04/12/2025
ALiSEA အသိပညာဖြန့်ဖြူးရာ ဗဟိုချက် (ALiSEA Knowledge Hub)
ALiSEA ၏ အသိပညာဖြန့်ဖြူးရာ ဗဟိုချက်ကို စတင် မိတ်ဆက်နိုင်သည်ကို ကျွန်ုပ်တို့ ဝမ်းမြောက်ဂုဏ်ယူမိ ပါသည်။
ဤဒစ်ဂျစ်တယ် ဆက်သွယ်ရေးလမ်းကြောင်းသည် အရှေ့တောင်အာရှဒေသရှိ ဂေဟမပျက် စိုက်ပျိုးရေးဆိုင်ရာ ဒေတာ၊ အချက်အလက်နှင့် အသိပညာများအား သွားရောက်နိုင်သည့် အဓိက အရေးပါသည့် တံခါးပေါက်ကြီး တစ်ခုပင် ဖြစ်ပါသည်။
သင်သည် လယ်သမား၊ သုတေသီ၊ မူဝါဒချမှတ်သူ သို့မဟုတ် စိတ်ပါဝင်စားသူ ဖြစ်စေကာမူ၊ ဤဗဟိုချက်/ဗဟိုဌာနသည် ရေရှည်တည်တံ့ခိုင်မြဲသော ဂေဟမပျက် စိုက်ပျိုးရေး လုပ်ငန်းစဉ်များကို မြှင့်တင်ကျင့်သုံးရန် သင့်အား စေ့ဆော်အားပေးမည့် နေရာတစ်ခုအဖြစ် ဒီဇိုင်းပုံဖော်ထားပါသည်။
ဤနေရာတွင် သင်ရှာဖွေတွေ့ရှိနိုင်မည်မှာ -
• 📚 စာကြည့်တိုက် - သုတေသနစာတမ်းများ၊ အချက်အလက်မျတ်စာရွက်များနှင့် Datasetsများ
• 💡 ထိုးထွင်းသိမြင်မှုများ - ဗီဒီယိုများ၊ အနှစ်ချုပ်များနှင့် ကျွမ်းကျင်ပညာရှင်များ၏ စိစစ်သုံးသပ်ချက်များ
• 🗺️ မြေပုံစမ်းသပ်ရှာဖွေရေးကိရိယာ - မြင်သာထင်ရှားသည့် ဒေတာများနှင့် အခြေအနေ အချက်အလက်များ
• 🤝 ကျွမ်းကျင်သူများ - ဂေဟမပျက် စိုက်ပျိုးရေး နယ်ပယ်မှ ကျွမ်းကျင် ပညာရှင်များနှင့် ချိတ်ဆက်ဆက်သွယ်နိုင်မည့် အခွင့်အလမ်း
ဗဟိုဌာနတွင် အင်္ဂလိပ်၊ ခမာ၊ လာအို၊ မြန်မာ နှင့် ဗီယက်နမ် ဘာသာစကားများကို ပံ့ပိုးထားသဖြင့် ဒေသတွင်းရှိ သက်ဆိုင်ရာ ပုဂ္ဂိုလ်များ အရေးကြီးသော အသိပညာများကို အလွယ်တကူ ရယူနိုင်မည် ဖြစ်ပါသည်။
စတင်လေ့လာရန် အောက်ပါလင့်ခ်ကို နှိပ်ပါ။
https://kh.ali-sea.org/
We are proud to announce the launch of the ALiSEA Knowledge Hub!
We're thrilled to launch the essential digital gateway to data, information, and knowledge on agroecology in Southeast Asia.
Whether you're a farmer, researcher, policymaker, or advocate, the Hub is designed to inspire you to promote and adopt sustainable agroecological practices.
What you’ll find inside:
📚 Library: Research articles, factsheets, and datasets.
💡 Insights: Videos, briefs, and expert analysis.
🗺️ Map Explorer: Visual data and context.
🤝 Experts: Connect with leading agroecology professionals.
The Hub supports multiple languages, including English, Khmer, Lao, Myanmar, and Vietnamese, ensuring that vital knowledge is accessible to local stakeholders across the region!
Click the link below to dive in and start exploring! 👇
https://kh.ali-sea.org/