10/01/2026
Hello everyone 🙇🏻♀️
ကြားထဲမှာ မအားလပ်ဘူးဖြစ်နေတာနဲ့ အတန်းလေးတွေ သင်ဖြစ်ပေမဲ့ page မှာ update မလုပ်ဖြစ်တာကြာပါပြီ..
အခုတော့ free time လေးတွေ ပိုထွက်လာနိုင်ပြီမို့ officially class လေးတွေ announce ပြန်လုပ်ပါရစေနော် 🙇🏻♀️
📕 အရင်ဆုံး update လုပ်ချင်တဲ့ class ၂ တန်းကတော့ Japanese class (Basic + N5) နဲ့ Chinese class (Basic + HSK Level 1) အတန်းလေး ၂ ခုပါ။
📕 လောလောဆယ် အနေနဲ့ကတော့ Japanese class ကို Weekend class (Saturday & Sunday) ကို ဦးစားပေးပြီး၊ Chinese class ကိုတော့ (Monday & Tuesday) ကို ဦးစားပေး plan ထားပေးပါတယ်နော်..
📕 Class ၂ ခုလုံးရဲ့ အတန်းချိန်ကတော့ (6 pm to 7:30 pm ) ပါ။
📕 အတန်း ၂ ခုလုံး Jan 31 (Saturday) နဲ့ Feb 2nd (Monday) မှာ စပါမယ်နော်..
📕✨ Individual class (by one class) တွေအတွက်လည်း ထည့်ရေးထားပေးပါတယ်.. by one class တွေကတော့ date & time အတတ်နိုင်ဆုံး discuss ပြီး plan လို့ရပါမယ်နော်..
📕 Payment အနေနဲ့ကတော့ MMK, Baht, SGD စတာတွေနဲ့ ပေးချေလို့ရပါမယ်နော်.. (Full Prepaid ပါ 🙇🏻♀️)
📕 Textbook တွေနဲ့ တခြား လိုအပ်တဲ့ သင်ထောက်ကူ အားလုံးကတော့ ebook အနေနဲ့ free sharing လုပ်ပေးပါမယ်.. အသေးစိတ် သိလိုတာရှိရင် page messenger ကဖြစ်စေ.. personal account messenger ကဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါတယ်နော် 🙇🏻♀️
✨ အခြားသော level တွေအတွက်ကိုတော သီးသန့် စုံစမ်းပေးပါနော်.. အချိန် အဆင်ပြေမယ်ဆို By one class schedule ဆွဲကြည့်ပေးပါ့မယ် 🙇🏻♀️
25/04/2024
ရက် ၂၀ တည်းနဲ့ N5 အပြတ်လာသင်ခိုင်းတဲ့ တပည့်ကျော်ပဲလှော် အောင်သွားတယ်ရှင် 🤣🤣👏🏻👏🏻
မနှစ်ကတည်းကလားမသိ သင်မယ်လို့ပြောပြီး ပျောက်သွားပြီးမှ စာမေးပွဲက ဘယ်နေ့ပါ N5 စသင်လို့ရမလားလို့မေးတဲ့ ဆရာသမားမို့ သူ့မသင်ခင် schedule ဆွဲတာ တစ်ရက်ကြာသွားတယ် 🥹
အောင်သွားတယ်ဆိုတော့ သူလည်းစာလုပ် ကိုယ့် schedule လည်း အောင်မြင်သွားတာမို့ အနီးကပ် ရက်ပြတ်တွေသင်ဖို့ moti တွေလည်း ရမိပါတယ် 😂
အချိန်မအားလို့ဖြစ်ဖြစ်၊ အလျင်လိုနေလို့ဖြစ်ဖြစ် Japanese or Chinese သင်ချင်တယ်ဆို ဆက်သွယ်နိုင်ပါတယ်🙇🏻♀️ Rush Class တွေအားလုံးကို May 1st ကနေပြီး Schedule ပေးနိုင်ပါတယ်နော်🙇🏻♀️
လက်တလော တခြား lvl တွေကို Schedule plan မလုပ်နိုင်သေးတာမို့ Japanese ဆို N5 or N4, Chinese ဆို HSK-1 or HSK-2 အတွက် အရင် plan ပေးနိုင်ပါမယ်နော်။ By one daily ပေးနိုင်တာမို့ fees အသေးစိတ်ကို messenger မှာ မေးပေးပါရှင့် 🙇🏻♀️
အောင်သွားတဲ့ဆရာသမား congrats & N4 is waiting for you nw 🤣👏🏻
゚
20/03/2024
Hello Hello🌼 Long time no update နော်🌼
JLPT ရော Nat Test ရော စာမေးပွဲဖောင်တွေလည်း တင်ပြီးကြပြီဆိုတော့ class အသစ်လေး လာ info ပေးတာပါ🌼 ဒီတစ်ခေါက်ကတော့ group class မဟုတ်ဘဲ one by one (or) two by one class လေးတွေ ဖွင့်ပါမယ်🌼
Teaching period per level ကတော့ သင်ယူသူဘက်က ပေးနိုင်တဲ့ အချိန်ပေါ်မူတည်ပြီး Teaching plan အသစ်ဆွဲ သင်ပေးတာမို့ စာလိုက်လုပ်နိုင်တယ် (စကားလုံးတွေ အချိန်တိုအတွင်း ကျက်နိုင် မှတ်နိုင်တယ်) ဆိုရင် urgent class တွေလည်း လက်ခံပေးနေပါတယ်နော်🌼 အခုလက်ရှိလည်း သင်ပေးနေတာမို့ ကိုယ်လိုက်နိုင်တယ်ဆိုရင် time and fee လာ discuss ပေးပါနော်🌼
လက်ရှိကတော့ Urgent class အတွက် N5, N4, N3 ၃ တန်းပဲ အရင်လက်ခံဦးမယ်နော်.. ကျန် ၂ တန်းကတော့ preparation လေးပြီးရင် ထပ်ပြီး announce ပေးသွားပါမယ်လို့🌼
ဒီကြားထဲ by one class လေးတွေအတွက်ကို အချိန်ပေးနေတာနဲ့ update အတော်လေးမဖြစ်ဘူးဖြစ်သွားတာ gomen ne🌼
Group class တွေအတွက်ကတော့ နောက်မှထပ်ပြီး စီစဉ်ပေးပါမယ်နော်🌼
゚ tsukki sticker
01/03/2024
Info✨🌼
(Japanese version is below)
⚫︎ဂျပန်ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားခြင်းနှင့် ပတ်သက်၍ မေတ္တာရပ်ခံချက်
⚫︎査証申請に関するお願い
ယခုအချိန်တွင် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားမှုများ အလွန်များပြားလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ လျှောက်ထားသူများအတွက် ပိုမို လွယ်ကူအဆင်ပြေစေရန် တယ်လီဖုန်းဖြင့် ကြိုတင်ရက်ချိန်းရယူခြင်းကို ခေတ္တခဏ ရပ်နားထားပြီး လတ်တလောတွင် အီးမေးလ်ဖြင့်သာ လက်ခံလျက်ရှိပါသောကြောင့် နားလည်ပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အီးမေးလ်ဖြင့် ကြိုတင်ရက်ချိန်းရယူရန်အတွက် အောက်ပါ URL တွင် ကြည့်ရှုနိုင်ပါသည်။
အီးမေးလ်ကို အကြောင်းပြန်ရန်အတွက် အချိန်အနည်းငယ် ကြန့်ကြာနိုင်သော်လည်း အီးမေးလ်တစ်စောင်ရရှိပါက မပျက်မကွက် အကြောင်းပြန်ပေးမည်ဖြစ်သောကြောင့် စိတ်မပူကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
တယ်လီဖုန်းဖြင့် ပြည်လည်ရက်ချိန်းရယူနိုင်မည့်အချိန်ကို ထပ်မံအသိပေး အကြောင်းကြားပါမည်။
現在、査証の申請が大変混み合っております。つきましては、申請が円滑になるように、電話での予約受付を一時取り止め、当面の間はメールでの受付のみ行うこととしたく、ご理解を頂きますようお願い申し上げます。
メールでの申請は、以下のURLをご参照ください。回答まで少々時間がかかる場合がありますが、一度メールを頂ければ、確実に対応しますので安心してください。
電話での予約受付を再開する際には、改めてお知らせします。
【英】https://www.mm.emb-japan.go.jp/itpr_en/consular_en.html
【日】https://www.mm.emb-japan.go.jp/itpr_ja/consular_ja.html
【緬】https://www.mm.emb-japan.go.jp/itpr_my/consular_my.html
09/02/2024
JLPT လျှောက်လွှာတင်ဖို့နဲ့ ပတ်သက်ပြီး Info Sharing လုပ်ပေးလိုက်ပါတယ်နော်♥️ တခြားသိချင်တာလေးတွေရှိရင်၊ အတန်းချိန်လေးတွေ စုံစမ်းချင်ရင် ဘယ်အချိန်ဖြစ်ဖြစ် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ် ✨🌼
လက်တလော passport သက်တမ်းတိုးနဲ့ တခြား အလုပ်ကိစ္စလေးတွေကြောင့် သင်တန်းရေးရာလေးတွေ မတင်နိုင်ဖြစ်နေပေမဲ့ anytime စုံစမ်းမေးမြန်းနိုင်ပါတယ်နော် 🌼 New Classes လည်း လစဉ်ရှိတာမို့ တက်ရောက်ချင်တဲ့ Level, Language အလိုက် မေးမြန်းပေးပါနော်🌼
02/02/2024
Korean Language မှာ ဂဏန်းအရေအတွက် အခေါ်အဝေါ်ကို မိခင် ကိုရီးယားအခေါ်အဝေါ်နဲ့ မွေးစားအခေါ်အဝေါ်ဆိုပြီး ၂ မျိုးရှိပါတယ်🌼
မွေးစားအခေါ်အဝေါ်ဆိုတာကတော့ တရုတ်ဘက်ကနေ ဆင်းသက်လာတဲ့ အခေါ်အဝေါ်ပုံစံပါ🌼 အသံထွက်ရော အရေးအသားရော ကွာသွားတာမို့ ဗဟုသုတအဖြစ် လေ့လာလို့ရအောင် ဝေမျှပေးလိုက်ပါတယ်နော်✨🌼
Full credit to original creators, photo
゚
01/02/2024
ဒီနေ့တော့ ဘာသာစကားအပြောင်းအလဲလေးဖြစ်သွားအောင် in Korean Language နဲ့ အချိန် အခေါ်အဝေါ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်✨
Full Credit to pic owner
သိပ်မကြာခင်မှာ ကိုရီးယား ဘာသာစကား Basic Online Class ကို ဖွင့်လှစ်သွားတော့မှာမို့ ကိုရီးယားစာသင်ဖို့ စဉ်းစားနေတယ်ဆို အခုကတည်းက Page လေးကို Like & Follow လေး မျှဝေပေးထားပါနော်✨🌼
゚