22/05/2025
"စိတ်ကျန်းမာဖို့ကော ကျွန်တော်တို့တွေဦးစားပေးတွေးမိခဲ့ကြဘူးလား" 🤹
အရင်ဆုံးမိတ်ဆက်ရမယ်ဆို 🌼CALTHA WELLNESS CENTRE နဲ့ ကျွန်တော့်ရဲ့ I.M Leather Workshop သင်တန်း နှစ်ခု Corporate လုပ်ထားတဲ့အစီအစဉ်လေးပြောပြချင်လို့ပါ။
ဒီ Corporate Workshop မှာ အရင်သင်တန်း နဲ့မတူပဲ ဘာတွေထူးခြားမလဲဆိုရင်
🙍 မိမိရဲ့နေ့စဉ်ဘဝ နေ့စဉ်အတွေးတွေမှာ အတွေး energy ဂိတ်ဆုံးရောက်နေတာတွေကို ပြန်လည်ဖြည့်စွက်ပေးဖို့🧘 WELLNESS မှ Mental Health Counsellor ကနေပြီးတော့ စိတ်ဖိစီးမှူတွေ/ စိတ်တည်ငြိမ်အောင် ဘယ်လိုနေထိုင်ပြုမူရမယ်ဆိုတော့တွေကို Counselling လုပ်ပေးသွားမှာ ဖြစ်ပြီး....
💁I.M Leather Workshop အနေနဲ့က BASIC CARD HOLDER အစအဆုံး ပြုလုပ်နည်းကို ပူးပေါင်းသင်ကြားပေးသွားမှာဖြစ်ပါတယ်။
လုပ်ရတဲ့လုပ်ငန်းတွေအားလုံးဟာ လုပ်ငန်းဆောင်တာ ဆောင်ရွက်နေတဲ့အချိန်တိုင်းမှာ စိတ်ကူးကောင်းဖို့ စိတ်တည်ငြိမ်နေဖို့ က တစ်ကယ်အရေးကြီးပါတယ်။ အနုပညာမှာ Mood ကအသက်ပါပဲ။
ဒါပေမယ့်လဲ ကျွန်တော်တို့တွေရဲ့ နေ့စဉ်ဘဝတွေက ကြံဖန်ပျော်နေကြရတာဖြစ်တဲ့အတွက် လူမကျန်းမာရင် ဆေးခန်းပြရသလိုမျိူး စိတ်မကျန်းမာရင် လဲ Mental health Counseling လုပ်ဖို့ကလဲ ဒီနေ့ခေတ်မှာ အရေးကြီးတဲ့အပိုင်းကပါဝင်လာနေပါပြီ။
အဲ့တော့ဗျာ... ဘယ်ဖက်အပိုင်းကကြည့်ကြည့် အားလုံးအတွက် အကျိူးရှိစေမယ့် Program ဖြစ်လို့ CALTHA WELLNESS ကတင်ထားတဲ့ Post မှာလဲ အသေးစိတ်ထပ်ပြီးဖတ်ရှူလေ့လာနိုင်ဖို့ Link လေးကို Comment မှာချပေးထားပါတယ်ခင်ဗျာ။
ဪ... အရေးကြီးတာဘာလဲ ...
ချစ်တတ်ဖို့ မဟုတ်ဘူးနော် 😁
သင်တန်းကြေး 👉 180,000 MMK အရမ်းသက်သာအောင်စီစဉ်ပေးထားပေးတဲ့အပြင် ကျွန်တော့် သင်တန်းရဲ့ထုံးစံအတိုင်း အကျွေးအမွေးကလဲ ပါသေးပြန်တယ်ခင်ဗျာ။
လူအရေအတွက်က 5-7ယောက်ပဲလက်ခံမှာဖြစ်လို့ booking စလုပ်လို့ရပါပြီခင်ဗျာ။
အဆုံးထိအချိန်ပေးဖတ်ရှူပေးကြတဲ့ လူကြီးမင်းများအားလုံးကို ကျေးဇူးတင်ပါကြောင်း 🙇
I.M Leather Workshop
CALTHA WELLNESS
12/05/2025
"တတ်ချင်ရင် သင် တော်ချင်ရင်လေ့ကျင့်
လေ့ကျင့်မှုသိပ်များသွားရင် ကျွမ်းသွားတာပဲ "
ဆရာလယ်တွင်းသားစောချစ်ရဲ့ ဆုံးမစကားလေး
ဘယ်နယ်ပယ်မှာမဆို Basic / Foundation ခိုင်မာအောင် အရင်ဆုံး သင်ယူဖို့က သိပ်ကိုအရေးကြီးပါတယ်။ ကျွမ်းကျင်ဖို့က လေ့ကျင့်မှုများများလိုသလို ဘယ်လောက်ကာလကြာရင် ကျွမ်းကျင်သွားမလဲဆိုတာကတော့ ကိုယ်နဲ့ပဲဆိုင်ပါတယ်။
ကျနော်တို့ Leather craft လုပ်ငန်းက တတ်မြောက်ဖို့အတွက် အဆင့်တွေကျော်လို့မရပါဘူး။
တစ်ချိူ့ကလဲ advance level ကို တစ်ခါထဲသင်ချင်တဲ့စိတ်ကိုနားလည်ပေမယ့်
သင်ပေးမယ့် လူအတွက်ကော
သင်ယူရမယ့်လူအတွက်အကျိူးမရှိတာကြောင့် Foundation class ကို အရင်ဆုံး တက်ဖို့ပဲ တိုက်တွန်းတာပါ။ 🙏
Foundation class မှာ ဘာတွေသင်ရမလဲဆိုရင် basic techniques/ concept အစုံသင်ယူရမယ့်
1)Card Holder နဲ့
2)Tote Bag
နှစ်မျိူးသင်ယူရပါမယ်။
ရက်နဲ့ အချိန်အားဖြင့်ကတော့ မနက် ၉နာရီခွဲ ကနေ ညနေ ၄နာရီဝန်းကျင်အထိကို ✌️(၂)ရက် ကြာ သင်ကြားရမယ့် သင်တန်းဖြစ်ပါတယ်။
ဗိုက်ပြည့်မှ ဦးဏှောက်က အလုပ်လုပ်နိုင်မှာဖြစ်လို့ နေ့လည်စာကိုလဲ ကျွေးမွေး စီစဉ်ပေးထား ပါတယ်။🍛🍜
အသေးစိတ်ထပ်သိချင်တဲ့သူများအတွက်လဲ
အောက်မှာ contact တွေပေးထားပေးပါမယ်ခင်ဗျာ။
I M LEATHER WORKSHOP
TEL : 09 967 138 138
11/12/2024
LEATHER CRAFT BASIC WORKSHOP
Schedule Date : 21/22 DECEMBER 2024
Seat Limit : 2 Persons Only
Fees : 300,000 (Including Lunch Break)
☎️ 09 967 138 138
25/03/2024
LEATHERCRAFT BASIC CLASS
သင်တန်းတွေမလုပ်ဖြစ်တာ တစ်နှစ်လောက်ရှိတော့မယ်။ အခြားအလုပ်တွေအရမ်းရှူပ်နေတာနဲ့ သင်ပေးဖို့အချိန်ရှားနေတာကြောင့် သင်တန်းခဏပိတ်ထားတာပါ။
အခုအခြေအနေအရ အသက်မွေးဝမ်းကြောင်းတစ်ခုအနေနဲ့ တတ်ထားချင်လို့ပါဆိုပြီး လာမေးတဲ့ လူငယ်တွေများလာတာကြောင့် ကျနော် ရတဲ့အချိန်မှာ သိသမျှ တတ်သမျှ အကုန် ပြန်ပြီး sharing လုပ်ပေးမယ်လို့ ဆုံးဖြတ်ထားပါတယ်။
ဘယ်လမ်းကြောင်းလျှောက်ရမလဲလို့ ပူပင်သောကများနေတာလေးတွေလျှော့ပြီး ဝါသနာပါတဲ့အတတ်ပညာတစ်ခုစီတိုင်း ကိုစုဆောင်းထားပြီးမှ စိတ်အေးအေးဆုံးဖြတ်လုပ်ဆောင်တာက လူငယ်တွေအနေနဲ့ ပိုသင့်တော်ပါမယ်လို့ အကြံပြုပါရစေခင်ဗျာ။
ဒီသင်တန်း တက်ချင်တယ်ဆိုရင်တော့ အောက်မှာပေးထားတဲ့ ဖုန်းလေးဆက်ပြီးမေးလို့ရပါတယ်ခင်ဗျာ။
☎️ 09 967 138 138
30/05/2023
Leathercraft Basic Class သင်တန်းကိုမှ စနစ်တကျ တတ်မြောက်ချင်သူများအတွက် သတင်းကောင်း
📣 JUNE 2023 မှာ ဖွင့်မယ့် ဒီသင်တန်းလေးကိုတော့ သင်တန်းသားများအတွက် ဖိဖိစီးစီးသင်ကြားပေးနိုင်အောင် အများဆုံး သင်တန်းသား 2 ယောက်ပဲ လက်ခံ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်
🔺 Plan A / Plan B ကြိုက်နှစ်သက်ရာ တစ်မျိုးကို ရွေးချယ်တက်ရောက်နိုင်ပြီး Founder ကိုယ်တိုင် အနီးကပ် အသေးစိတ် သေချာကြည့်ကြပ်ပေးမှာဖြစ်လို့ သင်ခန်းစာအသေးစိတ်ကို Coaching ပေးသလို one by one မေးမြန်းနိုင်မှာလဲဖြစ်ပါတယ်
ဒါ့အပြင် ဘယ်လိုလူတွေ တက်သင့်လဲ?
🔸 Leathercraft ဆိုတာ ဘာလဲ မရေရာ မသေချာဖြစ်နေသူတိုင်း
🔸 Leathercraft ရဲ့ သဘောသဘာဝနဲ့ ရင်းနှီးသိကျွမ်း၀င်ချင်သူတိုင်း
🔸 Leathercraft နဲ့ ပတ်သတ်ပြီး စီးပွားဖြစ် ထုတ်လုပ်ရောင်းချချင်သူတိုင်း
🔸 ကိုယ်လုပ်ကိုင်နေတဲ့ professional နယ်ပယ်မှာ Leathercraft ကိုပါ ထည့်ပေါင်းပြီး အသစ်အဆန်းတွေ ထပ်မံဖန်တီးချင်သူတိုင်း
🔸 ကိုယ်ချစ်ရတဲ့သူတိုင်းကို အမှတ်တရလက်ဆောင်လေး ကိုယ်တိုင်ဖန်တီးပြီးလဲ ပေးချင်တယ် ၊ ပညာရပ်တစ်ခုအနေနဲ့လဲ ရင်းနှီးကျွမ်းဝင်ချင်သူတိုင်း
🔸 စိတ်ငြိမ်းချမ်းပြီး ဖန်တီးနေတဲ့အချိန်ခဏမှာ ဘဝအမောတွေ မေ့ပျောက်ပြီး အေးချမ်းချင်သူတိုင်းအတွက်
I.M Leather workshop ကို 💯% တက်ရောက်သင့်ပါတယ်
⚠️ ကျွန်တော့အနေနဲ့ သင်တန်းသင်တိုင်း ပြောနေကြ စကားလေးကတော့ Leathercraft ပညာရပ်ဆိုတာ သင်တန်းချက်ချင်းတက်ပြီး ချက်ချင်း ပြန်ရောင်းလို့ရတဲ့ Business နယ်ပယ်တစ်ခုတော့ မဟုတ်တာ သတိထားစေလိုပါတယ်
သင်တန်းတက်ရောက်နေချိန်ပဲဖြစ်ဖြစ်၊ တက်ရောက်ပြီးချိန်ပဲဖြစ်ဖြစ် တီထွင်ဖန်တီးနိုင်စွမ်းနဲ့ ဖြတ်ထိုးညဏ် ကောင်းဖို့လိုသလို စိတ်ငြိမ်စွမ်းအား မကြီးမားရင် တစိုက်မတ်မတ်လုပ်ဖို့လဲ မလွယ်ကူပါဘူး
ကျွမ်းကျင်တတ်မြောက်သွားရင်တော့ တနိုင်တပိုင် စီးပွားရေးကို အခြေတကျ ခိုင်ခိုင်မာမာနဲ့ အကျယ်တဝင့်လုပ်လို့ ရသွားဖို့တော့ အာမခံပါတယ်
❤️ လက်ရှိတက်ရောက်ပြီးသွားတဲ့ သင်တန်းသားတွေအနေနဲ့လဲ ကိုယ်ပိုင် Business တွေအတွက် ပြန်အသုံးချရာမှာ အထောက်အကူဖြစ်ဖို့ လိုအပ်တဲ့ အကြံဉာဏ်များကိုလဲ မေးမြန်းနိုင်လို့ သင်တန်းလဲတက်ရင်း Ideas လဲယူရင်းပေ့ါလေ
ဘာတွေသင်မှာလဲ?
Leathercraft Basic ကို ပိုင်ပိုင်နိုင်နိုင် တတ်မြောက်စေဖို့ အဓိကသင်ကြားပေးတာဖြစ်လို့ Leathercraft မှာ အဓိက သိထားရမယ့် concept တွေ Technic တွေ အပြင်
Basic တက်ပြီးသွားရင်လဲ ဘယ်လိုမျိုး ချဲ့ထွင် လေ့ကျင့်ပြီး ေဈးကွက်ထဲ စရောင်းလို့ရတဲ့ အဆင့်ထိရောက်အောင် အကြံဉာဏ်တွေကိုလဲ sharing လုပ်ပေးမှာဖြစ်ပါတယ်
⚠️ Note: ( တစ်ကယ်ရောင်းရဖို့ကတော့ ကိုယ့်ရဲ့ တီထွင်နိုင်စွမ်းနဲ့ လုံ့လ ၀ိရီယ အပေါ်မှာသာ မူတည်တာဖြစ်လို့ ကြိုးစားအားထုတ်ဖို့တော့ လိုပါတယ်နော် )
ဘယ်လိုမျိုး သင်ထောက်ကူပစ္စည်းတွေ သုံးပြီး သင်ပေးမှာလဲ?
Leathercraft ရဲ့ အဓိကဖြစ်တဲ့ အခြေခံ knowledge ကို ကွဲကွဲပြားပြားသိသွားအောင် Leather အစစ်နဲ့ အသုံးပြုပြီး ကိုင်တွယ်ပုံ၊ ကိုင်တွယ်နည်းတွေ သင်ပေးသွားမှာပါ
😜 ဗိုက်ဆာရင် မျက်လုံးထဲ ဘာမှမြင်တော့ဘူးဆိုသူတွေအတွက်တေ့ာ သင်တန်းမှာပဲ နေ့လည်စာ စီစဉ်ထားပေးထားပါတယ်
သင်တန်းအကြောင်း အသေးစိတ်သိချင်ပြီဆိုရင်တော့ Message Box / ဖုန်းဖြင့်လဲ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်
☎️ 09 967 138 138
17/04/2023
Come back to make bags after taking a break for exactly 6 months. I'm now on the process of bringing back the workshop.
I'm sorry to stay silent for 6 months.
Will update Leather class schedule
Keep in tocuh..... Cheers!
Leather workshop အတန်းပြန်လည်ဖွင့်လှစ်ပါပြီခင်ဗျာ။ အတန်းတစ်တန်းကို သင်တန်းသား နှစ်ယောက်ပဲ လက်ခံ သင်ကြားပေးနိုင်မှာဖြစ်လို့ Seat Booking ကို ကြိုတင်ယူထားပေးပါခင်ဗျာ။
သင်တန်းအကျဥ်းချူပ်
=================
Leathercraft အခြေခံပိုင်နိုင်လိုသူတို့အတွက် Leathercraft Basic Class...
ချစ်ရသူတွေကို Leathercraft ပစ္စည်းလေးတွေ ကိုယ်တိုင်လုပ်ပြီး လက်ဆောင်ပေးချင်ပါသလား?
Leathercraftပညာရဲ့ သဘောသဘာဝကို အခြေခံကစပြီး သေချာရင်းနှီးကျွမ်းကျင်ချင်ပါသလား?
Leathercraftပညာနဲ့ ကိုယ်ပိုင်လုပ်ငန်းတခုထူထောင်လိုပါသလား?
ဒါတွေလုပ်ချင်တယ်ဆိုရင်တော့ IM Leather Workshop ရဲ့ Leathercraft Basic Class လေးက သင့်အတွက် တကယ်ကိုအကျိုးရှိစေမယ့် သင်တန်းလေးပဲဖြစ်ပါတယ်။ဒီသင်တန်းဟာ Basic အတန်းဆိုပေမယ့် Advance Level နီးပါးအထိ သင်ယူရတာဖြစ်လို့ ဒီ Basic အတန်းပြီးတာနဲ့ self study လုပ်ကြပြီး စျေးကွက်ထဲ စီးပွားဖြစ်ပြန်ရောင်းနေတဲ့ သင်တန်းသူ သင်တန်းသားတွေလဲ အများကြီးရှိလို့နေပါပြီ။
အစကောင်းမှ အနှောင်းသေချာ ဆိုသလို Leathercraft ပညာရပ်လမ်းကို လျှောက်လှမ်းဖို့အတွက် မရှိမဖြစ် တတ်မြောက်ရမယ့် အခြေခံဗဟုသုတတွေ၊ အခြေခံပစ္စည်းကိရိယာတွေအပါအဝင် Leathercraft အခြေခံပညာရပ်ပေါင်းများစွာကို ဒီသင်တန်းမှာ သင်ကြားပေးမှာဖြစ်ပါတယ်ဗျ။
ဒီသင်တန်းမှာ စာတွေ့သင်ခန်းစာသက်သက်မဟုတ်ဘဲ လက်တွေ့ Project နှစ်ခုကို အခြေခံပြီး သင်ကြားပေးမှာဆိုတော့ နားလည်ရလွယ်ကူစေမယ့်အပြင် ကိုယ်တိုင်အတွေ့အကြုံလည်း ရရှိစေမှာ အသေအချာပါပဲ။
IM Leather Workshopရဲ့ Basic Classမှာတော့ Leather Craft ဆိုင်ရာ အခြေခံသင်ခန်းစာ (၉)ခုပါဝင်မှာဖြစ်ပြီး အဲတာတွေကတော့
1Leatherဆိုင်ရာ အခြေခံအသိပညာ၊
2Leathercraft ဆိုင်ရာ အခြေခံကိရိယာများ၊
3အခြေခံဖြတ်ညှပ်ခြင်းဆိုင်ရာ သင်ခန်းစာ၊
4Leatherဖြတ်ညှပ်ခြင်းဆိုင်ရာ သင်ခန်းစာ
5ချုပ်ရိုးလိုင်းလိုက်နည်း သင်ခန်းစာ၊
6ချုပ်ရိုးပေါက်ဖောက်ခြင်း သင်ခန်းစာ၊
7Leatherကော်သုတ်ခြင်း သင်ခန်းစာ၊
8Leatherချုပ်နည်းဆိုင်ရာ သင်ခန်းစာ၊
9Leather Edge Burnishing သင်ခန်းစာ စတာတွေကို နားလည်ရလွယ်အောင် သင်ကြားပေးမှာဖြစ်ပါတယ်။
ဒါ့အပြင် basic online class group ထဲ အခမဲ့ ထည့်သွင်းပေးမှာဖြစ်လို့ သင်ခန်းစာ Video တွေကိုလည်း အချိန်အကန့်အသတ်မရှိ Lifetime အချိန်မရွေး ပြန်လေ့လာလို့ရမှာပါ။
ဒီBasicသင်တန်းလေးပြီးသွားရင် Leathercraftနဲ့ပတ်သတ်တဲ့ အခြေခံဗဟုသုတတွေနဲ့ အခြေခံပညာရပ်ကို ပြည့်ပြည့်စုံစုံ နားလည်တတ်ကျွမ်းသွားမှာဖြစ်ပြီး မိမိအရည်အချင်းတိုးတက်လာစေဖို့ လေ့ကျင့်ရမယ့်နည်းနာတွေကို သိရှိလာပါမယ်။ ဒါ့အပြင် ကိုယ့်ရဲ့တီထွင်နိုင်စွမ်းအလိုက် ဆန်းသစ်တဲ့ ပစ္စည်းလေးတွေကို ဖန်တီးလာနိုင်မှာဖြစ်ပါတယ်။
ကိုယ့်အတွက် ဘက်စုံအကျိုးရှိစေမယ့် ဒီBasic Classကို
Page Chat Box ဖြစ်တဲ့ m.me/IMLeathercraftWorkshop ဒါမှမဟုတ်
09967138138 မှတဆင့် အခုပဲဆက်သွယ်လိုက်ပါခင်ဗျာ
IM LEATHERWORKSHOP
Contact : 09 967 138 138
21/04/2022
သကြန်တွင်း မှာ သင်ပေးဖြစ်တဲ့ Leather craft Basic class အတန်းလေးဖြစ်ပါတယ်...
07/04/2022
ဘာရှာပါသလဲခင်ဗျာ?🙋♂️ ပညာရှာမယ်ဆိုရင်တော့ ပေးဖို့အဆင်သင့်ပါ🤗
ဒီနေ့သင်တန်းတက်ပြီး နက်ဖြန် ပြန်ရောင်းမယ်လို့စိတ်ကူး ရင်တော့ Leathercraft က ထင်ထားသလောက်မလွယ်ကူဘူးဆိုတာလေး အရင်ပြောပါရစေခင်ဗျာ။
Leather ပေါ်မှာ📏🖋 မျဥ်းဖြောင့်တစ်ကြောင်းဖြောင့်နေအောင်ဖြတ်နိုင်ဖို့ လေ့ကျင့်ချိန်အများကြီးလိုပါတယ်။
အားလုံးဟာ handmade ဖြစ်တဲ့အတွက် စစချင်းသင်ကြားရမယ့်အချိန်မှာ အနည်းငယ်ပင်ပန်းပါတယ်။
Tools တွေ မှတ်ရတာ များတော့ ခေါင်းထဲအကုန် ထည့်နိုင်ဖို့ ခက်ပါတယ်။
ပင်ပန်းတာတွေချည်းပဲ🙄 ဘာလို့ အရင်ပြောနေရလဲဆိုရင်...
ဒီအခက်အခဲတွေကျော်လွှားပြီးမယ့် နောက်မှာ သင့်အတွက်... ကြိုးစားတဲ့ သူတွေအတွက် ဝင်ငွေရလမ်းဟာဘဝရဲ့ နိဗ္ဗာန် ဖြစ်နေလို့ပါ💪
IM LEATHER WORKSHOP ရဲ့ Basic အတန်း Online ကော အပြင်သင်တန်းကောတက်ပြီး အရမ်းကို စီးပွားဖြစ်နေတဲ့ သင်တန်းသူ သင်တန်းသားတွေကိုမြင်ရတာ သင်ပေးလိုက်ရတဲ့ ကျနော် အချိန်ပေးရကျိူးနပ်တဲ့အပြင် order တွေလက်မလည်ဘူးဆိုပြီး မြင်ရကြားရတာ ပီတိဖြစ်လို့နေပါတယ်။😊
IM LEATHER WORKSHOP
Contact : 09402030409
28/03/2022
Leathercraft အခြေခံပိုင်နိုင်လိုသူတို့အတွက် “Leathercraft Basic Class”
❗ချစ်ရသူတွေကို Leathercraft ပစ္စည်းလေးတွေ ကိုယ်တိုင်လုပ်ပြီး လက်ဆောင်ပေးချင်ပါသလား?
❗Leathercraftပညာရဲ့ သဘောသဘာဝကို အခြေခံကစပြီး သေချာရင်းနှီးကျွမ်းကျင်ချင်ပါသလား?
❗Leathercraftပညာနဲ့ ကိုယ်ပိုင်လုပ်ငန်းတခုထူထောင်လိုပါသလား?
✅ ဒါတွေလုပ်ချင်တယ်ဆိုရင်တော့ IM Leather Workshop ရဲ့ “Leathercraft Basic Class” လေးက သင့်အတွက် တကယ်ကိုအကျိုးရှိစေမယ့် သင်တန်းလေးပဲဖြစ်ပါတယ်။ဒီသင်တန်းဟာ Basic အတန်းဆိုပေမယ့် Advance Level နီးပါးအထိ သင်ယူရတာဖြစ်လို့ ဒီ Basic အတန်းပြီးတာနဲ့ self study လုပ်ကြပြီး စျေးကွက်ထဲ စီးပွားဖြစ်ပြန်ရောင်းနေတဲ့ သင်တန်းသူ သင်တန်းသားတွေလဲ အများကြီးရှိလို့နေပါပြီ။
🥇“အစကောင်းမှ အနှောင်းသေချာ” ဆိုသလို Leathercraft ပညာရပ်လမ်းကို လျှောက်လှမ်းဖို့အတွက် မရှိမဖြစ် တတ်မြောက်ရမယ့် အခြေခံဗဟုသုတတွေ၊ အခြေခံပစ္စည်းကိရိယာတွေအပါအဝင် Leathercraft အခြေခံပညာရပ်ပေါင်းများစွာကို ဒီသင်တန်းမှာ သင်ကြားပေးမှာဖြစ်ပါတယ်ဗျ။
🧑🏫ဒီသင်တန်းမှာ စာတွေ့သင်ခန်းစာသက်သက်မဟုတ်ဘဲ လက်တွေ့ Project နှစ်ခုကို အခြေခံပြီး သင်ကြားပေးမှာဆိုတော့ နားလည်ရလွယ်ကူစေမယ့်အပြင် ကိုယ်တိုင်အတွေ့အကြုံလည်း ရရှိစေမှာ အသေအချာပါပဲ။
IM Leather Workshopရဲ့ Basic Classမှာတော့ Leather Craft ဆိုင်ရာ အခြေခံသင်ခန်းစာ (၉)ခုပါဝင်မှာဖြစ်ပြီး အဲတာတွေကတော့
1️⃣Leatherဆိုင်ရာ အခြေခံအသိပညာ၊
2️⃣Leathercraft ဆိုင်ရာ အခြေခံကိရိယာများ၊
3️⃣အခြေခံဖြတ်ညှပ်ခြင်းဆိုင်ရာ သင်ခန်းစာ၊
4️⃣Leatherဖြတ်ညှပ်ခြင်းဆိုင်ရာ သင်ခန်းစာ
5️⃣ချုပ်ရိုးလိုင်းလိုက်နည်း သင်ခန်းစာ၊
6️⃣ချုပ်ရိုးပေါက်ဖောက်ခြင်း သင်ခန်းစာ၊
7️⃣Leatherကော်သုတ်ခြင်း သင်ခန်းစာ၊
8️⃣Leatherချုပ်နည်းဆိုင်ရာ သင်ခန်းစာ၊
9️⃣Leather Edge Burnishing သင်ခန်းစာ စတာတွေကို နားလည်ရလွယ်အောင် သင်ကြားပေးမှာဖြစ်ပါတယ်။
🖥️ ဒါ့အပြင် basic online class group ထဲ အခမဲ့ ထည့်သွင်းပေးမှာဖြစ်လို့ သင်ခန်းစာ Video တွေကိုလည်း အချိန်အကန့်အသတ်မရှိ Lifetime အချိန်မရွေး ပြန်လေ့လာလို့ရမှာပါ။
ဒီBasicသင်တန်းလေးပြီးသွားရင် Leathercraftနဲ့ပတ်သတ်တဲ့ အခြေခံဗဟုသုတတွေနဲ့ အခြေခံပညာရပ်ကို ပြည့်ပြည့်စုံစုံ နားလည်တတ်ကျွမ်းသွားမှာဖြစ်ပြီး မိမိအရည်အချင်းတိုးတက်လာစေဖို့ လေ့ကျင့်ရမယ့်နည်းနာတွေကို သိရှိလာပါမယ်။ ဒါ့အပြင် ကိုယ့်ရဲ့တီထွင်နိုင်စွမ်းအလိုက် ဆန်းသစ်တဲ့ ပစ္စည်းလေးတွေကို ဖန်တီးလာနိုင်မှာဖြစ်ပါတယ်။
ကိုယ့်အတွက် ဘက်စုံအကျိုးရှိစေမယ့် ဒီBasic Classကို
📩 Page Chat Box ဖြစ်တဲ့ m.me/IMLeathercraftWorkshop ဒါမှမဟုတ်
☎️ 09450033466 /09402030409 မှတဆင့် အခုပဲဆက်သွယ်လိုက်ပါတော့နော်။
10/01/2022
မြန်မာနိုင်ငံမှာ Leathercraft လုပ်ငန်းနဲ့ အသက်မွေးရပ်တည်နိုင်ဖို့ တစ်ယောက်ပြီးတစ်ယောက်ကို အောင်မြင်အောင်မွေးထုတ်ပေးနိုင်ခဲ့တဲ့အတွက် သင်တန်းဖွင့်ရတဲ့ရည်ရွယ်ချက်ဟာ အဓိပ္ပါယ်များစွာပြည့်စုံခဲ့ပါပြီ။
လက်ရှိ market ထဲမှာ run နေတဲ့ သင်တန်းသားတစ်ယောက်ရဲ့ leathercraft business page တစ်ခုဖြစ်ပါတယ်။ ဝင်ရောက်လေ့လာကြည့်ပြီး MADE IN MYANMAR product တွေကို ဂုဏ်ယူစွာ support လုပ်ပေးကြပါဦးခင်ဗျာ။
I.M Leather workshop
https://www.facebook.com/BurmaCraftman/
BC Leather Craft
Handmade Leather Products.