Teacher Po Po

Teacher Po Po

Share

Consistency is the key to success.

Photos from Teacher Po Po's post 20/05/2026

G3 မြန်မာစာ "အတာသကြ်န် "လေ့ကျင့်ခန်း

Photos from Teacher Po Po's post 15/05/2026

ကျေးညီနောင် လေ့ကျင့်ခန်း

Photos from Teacher Po Po's post 16/04/2026

ပထမ တင်ထားတဲ့ worksheet လေးတွေ နဲ့ ခု တစ်ခေါက် နဲ့မှာ မျဥ်းဖြောင့်တွေကို အရင် ရေးခိုင်းပါ။
ကလေးအသက်ကို မူတည်ပြီး ခဲတံ သို့မဟုတ် ဆော့ပင် သုံးပေးပါ။
မျဥ်းဖြောင့် ရပြီဆိုမှ မျဥ်းကွေးရေးခိုင်းပါ။
မျဥ်းတွေဆွဲတတ်ပြီ အရောင်ခြယ်တာ အဆင်ပြေပြီဆိုရင် လေးကြောင်းမျဥ်းအကြီးမှာ ရေးကျင့်ပါ။
လေးကြောင်းမျဥ်းအကြီးရေးတာလေးတွေကို ထပ်တင်ပေးပါဦးမယ်။
အစဥ်လိုက်တင်ထားတာမဟုတ်လို့ သေချာ လေး အစဉ်လိုက်ဆွဲပေးရင် ကဘေးတွေအတွက် ပိုလွယ်ကူတာမို့ အစဥ်လိုက်ဆွဲပေးရင်ပိုကောင်းပါတယ်။

Photos from Teacher Po Po's post 10/04/2026

နွေရာသီ လက်ရေး ကျင့်ချင်သူများအတွက်
အသုံးလိုသူများ copy ကူးပြီး ကျင့်ပေးလို့ရပါတယ်။

ေနာက်တစ်ခေါက်တင်ရင် အစဥ်လိုက်တင်ပေးပါမယ်။

်လေးတွေထပ်တင်ပေးပါမယ်ရှင့် ေးတွေလဲလာပါမယ်

18/03/2026
26/02/2026

ဒီရက်ထဲ အကြားရဆုံးကတော့ "ဆရာမရေ... ကလေးက G1 ဝင်ခွင့် ရလို့လှမ်း ပြောကြတာပါ။ တီချယ်တို့ကိုကျေးဇူးတင်ပါတယ်"လို့ ကျောင်းကြီးပြောင်းသွားတဲ့အခါမှာလဲ ကျောင်းမှာအဆင်ပြေကြတယ် လို့ ပြောပြကြတဲ့အခါ
ဒီလို ကျေးဇူးတင်စကားလေးတွေ ကြားရတိုင်း အရမ်းပဲ ဝမ်းသာမိပါတယ်။
ကျွန်မရဲ့ စာသင်တဲ့တစ်လျောက် ၊တက်တဲ့သင်တန်း တွေတလျောက် စိတ်ဝင်စားဆုံးကတော့ ကလေးစိတ်ပညာပါပဲ ။

ကလေးတစ်ယောက်ချင်းစီကို လေ့လာရတာ အရမ်း စိတ်ဝင်စားခဲ့တယ်။

ကလေးတွေတစ်ယောက်နဲ့တစ်ယောက်သင်ယူပုံ မတူညီတိုင်း ကလေးတွေရဲ့ အစားအ သောက် ၊နေထိုင်ပုံ ၊အိပ်ချိန်တွေ၊ မိသားစု အရေးတွေကို ကလေးတွေဆီကနေ ၊ မိဘတွေဆီကနေ အချိန်ပေးနားထောင်ဖြစ်တယ် ။

ဒီကလေးက ဘာကြောင့် အခြားကလေးလိုမဟုတ်ရတာလဲ ၊ ကလေးမှာ ဘာတွေဖြစ်နေလဲ ဆိုတာတွေကို အတန်းကြီးကျူရှင်ကလေးတွေနဲ့ဆို ပိုပြီး စကားတွေပြောဖြစ် နားထောင်ဖြစ်တယ် ၊

ဒါ့ကြောင့်ပဲလား မသိ ခုနားလိုက်တဲ့အချိန် ရော၊ အရင်ကရော သင်ကြားရေးမှာ ခုလို စကားတွေ မကြာမကြာ ကြားခဲ့ရတယ်။မိဘ တော်တော်များများဆီက ၁၆နှစ်တိုင် ယုံကြည်မှုကိုရခဲ့တဲ့အတွက် အရမ်း ပီတိဖြစ်ရပါတယ်။ ကလေးတွေရော မိဘတွေရော ကျေးဇူးလဲတင်ပါတယ် ။

တကယ်တော့ ဒီအောင်မြင်မှုဟာ ဆရာမ တွေကြောင့်တစ်ခုထဲ မဟုတ်ဘဲ ကလေးရဲ့ "ကိုယ်ပိုင်အချိန် " နဲ့ "ကိုယ်ပိုင်စရိုက်" ကို ကျွန်မတို့အားလုံးက နားလည်ပေးနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။
မူကြိုဆရာမဘဝမှာ ကလေးပေါင်းစုံကို သင်ကြားခဲ့ရပါတယ် -
* စာသင်ရင် အမြဲငိုနေတတ်တဲ့ကလေး။
* ကျောင်းမှာ ဘာမှမလုပ်ပေမဲ့ အိမ်ရောက်မှ အကုန်ပြန်ပြောပြတတ်တဲ့ကလေး (Observational Learner - အကဲခတ်သင်ယူသူ)။
* ကျောင်းမှာ လုပ်သမျှ အိမ်ကျရင် ဘာမှမမှတ်မိတော့တဲ့ကလေး။
*ဒီနေ့ရလိုက် နောက်နေ့မရလိုက်နဲ့ ရသလိုလို မရသလိုလို ဖြစ်တတ်တဲကလေး။
* ဘာမေးမေး ပြန်မဖြေဘဲ ထုံပေပေ၊ ဂျစ်ကန်ကန် လုပ်နေတတ်တဲ့ကလေး။

ဒီလို ဂျစ်တိုက်နေတဲ့ ကလေးလေးတွေကိုတော့ ကျွန်မက "လစ်လျူရှုသင်ကြားခြင်း " နည်းလမ်းနဲ့ ချဉ်းကပ်ခဲ့ပါတယ်။ သူ့ရဲ့ ဆိုးနွဲ့မှုကို အရေးမလုပ်ဘဲ သင်ကြားေရးကိုပဲ အာရုံစိုက်တဲ့အခါ၊ သင်ကြားရေးကို ဂျစ်တိုက်တဲ့အခါ ကလေးကို အာရုံမစိုက်တော့ပဲ ဆရာမကသင်စရာရှိဆက်နေတဲ့အခါ ကလေးက ဆရာမရဲ့ အာရုံစိုက်မှုကို လိုချင်လာပါလိမ့်မယ် ။ နောက်ပိုင်းမှာ ကလေးဟာ သူ့ရဲ့ ဂျစ်တိုက်မှုက အလုပ်မဖြစ်တော့ဘူးဆိုတာ နားလည်သွားပြီး စာထဲကို ပုံမှန်အတိုင်း ပြန်ဝင်လာတတ်ပါတယ်။ ဒါဟာ ကလေးရဲ့ စိတ်နေစိတ်ထားကို နားလည်ပေးတဲ့ သင်ကြားရေး တစ်ခုပါပဲ။

မိဘများ သိထားသင့်တဲ့ Child Psychology (ကလေးစိတ်ပညာ)
ကလေးတစ်ယောက်နဲ့ တစ်ယောက် ဦးနှောက်ဖွံ့ဖြိုးမှု (Brain Development) အချိန်ချင်း မတူသလို၊ စိတ်ခံစားမှုကို ထုတ်ဖော်ပုံချင်းလည်း မတူကြပါဘူး (Individual Differences)။
* အချို့က အခြေခံအုတ်မြစ်ကို ခိုင်မာအောင် အချိန်အကြာကြီး ယူပြီးမှ တဟုန်ထိုး တတ်မြောက်သွားတတ်ကြပါတယ်။
* ဂျစ်တိုက်တာ၊ ငိုတာတွေဟာ ကလေးရဲ့ သင်ယူမှုကို ငြင်းဆန်တာမဟုတ်ဘဲ သူတို့ရဲ့ အခက်အခဲကို ထုတ်ဖော်ပြသတဲ့ ပုံစံတစ်ခုသာ ဖြစ်ပါတယ်။
Parenting & Teaching Tips (အကြံပြုချက်များ)
၁။ နှိုင်းယှဉ်ခြင်းကို ရှောင်ပါ : သူများကလေး ရနေပြီ၊ ကိုယ့်ကလေး မရသေးဘူးဆိုတဲ့ စိုးရိမ်စိတ်ဟာ ကလေးကို ဖိအားဖြစ်စေပြီး သင်ယူမှုကို ပိုနှေးကွေးစေပါတယ်။
၂။ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပါ : ဂျစ်တိုက်နေတဲ့အချိန်မှာ အတင်းအကျပ် ခိုင်းတာထက်၊ ကလေး စိတ်အေးသွားတဲ့အချိန်မှ ချော့မော့သင်ကြားတာက ပိုထိရောက်ပါတယ်။
၃။ ယုံကြည်ပေးပါ : အခု နှေးနေတာ၊ ဂျစ်တိုက်နေတာဟာ ရှုံးနိမ့်နေတာ မဟုတ်ပါဘူး။ သူက သူ့ရဲ့ ကိုယ်ပိုင်အရှိန်နဲ့ အုတ်မြစ်တည်ဆောက်နေတာပါ။

မိဘတွေကို အဓိကပြောချင်တာက... ကိုယ့်ကလေးက အခုလောလောဆယ် နှေးနေလို့၊ လိုက်မလုပ်လို့ စိတ်မပူပါနဲ့။ ဆရာမေတွကလည်း နားလည်မှုရှိရှိနဲ့ အချိန်ပေးသင်သလို၊ မိဘတွေဘက်ကလည်း စိတ်ရှည်လက်ရှည်နဲ့ ယုံကြည်ပေးဖို့ လိုပါတယ်။
တီချယ် အနေနဲ့ မူကြိုသင်ကြားရေးကို နားလိုက်ပေမဲ့ ကလေးမေမေတစ်ယောက်အနေနဲ့ ကလေးစိတ်ပညာကို အမြဲ ေလ့လာသင်ယူနေရဦးမှာပါ။
အချိန်တန်ရင် ပန်းတိုင်းဟာ ပွင့်ကြတာပါပဲ။ ပွင့်တဲ့အချိန်နဲ့ ပွင့်ပုံပွင့်နည်းလေးတွေပဲ ကွာခြားသွားတာပါ။

20/02/2026

ကလေးတစ်ယောက်ရဲ့ ဦးနှောက်ဟာ မူကြိုအရွယ်မှာ လူကြီးဦးနှောက်ရဲ့ ၉၀ ရာခိုင်နှုန်း နီးပါးအထိ ဖွံ့ဖြိုးသွားတာပါ။ ဒါကြောင့် ဒီအချိန်မှာကျွေးတဲ့ အစားအစာက ကလေးရဲ့ တစ်သက်တာ ဉာဏ်ရည်ဉာဏ်သွေးအတွက် အုတ်မြစ်ဖြစ်သွားပါတယ်။
>အစားအစာနဲ့ ဦးနှောက်ဖွံ့ဖြိုးမှု ဆက်စပ်ပုံ
၁။ ဦးနှောက်အတွက်
ဦးနှောက်ဆဲလ်တွေ တစ်ခုနဲ့တစ်ခု ဆက်သွယ်ဖို့နဲ့ ကြီးထွားဖို့အတွက် အာဟာရဓာတ်အချို့က မရှိမဖြစ်ပါ။
* DHA နှင့် Omega-3: ဒါက ဦးနှောက်အတွက် အကောင်းဆုံး အဆီပါ။ မှတ်ဉာဏ်ကောင်းစေပြီး အမြင်အာရုံကို ကြည်လင်စေပါတယ်။
* ရရှိနိုင်သော: ငါး၊ သစ်ကြားသီး၊ ပင်လယ်စာ။
* Choline : ဦးနှောက်ထဲက မှတ်ဉာဏ်ဗဟိုဌာနကို တည်ဆောက်ပေးပါတယ်။
* ရရှိနိုင်သော: ကြက်ဥအနှစ် (ကလေးတွေအတွက် အရေးကြီးဆုံး ဦးနှောက်စာပါ)။
၂။ အာရုံစူးစိုက်မှုနှင့် စိတ်တည်ငြိမ်မှု

ကလေးတစ်ယောက် ငြိမ်ငြိမ်လေးထိုင်ပြီး စာဖတ်နိုင်ဖို့ ဒါမှမဟုတ် ကစားနိုင်ဖို့ဆိုတာ သူတို့စားတဲ့ ကာဗိုဟိုက်ဒရိတ် အမျိုးအစားပေါ် မူတည်ပါတယ်။

သကြား၊ အချိုများ ၊စွမ်းအင်တွေ ရုတ်တရက်တက်လာပြီး ပြန်ကျသွားခြင်း ၊ ကလေး ဂနာမငြိမ်ဖြစ်ခြင်း၊ စိတ်တိုခြင်း ၊
အစေ့အဆန်၊သစ်သီး ၊စွမ်းအင်ကို တဖြည်းဖြည်းချင်း ပုံမှန်ထုတ်ပေးခြင်း ၊ အာရုံစူးစိုက်မှု အားကောင်းခြင်း၊ စိတ်ရှည်ခြင်း ၊
၃။ သင်ယူမှုစွမ်းရည်နှင့် သံဓာတ်
သံဓာတ်က ဦးနှောက်ဆီကို အောက်ဆီဂျင် ပို့ဆောင်ပေးပါတယ်။ သံဓာတ်အားနည်းတဲ့ ကလေးဟာ သင်ခန်းစာတွေကို မှတ်မိဖို့ ခက်ခဲတတ်ပြီး အမြဲတမ်း ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။

* မနက်စာကို ဘုရင်လိုကျွေးပါ: တစ်ညလုံး အနားယူထားတဲ့ ဦးနှောက်က မနက်ခင်းမှာ စွမ်းအင် အရမ်းလိုနေပါတယ်။ မနက်စာ မစားတဲ့ကလေးဟာ သင်ယူမှုနှုန်း သိသိသာသာ လျော့နည်းတတ်ပါတယ်။
* ရေဓာတ်ဖြည့်တင်းပါ: ဦးနှောက်ရဲ့ ၇၅% က ရေဖြစ်လို့ ရေဓာတ်နည်းရင် ကလေးက ခေါင်းမကြည်မလင် ဖြစ်နေတတ်ပါတယ်။
* အရောင်စုံ အသီးအနှံ: အသီးအနှံတွေမှာပါတဲ့ Antioxidants တွေက ဦးနှောက်ဆဲလ်တွေ ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။
> အစားအစာအပြင်
"လုံလောက်တဲ့ အိပ်စက်ခြင်း" ကလည်း စားလိုက်တဲ့ အာဟာရတွေကို ဦးနှောက်က ကောင်းကောင်း အသုံးချနိုင်ဖို့အတွက် မရှိမဖြစ် လိုအပ်ပါတယ်။
>

19/02/2026

*ဘာလို့ဂျီကျတာလဲ*

၁။ "ငါ" ဗဟိုပြုတဲ့အရွယ် (Egocentrism)
ဒီအရွယ်ကလေးတွေဟာ တစ်ကိုယ်ကောင်းဆန်လို့ မဟုတ်ဘဲ သူတို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအရ "ကိုယ့်အမြင်ကလွဲရင် တခြားသူမှာ အမြင်ရှိနိုင်တယ်" ဆိုတာကို နားမလည်သေးတာပါ။ ဥပမာ- သူကြိုက်တဲ့ အရုပ်ကို တခြားသူလည်း ကြိုက်မယ်လို့ပဲ ထင်နေတတ်ပါတယ်။
* မိဘများအတွက် အကြံပြုချက်: "မင်းကြောင့် သူစိတ်မကောင်းဖြစ်သွားပြီ" ဆိုတာထက် "မျှဝေကစားတာက သူငယ်ချင်းကို ပျော်စေတယ်" ဆိုတဲ့ အပြုသဘောဆောင်တဲ့စကားမျိုးနဲ့ လေ့ကျင့်ပေးပါ။

၂။ စိတ်ကူးယဉ်နဲ့ လက်တွေ့ ရောထွေးနေခြင်း (Magical Thinking)
မူကြိုအရွယ်ကလေးတွေဟာ သူတို့ရဲ့ စိတ်ကူးထဲကအရာတွေကို တကယ်လို့ ထင်နေတတ်ပါတယ်။ ဒါကြောင့်လည်း အရုပ်လေးတွေကို စကားပြောတာ၊ သူရဲကောင်း (Superhero) အင်္ကျီဝတ်ထားရင် တကယ်ပျံနိုင်တယ်လို့ ထင်တာမျိုးတွေ ရှိတတ်ပါတယ်။
* မိဘများအတွက် အကြံပြုချက်: သူတို့ရဲ့ စိတ်ကူးယဉ်မှုကို အတင်းအကျပ် မပိတ်ပင်ပါနဲ့။ ဒါဟာ တီထွင်ဖန်တီးမှု (Creativity) ရဲ့ အစပျိုးခြင်းပါပဲ။

၃။ "ဘာလို့လဲ" ဆိုတဲ့ မေးခွန်းများတဲ့အရွယ် (The "Why" Stage)
ဒီအရွယ်ဟာ ပတ်ဝန်းကျင်ကို စူးစမ်းလိုစိတ် အမြင့်ဆုံးအချိန်ပါ။ "ဘာလို့ မိုးရွာတာလဲ?" "ဘာလို့ နေထွက်တာလဲ?" စတဲ့ မေးခွန်းတွေ တရစပ်မေးတာဟာ သူတို့ရဲ့ ဦးနှောက်က သတင်းအချက်အလက်တွေကို အငမ်းမရ စုပ်ယူနေတဲ့ သဘောပါ။
* မိဘများအတွက် အကြံပြုချက်: စိတ်မပျက်ပါနဲ့။ ရိုးရိုးရှင်းရှင်းနဲ့ မှန်ကန်တဲ့ အဖြေလေးတွေကို စိတ်ရှည်လက်ရှည် ရှင်းပြပေးပါ။

၄။ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်သေးခြင်း (Emotional Regulation)
ဒီအရွယ်မှာ စိတ်လှုပ်ရှားမှုတွေ (ဒေါသထွက်တာ၊ ဝမ်းနည်းတာ) ပြင်းထန်ပေမဲ့ အဲဒါကို ဘယ်လို စကားလုံးနဲ့ ဖော်ပြရမလဲဆိုတာ မသိသေးပါဘူး။ ဒါကြောင့်ပဲ ဂျီကျတာ တွေ ဖြစ်လာတာပါ။
* မိဘများအတွက် အကြံပြုချက်: "မငိုနဲ့" လို့ တားတာထက် "သား/သမီး အခု စိတ်တိုနေတာလား? ဝမ်းနည်းနေတာလား?" ဆိုပြီး သူတို့ရဲ့ ခံစားချက်ကို နာမည်တပ်ပေးခြင်း က သူတို့ကို ပိုပြီး မြန်မြန် စိတ်ငြိမ်စေပါတယ်။
#ဘာလို့ဂျီကျတာလဲ

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

North Dagon
Yangon
000