23/02/2026
Messenger မှာ မြန်မာက ကိုယ့်တပည့်တွေ ခနနလာမေးတဲ့ လစာ🙏
ဆရာ ကကြီးမှာ လစာဘလောက်ရလဲ💸
2026 1လပိုင်းပြေစာလေးနဲ့ ပြပေးလိုက်ပါတယ်✨
ပုံမှန် လစာ လာမေးရင်မကြိုက်ပေမယ့် မြန်ကကျောင်းသားတွေအဖို့တော့ motiရအောင် ပြလိုက်ပါတယ်‼️
통상시급-10550 won
စံသတ်မှတ်တစ်နာရီလုပ်အားခ
기본급-2204950 won
အခြေခံလစာ
연장&특근수당-1258090 won
အချိန်ပိုလုပ်အားခ
소계-3463040 won
စုစုပေါင်း
ဖြတ်တောက်စာရင်း‼️
소득세-20000 won
ဝင်ငွေခွန်
지방소득세-2000 won
ဒေသဆိုင်ရာဝင်ငွေခွန်
건강보험-93470 won
ကျန်းမာရေးအာမခံ
기숙사비-80000 won
အဆောင်ခ
📝2026ရဲ့ အခြေခံတနာရီလုပ်အားခ ပုံမှန်က 10320ပေမယ့်
သူဌေးက ကိုယ့်ကိုသဘောကျလို့
10550ပေးတော့ နဲနဲပိုရပီး
ဒီနှစ်ကုန်ရင်ရင် 11000ထိလည်းတိုးရဖို့များတယ်
소득세ဝင်ငွေခွန် ဖြတ်တာက နဲနဲနည်းတဲ့ထဲပါလို့
연말정산(နှစ်ကုန်စာရင်းရှင်းတဲ့အခါ ကိုယ့်ဘက် စိုက်ရတာများတယ်)
နေရတဲ့အိမ်ကလည်း တယောက်တည်းသီးသန့် နေရပီး လူနေရပ်ကွက်ထဲ သေချာရွေးပီး ငှါးပေးထားတာမျိုးပါ
ဖြစ်ကလဲ့ဆန်းမထားတဲ့ သူဌေးမျိုးပါ
ဒါကတော့ ကံကောင်းတာပါ
ကျန်တာကတော့ ပုံမှန်ပါဘဲ
ကကြီးမှာတော့ ဆရာ့အလုပ်က ညဆိုင်းမလုပ်ဘဲ အချိန်ပိုဘဲလုပ်လို့ လစာများတဲ့ထဲမပါသလို နဲတဲ့ထဲလည်းမပါတဲ့အနေထားလောက် ရပါတယ်
မြန်မာငွေတွက်ချင်ရင်တော့ တလ ဝမ် ၃၃သိန်းဆိုရင်
ကျပ်ဆို ပေါက်စျေး2.75လောက်နဲ့မြှောက်လိုက်ရင်
တလ သိန်း၉၀ ဝနိးကျင်ပါ
အဲ့လောက်ဆို ကကြီးမှာ ဆရာတလဘလောက်ရလဲသိပီး လာချင်စိတ်ဖြစ်လာဖို့ စာလုပ်ချင်စိတ်ဖြစ်လာဖို့ မျှော်လင့်ပါတယ်🙏
17/12/2025
부산 강서구ထဲ
ကျောင်းသားတွေထဲက အလုပ်ထွက်ထားသူ
‼️ကိုရီးယားစကားကောင်းကောင်းရသူ
ကျား(၁)လို E-9visa
밀링 기계/톱기계 ကိုင်ရမှာပါ
✨အလုပ်သက်သာပီး ကကြီးသားတွေသဘောကောင်း
💸လစာ(၃၀)ကျော်ဝန်းကျင်
🏠အဆောင်(၁)ယောက်(၁)ခန်း
#နက်ဖြန်သဘက်ခါ အင်တာဗျူးဝင်နိုင်သူသာ‼️
ကကြီးရောက် ကျောင်းသားများသာCbကိုလာပီး ဆက်သွယ်ပါ
09/06/2025
2025 GKS-G Uni Track 2nd round result ထွက်ပါပြီ🎉
အားလုံးကို Congratulations 🎊🎈 ပါ
Inje ကနေပါတဲ့ ၂ ယောက်လဲ ထပ်ပြီး congratulationပါရှင်😍
06/06/2025
တဦးလျှင် ၁သိန်းကျပ်စီ Pageရဲ့ Cbမှာ လာရောက်ထုတ်ယူနိုင်ပါပီ
ကံထူးသူ ကျောင်းသား (၃)ဦးတွက် Congratulationsပါ✨✨
ပါဝင်ကံစမ်းပေးကြတဲ့ ကျောင်းသားများအားလုံး ကျေးဇူးတင်ရှိပါတယ်❤️
နောက်နောင် အခွင့်ကြုံလာရင်လည်း ဒီထက်ပိုကောင်းတဲ့ ဆုလက်ဆောင်လေးတွေ ပေးပါမယ်🫶🏼
12/03/2025
ဒီနေ့လာပြတဲ့တပည့်တယောက်တော့ ထူးနေပီနော်
ဘယ်သူတွေထူးကြပီလဲ လာပြကြအုန်းနော် ဆရာတို့လည်းရင်ခုန်တယ် 🤣
တနေ့ဘယ်နှခေါက်လောက်နှိပ်ဖြစ်နေကြလဲ 🤣🤣
11/03/2025
📃📌
EPS စနစ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ပြီး ခွင့်ပြန်လာသူ များသိရှိရန်
24/02/2025
❗️2025 GKS-G guidelines တွေလဲထွက်ရှိထားပြီမို့
ဒီနှစ် GKS -G လျှောက်မယ့် သူများအတွက်
경상남도 김해 မှာရှိတဲ့ inje university ရဲ့ deadline က
April 4 ရက်နေ့ဖြစ်လို့
အခုမှစပြီး စာရွက်စာတမ်းပြင်ဆင်မယ့်လူဆိုလဲ အချိန်လုံလုံလောက်လောက်ရနိုင်ပါတယ်နော်🍀
လက်ရှိလဲ အစ်မကိုယ်တိုင် 2024-GKS-G Winner အနေနဲ့ inje မှာကျောင်းတက်နေတာပါ
International affairs က တာဝန်ခံ ဆရာ/ဆရာမတွေလဲ အရမ်းသဘောကောင်းပြီး gks ကျောင်းသားတွေပေါ်ဆို လိုအပ်တာမှန်သမျှ ကူညီပေးပါတယ်
ပြီးတော့ အစ်မတို့ကျောင်းက 2024ကစပြီး အစိုးရရဲ့ Glocal Institutions အနေနဲ့ရွေးချယ်ခံရလို့ NIIED ကိုလဲ ကျောင်းသား အယောက် ၅၀ 추천 လုပ်ပေးလို့ရပါတယ်
ဒါကြောင့်မို့ အရွေးခံနိုင်ချေပိုများပါတယ်နော်
အရင်နှစ်ကဆို မြန်မာကနေ ၃ ယောက် NIIED ကို 추천 လုပ်ပြီး ၃ ယောက်လုံး 2nd round ထိ pass ခဲ့ပါတယ်
ပြီးတော့ ရိုးရိုး Regional track အပြင် R&D track အတွက်သီးသန့် ကျောင်းသား ၁၉ ယောက် သီးသန့် Quota ရလို့ ကိုယ်လျှောက်မယ့် မေဂျာက R&D ထဲပါတယ်ဆိုရင် R&D အနေနဲ့လျှောက်ရင်လဲ အခွင့်ရေးပိုရနိုင်ပါတယ်
Language program အနေနဲ့လဲ မြန်မာကျောင်းသားတွေအများကြီးတက်နေကြတဲ့ကျောင်းထဲပါပါတယ်
27/01/2025
수도권(서울,경기도,인천)ကနေ 비수도권နယ်ပယ်ဒေသတွေဆီ ပြောင်းခွင့်ရှိပါတယ်👏🏻
E9လုပ်သားများ နယ်ပြောင်းအလုပ်လုပ်ခွင့်ဆိုင်ရာ ပြင်ဆင်ချက်
****************************************************
■ လုပ်ငန်းခွင်ပြောင်းရွှေ့ခွင့် ကန့်သတ်နယ်မြေ ၅ခုရှိပါတယ်။ 수도권(လူနေထူထပ်) ၁ခုနဲ့ 비수도권(လူနေမှု နည်းပါး) ၄ခုဖြစ်ပါတယ်။
*수도권(လူနေထူထပ်) ၁ခု
၁။ ဆိုးလ်၊ ဂယောင်းဂီ၊ အင်ချွန်း
**비수도권(လူနေမှု နည်းပါး) ၄ခု
၂။ ဂယောင်းနမ်းအပိုင်(ဘူဆန်၊ ဂယောင်းနမ်၊ အူလ်ဆန်း)
၃။ဂယောင်းဘု-ဂန်ဝန်အပိုင်(ဒယ်ဂူ၊ ဂယောင်းဘု၊ ဂန်ဝန်)
၄။ဂျောန်လာ-ဂျဲဂျူးအပိုင်(ဂွမ်းဂျူး၊ ဂျွန်နမ်း၊ ဂျွန်ဘု၊ ဂျဲဂျူး)
၅။ချွန်းချောင်းအပိုင်း(ဒယ်ဂျွန်၊ ချွန်နမ်း၊ ချွန်းဘု၊ ဆယ်ဂျုံ)
■2025.02.10 က စတင်ပြီး
E9လုပ်သားနှင့် RE ENTRY E9လုပ်သား မည်သူမဆို ကိုရီးယားဝင်ရောက်လာစဉ် စတင်အလုပ်လုပ်ကိုင်တဲ့ ဒေသတွင်းမှာသာ အလုပ်ပြောင်းရွှေ့လုပ်ခွင့်ရှိပါတယ်။
သို့သော်
수도권(ဆိုးလ်၊ ဂယောင်းဂီ၊ အင်ချွန်း)မှာ အလုပ်လုပ်နေကြသော E9လုပ်သားများက 비수도권(အခြားနယ်မြေများ)သို့ အလုပ်ပြောင်းရွှေ့လုပ်ကိုင်ခွင့်ရှိပါတယ်။
비수도권ကို ပြောင်းရွှေ့ပြီးရင်တော့ 수도권ကို ပြန်ပြောင်းခွင့်မရှိပါ။
မြန်မာနိုင်ငံသားများ အဆင်ပြေကြပါစေ။
#မြန်မာအလုပ်သမားလူမှုဖူလုံရေးစင်တာ(ကိုရီးယား)
👉စင်တာမန်ဘာဝင်လိုပါက ဒီလင့်ကိုဖြည့်ပါ။
https://forms.gle/fA8vWpdv4nJKNqLR6
#မြန်မာအလုပ်သမားလူမှုဖူလုံရေးစင်တာ(ကိုရီးယား)
ဖုန်း :032-502-8188/010-9847-8283
Fax: 032-503-8188
လိပ်စာ: 인천광역시 부평구 남부역로3-3층
https://www.facebook.com/mwwcenter
06/01/2025
အလုပ်ဖောင်တင်ရာတွင် ပြည်နယ်ရွေးချယ်ခြင်း💯
E-9လုပ်သားများ အလုပ်ဖောင်တင်တဲ့အခါ ရွေးချယ်စရာ မြို့ကြီးနှင့်ပြည်နယ်များ
Seoul, Incheon, Daegu, Daejon, Gwanju, Busan, Ulsanစတဲ့မြို့ကြီးများရှိပီး
Gyeong gi-do, Chung Cheongnam-do, Gangwon- do, Jeollabuk-do, Jeollanam-do, Jeju-doစတဲ့ ပြည်နယ်ကြီးတွေပေးထားပါတယ်
မြို့ကြီးတွေထဲ စက်ရုံအနေထားများတဲ့အဆင့်လိုက်စီီမယိဆိုရင်
1. Ulsan , Incehon
2. Busan
3. Daegu
4. Seoul
5. Gwanju ဖြစ်ပါတယ်
ပြည်နယ်ကြီးတွေထဲ စက်ရုံအနေထားများတဲ့အဆင့်လိုက်စီီမယိဆိုရင်
1. Gyeong gi-do
2. Chung Cheongnam-do
3. Jeollanam-do
4. Jeollabuk-do
5. Gangwon- do
6. Jeju-doဆိုပီး ရှိပါတယ်
မိမိအနေနဲ့ ကိုရီးယားရဲ့ အပေါ်ပိုင်းမှာ စက်ရုံကျချင်လား အောက်ပိုင်းမှာ စက်ရုံကျချင်လား 👋🏻
ပြပေးထားတဲ့အချက်လက်တွေကြည့်ပီး ရွေးချယ်နိုင်ပါပီ
စက်ရုံအပေါ်ပိုင်းကျချင်သူများ ဦးစားပေး
Gyeong gi-do, Incehon ,Seoul
စက်ရုံအောက်ပိုင်းကျချင်သူများ ဦးစားပေး
Ulsan, Busan, Jeollanam-do, Jeollabuk-do ရွေးချယ်နိုင်ပါတယ်
Adminရဲ့ အကြိုက်ရွေးချယ်ရရင်တော့
경기도ပြည်နယ်ဘက် အပေါ်ပိုင်းဘဲ ဦးစားပေးပါတယ်🫶🏼
ပြည်နယ်နဲ့ မြို့ကြီးအပေါ်အောက်ခွ ရွေးတာထက်စာရင် တဖက်တည်းမိမိသွားချင်တဲ့ဘက်ကိုသာ ဖိရွေးပါ🚨
경기도ကတော့ စက်ရုံအလုပ်ရုံတွေပေါများပီး Seoul, Incheon, Suwonစတဲ့ မြို့ကြီးတွေပါဝင်ပီး စီးပွါးရေး အချက်ချာကျတယ်လို့ မြင်ပါတယ်
ဘာရွေးချယ်ရမှနိးမသိသေးတဲ့ ညီကိုများအထောက်အကူဖြစ်ဖို့အတွက်သာ ရေးတင်ပေးလိုက်ပါတယ်