးဆောင်ပြီး လုပ်ပေးနေတဲ့အတွက် ကလေးတွေက သူတို့ကိုသူတို့ ယုံကြည်မှုမရှိတော့ဘူး။ ဘာမှမဆုံးဖြတ်နိုင်တော့ဘူး။ ကြောက်ရွံ့တတ်ပြီး ယုံကြည်မှုမရှိတဲ့ ကလေး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်ဆယ်ကျော်သက်အရွယ်မှာလဲ သူတို့ကိုဆုံးဖြတ်ခိုင်းပါ။ သူတို့သဘောကိုလေးစားပေးပါ။ ဘယ်လိုဖြစ်သင့်တယ်ဆိုတာလောက်ပဲပြောပြပြီး တည့်မတ်ပေးပါ။
(5) နောက်ဆုံးအနေနဲ့ ဆယ်ကျော်သက်နဲ့ မိဘကြား အရေးကြီးဆုံးအချက်ကို အနှစ်ချုပ်ပြီး အကြံပြုပေးပါဆိုရင်.....
ဆယ်ကျော်သက်အရွယ်ကလေးကို ကောင်းကောင်းကိုင်တွယ်နိုင်ဖို့အတွက် ဆယ်ကျော်သက်မတိုင်ခင်ကတည်းက ကိုင်တွယ်ထားရပါမယ်။ သူတို့ငယ်ငယ်ကတည်းက Relationshipတည်ဆောက်ထားရပါမယ်။ ဒီလိုတည်ဆောက်ခွင့်မရခဲ့ဘူးဆိုရင် အခုအချိန်မှာ သူတို့ကို များများနားလည်ပေးလိုက်ပါ။ သည်းခံစိတ်မွေးပြီး များများနားလည်ပေးဖို့လိုပါတယ်။ သူတို့ခေတ်ကို မျက်ခြည်မပြတ်ဖို့နဲ့ သူ့ရဲ့အပေါင်းအသင်းတွေ၊ သူစိတ်ဝင်စားနေတဲ့အရာတွေ၊ သူဘာလုပ်နေလဲဆိုတာ အမြဲ အကဲခတ်နေဖို့လိုပါတယ်။ အဲ့ဒါလေးတွေ သိထားဖို့နဲ့ အမြဲလိုက်ထိန်းသိမ်းနေဖို့က အရမ်းကိုအရေးကြီးပါတယ်။
10/11/2022
စာသင်ခန်းထဲမဝင်မီ
19/05/2022
ထပ်မံပြီးတော့လည်း YouTube မှာ Child Development နဲ့ Parenting ဆိုင်ရာ အကြောင်းအရာလေးတွေ မျှဝေသွားမှာဖြစ်လို့ Subscribe လုပ်ထားနိုင်ပါတယ်။
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
Yangon
11211