19/06/2020
လူအများစုကပြောကြတယ်
စိတ်တွေမွန်းကြပ်လာတဲ့အခါ
အရမ်းရှုပ်ထွေးပြီး လွတ်မြောက်ချင်လာတဲ့အခါ
တစ်ယောက်ယောက်ဆီမှာ ရင်ဖွင့်လိုက်ရင်
စိတ်သက်သာရာရသွားလိမ့်မယ်တဲ့
ရင်ဖွင့်လိုက်ရင် အဆင်ပြေမယ်ဆိုတာ 100% တော့
မမှန်ပေမယ့် စိတ်ထဲပေါ့သွားမှာတော့ လက်ခံပါတယ်
ကျွန်တော့အတွက်တော့ ဒါဟာခက်ခဲပါတယ်
ဘာကခက်ခဲစေသလဲဆို
ကျွန်တော်တို့မျှော်လင့်ထားတဲ့ စကားတွေ
အပြုမူတွေပြန်မရမှာကို ကြောက်ရွံ့ခြင်းကပါ
အခက်ခဲတစ်ခုကို ဖွင့်ပြောလိုက်တဲ့အခါ
အခြားလူတွေတော့မသိပေမယ့်
ကျွန်တော်လိုချင်တာ နှစ်သိမ့်မှုတွေ အကြံပေးမှုတွေမဟုတ်ပါဘူး
နားထောင်ပေးခြင်းပါ
ကျွန်တော်က တော်ရုံ အပေါ်ယံ strong ဖြစ်တဲ့ထဲမှာပါတယ်
ဘယ်လိုကိစ္စကိုမဆို ကိုယ့်ဘာကိုယ် ဖြေရှင်းတတ်သလို
လွယ်လွယ်ကူကူ recovery ပြန်ဖြစ်တဲ့လူစားမျိုးပါ
အချိန်တန်ရင် အလိုလို ပြန်ကုစားနိုင်တာကိုသိတယ်
အဲ့အချိန်မတိုင်ခင်လေး တစ်စုံတစ်ယောက်ကို
နားထောင်စေချင်တာပါ
ကျွန်တော်လည်း လူပါပဲ
တကယ်တမ်း မွန်းကြပ်လာတာမျိုး
အရမ်းကြီးမားတဲ့ စိတ်ပင်ပန်းမှုမျိုး စိုးရိမ်မှုမျိုးနဲ့ကြုံလာရင်
တစ်ယောက်ယောက်ကို ဖွင့်ပြောလိုက်ချင်ပါတယ်
ဒါပေမယ့် ကျွန်တော်ပြန်လိုချင်တာ
တစ်ပါးသူရဲ့ စိတ်မကောင်းဖြစ်ပေးမှု
အကြံပေးမှု သနားမှု စိတ်ညစ်နွမ်းသွားစေမှုတွေ
မဟုတ်ပါဘူး
ရိုးရိုးလေး နားထောင်ပေးစေချင်တာပါ
တစ်စုံတစ်ရာ အခက်ခဲကြုံလို့
ရင်ဖွင့်မယ်ကြံတိုင်း ပြန်လာမယ့် feed back တွေကို
အလိုမကျတာကြောင့် ဘယ်လိုကိစ္စမျိုးကိုမဆို
တခြားလူစီ မပြောဖြစ်တာများပါတယ်
တကယ်တမ်းဖွင့်ပြောဖြစ်ရင်လည်း
သေချာပါတယ် ဟာသအနေနဲ့ လုပ်ပြောပစ်တာပါ
ဘာလို့ဆို ကျွန်တော် အသနားမခံချင်လို့ပါ
တော်တော်များများလည်း သိကြမှာပါ
ကျွန်တော်နဲ့ အနီးဆုံး သူငယ်ချင်းတွေကလွဲရင်
ကျွန်တော် ညစ်ညူးပြီး စိတ်ညစ်နေတဲ့ပုံနဲ့
တော်ရုံမမြင်ဖူးကြပါဘူး
ပြသနာပေါင်းစုံဖြစ်နေရင်တောင်
ဘေးလူတွေနဲ့တွေ့ရင် အမြဲ အဆင်ပြေနေတဲ့ပုံပါ
ဖြစ်နေတဲ့ အခက်အခဲကိုပြောချင်ရင်တောင်
ဟာသအနေနဲ့ပဲ ပါးစပ်ကထွက်ပါတယ်
ကျွန်တော်လည်း လူပါပဲ
ဒရာမာတွေခင်းပြီး ပြိုလဲပြတတ်သလို
ပေါက်ကရတွေပြောပြီးလည်း ဟန်ဆောင်တတ်ပါသေးတယ်
တကယ်တမ်းပြောရရင်
ကျွန်တော်လည်း ရင်ဖွင့်ချင်ပါတယ်
Credit : ur_four_leaf_clover🍀