20/02/2026
💞 Play Date Class free Trial 💞
တီချယ်တို့ Play date တန်းခွဲအသစ်လေးကို March လထဲမှာ စတင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။
ဒါကြောင့် Play date အတန်းကို စိတ်ဝင်စားတဲ့ ဖေဖေမေမေတို့အနေနဲ့ လေ့လာနိုင်အောင် Free Trial လေးကို ယခု Februaryလရဲ့ နောက်ဆုံးအပတ် သောကြာနေ့မှာ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။
Play Date Class တွေဟာ သားသားမီးမီးလေးတို့ ဖေဖေ၊မေမေ၊မိဘအုပ်ထိန်းသူ တစ်ဦးနဲ့အတူတူ တက်ရတဲ့အတန်းဖြစ်ပါတယ်။
ဒီအတန်းလေးဟာ
✅ မိဘရင်ခွင်ကိုခွဲပြီး မူကြိုစထားတော့မယ်လို့စဉ်းစားတဲ့အခါ ကလေးတွေလူမကြောက်အောင်၊
✅ ကျောင်းနဲ့မစိမ်းအောင်
✅ပထမဆုံး သင်ကြားသင်ယူမှုမှာအထောက်အကူပြုအောင်၊
✅နေရာစိမ်းမှာ စိတ်လုံခြုံမှု ရရှိအောင် Foundation အနေနဲ့ ထား
သင့်တဲ့အတန်းလေးပါပဲ။
✅ အဓိက အရေးကြီးဆုံးရည်ရွယ်ချက်အနေနဲ့ preschool အချိန်ပြည့်တွေထားတဲ့အခါ (မိဘ+ဆရာ+ကျောင်းသား) ယုံကြည်ရင်းနှီးချစ်ခင်မှု ရရှိစေရုံသာမက၊ တီချယ်တို့ကျောင်းရဲ့ Curriculum/Routine/positive Environment and communication system ကိုပါ တီးမိခေါက်မိရှိစေမှာ ဖြစ်ပါတယ်။
ကလေးလေးတွေ အနေနဲ့လည်း မိဘအုပ်ထိန်းသူနဲ့အတူတူ စိတ်လုံခြုံမှုရှိစွာ ကစားရင်းသင်ယူရတာမို့ ကလေးတွေ ကျောင်းဆိုတဲ့ နေရာစိမ်းမှာ ခြေချဖို့ မဝံ့မရဲမဖြစ်အောင်၊ မိဘရင်ခွင်နဲခွဲခွာတဲ့ အစပိုင်း အချိန်တွေ Speration Anxiety တွေအများကြီးအခက်အခဲ မဖြစ်အောင် အထောက်အပံ့ပေးမယ့် အတန်းလည်း ဖြစ်ပါတယ်။
စိတ်၀င်စားမယ်ဆိုရင် ရင်းနှီးစွာ တီချယ်တို့ School လေးကို လာရောက်လေ့လာ၍ ဖြစ်စေ၊ ဖုန်းနဲ့မေးမြန်းဖို့ဖြစ်စေ ဖိတ်ခေါ်ပါရစေ။
Free Trial Class လေးကို
27.2.2026 (Friday)
Age - 1.5 years to 2.5 years
Time - 10:30am to 12:00pm အတွင်း အတန်းလေးဖွင့်ပေးမှာဖြစ်ပါတယ် 🤍
အတန်းလေး တက်နိုင်ဖို့ဆိုရင် အောက်ပါ Online Registration Form မှတစ်ဆင့် ကြိုတင်စာရင်းလေး အားမနာစတမ်း ပေးသွင်းပေးပါ။
https://form.svhrt.com/695fb93131fccd4a511b2e81
School Visit အတွက်လည်း နွေးထွေးစွာကြိုဆို
လျှက်ပါ။
BRM Office - 09-782 965591☎️
အမှတ်(၇) ၊ဦးတင်အေးလမ်း၊ ၄၅ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်။
12/02/2026
ထောင်သောင်းချီတဲ့စာလုံးတွေနဲ့စာကြောင်းတွေကို ဖတ်နိုင်ဖို့နဲ့ရေးနိင်ဖို့ ရဲ့အစ၊ စာတတ်မြောက်ခြင်းရဲ့အစဟာ "အမေ့ရဲ့သားချော့တေး"ဆီက လာပါတယ်။
မေမေ့ရဲ့ "မိတ္ထီလာကန်မယ်..ဖားကောက်ခဲ့ပါမယ်" ဆိုတာလေးဟာ Literacy ရဖို့ အစပါပဲ။ မေမေဟာ ပုံပြင်တွေပြောပြတယ်၊ စာတွေဖတ်ပြတယ်၊ သီချင်းဆိုသိပ်တယ် ဆိုရင် ကလေးဟာ စာတတ်မြောက်ရေးလမ်းကြောင်းမှာ သိပ်အထောက်အကူဖြစ်မှာပါပဲ။ ဒီ့အပြင် ကလေးတွေ သူကိုယ်တိုင်စိတ်ကြိုက်ဆော့ကစားခွင့် unstructured play နဲ့ ကလေးလက်လှမ်းမိတဲ့နေရာမှာ ပြင်ဆင်ပေးထားတဲ့ စိတ်ကြိုက်ယူဖတ်/ယူကြည့်လို့ရမယ့် mini library လေးတွေပေါ့။ ဒါတွေဟာ ကလေးစာတတ်မြောက်ရေးလမ်းကြောင်းမှာ အထောက်အကူပြုနိုင်ပါတယ်။
စာတတ်မြောက်ရေးမှာ အရေးကြီးဆုံးအပိုင်းကြီး ၃ ပိုင်းပါပါတယ်။ စကားပြောနိုင်ခြင်း ( Speaking) ၊ စာဖတ်နိုင်ခြင်း (reading) ၊ စာရေးနိုင်ခြင်း (writing) ဖြစ်ပါတယ်။ အဲ့ဒါအားလုံးကို အထုပ်လေးတစ်ထုတ်နဲ့ ထုပ်ပိုးထားပါတယ်။ ဒီအပြင်က packing လေးကို "နာလည်နိုင်စွမ်း" လို့ခေါ်ပါတယ်။ နားလည်နိုင်စွမ်းဟာ သိပ်ကို အရေးကြီးပါတယ်။
နားလည်လို့ကောင်းစွာပြောနိင်တာ၊ စာဖတ်ပြီး ကောင်းကောင်းတွေးပြီး ကောင်းကောင်းနားလည်နိုင်တာ၊ စာဘယ်လိုရေးရမလဲဆိုတာ နားလည်တာ။ဒါဟာ စာသင်ပေးရခြင်းရဲ့သော့ချက်လို့တောင် ပြောလို့ရပါတယ်။
ဒီတော့ နားလည်နိုင်စွမ်းဟာ သိပ်ကိုအရေးကြီးသွားပါပြီ။ နားလည်နိုင်စွမ်းကို ရဖို့ မိခင်ဘာသာစကားကို Conceptual Foundation တစ်ခုထိ နားလည်တတ်ကျွမ်းရမယ်။ အမေဟာ မွေးစကတည်းက သီချင်းတွေ၊ ကဗျာတွေ၊ ပုံပြင်တွေ ဆိုပြ၊ပြောပြရမယ်။ အိမ်မှာ ကလေးရှိတဲ့အိမ်တိုင်း သီချင်းသံစဉ်တွေရှိရမယ်။ (ဒီနေရာမှာ ကလေးသီချင်းတွေမှမဟုတ် လူကြီးသီချင်းတွေနားထောင်ရမယ်) ကလေးငယ်တွေဟာ သံစဉ်တွေနဲ့ရင်းနှီးရမယ်။
တီချယ်တို့ကျောင်းမှာ Early Literacy ကိုရရှိစေဖို့ Early Year Foundation Stage အနေနဲ့ သီချင်းကဗျာတွေ ၊ ပုံပြင်တွေ၊ ပြောပြသီဆိုရခြင်းဖြစ်ပါတယ်။ တီချယ်တို့ မူကြိုမှာ ကလေးတွေရဲ့ နံနက်ခင်းလေးကို တေးသံလွင်လွင်တွေနဲ့ နေ့စဉ်စတင်ပါတယ်။ ကျောင်းထဲကို ခြေချတာနဲ့ မြန်မာသီချင်းတွေရော ၊ကမ္ဘာ့သီချင်းတွေရော ကြားကြရပါမယ်။ စိတ်ကိုပေါ့ပါးလန်းဆန်းစေသလို Literacy ကိုလည်း အထောက်အကူပြုပါတယ်။
စိတ်ကြိုက်ဆော့ကစားစေမယ်၊ ညအိပ်ခါနီး ပုံပြင်လေးတွေပြောပြမယ်၊ သီချင်းလေးတွေဖွင့်ပေးထားမယ်၊ မေမေ၊ဖေဖေနဲ့အတူတူ စာအုပ်လေးတွေဖတ်ကြမယ်/ဖတ်ပြမယ်၊ ဒါတွေဟာ အရမ်းအကုန်အကျမများပဲ ပျော်ရတဲ့နည်းလမ်းလေးတွေမို့ အိမ်မှာ ကလေးစာတတ်မြောက်ရေး ပံ့ပိုးမှုအနေနဲ့သုံးကြည့်စေချင်ပါတယ်။
09/02/2026
ကျောင်းတစ်ကျောင်းဟာ Curriculum ကောင်းရုံနဲ့မလုံလောက်ပါ။ သင်ကြားနိုင်သူတွေဘယ်လောက်များများရှိခြင်း၊ ဘယ်လောက်ကောင်းကောင်းသင်ကြားနိင်ခြင်းနဲ့လည်း မလုံလောက်သေးပါ။ ကျောင်းထဲကိုလာတဲ့လူ ကလေးကအစ လူကြီးအဆုံး ခံစားရတဲ့ခံစားချက်တွေကောင်းမှ "ကျောင်း" ဆိုတဲ့ ဖြစ်တည်မှုဟာ အသက်၀င်တာဖြစ်ပါတယ်။
"ကျောင်း" ရဲ့ အဓိပ္ပါယ်ဟာ "ထိန်းကျောင်းခြင်း" ကလာတာလို့ ဆရာကြီးတွေပြောတာ မှတ်သားခဲ့ရဖူးပါတယ်။ အသိပညာပေးရုံသာမက စည်းကမ်းနဲ့လူ့ကျင့်၀တ်တွေ ထိန်းကျောင်းလမ်းညွှန်ပေးရာနေရာလည်း ဖြစ်ပါတယ်။
ဒီနေရာမှာ အသိပညာဖလှယ်ခြင်းဟာလည်း အရေးကြီးတဲ့အချက်တစ်ချက်ပါပဲ။ သိသူဟာ မသိသေးသူကိုလမ်းပြပေးရပါမယ်။ နည်းနည်းလေးအသိကနေ အများကြီးအသိဆီကို နည်းမှန်လမ်းမှန် ပြပေးဖို့လိုပါမယ်။ မူကြိုပညာရေးနဲ့စာတတ်မြောက်ရေးကဏ္ဍမှာလည်း Knowledge Sharing Program တွေ စဉ်ဆက်မပြတ်ပြုလုပ်ရင်း ECCE and EYFS နယ်ပယ်ကို Educate လုပ်၊ ဒီ Academic လူတိုင်းနဲ့ရင်းနှီးကျွမ်း၀င်အောင် ပြုလုပ်ရပါတယ်။
7.2.2026 ရက် နေ့မှာတော့ "စာတတ်မြောက်ရေးအကြောင်း တစ်စေ့တစ်စောင်း" ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးခဲ့ကြပါတယ်။ မိဘ-ဆရာ ဆွေးနွေးပွဲတိုင်း၊ Seminor , Orientation အသိပညာဖလှယ် ပွဲတိုင်း အချိန်ပေးတက်ရောက်ပေးကြပါသော မိဘတစ်ယောက်ဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။ ဆက်လက်၍ BRM Team မှလည်း အများကြီး ကြိုးစားသွားပါမယ်။
06/02/2026
Happy Birthday 🎂
(6.2.2026)🎀
သမီးလေးထက်မြတ်သီရိ
မွေးနေ့မှစ လိုချင်တဲ့ဆုတောင်းတွေအကုန်ပြည့်ပြီး ချစ်ရတဲ့သူတွေနဲ့ အတူတူပျော်ပျော်ရွှင်ရွှင်နေသွားနိုင်ပါစေ🩷
We love you so much 🫶🏻🤍
06/02/2026
Congratulations 🎉 Teachers ♥️
You all did it ♥️
နိုင်ငံတစ်နိုင်ငံရဲ့ ပညာရေး အဆင့်အတန်း (Educational Upgrade )ဖြစ်ခြင်းဟာ Technology Upgrade , Building Upgrade မဟုတ်ပဲ People Upgrade လို့ လေ့လာမှတ်သားခဲ့ရဖူးပါတယ်။ ပညာရေးမှာ ဆရာတွေဟာ Continuous Professional Development (CPD) မရှိတော့ရင် ဒီပညာရေးလည်း ပျက်စီးပါပြီ။
စဉ်ဆက်မပြတ်လေ့လာသင်ယူပေးကြတဲ့ တီချယ်တို့ကို များစွာလေးစားဂုဏ်ယူမိပါတယ်။ ဒီလို Teachersတွေ အများစု BRM မှာ ရှိတဲ့အတွက်လည်း ထပ်ဆင့်၀မ်းသာဂုဏ်ယူရပါတယ်။
Executive Diploma in Early Childhood Education ✅
22/01/2026
"BRM ရဲ့ ယုံကြည်မှု နဲ့ မိဘတွေရဲ့ ယုံကြည်မှု ထပ်တူကျတဲ့အခါ ကလေးများကို အပ်နှံပါ"
ဒီစာသားဟာ BRM ရဲ့ Motto ဖြစ်ပါတယ်။ ယုံကြည်မှုတွေဟာ သိပ်ကို အရေးကြီးပါတယ်။ ယုံကြည်မှုတူရင် လျောက်တဲ့လမ်းတူတယ်၊ ယုံကြည်မှုတူရင် စေ့စပ်ညှိုနှိုင်းရတာအဆင်ပြေတယ်၊ ယုံကြည်မှုတူရင် သဘောထားကွဲလွဲမှု နည်းနိုင်တယ်။ ဒီတော့ ယုံကြည်မှုတွေ သိပ်ကို ထပ်တူကျဖို့လိုအပ်ပါတယ်။
BRM ရဲ့အကြောင်းကို ပညာရေးပုံဆန်ကနေ သွေဖယ်ပြီး စီးပွားရေးဆန်ဆန်ပြောရရင် Target Audience ရှိပါတယ်။ BRM ကိုပုံဖော်ခဲ့စဉ်က အားလုံးအတွက်တော့ မဟုတ်ခဲ့တာ အသေအချာပါပဲ။ အားလုံးအတွက်မဟုတ်ဘူးလို့ပြောရခြင်းမှာ ကလေးတွေ ဒီပညာရေးကို အားလုံးမရနိုင်ဘူးလို့ ဆိုလိုတာမျိုးမဟုတ်ပါဘူး။ ပညာရေးဟာ အားလုံးအတွက်မှန်ပါတယ်။ သို့သော် အားလုံးဟာ ဒီပညာရေးကိုလိုချင်နေတာ မျိုးတော့ မဟုတ်နေပြန်ပါဘူး။
ဥပမာလေးနဲ့ မြင်သာအောင် ရှင်းပြရရင် Pizza ဆိုင်ကို ဖွင့်လှစ်ထားတာဟာ Pizza ကြိုက်တဲ့သူအတွက်ဖြစ်ပြီး Pizza မကြိုက်တဲ့သူအတွက် မဟုတ်ဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။
အဲ့လိုပါပဲ။ BRM ကျောင်းရဲ့ ပညာရေးနဲ့ ပြုစုပျိုးထောင်ရေးပုံစံဟာ လူတိုင်းအတွက်တော့ မဟုတ်ပါဘူး။ အဓိက BRM ရဲ့ ရည်ရွယ်ထားတဲ့ Target Audience ကတော့..
✅ Early Childhood care and development ကို တီချယ်တွေနဲ့အတူတကွ စိတ်၀င်တစား ကြိုးစား ပုံဖော်ချင်တဲ့မိဘများ
✅ ကလေးဘ၀မှာ ကစားခြင်းမရှိလျှင် ကလေးဘ၀ မရှိနိင်လို့ လက်ခံယုံကြည်ထားတဲ့ မိဘများ
✅ ကစားခြင်းဟာ အကျိုးကျေးဇူးအများကြီးရှိတာမို့ ကစားခြင်းမှတစ်ဆင့် သင်ယူခြင်းကို အပြည့်အ၀လက်ခံယုံကြည်တဲ့မိဘများ
✅ Positive Discipline , Routines နဲ့သာ ထိန်းကျောင်းချင်တဲ့မိဘများ
✅ Early Year Foundation Stage ကို ကောင်းမွန်စွာ စိတ်လုံခြုံမှုရှိရှိဖြတ်သန်းစေချင်တဲ့မိဘများ
✅ အသက် ၅ နှစ်မတိုင်ခင် မိခင်ဘာသာစကားသာ အဓိက First Priority လို့ လက်ခံယုံကြည်တဲ့မိဘများ
✅ ကလေးငယ်ရဲ့ ငယ်ရွယ်စဉ်ဘ၀ ပတ်၀န်းကျင်ဟာ Positive Environment ဖြစ်ပြီး မိဘ-ဆရာ ချစိခင်လေးစားမှုရှိခြင်းကို တန်ဖိုးထားသော မိဘများ
✅ Early Childhood မှာ စိတ်လုံခြုံ၊ပျော်ရွှင်ခြင်းကိုသာ အဓိက ထားတဲ့မိဘများ
✅ Result Oriented ထက်၊ ကလေးဟာ နောင်တစ်ချိန် ဘယ်လို လူမျိုးဖြစ်လာမလဲဆိုတဲ့ Identity ကို အဓိကထားပျိုးထောင်ချင်သောမိဘများ
ထို Audience အတွက်ရည်ရွယ် ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ကျောင်းတစ်ကျောင်းကို စုံစမ်းတဲ့အခါ မိဘများဟာ မိမိကလေးကို ဘယ်လို ပုံဖော်ပေးချင်သလဲ၊ ကျောင်းကရော ဘယ်လိုပုံဖော်ပေးနေသလဲဆိုတာကို အသေအချာ နားလည်ထားပြီးမှ အပ်နှံစေချင်မိပါတယ်။
မိဘများ ပုံဖော်ချင်တဲ့ပုံစံနဲ့၊ တီချယ်တို့ ပုံဖော်ပေးနေတဲ့ပုံစံ ထပ်တူမကျရင် အားနာရပါတယ်။ လမ်းတစ်၀က်မှာမှ လမ်းခွဲရရင် တီချယ်တို့ ယုံကြည်မှုတွေ ထပ်တူမကျခဲ့လို့ပဲဖြစ်ပါလိမ့်မယ်။
အားနာစွာနဲ့ ထပ်မံပြောကြားရရင်..
တီချယ်တို့ BRM Team တစ်ခုလုံးဟာ ECCD နဲ့ EYFS ကလေးပြုစုပျိုးထောင်ရေး လုပ်ငန်းစဥ် မှာ ကိုယ်ယုံကြည်ရာအတိုင်း အဖြစ်သင့်ဆုံးနဲ့အကောင်းဆုံးကြိုးစားဆက်လျောက်မှာမို့ တီချယ်တို့နဲ့ ယုံကြည်မှု တူမှသာ အပ်နှံလို့ရပါတယ်။ လူတိုင်းဟာ သဘောထားကွဲလွဲနိုင်တာမို့ မိဘဆုံးဖြတ်ချက်တိုင်းကို အစဉ်အမြဲလေးစားတန်ဖိုးထားလျှက်ပါ။
Tr.Flower
21/01/2026
နွေရာသီ Phonics အတန်းတွေရှိပါတယ်။ BRM ဟာ ECCD နဲ့ Early Year Foundation Stage တွေကို အဓိကထား တာ၀န်ယူလုပ်ကိုင်နေပါတယ်။
🌞⛱️ Summer Program⛱️🌞
မကြာခင်ရောက်ရှိမယ့် နွေရာသီမှာ ကလေးတွေအတွက်
ဘာတွေလုပ်ပေးသင့်သလဲတွေးတဲ့အခါ အထူးသဖြင့် KG တက်မယ့်ကလေးတွေ၊ KG ပြီးတဲ့ကလေးတွေ၊ G-1/ P-1 စသဖြင့်တက်မယ့်ကလေးတွေကို ဦးစားပေးတွေးမိပါတယ်။ မြန်မာကျောင်းအခေါ် (မူလတန်း) , International School ခေါ် (Elementary Level) တက်ရမယ့်ကလေးတွေအတွက် ဘာတွေပေးရမလဲဆိုတာကို လေ့လာဆန်းစစ်ပါတယ်။
မူလတန်းအရွယ်မှာကတော့ အဓိက ကျတာ "စာတတ်မြောက်ရေး"ပါပဲ။စာတတ်မြောက်ခြင်း" ဆိုတာဟာ "ရေးနိုင်ခြင်း နှင့် ဖတ်နိုင်ခြင်း"ပဲဖြစ်ပါတယ်။ မြန်မာစာ ရေးနိုင်ဖတ်နိုင် နှင့် Englishစာ ရေးနိုင်၊ ဖတ်နိုင်ခြင်းပါပဲ။ ဒါဟာ မူလတန်းအရွယ်ရဲ့ အနှစ်သာရပါ။ ဒီထဲမှာ အဓိကကျတာဟာ "ဖတ်နိုင်ခြင်း" ပါ။ ဆိုလိုချင်တာဟာ မူလတန်းအရွယ် ရဲ့ သင်ကြားခြင်းဟာ "Learning to Read" အရွယ်ဖြစ်ပြီး။ အလယ်တန်းအရွယ် သင်ကြားမှုဟာ "Reading to Learn " အရွယ်ဖြစ်ပါတယ်။ ထို့ကြောင့် မူလတန်းအရွယ်ကလေးတွေကို "အဖတ်" သင်ဖို့ သိပ်အရေးကြီးပါတယ်။
ဒီမှာ ထပ်ပြောစရာရှိလာတာကတော့ အများစုဟာ "စာဖတ်ခြင်း" ကို "စကားပြောသလို" သူ့အလိုအလျောက်ဖြစ်လာတဲ့အရာလို့ အထင်မှားနေကြတယ်ဆိုတာပါပဲ။ တကယ်တော့ "စာဖတ်ခြင်း" ဆိုတာ စနစ်တကျလေ့ကျင့်သင်ကြားပေးရမယ့်အရာပဲဖြစ်ပါတယ်။
မြန်မာစာကို စနစ်တကျဖတ်နိုင်အောင်လို့ မြန်မာကျောင်းရဲ့ မူလတန်းသင်ရိုးညွှန်းတမ်းမှာ (ဗျည်းနဲ့သရ) ပေါင်းစပ်မှုတွေကို အတန်းလိုက် စနစ်တကျ သေချာသင်ကြားတဲ့ အစီအစဉ်ရှိတာတွေ့ရပါတယ်။ သို့ပေမယ့် English စာဖတ်နိုင်ရေးကို National Curriculum အနေနဲ့ သေသေချာချာ သင်ကြားတာ မတွေ့ရသေးပါ။ ထို့အတွက် Early Literacy Skills ထဲမှာ အဓိက ကျတဲ့ English စာဖတ်နိုင်ရေးကိုဦးတည်သင်ကြားတဲ့ "phonics" ကို နွေရာသီမှာ ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင် သင်ကြားပေးဖို့ ရည်ရွယ်ထားပါတယ်။
"Phonics" ဆိုတာကို လွယ်လွယ်ကူကူနားလည်လွယ်အောင်ရှင်းပြရရင် "စကားသံလေးတွေကို အသုံးပြုပြီး ကလေးလွယ်လွယ်ကူကူစာဖတ်နိုင်အောင် သင်ကြားပေးတဲ့ နည်းစနစ်တစ်ခု" လို့ပြောရမှာပါပဲ။ အထူးသဖြင့် Englishစာကို မြန်မြန်ဖတ်နိုင်အောင်၊ လေ့ကျင့်သင်ကြားပေးတာဖြစ်ပါတယ်။ Extracurricular အနေနဲ့ သင်ကြားပေးသင့်တဲ့ဘာသာရပ်ပဲဖြစ်ပါတယ်။
အသက် ၄နှစ်ကျော်မှ အသက် ၇နှစ်အတွင်း သင်ကြားမှာဖြစ်ပြီး၊ Level-1, Level-2 နှင့် Level-3ဆိုပြီး class ၃ခု ခွဲထားပါတယ်။ Class တစ်ခုကို ကျောင်းသား ၅ယောက်ပါ။ Level-1 ကိုတော့ phonics ဆိုတာ လုံး၀ မသိတဲ့ကလေးတွေအတွက် ရည်ရွယ်ပြီး၊ Level-2 ကိုတော့ Phonics ဆိုတာ တီးမိခေါက်မိ နဲ့ A to Z စကားလုံး သံတွေ သိတဲ့ ကလေးတွေအတွက်ရည်ရွယ်ကာ Level-3ကိုတော့ 2 letters blending ပြီးခဲ့သည့်ကလေးတွေအတွက် ရည်ရွယ်ပါတယ်။
အတန်းလေးကို Physically ၊ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်နဲ့ သင်ကြားမှာဖြစ်ပြီး ကလေးတွေအတွက်လိုအပ်တဲ့ Arts and Vrafts တွေ၊ Hand on Activities တွေနဲ့ သင်ကြားမှာဖြစ်သလို Reading ကို အစပျိုးပေးမှာဖြစ်ပါတယ်။ Test book နှင့် Work book အနေနဲ့ကတော့ Oxford Phonics World ကို အသုံးပြုမှာဖြစ်ပြီး Readers တွေကိုလည်း oxford phonics reader တွေကို အသုံးပြုမှာဖြစ်ပါတယ်။
အသေးစိတ် သိရှိလိုပါက School Visitလာရောက်၍သော်လည်းကောင်း၊ ဖုန်းဆက်ပြီးသော်လည်းကောင်း မေးမြန်းနိုင်ပါတယ်။ Curriculum အသေးစိတ်ကို သေချာရှင်းပြပေးပါမယ်။
၃ လလုံး Class တစ်ခုကို ၅ယောက်ပဲ မို့ တက်ရောက်ချင်ပါက ကြိုတင် စာရင်းပေးသွင်းဖို့လိုပါမယ်။ နွေရာသီတိုင်းမှာ BRM အနေနဲ့ စာဖတ်နိုင်ရေးကို ဦးတည်တဲ့ Program လေး နှစ်စဉ်ဖွင့်ဖို့ကြိုးစားလျက်ရှိပါတယ်။
21/01/2026
မင်္ဂလာပါ။🤍
ဖေဖေ၊မေမေတို့ရေ
BRM အနေနဲ့ သားသားမီးမီးလေးတို့အတွက်အကျိုးရှိစေမယ့် အရာတွေပေးဖို့ အစဉ်ကြိုးစားလျှက်ရှိပါတယ်။ ဒီ Page လေးက BRM Preschoolရဲ့ တိုးချဲ့လိုက်တဲ့ Learning Center page လေး ဖြစ်ပါတယ်။
ယခု Pageကနေ တီချယ်တို့ ဖွင့်လှစ်မယ့် Early Literacy Experiences ရရှိနိုင်တဲ့ သင်တန်းတွေ ဖြစ်တဲ့ အခြေခံစာတတ်မြောက်ခြင်းကိုရည်ရွယ်တဲ့
✅ Phonics
✅ Myanmar class များသာမက
✅ ပန်းချီ၊ အက၊ စသဖြင့် သင်တန်းများပါ တဖြေးဖြေး တိုးချဲ့ဖွငိ့လှစ်သွားဖို့ရည်ရွယ်ထားပါတယ်။
BRM Preschool မှာ တက်ရောက်ပြီးသွားတဲ့ ကျောင်းသားဟောင်းများရဲ့ဖေဖေမေမေတို့သာမက မိမိတို့ရဲ့ သားသားမီးမီးများကို Early Literacy Experiences အပြည့် ရရှိစေချင်တဲ့ ဖေဖေမေမေများကိုပါ Pageလေးကို စောင့်ကြည့်ပေးဖို့ ဖိတ်ခေါ်ပါတယ်။
တီချယ်တို့ ဖွင့်လှစ်မယ့်သင်တန်းများရဲ့ Information များကို မလွတ်သွားအောင် Pageကို Like & Follow လုပ်ထားဖို့လည်း ဖိတ်ခေါ်ပါရစေရှင်။
အောက်ပါ Link လေးထဲ၀င်ပြီး Information တွေမလွတ်သွားအောင် Follow လေး လုပ်ထားပေးပါနော်။
https://www.facebook.com/share/1FgeAyxt9g/
19/01/2026
ကလေးတွေကို .ပြင်ပ.စူးစမ်းလေ့လာခွင့်ပေးတဲ့အခါ
လေ့လာရေးခရီးတွေကို ကျောင်းတွေက စီစဉ်ကြပါတယ်။ ထိုအခါ လေ့လာရေးခရီးဟာ အပျော်ခရီးသက်သက်ပဲ လို့ထင်ကြ၊မြင်ကြတဲ့သူတွေလည်း ရှိပါတယ်။
ဟုတ်ပါတယ်။ ကျောင်းတွေက အပျော်ခရီးတွေရော၊ လေ့လာရေးခရီးတွေရော စီစဉ်ပေးကြပါတယ်။
Day Trip တွေသွားရခြင်းကတော့ (မိဘ+ဆရာ+ကျောင်းသား) ရဲ့ နွေးထွေးလုံခြုံမှုရှိစေဖို့နဲ့ မိဘ-ဆရာ ဆက်ဆံရေးကောင်းမွန်ခြင်းမှတစ်ဆင့် ကလေး ပညာရေးကောင်းမွန်စေဖို့ ရည်ရွယ်ကြတာဖြစ်ပါတယ်။ အပျော်ကစားပွဲတွေပါမယ်၊ အပမ်းဖြေလို့ရမယ့် နေရာတွေကို ရွေးခြယ်မယ်။ မိဘတွေပါ ပါ၀င်ကြရမှာ ဖြစ်ပါတယ်။
Excursion နဲ့ Day Trip က မတူပါဘူး။
Excursion ဟာ well organized လုပ်ထားပြီး Education နဲ့ sightseeing ပါပါတယ်။ အဓိက အချက်ကတော့ သင်ထားပြီးသားတွေကို လက်တွေ့ကြည့်ရှု့လေ့လာတဲ့သဘောဖြစ်ပါတယ်။ ဆရာနဲ့ကျောင်းသားသာ အဓိက သွားကြမှာပါ။ နေ့ခြင်းပြန် ခရီးထွက်ကြတာခြင်းတူသော်လည်း ရည်ရွယ်ချက်ကွဲပြားပါတယ်။
ဒီတစ်ခေါက် တိုင်းရင်းသားကျေးရွာသို့ လေ့လာရေးထွက်ခဲ့ကြတယ်။ ဒီကိုလာဖို့ မြန်မာ့ ethnic group တွေကို ကျောင်းမှာ လေ့လာမှတ်သားခဲ့ကြပြီးဖြစ် တယ်။ ရောက်တဲ့အခါမှာတော့ သားသားမီးမီးတို့ သင်ထားတာလေးတွေ ပြောကြ ဆိုကြ၊ မေးကြမြန်းကြ၊ ကြည့်ကြရှုကြနဲ့ လက်တွေ့သင်ကြားရေးမှာ ကလေးတွေပိုမှတ်မိကြတယ်။
ဒီလိုနေရာမျိုးကို ကျောင်းနဲ့မသွားလည်း မိသားစုက လိုက်ပို့နိုင်ပါတယ်။ သို့သော် ကျောင်းနဲ့၊ သူငယ်ချင်းတွေနဲ့ သွားတဲ့အခါ ကလေးဟာ ..
⭐ Team နဲ့ဘယ်လိုသွားရမလဲ သိလာတယ်
⭐ Patient and helping အကြောင်း သိလာတယ်
⭐ Order နဲ့ instructions အကြောင်းနားလည်လာတယ်
⭐ Do and Don't တွေကို ပို control လုပ်လာနိင်တယ်
⭐ လွတိလပ်သော စူးစမ်းလေ့လာမှု၊ ကိုယ့်ကိုယ်ကိုယ် အားကိုးမှုမှ တစ်ဆင့် Independence child ဖြစ်လာတယ်
⭐ ပတ်၀န်းကျင်ကို လေ့လာရကောင်းမှန်း သိလာတယ်
⭐ အဓိက ကတော့ ဖေဖေ၊မေမေတို့မပါလည်း သွားရဲလာရဲ လုပ်ရဲကိုင်ရဲ လာခြင်းမှ self confidence ရလာခြင်းတွေပါပဲ။
ဒီလို အကျိုးကျေးဇူးတွေများတာမို့ တီချယ်တို့ကျောင်းဘက်ကလည်း Risks and responsibilities ယူပြီးပို့ရခြင်းဖြစ်ပါတယ်။ ယုံကြည်စွာ လိုက်ပါခွင့်ပြုပေးတဲ့ မိဘတစ်ယောက်ခြင်းစီတိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။
16/01/2026
လှုပ်လှုပ်ရှားရှား ပုံရိပ်များ (၁)
16/01/2026
လှုပ်လှုပ်ရှားရှား buggy/bus ပေါ်က ပုံရိပ်များ 🚍🚌