23/04/2026
✨️🇯🇵 2027 Apr Intake များအတွက် ဂျပန်ကျောင်း
လျှောက်ထားလိုသူများ လက်ခံနေပါပြီ 🇯🇵✨️
အောက်ပါ ၀န်ဆောင်မှုများ One Stop Service
ဆောင်ရွက်ပေးပါသည်။
🟢 School Interview Preparation
🟢 COE Application Support
🟢 Visa Application Guidance
🟢 Full Documentation Service
🟢 Flight Arrangement Support
🟢 Accommodation Support in Japan
စုံစမ်းဆက်သွယ်ရန် -
👉 Yangon 👈
🏫 No.225, 3rd Fl, Kyitekasan Rd,
Kyaukmyaung, Tarmwe Tsp, Yangon.
📲 09 45 9090 633 📲 09 45 9090 655
📲 09 9630 66 000 📲 09 420 9690 36
[ဖုန်း + Viber များဖြင့် ဆက်သွယ်နိုင်ပါတယ်]
👉 Mandalay 👈
🏫 No.89/14, 39A St, 78 x 79 Rds,
Mahaaungmyae Tsp, Mandalay.
📲 09 790 354 731 📲 09 791 99999 5
📲 09 792 99999 5 📲 09 793 99999 5
[ဖုန်း + Viber များဖြင့် ဆက်သွယ်နိုင်ပါတယ်]
☎️ သင့်ရဲ့ ဖုန်းနံပါတ်ကို Page Chat Box မှာ ရေးပေး
ခဲ့ရုံနဲ့ ရုံးချိန်အတွင်း YA YA YA ၀န်ထမ်းများက Ph,
Viber များနဲ့ ဆက်သွယ် ဆွေးနွေးပေးသွားမှာပါ 🙏
⚠️ ရုံးချိန် - နေ့စဥ် 9 AM ~ 5 PM
⚠️ အပတ်စဥ် Wed နေ့တိုင်း ရုံးပိတ်သည်။
YA YA YA Japanese Language Academy & Education Centre
21/04/2026
🙏 မန္တလေး YA YA YA ရဲ့ နှစ်ဦးအလှူမင်္ဂလာ 🙏
ယနေ့ YA YA YA - Mandalay ကျောင်းမှာ ဆရာတော် (၅)
ပါး ပင့်ဖိတ်ပြီး နှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရား
တော်များ နာယူခဲ့ကြပါတယ်။
နှစ်သစ်မှာ အားလုံးပဲ ဘေးဘယာဝေးကွာပြီး စိတ်သစ်၊ လူ
သစ်၊ အင်အားသစ်တွေနဲ့ မိမိတို့ရဲ့ ရည်မှန်းချက် ပန်းတိုင်
တွေကို အောင်မြင်စွာ လှမ်းနိုင်ကြပါစေခင်ဗျာ 🙏
YA YA YA Japanese Language Academy & Education Centre
20/04/2026
🙏 နှစ်သစ်ဦး မင်္ဂလာတရားတော်များ နာယူကြည်ညိုခြင်း 🙏
နှစ်သစ်ကူးအခါသမယမှာ YA YA YA Japanese Language Academy & Education Centre - Yangon ရဲ့ မိသားစုဝင်
များအားလုံး ကိုယ်စိတ်နှစ်ပါး အေးချမ်းစေဖို့နဲ့ ကျောင်းသား/သူများ သင်ကြားရေးမှာ အဆင်ပြေချောမွေ့စေဖို့ ရည်ရွယ်ပြီး
ဒီနေ့မှာတော့ ပင့်ဖိတ်ထားတဲ့ ဆရာတော် သံဃာတော် (၅) ပါး
တို့ထံမှ နှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားတော်များကို နာယူ ကြည်ညိုခဲ့ကြပါတယ်။
ဆရာတော်များအား လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါတယ်။ ယနေ့ပြုလုပ်ရသော ကုသိုလ်ကောင်း
မှုအစုစုတို့ကြောင့် YA YA YA မိသားစုဝင်များနှင့်တကွ ကျောင်း သား/သူများ၊ မိတ်ဟောင်းမိတ်သစ်များအားလုံး နှစ်သစ်မှာ ဘေးဥပဒ်ဝေးကွာပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း
ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
16/04/2026
✨️ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသော မြန်မာနှစ်ဆန်း (၁) ရက်
နေ့ဖြစ်ပါစေ ✨️
သင်္ကြန်ရက်တွေ ကုန်ဆုံးလို့ ဒီနေ့မှာတော့ ငြိမ်းချမ်းလှတဲ့
မြန်မာနှစ်သစ်ကူး ကို ရောက်ရှိလို့လာပါပြီ။ နှစ်ဆန်း (၁)
ရက်နေ့မှာ ဘုရားကျောင်းကန်သွား၊ သက်ကြီးပူဇော်ပွဲတွေ
ပြုလုပ်ပြီး ကုသိုလ်ကောင်းမှုတွေနဲ့ နှစ်သစ်ကို အစပြုလိုက်
ကြရအောင်🙏
နှစ်ဟောင်းက အညစ်အကြေးတွေ အားလုံးကို သင်္ကြန်ရေနဲ့ ဆေးကြောသန့်စင်ပြီးပြီမို့ ဒီနေ့ကစလို့ ရှေ့ဆက်မယ့် နေ့ရက်
တိုင်းမှာ အေးချမ်းသာယာပြီး လိုအင်ဆန္ဒတွေ ပြည့်ဝကြပါ
စေကြောင်း YA YA YA မိသားစုမှ ဆုတောင်းမေတ္တာ ပို့သ
အပ်ပါတယ်ခင်ဗျာ။🙏
YA YA YA Japanese Language Academy & Education Centre
16/04/2026
ဒီနေ့ဟာ သင်္ကြန်အတက်နေ့. အတာရေပက်ဖျန်းခွင့်ရမယ့် နောက်ဆုံးရက်ဖြစ်သလို၊ နှစ်သစ်ကို မကြာခင် ကြိုဆိုရ
မယ့် ထူးခြားတဲ့ နေ့တနေ့ဖြစ်ပါတယ်။
ရိုးရာတေးသံတွေနဲ့အတူ လမ်းမထက်မှာ အားရပါးရ ကကြ၊ ခုန်ကြ၊ ပျော်ပါးကြရင်း နှစ်ဟောင်းက အညစ် အကြေးတွေ
ကို အတာရေနဲ့ အပြီးတိုင် ဆေးကြောသန့်စင်လိုက်ကြရအောင်။
ကုသိုလ်ကောင်းမှုတွေ၊ ပျော်ရွှင်မှုတွေနဲ့အတူ ကျန်ရစ်ခဲ့ပြီး မနက်ဖြန်မှာ ကျရောက်မယ့် မြန်မာနှစ်ဆန်းတစ်ရက်နေ့ က
စလို့ စိတ်သစ်၊ လူသစ်၊ အင်အားသစ်တွေနဲ့ ရှေ့ဆက်နိုင်ကြ
ပါစေ။
YA YA YA Japanese Language Academy & Education Centre
16/04/2026
ဂျပန်မှာ အလုပ်တော်ရုံနဲ့ မပြီးဘူး! အလုပ်မြဲဖို့ "Hou-Ren-So" (တိုင်ပင်အစီရင်ခံခြင်း) ကို ကျွမ်းကျင်ဖို့လိုပါတယ်။
ဂျပန်ကုမ္ပဏီတွေမှာ သင်ဘယ်လောက်ပဲ တော်နေပါစေ၊ ဒီအချက် ၃ ချက်ကို ပျက်ကွက်ခဲ့ရင်တော့ "အလုပ်လုပ်ရတာ အဆင်မပြေသူ" လို့ သတ်မှတ်ခံရနိုင်ပါတယ်။ အလုပ်ခွင်ရဲ့ အသက်သွေးကြော Hou-Ren-So (報・連・相) ကို သိထားကြပါစို့။
၁။ Houkoku (報告) - အစီရင်ခံခြင်း
အလုပ်တစ်ခုပြီးသွားရင်ဖြစ်ဖြစ်၊ အမှားတစ်ခုလုပ်မိရင်ဖြစ်ဖြစ် အထက်လူကြီးကို ချက်ချင်းအစီရင်ခံပါ။ "ပြီးမှပြောမယ်" ဆိုတဲ့ စိတ်က ဂျပန်အလုပ်ခွင်မှာ အန္တရာယ်အများဆုံးပါ။
၂။ Renraku (連絡) - အကြောင်းကြားခြင်း
ဒါက ကိုယ့်ရဲ့ ခံစားချက်မပါဘဲ "အချက်အလက်" ကိုပဲ ဖြန့်ဝေတာပါ။ ဥပမာ - ရထားနောက်ကျလို့ အလုပ်နောက်ကျမယ်ဆိုရင် ချက်ချင်းဖုန်းဆက်အကြောင်းကြားတာမျိုးပါ။ အသေးအဖွဲကအစ အသိပေးထားတာက အကောင်းဆုံးပါ။
၃။ Soudan (相談) - တိုင်ပင်ဆွေးနွေးခြင်း
တစ်ခုခုကို ကိုယ့်ဘာသာ ဆုံးဖြတ်ရခက်နေရင် ဒါမှမဟုတ် ပြဿနာတစ်ခုခုရှိနေရင် အထက်လူကြီး ဒါမှမဟုတ် စီနီယာနဲ့ အမြဲတိုင်ပင်ပါ။ "ကိုယ့်သဘောနဲ့ကိုယ် လုပ်လိုက်တာ" ဆိုတဲ့စကားက ဂျပန်အလုပ်ခွင်မှာ အပြစ်တင်ခံရမယ့် စကားပါ။
အလုပ်ခွင်မှာ စကားပြောဆိုဆက်ဆံတဲ့အခါ အသုံးဝင်စေဖို့ ဒီ App (၂) ခုကို သုံးကြည့်ပါ-
VoiceTra: အထက်လူကြီးကို အစီရင်ခံချင်ပေမယ့် ဂျပန်လို ဘယ်လိုပြောရမလဲ မသိတဲ့အခါ မြန်မာလိုပြောပြီး ဂျပန်လို ပြန်ခိုင်းလို့ရပါတယ်။
ဆော့ဝဲ ဒေါင်းရန် - https://tech.alann.fun/archives/2129
Mazii Dictionary: အလုပ်ခွင်သုံး စကားလုံးတွေနဲ့ Hou-Ren-So လုပ်တဲ့အခါ သုံးရမယ့် ယဉ်ကျေးတဲ့ စကားလုံး (Keigo) တွေကို ရှာဖွေဖို့ အကောင်းဆုံးပါ။
ဆော့ဝဲ ဒေါင်းရန် - https://tech.alann.fun/archives/2175
ဂျပန်မှာ အလုပ်လုပ်ရတာက စည်းကမ်းကြီးပေမယ့် ဒီစနစ်တွေကို နားလည်သွားရင်တော့ သင့်အတွက် အလုပ်လုပ်ရတာ ပိုပြီး လွယ်ကူချောမွေ့လာမှာပါ။
သူငယ်ချင်းတို့ရော အလုပ်ခွင်မှာ Hou-Ren-So မလုပ်မိလို့ အဆူခံခဲ့ရတာမျိုး ရှိဖူးလား? ကိုယ့်အတွေ့အကြုံလေးတွေကို Comment မှာ ဝေမျှပေးခဲ့ပါဦး!
16/04/2026
ဂျပန်နိုင်ငံမှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ခရီးသွားဖို့ ပြင်ဆင်နေသူတွေ သတိပြုနိုင်ဖို့
🇯🇵‼️‼️‼️‼️‼️‼️
# # # ✈️ ဂျပန်လေယာဉ်ပေါ်တွင်
👉Mobile Battery (Power Bank)အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းအသစ် (ဧပြီ ၂၄ ရက်မှ စတင်မည်)
+=============
ဂျပန်နိုင်ငံတွင်းနဲ့ ပြည်ပလေကြောင်းခရီးစဉ်တွေမှာ Mobile Battery ကြောင့် မီးလောင်မှုတွေ ခဏခဏ ဖြစ်ပွားနေတာကြောင့် လာမယ့် **ဧပြီလ (၂၄) ရက်နေ့** (Golden Week မတိုင်ခင်) ကစပြီး စည်းကမ်းအသစ်တွေကို တင်းကြပ်စွာ ကျင့်သုံးတော့မှာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီး (MLIT) မှ အောက်ပါ **အချက် (၃) ချက်**ကို အဓိက တိုးမြှင့်ကန့်သတ်လိုက်ပါတယ် -
1️⃣ **လေယာဉ်ပေါ်တွင် Mobile Battery အသုံးမပြုရ**
လေယာဉ်စီးနေစဉ်အတွင်း ဖုန်းအားသွင်းခြင်း လုံးဝ (လုံးဝ) မပြုလုပ်ရပါ။
2️⃣ **Mobile Battery ကို ပြန်လည်အားမသွင်းရ**
လေယာဉ်ပေါ်ရှိ ပလပ်ပေါက်များတွင် Mobile Battery ကို အားပြန်သွင်းခြင်း မပြုလုပ်ရပါ။
3️⃣ **တစ်ဦးလျှင် (၂) လုံးသာ ယူဆောင်ခွင့်ရှိသည်**
လက်ဆွဲအိတ်ဖြင့် သယ်ဆောင်ခွင့်ရှိသော်လည်း အရေအတွက်ကို တစ်ဦးလျှင် အများဆုံး (၂) လုံးအထိသာ ကန့်သတ်ထားပါသည်။
⚠️ **အထူးသတိပေးချက်**
ဓာတ်ပုံထဲကအတိုင်း Mobile Battery တွေကို **ဘောင်းဘီအိတ်ထဲ ထည့်ထားခြင်း** ဒါမှမဟုတ် **အိပ်ရာမွေ့ရာတွေကြားထဲမှာ ထည့်သွင်းအသုံးပြုခြင်း**ဟာ အပူလွန်ကဲပြီး ပေါက်ကွဲနိုင်ခြေ အလွန်မြင့်မားတာကြောင့် လုံးဝ (လုံးဝ) မပြုလုပ်ကြဖို့ အထူးသတိပေးထားပါတယ်။
မေလGolden Week မတိုင်ခင်
ခရီးသွားရင်း မတော်တဆမှုတွေ မဖြစ်ရအောင် စည်းကမ်းသစ်တွေကို သိထားရအောင်လို့ပါ။ 🇯🇵✨
16/04/2026
⏰ အလုပ်များလွန်းလို့ သင်တန်းတက်ဖို့ အချိန်မရတဲ့သူတွေ JLPT ကို အလွယ်တကူ အောင်မြင်နိုင်မယ့် Self-study လျှို့ဝှက်ချက် 🇯🇵
သင်တန်းမတက်ဘဲ ကိုယ့်ဘာသာစာလုပ်ပြီး JLPT အောင်ချင်ပေမယ့် ဘယ်ကစရမလဲ မသိဖြစ်နေလား? အချိန်မရတဲ့ကြားကနေ စာမေးပွဲကို လွယ်လွယ်ကူကူ အောင်မြင်ခဲ့တဲ့ ကျွန်တော့်ရဲ့ လျှို့ဝှက်ချက်လေးကို မျှဝေပေးချင်ပါတယ်။
📚 Grammar အတွက် အကောင်းဆုံး ရွေးချယ်မှု
Grammar ကို စာအုပ်အထူကြီးတွေနဲ့ ခေါင်းမစားဘဲ ရှင်းလင်းလွယ်ကူတဲ့ 日本語の森 🌱 စာအုပ်လေးနဲ့ပဲ လေ့လာခဲ့ပါတယ်။ မှတ်ရတာ အရမ်းအဆင်ပြေလွန်းလို့ အချိန်ကုန်သက်သာစေပါတယ်။
📱 Vocabulary အတွက် လုံးဝ (လုံးဝ) သုံးသင့်တဲ့ App
ကျွန်တော့်အတွက်တော့ 日本語の森 App က အသက်ပါပဲ။
✨ အကြိုက်ဆုံးအချက်: Vocabulary တွေကို App ထဲမှာ မြန်မာလို (Free) ရှင်းပြပေးထားတာ တကယ့်ကို အမိုက်ဆုံးပါပဲ။ ဖုန်းတစ်လုံးရှိရုံနဲ့ အလုပ်သွား/ပြန် ရထားပေါ်မှာဖြစ်ဖြစ်၊ အားတဲ့အချိန်လေးတွေမှာဖြစ်ဖြစ် နေရာမရွေး စာကြည့်လို့ရပါတယ်။ 🎉
📝 မေးခွန်းဟောင်း နဲ့ လေ့ကျင့်ခန်း (練習問題)
အချိန်မရလို့ မေးခွန်းဟောင်းတွေကို 日本語の森 ထဲကနေပဲ တစ်ခေါက်လောက်ပဲ လေ့ကျင့်နိုင်ခဲ့ပေမယ့် တကယ်ကို ထိရောက်မှုရှိခဲ့ပါတယ်။ စာမေးပွဲဖြေပုံဖြေနည်းတွေ မေ့နေလို့ အလွဲလွဲအချော်ချော်ဖြစ်ခဲ့ပေမယ့် ဒီ App လေးရဲ့ အကူအညီနဲ့တင် အောင်သွားတာကတော့ တကယ့် အမြတ်ပါပဲ။ 😁
စာအုပ်ကြီး တကူးတက သယ်စရာမလိုဘဲ အခုပဲ ဖုန်းထဲမှာ အလွယ်တကူ ဒေါင်းလုပ်ဆွဲပြီး စတင်လေ့လာလိုက်ပါ။
📲 Nihongo no Mori App ဒေါင်းရန် လင့်ခ်များ 👇
🤖 Android: https://clk.bz/Nihongo-no-Mori-Android
🍎 iOS: https://clk.bz/Nihongo-no-Mori-IOS
👇 ကဲ... အခုရော ဘယ် Level ဖြေဖို့ ပြင်ဆင်နေကြလဲ? စာလုပ်တဲ့အခါ ဘာတွေ အခက်အခဲရှိလဲဆိုတာ Comment မှာ ဝင်ရောက်ဆွေးနွေးသွားကြဦးနော်။ ကိုယ့်လိုပဲ Self-study လုပ်နေတဲ့ သူငယ်ချင်းတွေ သိသွားအောင်လည်း မဖြစ်မနေ Share ပြီး မျှဝေပေးလိုက်ပါ။
Burmese Info
15/04/2026
"အပြုံးတွေဝေဆာ... အကြတ်နေ့မှာ စတုဒီသာ" 💛😊
သင်္ကြန်တွင်းမှာ ရေကစားရတာ တစ်မျိုးပျော်ဖို့ကောင်းသလို၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူလာသမျှလူ
အကုန်ကျွေးတဲ့ စတုဒီသာမဏ္ဍပ်လေးတွေကလည်း သင်္ကြန်ရဲ့ အနှစ်သာရပါပဲ။
YA YA YA မှ ကျောင်းသား/သူများ၊ ဆရာ/မများနှင့် မိတ်ဆွေ
များအားလုံး အကြတ်နေ့မှာ ဗိုက်လည်းဝ၊ စိတ်လည်းပျော်ပြီး
နှစ်သစ်ကို အတူတူ ဆက်လက်ဖြတ်သန်းကြရ အောင်။ ပျော်
ရွှင်စရာ သင်္ကြန်အကြတ်နေ့လေး ဖြစ်ပါစေ! 💦🍲
YA YA YA Japanese Language Academy & Education Centre
14/04/2026
🌾💦သင်္ကြန်အကျနေ့မှာ အတာရေနဲ့ အေးမြကြပါစေ 💦🌾
ပိတောက်ရနံ့တွေ သင်းပျံ့နေတဲ့ သင်္ကြန်အကျနေ့ရဲ့ လမ်းမ
တွေပေါ်မှာ အတာရေကြည်အေးအေးလေးတွေ ပက်ဖျန်း။
နှစ်ဟောင်းက အညစ်အကြေးတွေကို ဆေးကြော ။ တစ်သက်
တာအမှတ်ရမယ့် ပျော်ရွှင်စရာတွေ ဖန်တီးရင်း သင်္ကြန်အမှတ်
တရတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။
YA YA YA Japanese Language Academy & Education Centre
13/04/2026
မနေ့က ရန်ကုန်မှ Tokyo မြို့သို့ ထွက်ခွာခဲ့သော Departure Group (8) အဖွဲ့ ကျောင်းသူများ Tokyo Narita လေဆိပ်သို့ ရောက်ရှိကြပါပြီ။
YA YA YA Japanese Language Academy & Education Centre
13/04/2026
ယနေ့ရန်ကုန်မှ ထွက်ခွာသွားကြတဲ့ Departure Group (8)
ကျောင်းသူအဖွဲ့ရဲ့ Changi Airport မှာ Transit စောင့်ဆိုင်း
ချိန် ပေးပို့လာတဲ့ ပုံလေးဖြစ်ပါတယ်။
YA YA YA Japanese Language Academy & Education Centre