09/07/2025
ဝါဆိုလပြည့်နေ့ (ဓမ္မာစင်္ကြာအခါတော်နေ့)🙏
ဝါဆိုလပြည့်နေ့ နေ့ထူးနေ့မြတ်လေးမှာပြည်သူပြည်သားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး ကုသိုလ် ဘာဝနာပွားများ အားထုတ်နိုင်ပါစေကြောင်း
ပြည့်ဂုဏ်ရောင် ကိုယ်ပိုင်မူလတန်းကျောင်း မိသားစု မှ ဆုတောင်း မေတ္တာ ပို့သအပ်ပါတယ်ရှင့်
#ဝါဆိုလပြည့်နေ့ဆုတောင်း
22/05/2025
ပညာရောင်ခြည်ဖြာလန်းတဲ့ ပြည့်ဂုဏ်ရောင်.... သားသားမီးမီးတို့ရဲ့ ပထမခြေလှမ်းအတွက် အကောင်းဆုံးရွေးချယ်မှု! (မေ ၂၂ မှစတင်၍ ကျောင်းအပ်လက်ခံခြင်း )
🍀ချစ်ရတဲ့ သားသားမီးမီးတို့ရဲ့ တောက်ပတဲ့ အနာဂတ်ပညာရေးခရီးလမ်းအတွက်
ပြည့်ဂုဏ်ရောင် ပုဂ္ဂလိက မူလတန်းကျောင်းမှ 22.5.2025 မှစတင်၍ ကျောင်းအပ်လက်ခံပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်။
အဖိုးတန်တဲ့ အခွင့်အရေးလေး လက်လွတ်မခံဖို့ ဖိတ်ခေါ်ပါရစေရှင်
ကျွန်မတို့ ပြည့်ဂုဏ်ရောင်ကျောင်းမှာဆိုရင် ကလေးတို့ရဲ့ ပညာရေးကို အကောင်းဆုံး အခြေခံအုတ်မြစ်ချပေးနိုင်ဖို့အတွက် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိတဲ့ ဆရာ၊ ဆရာမများက နွေးထွေးပျူငှာစွာနဲ့ စနစ်တကျ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
သားသားမီးမီးတို့အတွက် လုံခြုံစိတ်ချရပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ သင်ယူမှုပတ်ဝန်းကျင်ကို ဖန်တီးပေးထားတာမို့ မိဘများအနေနဲ့ စိတ်ချယုံကြည်စွာ အပ်နှံနိုင်ပါတယ်ရှင့်။
ဒီထက်မက ပိုမိုသိရှိချင်သေးလားရှင့်? ဒါမှမဟုတ် အတန်းလေးတွေ ပြည့်မသွားခင် သားသားမီးမီးတို့ရဲ့ နေရာလေးကို အမြန်ဆုံးဦးထားချင်ပြီလား? ⬇️
📲 Page Messenger မှာ "စိတ်ဝင်စားပါတယ်" လို့ တစ်ချက်လောက်စာပို့ပြီး အသေးစိတ်အချက်အလက်တွေကို အမြန်ဆုံး ရယူလိုက်ပါရှင့်။
☎️ ဒါမှမဟုတ် ကျောင်းအပ်နှံမှုနဲ့ပတ်သက်ပြီး တိုက်ရိုက်ဆွေးနွေးချင်တယ်ဆိုရင်တော့ 09 962635906, 09 962635102 ကို အခုပဲ ဖုန်းခေါ်ပြီး မေးမြန်းလိုက်တော့နော်။
ကျောင်းရဲ့ သာယာလှပတဲ့ ပတ်ဝန်းကျင်နဲ့ သင်ကြားရေး အစီအစဉ်တွေကို ကိုယ်တိုင်ကိုယ်ကျ လာရောက်လေ့လာချင်တယ်ဆိုရင်တော့ အောက်ဖော်ပြပါ ကျောင်းလိပ်စာလေးအတိုင်း အရောက်လှမ်းခဲ့ဖို့ နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်ရှင့် 👇
🏫 အမှတ် (၁၃၅)၊ လက်ဝဲသုန္ဒရလမ်း၊ (၃၂) ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်း။
ပြည့်ဂုဏ်ရောင်မိသားစုမှ ချစ်ရတဲ့ သားသားမီးမီးတို့ကို ရင်ဖွင့်ကြိုဆိုလျက်ရှိပါတယ်ရှင့်။ အနာဂတ်ရဲ့ ကြယ်ပွင့်လေးတွေအတွက် အကောင်းဆုံးတွေကို အတူတူ ဖန်တီးကြရအောင်နော်။
ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ 🙏
02/03/2025
ပြည့်ဂုဏ်ရောင် ကိုယ်ပိုင်မူလတန်းကျောင်းမှာ နွေရာသီသင်တန်းများ စတင်လက်ခံနေပါပြီ🌞
တစ်နှစ်တာလုံး ပင်ပန်းခဲ့သမျှ ဒီနွေရာသီမှာ သားသားမီးမီးတို့ ပျော်ပျော်ပါးပါး အနားယူရမယ့်အချိန်မှန်ပေမယ့် ပညာရေးနဲ့လည်း အဆက်မပြတ်ဖို့ကလည်း လိုအပ်တယ်နော်။
ဒါမှ ကလေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးက ပိုပြီးတိုးတက်လာမှာပေါ့။
ပြည့်ဂုဏ်ရောင် ကိုယ်ပိုင်မူလတန်းကျောင်းကလည်း ပညာရေးအမွေဆိုတာ အရေးကြီးဆုံးပဲလို့ ယုံကြည်တာမို့ မေမေတို့ရဲ့ ကလေးလေးတွေအတွက် နွေရာသီ သင်တန်းတွေ စတင်လက်ခံနေပါပြီရှင့်
ပျော်စရာလည်းကောင်းသလို အခြေခံကစပြီး တကယ်တတ်မြောက်ထားသင့်တဲ့ အရည်အချင်းတွေကို သင်ကြားပေးသွားမှာပါ။
🎓 ဘယ်ဘာသာရပ်လေးတွေ သင်ပေးမလဲဆိုတော့:
✅ 🎓 ဘယ်ဘာသာရပ်တွေကို သင်ကြားပေးမလဲ 🤔
English 4 Skills Class
တနင်္လာ မှ သောကြာ
( နံနက် ၉:၀၀ မှ ၁၁:၀၀ နာရီ)
Grammer Class 📝
တစ်ပတ်လျှင် ၃ ရက်
( နံနက် ၉:၀၀ မှ ၁၁:၀၀ နာရီ)
ကိုရီးယား အခြေခံ Class 🇰🇷
တနင်္လာ၊ အင်္ဂါ
( နံနက် ၉:၀၀ နာရီ မှ ၁၁:၀၀ နာရီ)
ကိုရီးယား အခြေခံ + Yonsei Level 1-1 🇰🇷➕📚
ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ
( နံနက် ၉:၀၀ နာရီ မှ ၁၁:၀၀ နာရီ)
စန္ဒယား အခြေခံ Class 🎻
တနင်္လာ၊ အင်္ဂါ
(၁၁:၀၀ နာရီ မှ ၁:၀၀ နာရီ)
Computer Basic Class 💻
ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ
(၁၁:၀၀ နာရီ မှ ၁:၀၀ နာရီ)
ခဲခြစ် ပန်းချီ အခြေခံ Class 🎨
Level 1(Basic)
တနင်္လာ၊ အင်္ဂါ
(ညနေ ၂:၀၀ နာရီ မှ ၄:၀၀ နာရီ)
Level 1(Basic)+Level 2(portrait)
ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ
(ညနေ ၂:၀၀ နာရီ မှ ၄:၀၀ နာရီ)
📅 သင်တန်းစတင်မည့်ရက် 🗓️ : ၂၀၂၅ ခုနှစ်၊ မတ်လ ၆ ရက်
နွေရာသီသင်တန်းအပ်နှံလိုတဲ့ ဖေဖေ၊မေမေတို့အနေနဲ့
📲 Page Messenger မှ ဖြစ်စေ၊
☎️ 09 962635906၊ 09 962635102 ကို ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
ဖေဖေ၊ မေမေတို့ကိုယ်တိုင် လာရောက်စုံစမ်းလိုပါက ကျောင်းလိပ်စာ 👇
🏫 အမှတ် (၁၃၅)၊ လက်ဝဲသုန္ဒရလမ်းမကြီး၊ (၃၂) ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်း သို့ လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။
#ပြည့်ဂုဏ်ရောင်ကိုယ်ပိုင်မူလတန်းကျောင်း
#ကိုယ်ပိုင်ကျောင်း
#မူလတန်းကျောင်း
26/02/2025
📣 Job Vacancy Announcement 📣
( For 2025 - 2026 )
‘ပြည့်ဂုဏ်ရောင်’ ကိုယ်ပိုင်မူလတန်းကျောင်းမှာ YLE Teacher (4) posts နဲ့ Assistant Teacher (5) posts အတွက် အလုပ်ခေါ်ယူနေပါပြီ။
စာသင်ရတာဝါသနာပါပြီး အရည်အချင်းလည်းရှိတဲ့အပြင် ကလေးငယ်များအပေါ်လည်း စိတ်ရှည်ပြီးသည်းခံနိုင်တဲ့ ဆရာ၊ ဆရာမတိုင်းကို ‘ပြည့်ဂုဏ်ရောင်’ မှာ အလုပ်လျှောက်ဖို့ လေးစားစွာ ဖိတ်ခေါ်လိုက်ပါတယ်။
👩🏻🏫 YLE Teacher (4) posts
● Must have a related degree or B.Ed. M.Ed. or equivalent Degree
● Must have at least (1) year in teaching YLE
● TKT(YL), ELTM, ELT, TESOL are preferable
● Must be able to write a well-rounded lesson plan
● Must be able to create necessary handout/ activities
● Must have good command of English
● Must be patient and kind
● Must be able to collaborate with the colleagues
● Must have computer literacy
👩🏻🏫 YLE Assistant Teacher (5) posts
● Must be graduated from high school
● B.A., BSc., or equivalent Degree is preferable
● Must have good command of English
● Must have a strong interest in teaching (esp. -YL)
● Must be patient and kind
● Must be able to collaborate with the colleagues
● Must have a computer literacy
အလုပ် လျှောက်ထားမယ်ဆိုရင် အချက်အလက်တွေကို အောက်ပါတို့ကနေတဆင့် ပေးပို့နိုင်ပါတယ်။ အသေးစိတ်ကိုလည်း page messenger ကနေမေးမြန်းနိုင်ပါတယ်။
Via Viber - 09 962635906၊
Via Email - [email protected]
Address - No. (135), Latt Wae Thondara Street, (32) ward, North Dagon, Yangon.
#မူလတန်းကျောင်း
02/02/2025
Pyae Gone Yaung Primary School 2024 -2025 ပညာသင်နှစ် အမှတ်တရပုံရိပ်လေးများ🥰
05/01/2025
သင့်ကလေးကို အကောင်းဆုံးပညာအမွေပေးဖို့ အသင့်တော်ဆုံးကိုယ်ပိုင်ကျောင်း
တစ်ခဏတာမဟုတ်ဘဲ ကလေးတွေရဲ့ တစ်ဘဝစာလုံး အဆင့်အတန်းမြင့်မြင့်နေထိုင်ရဖို့ ငယ်ရွယ်စဉ်ကပင် ပညာရေးကို အစွမ်းကုန်ပံ့ပိုးပေးရမှာဖြစ်ပါတယ်။ ဖော်ပြပါအချက်တွေကို ဖြည့်ဆည်းပေးနိုင်ရင်အကောင်းဆုံးပညာရေးပေးနိုင်ပြီလို့ ပြောလို့ရပါတယ်။
🔶 ကလေးတစ်ယောက်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ ကျန်းမာရေး၊ ပေါင်းသင်းဆက်ဆံရေး၊ ကိုယ်ကျင့်တရားနဲ့ စိတ်ပိုင်းဆိုင်ရာ ဒီ (၅) ခုလုံးကို သေချာလေ့ကျင့်ပေးထားရပါမယ်။
🔶 ကျောင်းစာတွင်သာမက အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ ဂီတ၊ ပန်းချီ၊ အားကစား စတာတွေကိုလည်း ကလေးတွေစိတ်ဝင်စားမှုအလိုက် ပျိုးထောင်ပေးရပါမယ်။
🔶 ကလေးတွေကို လွတ်လွတ်လပ်လပ် စဉ်းစားတွေးခေါ်ခွင့်ပေးရမည့်အပြင် သူတို့ရဲ့ အားသာချက်ကို ထပ်မံအားကောင်းစေပြီး အားနည်းချက်တွေကို အချိန်မီပြင်ဆင်ပေးနိုင်ရပါမယ်။
🔶 လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ကောင်းမှာ ယုံကြည်အားကိုးရပြီး အတွေ့အကြုံလည်းရှိ၊ အရည်အသွေးလည်းပြည့်မီတဲ့ ဆရာ၊ ဆရာမကောင်းတွေနဲ့ လေ့ကျင့်ပေးနေရပါမယ်။
ဒါတွေအကုန်လုံးကို မဖြည့်ဆည်းပေးထားမိဘူးဆိုလည်း ဘာမှမပူပါနဲ့ " ပြည့်ဂုဏ်ရောင် " ကိုယ်ပိုင်မူလတန်းကျောင်းမှာ ပညာသင်စေပြီး ဖေဖေ၊ မေမေတို့ရဲ့ ကလေးတွေကို အကောင်းဆုံးပညာအမွေပေးလို့ရပါပြီ။
" ပြည့်ဂုဏ်ရောင် " ကိုယ်ပိုင်မူလတန်းကျောင်းကိုမှ ဘာလို့ရွေးချယ်ရမှာလဲဆိုရင်တော့
🔷 ကလေးတွေရဲ့ ရေရှည်ကျန်းမာရေးအတွက် အလင်းရောင်နဲ့ လေဝင်လေထွက်ကောင်းပြီး သန့်ရှင်းသပ်ရပ်တဲ့ စာသင်ခန်းတွေ၊
🔷 အစိုးရအသိအမှတ်ပြု Green Card ကိုင်ဆောင်ထားတဲ့ အတွေ့အကြုံ နဲ့ အရည်အသွေးပြည့်ဝတဲ့ ဆရာ၊ ဆရာမတွေ၊
🔷 ကျောင်းနေလည်းပျော် စာလည်းတော်အောင် လက်တွေ့ခန်း၊ စာဖတ်ခန်းနဲ့ ကစားဖို့နေရာတွေရှိတဲ့အပြင်
🔷 လုံခြုံစိတ်ချရတဲ့ ကျောင်းပတ်ဝန်းကျင်ဖြစ်ဖို့ စာသင်ခန်းတိုင်းမှာ CCTV တွေ တပ်ဆင်ထားပြီး လုံခြုံရေးဝန်ထမ်းအလုံအလောက်ထားရှိထားပါတယ်။
" ပြည့်ဂုဏ်ရောင်" ကိုယ်ပိုင်မူလတန်းကျောင်းရဲ့ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဇွန်လမှာ စတင်ဖွင့်လှစ်သွားမည့်အတန်းတွေအတွက် ကျောင်းအပ်လက်ခံနေပါပြီ။
မိမိရင်သွေးငယ်လေးများကို အကောင်းဆုံးပညာအမွေပေးဖို့ " ပြည့်ဂုဏ်ရောင် " မှာ ယခုအချိန်မှစ၍ အပ်နှံထားလိုက်ပါ။
📲 Page Messenger မှ ဖြစ်စေ၊
☎ 09 962635906၊ 09 962635102 ကို ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
ဖေဖေ၊ မေမေတို့ကိုယ်တိုင် လာရောက်စုံစမ်းလိုပါက ကျောင်းလိပ်စာ 👇
🏫 အမှတ် (၁၃၅)၊ လက်ဝဲသုန္ဒရလမ်းမကြီး၊ (၃၂) ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်း သို့ လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။
#ပြည့်ဂုဏ်ရောင်ကိုယ်ပိုင်မူလတန်းကျောင်း
#ကိုယ်ပိုင်ကျောင်း
#မူလတန်းကျောင်း
04/01/2025
(၇၇)ကြိမ်မြောက်လွတ်လပ်ရေးနေ့
31/12/2024
ပျော်ရွင်ဖွယ်နှစ်သစ်နေ့ကစပြီး စိတ်သစ်လူသစ်နဲ့ ကျန်းမာချမ်းသာပြီးလိုအင်ဆန္ဒများပြည့်ဝပါစေကြောင်း
Pyae Gone Yaung Primary School မိသားစု မှ ဆုမွန်ကောင်းတောင်းအပ်လိုက်ရပါတယ်ရှင့်💙
#ပြည့်ဂုဏ်ရောင်ကိုယ်ပိုင်ကျောင်း