First Semester ပြီးပြီဆိုတော့ Korea အိပ်မက်အတွက် အရှိန်မြှင့်ကြမယ်! 🚀✨
First Batch က ချစ်သောလေးတွေရဲ့ First Semester ပြီးမြောက်မှုကို ဂုဏ်ပြုရင်း... ရှေ့ဆက်မယ့် Korea အိပ်မက်တွေ လက်တွေ့ဖြစ်လာစေဖို့ တစ်ဦးချင်းစီရော၊ အဖွဲ့လိုက်ပါ Consult လုပ်ဖြစ်ခဲ့ကြတဲ့ အမှတ်တရ Video လေး ဖြစ်ပါတယ်။ 💙🤝
အိပ်မက်တွေဆီကို အတူတူဆက်လှမ်းလျှောက်ကြမယ်နော်။ Go to Malaysia က အမြဲရှိနေမှာပါ။ 🇲🇾✨🇰🇷
Go to Malaysia
Malaysia Education Pathways
09/05/2026
Welcome to our YPC Family! 🎓✨
YPC International College မှာ တက်ရောက်နေကြတဲ့ Foundation in Business Information and Technology ရဲ့ မျိုးဆက်သစ် Junior လေးတွေကို Senior တွေက အပီအပြင် ကြိုဆိုလိုက်ပါပြီ။
King & Queen 👑 ရွေးချယ်ပွဲရဲ့ ရင်ခုန်သံတွေ၊ အားလုံးရဲ့ ပျော်ရွှင်စရာ အခိုက်အတန့်တွေကို ဒီပုံလေးတွေထဲမှာ ပြန်ကြည့်လို့ရတယ်နော်… အားလုံးရဲ့ အပြုံးတွေက တကယ်ကို အသက်ပါပဲ။ Stay tuned for more fun! ✨💙
07/05/2026
"Malaysia to Korea Pathway Program ရဲ့ အောင်မြင်မှု ဒုတိယခြေလှမ်းကို ထပ်မံလှမ်းနိုင်ခဲ့ပြန်ပါပြီ" 🥳🇲🇾🤩
Go to Malaysia အနေနဲ့ အခုဆိုရင် First Batch ကျောင်းသားတွေကိုသာမက Second Batch မှာ တက်ရောက်မယ့် ကျောင်းသား၊ ကျောင်းသူတွေကိုပါ Malaysia နိုင်ငံသို့ အဆင်ပြေချောမွေ့စွာနဲ့ အရောက်ပို့ဆောင်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ 💖
Go to Malaysia ကို ယုံကြည်စိတ်ချစွာ ရွေးချယ်ခဲ့ကြတဲ့ ကျောင်းသား/သူများနဲ့ မိဘအုပ်ထိန်းသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။ ရှေ့ဆက်ရမယ့် ပညာရေးခရီးလမ်းမှာလည်း အောင်မြင်မှုတွေ အစဉ်အမြဲပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်…။ ✨
နောက်ထပ် Batch အသစ်တွေအတွက်လည်း အဆင်သင့်ရှိနေပြီမို့ စိတ်ဝင်စားရင် အခုပဲ ဆက်သွယ်လိုက်တော့နော်! 🥳
06/05/2026
မလေးရှားကနေ ကိုရီးယားကို တဆင့်တက်လှမ်းဖို့ အကောင်းဆုံး အခွင့်အရေး! 🇲🇾✨🇰🇷
မလေးရှားမှာ ပညာသင်ယူနေရင်း ကိုရီးယားအိပ်မက်ကိုပါ ဆက်လက်အကောင်အထည်ဖော်ချင်ပါသလား?
အခုဆိုရင် Go Go Hankuk ရဲ့ Founder တွေနဲ့ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးနိုင်မယ့် Exclusive အခွင့်အရေးကြီး ရောက်ရှိလို့လာပါပြီ။ 🥳
Go Go Hankuk ရဲ့ Founder တွေ ကိုယ်တိုင် မလေးရှားမှာ ရှိလို့နေမယ့် ဒီနေ့ မေလ (၆) ရက်နေ့ကနေ (၁၁) ရက်နေ့အတွင်း…
✅ ပညာသင်ဆု (Scholarship) အခွင့်အလမ်းတွေ
✅ ကျောင်းဝင်ခွင့်လျှောက်ထားပုံ အဆင့်ဆင့် နဲ့
✅ တခြား ပညာရေးနဲ့ ပတ်သက်တဲ့ သိလိုတာမှန်သမျှကို Founder တွေနဲ့ တိုက်ရိုက် မေးမြန်းပြီး အခမဲ့ ဆွေးနွေးတိုင်ပင်မှုတွေ ပြုလုပ်ပေးသွားမှာပဲ ဖြစ်ပါတယ်။ 😎
အသေးစိတ်သိရှိဖို့နဲ့ လူဦးရေကန့်သတ်ထားတဲ့အတွက် Page Messenger မှာ အခုပဲ ကြိုတင်စာရင်းပေးလိုက်တော့နော်။ အားလုံးပဲ See You!
05/05/2026
"Go to Malaysia (2nd Batch) ရဲ့ မလေးရှားခရီးစဉ် စတင်ပြီ!" 🇲🇾✈️🇰🇷
အမိမြေနဲ့ ခေတ္တခွဲခွာပြီး ပညာရှာဖို့ ထွက်ခွာလာကြတဲ့ မောင်လေး၊ ညီမလေးတို့ မလေးရှားမြေကို ဘေးကင်းစွာ ရောက်ရှိခဲ့ပါပြီ။ အစိမ်းသက်သက် နေရာသစ်ဆိုပေမဲ့ နွေးထွေးတဲ့ ကြိုဆိုမှုတွေကြောင့် အားငယ်စရာမလိုဘဲ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်တော့မှာပါ။ ✨
ရည်မှန်းချက်ပန်းတိုင်ဆီကို အရောက်လှမ်းနိုင်ပါစေလို့ Go to Malaysia မိသားစုက ဂုဏ်ယူစွာဖြင့် ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ 💖
01/05/2026
လောကကြီးကို တထောင့်တနေရာကနေ လှပအောင် ဖန်တီးပေးနေကြတဲ့ သူရဲကောင်းများ (Labourers) အားလုံးကို ဂုဏ်ပြုလိုက်ပါတယ်။ 👷♀️👷♂️
ယနေ့ ကျရောက်တဲ့ 'အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့' မှစ၍ အလုပ်သမားထုတစ်ရပ်လုံး စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာကြပါစေလို့ Go To Malaysia မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ ❤️
#အလုပ်သမားနေ့
ကျောင်းတက်ရင်း Part-time လုပ်ဖို့ စိတ်ကူးရှိနေလား? 🎓✨
မင်္ဂလာပါ... သိုင်းဟေမိုရ် ပါရှင်။ ကျွန်မကတော့ Go to Malaysia ရဲ့ Malaysia to Korea Program နဲ့ YPC International College မှာ တက်ရောက်နေတာဖြစ်ပါတယ်။
ဒီနေ့ Vlog လေးမှာတော့ My Town Mall ထဲက 'D**g Nae BBQ' ဆိုင်မှာ အလုပ်ရခဲ့တဲ့ ကျွန်မရဲ့ အတွေ့အကြုံလေးကို မျှဝေပေးထားပါတယ်။ အလုပ်ရှာခဲ့ပုံ၊ အင်တာဗျူးဖြေခဲ့ပုံနဲ့ ဘာကြောင့် အလုပ်ချက်ချင်းရခဲ့လဲဆိုတဲ့ Tips လေးတွေကို ပြောပြပေးထားလို့ အဆုံးထိ ကြည့်ပေးကြပါဦးနော်။ 🥰
နိုင်ငံရပ်ခြားမှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ပြီး အတွေ့အကြုံသစ်တွေ ရှာချင်တဲ့ သူငယ်ချင်းများအတွက် ဒီ Video လေးက အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။
22/04/2026
ကိုရီးယားသွားဖို့ Visa ခက်ခဲနေလား? ❓
Malaysia to Korea Program နဲ့ဆို အားလုံး OK ပြီနော်! 👌
✅ Surprise ဖြစ်လောက်တဲ့ အမြန်နှုန်းနဲ့ Visa Approved ဖြစ်စေရမယ်
✅ Part-time Job လုပ်ဖို့ အခွင့်အလမ်းရှိတယ်
အိပ်မက်ခရီးလမ်းကို ဒီနေ့ပဲ စတင်လိုက်ပါ။ 🥳🚀
အသေးစိတ်သိချင်ရင် Chat box မှာ "Hello" လို့ စာပို့ထားခဲ့ပါရှင်။ 🥰
20/04/2026
🌊 သင်္ကြန်အပြီးမှာ သတင်းကောင်းနဲ့အတူ ပြန်လာပါပြီ! 🎓🇲🇾
သင်္ကြန်ပိတ်ရက်အဖွင့်မှာတင် ကျွန်မတို့ Go to Malaysia ရဲ့ ကျောင်းသား/သူ ၅ ယောက်အတွက် eVAL (Electronic Visa Approval Letter) တွေ ထပ်မံရရှိခဲ့ပြန်ပါပြီ။ 🎉✨
eVAL ဆိုတာ ဘာလဲ? 🤔
မလေးရှားမှာ ပညာသင်ကြားဖို့အတွက် မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက တရားဝင်ထုတ်ပေးတဲ့ ခွင့်ပြုချက်စာရွက်ဖြစ်ပါတယ်။ ဒီစာရွက်ရပြီဆိုရင်တော့ မြန်မာနိုင်ငံကနေ မလေးရှားကို သွားရောက်ဖို့ Single Entry Visa လျှောက်ထားဖို့ အဆင်သင့်ဖြစ်ပြီပဲ ဖြစ်ပါတယ်။
Go to Malaysia ကို ဘာကြောင့် ရွေးချယ်ကြတာလဲ?
✅ တိကျမြန်ဆန်တဲ့ Application Process
✅ EMGS tracking အဆင့်ဆင့်ကို သေချာစောင့်ကြည့်ပေးခြင်း
✅ ကျောင်းသားတိုင်းအတွက် စိတ်ကြိုက် အကြံပေးဆွေးနွေးပေးခြင်း
အခုလို eVAL ရရှိသွားတဲ့ ကျောင်းသား/သူ ၅ ယောက်လုံးအတွက်လည်း ထပ်တူထပ်မျှ ဝမ်းသာရသလို၊ ရှေ့ဆက်လုပ်ဆောင်ရမယ့် Visa Process တွေကိုလည်း အချောမွေ့ဆုံးဖြစ်အောင် ကျွန်မတို့ဘက်က ဆက်လက်ဆောင်ရွက်ပေးသွားမှာပဲဖြစ်ပါတယ်။ 🤝
မလေးရှားမှာ ကျောင်းတက်ဖို့ စိတ်ကူးရှိနေတဲ့ သူငယ်ချင်းများ၊ ညီငယ်/ညီမငယ်များအနေနဲ့လည်း ခိုင်မာတဲ့ ဝန်ဆောင်မှုတွေနဲ့အတူ အိပ်မက်တွေကို အကောင်အထည်ဖော်ချင်တယ်ဆိုရင် "Go to Malaysia" Page မှာ အခုပဲ Message ပို့ပြီး အခမဲ့ ဆွေးနွေးနိုင်ပါတယ်ရှင့်။ 📩
18/04/2026
မလေးရှားမှာ ကျောင်းတက်ရင်း မြန်မာသင်္ကြန်ကို လွမ်းနေကြတဲ့ Go to Malaysia ရဲ့ ကျောင်းသား/သူလေးတွေ... မနေ့ကတော့ YPC International College မှာ ရေတွေပက်၊ သီချင်းတွေဆို၊ မုန့်လုံးရေပေါ်တွေလုံးရင်း အရမ်းကို စည်ကားတဲ့ သင်္ကြန်ပွဲလေး ကျင်းပ ဖြစ်ခဲ့ကြပါတယ်။ 💦🩵💦
သူတို့လေးတွေ ဘယ်လောက်တောင် ပျော်နေကြလဲဆိုတာ ပုံတွေကိုကြည့်ရုံနဲ့တင် သိသာနေပါတယ်ရှင်… အဝေးရောက်နေပေမဲ့လည်း အမိမြေက သင်္ကြန်ရနံ့လေးတွေကို ပြန်ရသလိုမျိုး ကြည်နူးစရာကောင်းတဲ့ သူတို့လေးတွေရဲ့ အမှတ်တရ ပုံရိပ်တွေကို အားလုံးလည်း လိုက်ပါခံစားနိုင်အောင် မျှဝေပေးလိုက်ပါတယ်နော်...။ 😍
30/09/2024
POEA - EPSမှ
ကုန်ထုတ် ပအသုတ်များအတွက် skill testရက် ကြေငြာခြင်း
ကုန်ထုတ် ဒုသုတ်များအတွက် ဖြေဆိုရမည့်ရက်ကြေငြာခြင်း
Click here to claim your Sponsored Listing.
Location
Website
Address
Yangon
11141
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |