23/06/2026
အလုပ်မှာ ဘယ်လောက်ပဲ စိတ်ညစ်စရာတွေ ကြုံနေပါစေ... ဒီလို သူငယ်ချင်း (၁) ယောက်ရှိရုံနဲ့တင် ရုံးတက်ရတာ ပျော်စရာကြီး ဖြစ်သွားရော။" 🫂💯
🔷️အလုပ်တွေပိလို့ စိတ်ညစ်နေတာ၊ မီတင်တွေ တောက်လျှောက်တက်ရတဲ့အခါ .. စကားတောင် ပြောစရာမလိုဘူး၊ မျက်လုံးချင်း👀 ဆုံလိုက်ရုံနဲ့တင် ကိုယ်ဘာဖြစ်နေလဲဆိုတာ အလိုလို သိတဲ့ ရုံးခန်းထဲက
'Work Bestie' တွေ အားလုံးမှာ ရှိကြတယ် ဟုတ်တယ်မလား???
🔷️တစ်ပတ်လုံး ရုံးအလုပ်တွေ ဘယ်လောက်ပဲ မောပန်းပါစေ... မနက်ခင်း ရုံးရောက်တာနဲ့ ကော်ဖီတူတူသောက်ရင်း (အတင်းတော့ မဟုတ်ဘူးပေါ့နော်) တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေ၊ အတွေးအမြင်တွေ ဖလှယ်ကြတယ်၊ နေ့လယ်စာစားရင်လည်း "ဒီနေ့ ဘာစားကြမလဲ" တိုင်ပင်ပြီး ဟင်းတွေ အတူတူ Share စားကြတဲ့ သူငယ်ချင်းမျိုးပါ။ သူတို့သာ ဘေးနားမှာ မရှိရင် ဒီလောက် Pressure များတဲ့ လုပ်ငန်းခွင်ထဲမှာ နေ့တိုင်း ပျော်ပျော်ကြီး အလုပ်ဆက်လုပ်နိုင်ဖို့ မလွယ်ပါဘူး။
အလုပ်ခွင်မှာ စိတ်တူကိုယ်တူ သူငယ်ချင်းတစ်ယောက် ရှိနေခြင်းက ကိုယ့်ရဲ့ လုပ်ငန်းစွမ်းဆောင်ရည် (Productivity) ကို တက်စေရုံတင်မကဘဲ စိတ်ကျန်းမာရေး (Mental Health) အတွက်ပါ ကောင်းမွန် ဖြစ်စေပါတယ်။
ဒါကြောင့် ဒီနေ့မှာတော့ ခေါင်းရှုပ်စရာ Tasks တွေကို ခဏဘေးဖယ်ပြီး ကိုယ့်ဘေးနားက Work Bestie နဲ့ ကိုယ်နဲ့ ဘယ်လောက်တောင် ရင်းနှီးလဲဆိုတာ သိရဖို့ ➡️➡️"Reply မပြန်တဲ့သူ လက်ဆောင်ယူ" Challenge လေး လုပ်ကြည့်ရအောင်!⬅️⬅️
လက်ဆောင်ရဖို့ စည်းကမ်းချက်က အရမ်းရိုးရှင်းပါတယ် ခင်ဗျ.
ဒီ Post ရဲ့ Comment အောက်မှာ 'ယူ' လို့ ရေးခဲ့ရုံပါပဲ။ တကယ်လို့ သင့် comment အောက်မှာ ဘယ်သူမှ Reply လာမပြန်ဘူး ဆိုရင်... သင်က အမိုက်စား လက်ဆောင်ကို ရဖို့ အခွင့်အရေး ရသွားပါပြီ! (သူငယ်ချင်းက ဝင်ပြီး Reply ပြန်သွားရင်တော့ မရတော့ဘူးပေါ့နော်) 😆
22/06/2026
အလုပ်အပြီးဆုံး စမတ်ကျတဲ့ လူငယ်တွေပဲ သုံးတဲ့
2-Minute Rule 💡💻
အလုပ်ခွင်ဝင်ခါစဘဲဖြစ်ဖြစ် ကျောင်းသားဘဲဖြစ်ဖြစ် ကျွန်တော်တို့ လူငယ်တွေဟာ တခါတရံမှာ 'အချိန်မလောက်တဲ့ ပြဿနာ' ကို အမြဲရင်ဆိုင်ရပါတယ်။ ဒါကို 2-Minute Rule နဲ့ ဖြေရှင်းလို့ရပါတယ်။
ခဏလေးလုပ်လိုက်ရင် ပြီးနေမဲ့အလုပ်တွေကို အချိန်ဆွဲပြီးလုပ်တတ်ကြတာ ကောင်းတဲ့အကျင့်တစ်ခုတော့မဟုတ်ပါဘူး . ရေရှည်မှာ ကျွန်တော်တို့ ဘဝမှာ ဘယ်နေရာမှာဘဲဖြစ်ဖြစ် စည်းစနစ်မကျ ဖြစ်လာတတ်ပါတယ်။
▫️အလုပ်တစ်ခုက Reply ပြန်တာ ......
▫️File , Folder သေချာခွဲသိမ်းလိုက်တာ .......
▫️အလုပ်စားပွဲပေါ်က ကော်ဖီခွက် ထဆေးလိုက်တာ....
ဒါမျိုးတွေပေါ့ ၂ မိနစ်အတွင်း ပြီးနိုင်မယ့်အရာဆိုရင် နောက်မှလုပ်မယ်ဆိုပြီး ချန်မထားပါနဲ့။ ချက်ချင်း အခုပဲ ပြီးအောင် လုပ်ပစ်လိုက်ပါ။ ဒါဆိုရင် ဦးနှောက်ထဲမှာ အလုပ်တွေ ပုံနေတော့မှာမဟုတ်သလို အလုပ်ပြီးမြောက်မှုတွေကလည်း မြန်ဆန်တာမလို့ သင့်စိတ်ကိုလည်းရှင်းသွားစေပါတယ်.
🗒🗒🗒
နည်းလမ်းတွေကို ဖတ်ပြီးလက်တွေ့အသုံးမချရင်တော့ မတိုးတက်လာမဲ့သူကတော့ ကိုယ်ကိုယ်တိုင်ပါဘဲ......
လူငယ်တွေအတွက် အမြဲအတူရှိနေမဲ့ CIY's Crest
Follow for more and Don't forget to save 💬🗣
20/06/2026
ဒီတစ်ပတ်လုံး အလုပ်တွေ အများကြီးလုပ်ခဲ့ပေမဲ့... တကယ်ရော တိုးတက်လာရဲ့လား။ 🤔↗️
မနက်ကတည်းက ညမိုးချုပ်တဲ့အထိ တစ်နေကုန် အလုပ်တွေ ရှုပ်နေတာပဲ။ Laptop ရှေ့ကလည်း မခွာရဘူး၊ အလုပ်တွေလည်း တောက်လျှောက်လုပ်နေရတယ်။ ဒါပေမဲ့ ပိတ်ရက်ရောက်လို့ ပြန်စဉ်းစားကြည့်တဲ့အခါ "ငါ ဘာတွေ တိုးတက်သွားလဲ" လို့ ကိုယ့်ကိုယ်ကိုယ် မေးရင် အဖြေရှာမရဘဲ ဝေဝေဝါးဝါး ဖြစ်နေတာမျိုးကြုံဖူးကြလား ?
ဒီလိုခံစားချက်မျိုး ကြုံနေရပြီဆိုရင် သင်ဟာ အရည်အချင်းမရှိလို့ မဟုတ်ပါဘူး။
🔸️အလုပ်ရှုပ်နေခြင်း (Being Busy)" နဲ့
🔹️အလုပ်တွင်ခြင်း(Being Productive)" ကြားမှာ လမ်းပျောက်နေလို့ ဖြစ်ပါတယ်။
လုပ်ငန်းခွင်ဝင်ခါစ လူငယ်အများစုဟာ ရောက်လာသမျှ အလုပ်တွေကို မငြင်းတမ်း အကုန်လိုက်လုပ်ရင်းနဲ့ အချိန်ကုန်သွားတတ်ကြပါတယ်။ ။ အလုပ်တွေတော့ အများကြီး ပြီးသွားရဲ့၊ ဒါပေမဲ့ သင့်ရဲ့ Career Growth (အလုပ်အကိုင်တိုးတက်မှု) အတွက်ကျတော့တကယ် အရေးပါတဲ့ Skills တွေ၊ Project တွေမှာတော့ ဘာမှ ခရီးမတွင်ဘဲ ဖြစ်ကျန်ခဲ့တတ်ပါတယ်။
ကျွန်တော်တို့တွေ အလုပ်တွေ အများကြီး လုပ်နေရုံနဲ့တင် မလုံလောက်ပါဘူး။ အရေးမကြီးတဲ့ အလုပ်အသေးအဖွဲ့တွေနဲ့တင် အချိန်ကုန်ပြီး လူပင်ပန်းနေတာဟာ 'တိုးတက်မှု' မဟုတ်ပါဘူး။
ဒါကြောင့်လာမယ့် အပတ်သစ်ကစပြီး ကျွန်တော်တို့ရဲ့ အလုပ်လုပ်တဲ့ ပုံစံကို ပြောင်းလဲဖို့အတွက် မနက်ခင်း အလုပ်စတော့မယ်ဆိုရင်
◽️ Tasks အားလုံးကို ချရေးပါ။ ပြီးရင် ဥပမာ - "ဒီထဲက ဘယ်အလုပ် (၁) ခုက ငါ့ရဲ့ အရည်အချင်းကို အတက်ဆုံးဖြစ်စေမလဲ၊ သို့မဟုတ် ကုမ္ပဏီအတွက် အရေးကြီးဆုံးလဲ" လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။
◽️ အဲဒီ "နံပါတ် ၁ အရေးကြီးဆုံးအလုပ်" ကို ဖုန်းပိတ်၊ social media noti တွေ Off ပြီး မနက်ခင်း အာရုံအစိုက်နိုင်ဆုံး Focus အလုပ်နိုင်ဆုံးအချိန်မှာ ၂ နာရီလောက် ဇောက်ချလုပ်ပစ်လိုက်ပါ။
◽️ကျန်တဲ့ အလုပ်အသေးအဖွဲ့တွေကိုတော့ အဲဒီနောက်မှ လိုက်လုပ်ပါ။
📝ဒီ Habits သေးသေးလေးက သင့်ကို အလုပ်တွေပိပြီး အချိန်ကုန် ပင်ပန်းနေရတဲ့ သံသရာကနေ ကယ်ထုတ်ပေးပြီး၊ တကယ့်တိုးတက်မှုကို ကိုယ်တွေ့ မြင်လာစေပါလိမ့်မယ်။
"သင်ကော... အခုတစ်ပတ်မှာ
အလုပ်ရှုပ်ရုံပဲ ရှုပ်ခဲ့တာလား ? ( Busy bee )🐝
ဒါမှမဟုတ်
ဦးနှောက်သုံးပြီး တကယ် ထိရောက်တဲ့အလုပ်တွေ လုပ်နိုင်ခဲ့တာလား? ( Productive ) 📈
Comment မှာ ရေးခဲ့ပါဦး။ ⬇️🗣💬
18/06/2026
လပေါင်းများစွာ ကြိုးစားနေပေမယ့်... ရလဒ်ချက်ချင်း မမြင်ရလို့ စိတ်ပျက်နေတဲ့ လူငယ်တွေဖတ်ဖို့ ။🪫📉
17/06/2026
"တစ်နေ့ ၈ နာရီလုံးလုံး Focus မပျောက်ဘဲ အလုပ်ပြီးချင်သူများအတွက်..." 🕗⚡️⚠️
မနက်ခင်း ရုံးစတက်တဲ့အချိန်မှာတော့ productivity ကောင်းနေပေမဲ့ ၁ နာရီလောက်နေရင်ပဲ ဖုန်းပွတ်မိနေတာ၊ လုပ်စရာတွေများနေတာမျိုးနဲ့ Focus ပျောက်ဖူးတယ်မလား။ တစ်နေကုန် အလုပ်လုပ်နေရတယ်လို့ ထင်ရပေမဲ့ ညနေပိုင်းရောက်ရင် ဘာအလုပ်မှ အဖတ်မတင်ဘဲ ပြီးမသွားတာမျိုး တခါတရံမှာကြုံနေရတတ်ပါတယ်။
ကျွန်တော်တို့တွေ တစ်နေ့ ၈ နာရီလုံးလုံး စက်ရုပ်လို အာရုံစိုက်နေဖို့ဆိုတာ လက်တွေ့မှာ မဖြစ်နိုင်သလို၊ အဲဒီလိုလုပ်ဖို့ ကြိုးစားခြင်းကပဲ ကိုယ့်ကိုယ်ကိုယ် ပိုပြီး Burnout ဖြစ်စေတာပါ။
🔷️ Focus ဆိုတာက တစ်နေကုန် အတင်းညှစ်ယူရတဲ့အရာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဦးနှောက်ရဲ့ အာရုံစိုက်နိုင်စွမ်း (Attention Span) ဟာ အကန့်အသတ်ရှိလို့ စနစ်တကျ အနားပေးပြီး စွမ်းအင်ပြန်ဖြည့်ပေးဖို့ လိုပါတယ်ဗျ.
🔷️ ဆိုတော့ မနက်ဖြန်ကစပြီး ၈ နာရီလုံး အာရုံစိုက်ဖို့ ကြိုးစားတာထပ် "၅၀/၁၀ စည်းမျဉ်း" ကို try ကြည့်စေချင်ပါတယ်. အလုပ်တစ်ခုကို မိနစ် ၅၀ တိတိ ဖုန်းပိတ်ပြီး အာရုံစိုက်လုပ်ပါ၊ ပြီးရင်တော့ ၁၀ မိနစ် တိတိကို ခုံကထ၊ လမ်းလျှောက်၊ ရေသောက်ပြီး ဦးနှောက်ကို လုံးဝအနားပေးလိုက်ပါ။
ဒီ Habits အပြောင်းအလဲက သင့်ကို လူမပင်ပန်းစေဘဲ တစ်နေ့တာလုံးမှာ အလုပ်ပြီးမြောက်မှု (Productivity) အမြင့်ဆုံးဖြစ်အောင် ကူညီပေးမယ်လို့ ယုံကြည်ပါတယ်.
"သင်ကကော စစပိုင်းအလုပ်လုပ်ရင်း မိနစ် ၃၀ ထက်ပိုပြီး Focus မရဘဲ ဖုန်းပွတ်မိတတ်သူဆိုရင် ကျွန်တော်အပေါ်မှာပြောထားတဲ့ နည်းလမ်းလေးကို try ကြည့်ပြီး အလုပ်ဖြစ်မဖြစ် Comment မှာ ပြန်လာပြောပေးပါအုံးခင်ဗျ 👇"
16/06/2026
အလုပ်ထဲမှာ စီနီယာ, မန်နေဂျာတွေကို အလုပ်အကြောင်းမေးရမှာ အားနာနေတဲ့ လူငယ်တွေဖတ်ဖို့.📝💼
ဒါလေးတောင် မသိဘူးလား" လို့ အပြောခံရမှာ ကြောက်လို့ ကိုယ့်ဘာကိုယ် ကြိတ်ဖြေရှင်းရင်းနဲ့မှ အလုပ်တွေ ပိုကြာသွားတာမျိုး လူငယ်တွေ ကြုံဖူးကြမှာပါ။ လုပ်ငန်းခွင် ယဉ်ကျေးမှု (Workplace Culture) မှာ အမေးအမြန်း ထူတာဟာ အပြစ်မဟုတ်ပါဘူး။
မမေးဘဲ မှားတာထက်၊ သေချာအောင် ကြိုမေးတာက ပိုပြီး Professional ဆန်ပါတယ်။ မသိရင်မေး , မစင်ရင်ဆေးဆိုတဲ့ မြန်မာစကားပုံအတိုင်းပေါ့ .
လက်တွဲခေါ်ပေးမဲ့ စီနီယာဆိုတာ လုပ်ငန်းခွင်ထဲမှာ အမြဲလိုအပ်ပါတယ်.
စီနီယာတွေကို မေးတဲ့အခါမှာလည်း "ဒါ ဘယ်လိုလုပ်ရမလဲ" လို့ ဒီအတိုင်းကြီး သွားမေးတာထပ် "ကျွန်တော်ဒါကို နည်းလမ်း၂ခု (A) နဲ့ (B)ဆိုပြီးတော့မှ စဉ်းစားထားပါတယ်၊ ဘယ်ဟာက ပိုအဆင်ပြေမလဲ" ဆိုပြီး ကိုယ်တိုင် အဖြေရှာထားတဲ့ ပုံစံမျိုးနဲ့ မေးကြည့်ကြည့်ဖို့လည်း အကြံပေးလိုက်ပါတယ်. ကိုယ်ရဲ့ Workplace က ကိုယ့်ကို တကယ်လမ်းပြပေးနိုင်တဲ့ Environment တစ်ခုဖြစ်နေရဲ့လားဆိုတာကိုလည်း ဆန်းစစ်စေချင်ပါတယ်.
သင်ကရောအလုပ်ထဲမှာ မသိတာရှိရင်... No.1စီနီယာတွေကို ရဲရဲဝံ့ဝံ့ မေးတဲ့သူလား? No.2ကိုယ့်ဘာကိုယ် Youtube , Chat gpt မှာပဲ အရင်သွားပြေးရှာတတ်တဲ့ လူလား? Comment မှာ မန့်ပေးသွားကြပါအုံး📝
16/06/2026
📍WE ARE HIRING 📍
လူငယ်တစ်ယောက်အတွက် အတွေ့အကြုံဆိုတာ စာအုပ်ထဲမှာပဲ ရှိနေတာမဟုတ်ဘဲ လက်တွေ့ဖြတ်သန်းမှုတွေထဲမှာ ရှိနေတာပါ။
ဒါပေမဲ့... အဲ့ဒီအတွေ့အကြုံကို ဘယ်ကနေ စတင်ရယူရမလဲဆိုတာက လူငယ်တော်တော်များများအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်နေတတ်ပါတယ်။ "အတွေ့အကြုံမရှိရင် အလုပ်ရဖို့ ခက်ခဲနိုင်တယ်" ဆိုတဲ့ စိုးရိမ်မှုတွေအစား မိမိရဲ့ အိပ်မက်တွေအတွက် ယုံကြည်မှုရှိရှိ ရှေ့ဆက်နိုင်ဖို့ CIY’s Crest က ကူညီပေးနေပါတယ်။
ကျွန်တော်တို့ဟာ အတွေ့အကြုံရှိမှ လက်ကမ်းပေးတဲ့နေရာ မဟုတ်ပါဘူး။ ကြိုးစားချင်စိတ်၊ သင်ယူလိုစိတ်နဲ့ တိုးတက်လိုစိတ် ရှိတဲ့ လူငယ်တိုင်းကို တန်ဖိုးထားပြီး လက်ကမ်းကြိုဆိုတဲ့ အဝန်းအဝိုင်းလေးတစ်ခု ဖြစ်ပါတယ်။
အခုဆိုရင်တော့ အောက်ပါ Position များကို ခေါ်ယူနေပြီ ဖြစ်ပါတယ် -
📌 Intern Coach
📌 Junior Accountant
📌 Student service
📌 Sales officer
📌 Senior Business Development Officer
တက်ကြွပြီး သင်ယူလိုစိတ်ရှိတဲ့ လူငယ်တစ်ယောက် ဖြစ်တယ်ဆိုရင်... အနာဂတ်ရည်မှန်းချက်တွေအတွက် CIY’s Crest က အမြဲ လက်ကမ်းစောင့်မျှော်နေပါတယ်။
Experience is optional | Passion is essential
Apply Now 📍
CV ပေးပို့ရန်: [email protected]
Viber: 09786748595
"CIY is committed to your long-term professional growth."
12/06/2026
သောကြာနေ့ ညနေ mood 📉✨️😎
သောကြာနေ့ ရုံးဆင်းတာနဲ့ Office ကနေ ချက်ချင်း Log out လုပ်ပြီး Weekend Mode အပြည့် ဝင်သွားပြီဆိုတဲ့ လူငယ်တွေ ရှိကြလား??
တကယ့် Work Environment ကောင်းတစ်ခုဆိုတာ ဝန်ထမ်းတွေရဲ့ Personal Time ကို လေးစားပြီး ပိတ်ရက်မှာ ဖုန်းတွေ၊ မက်ဆေ့တွေနဲ့ စိတ်ဒုက္ခမပေးတာမျိုးပေါ့ .
ကဲ... အခုချိန်မှာတော့ အလုပ်အကြောင်းတွေ အကုန်မေ့ပြီး ပိတ်ရက်ကို ပျော်ပျော်ကြီး ဖြတ်သန်းလိုက်ပါဦးနော်!
ထမင်းစားရင်းတောင် အလုပ်အကြောင်း စဉ်းစားတတ်တဲ့ workaholic သူငယ်ချင်းရှိရင်လည်း ဒီအောက်မှာလက်တို့တဲ့အနေနဲ့ Tag သွားလို့ရတယ်နော်။ 👇