𝗢𝗛𝗜𝗢 𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 𝗖𝗲𝗻𝘁𝗲𝗿

  • Home
  • Myanmar
  • Yangon
  • 𝗢𝗛𝗜𝗢 𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 𝗖𝗲𝗻𝘁𝗲𝗿

𝗢𝗛𝗜𝗢 𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 𝗖𝗲𝗻𝘁𝗲𝗿 ဂျပန်နိုင်ငံသို့ပညာရေး၊အလုပ်အကိုင်များဖြင့်သွားရောက်လိုသူများကို ပို့ဆောင်ပေးနေပါပြီ💌

🇯🇵 ဂျပန်သွားဖို့ စဉ်းစားနေပေမယ့်... ဘယ်အလုပ်နဲ့သွားရင် ကိုယ့်အတွက် အကိုက်ညီဆုံးနဲ့ အခွင့်အလမ်း အများဆုံးဖြစ်မလဲ ဝေခွဲမရ ...
25/08/2026

🇯🇵 ဂျပန်သွားဖို့ စဉ်းစားနေပေမယ့်... ဘယ်အလုပ်နဲ့သွားရင် ကိုယ့်အတွက် အကိုက်ညီဆုံးနဲ့ အခွင့်အလမ်း အများဆုံးဖြစ်မလဲ ဝေခွဲမရ ဖြစ်နေလား? 🤷‍♂️

ဒီလိုဆိုရင်တော့ လက်ရှိ ဂျပန်နိုင်ငံမှာ နိုင်ငံခြားသားလုပ်သားတွေအတွက် တံခါးအကျယ်ဆုံး ဖွင့်ထားပေးတဲ့ "Kaigo (ပြုစုစောင့်ရှောက်ရေး)" လိုင်းကို သေချာပေါက် လေ့လာကြည့်သင့်ပါတယ်။ 💡

Kaigo ဆိုတာ သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သူတွေကို ကူညီပေးရတဲ့ အလုပ်တစ်ခုပါ။ လူငယ်တွေအတွက် ဘာလို့ ဒီလိုင်းက အကောင်းဆုံး ရွေးချယ်မှုဖြစ်နေတာလဲဆိုရင်...

✅ ဝင်ငွေအများဆုံး စုဆောင်းနိုင်ခြင်း

လုပ်သက်ပေါ်မူတည်ပြီး ပျမ်းမျှ လစာ ယန်း (၂) သိန်းဝန်းကျင်နဲ့အထက် ရရှိနိုင်တဲ့အပြင်၊ အလုပ်ရှင်ဘက်က နေအိမ်နဲ့ သွားလာစရိတ်တွေပါ ထောက်ပံ့ပေးလေ့ရှိလို့ တခြားလိုင်းတွေထက် ပိုက်ဆံပိုစုမိပါတယ်။ 💰

✅ အလုပ်အကိုင် အခိုင်အမာရှိခြင်း

ဂျပန်မှာ လူဦးရေအရ သက်ကြီးရွယ်အို ပိုများလာတဲ့အတွက် Kaigo ဝန်ထမ်း လိုအပ်ချက်က နှစ်စဉ် မြင့်တက်နေပါတယ်။ ဒါကြောင့် အလုပ်ရှားမှာ၊ အလုပ်ပြုတ်သွားမှာ ပူစရာမလိုဘဲ အလုပ်အကိုင် အာမခံချက် အပြည့်အဝရှိပါတယ်။ 📈

✅ ရေရှည် အနာဂတ်အတွက် အခွင့်အလမ်း

ကြိုးစားရင် ကြိုးစားသလောက် Kaigo National License တွေ ဖြေဆိုပြီး ရေရှည်နေထိုင်ခွင့် (Long-term Visa) နဲ့ မိသားစုကိုပါ ခေါ်ယူနိုင်တဲ့အထိ အခွင့်အရေးတွေ ရှိနေပါတယ်။ 👨‍👩‍👧‍👦

🇯🇵ဂျပန်စာ N3 Level) လောက်ရှိရုံနဲ့ Kaigo Skill Test ကို ကြိုးစားဖြေဆိုပြီး ကိုယ့်ရဲ့ ဂျပန်အိပ်မက်ကို အကောင်အထည်ဖော်လို့ ရနေပါပြီ။ 🎌

Kaigo လိုင်းနဲ့ပတ်သက်ပြီး ကိုယ်နဲ့ ကိုက်ညီမှု ရှိ/မရှိ၊ ဘာတွေ ဆက်ပြင်ဆင်ရမလဲဆိုတာကို အသေးစိတ် ထပ်မံလေ့လာချင်တယ်ဆိုရင်တော့... အခုပဲ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်တွေဆီ ဆက်သွယ်ပြီး အခမဲ့ လာရောက် ဆွေးနွေးနိုင်ပါပြီ။ 👇

Page Messenger ကနေဖြစ်စေ ဖုန်း - 09-783465782 , 09-429849021 သို့ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်သလို...

လူကိုယ်တိုင် လာရောက်ဆွေးနွေးချင်တယ် ဆိုရင်တော့ - အမှတ် (၃၆/၃၈)၊ ၃လွှာ၊ အခန်း (၂၀၃)၊ Grand Myay Nu Condo၊ မြေနုလမ်း၊ စမ်းချောင်းမြို့နယ်ကို (တနင်္လာ မှ သောကြာ၊ ရုံးချိန်အတွင်း) လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်။

#ဂျပန်အလုပ်အကိုင် #ဂျပန်စာ #ဂျပန်သွားမယ်

🇯🇵ဂျပန်သွားဖို့ OHIO က ဘာတွေ ကူညီပေးမှာလဲ?"2027 April Intake နဲ့ ဂျပန်သွားဖို့ စဥ်းစားနေပေမယ့် ဘယ်ကစလုပ်ရမှန်း မသိဘဲ ခေါ...
25/08/2026

🇯🇵ဂျပန်သွားဖို့ OHIO က ဘာတွေ ကူညီပေးမှာလဲ?

"2027 April Intake နဲ့ ဂျပန်သွားဖို့ စဥ်းစားနေပေမယ့် ဘယ်ကစလုပ်ရမှန်း မသိဘဲ ခေါင်းရှုပ်နေလား? 🤯

စိတ်မပူပါနဲ့တော့! OHIO ရှိပါတယ်။ OHIO မှာဆိုရင် ကျောင်းရွေးတာကနေစလို့ ဂျပန်ရောက်တဲ့အထိ အစစအရာရာကို တာဝန်ယူ ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

OHIO ကနေ ဘာတွေလုပ်ပေးမှာလဲဆိုရင်တော့ -

✅ ကျောင်းရွေးပေးမယ်:

ကိုယ့်ရဲ့ ပညာအရည်အချင်း၊ ဘတ်ဂျက်နဲ့ ဝါသနာပါတဲ့ လမ်းကြောင်းအလိုက် ကျောင်းသားနဲ့ အသင့်တော်ဆုံးဖြစ်မယ့် ကျောင်းနဲ့ မြို့ကို သေသေချာချာ တိုင်ပင်ပြီး ရွေးချယ်ပေးပါတယ်။

✅ စာရွက်စာတမ်း တာဝန်ယူမယ်:

ကျောင်းလျှောက်တဲ့အခါ အရှုပ်ထွေးဆုံးက စာရွက်စာတမ်းတွေပါ။ ဘာတွေလိုလဲ၊ ဘယ်လိုပြင်ရမလဲဆိုတာ OHIO က အသေးစိတ်ကစလို့ အမှားအယွင်းမရှိအောင် အကုန်လုပ်ပေးမှာမို့ ကျောင်းသားတွေဘက်က ဘာမှပူစရာမလိုပါဘူး။

✅ Interview Training ပေးမယ်:

ဂျပန်ကျောင်းအင်တာဗျူး ဖြေရမှာ ကြောက်နေလား? ဆရာ/ဆရာမတွေ ဘာတွေမေးတတ်လဲ၊ ဘယ်လိုယုံကြည်မှုရှိရှိ ဖြေရမလဲဆိုတာကို (Interview Training)တွေနဲ့ သေသေချာချာ လေ့ကျင့်ပေးပါတယ်။

✅ ဂျပန်ရောက်ရင်လည်း စောင့်ရှောက်မယ်:

ဒီအချက်က OHIO ရဲ့ အားသာချက်ပါ။ လေဆိပ်လာကြိုတာ၊ အဆောင်စီစဥ်ပေးတာ၊ ဘဏ်အကောင့်ဖွင့်တာ၊ ဖုန်းဆင်းမ်ကတ်ဝယ်တာကအစ... အချိန်ပိုင်းအလုပ် (Arubaito) ရှာဖို့အတွက်ကို ဂျပန်ဘက်က အစအဆုံးစီစဥ်ပေးမှာဖြစ်သလို OHIO ရဲ့ Founder ကိုယ်တိုင်လည်း ဂျပန်ကို လာရောက်ပြီး ကျောင်းသားတွေကို ကူညီပေးသွားဦးမှာဖြစ်ပါတယ်။

ကဲ... ဒါဆိုရင်တော့ ဂျပန်အိပ်မက်အတွက် OHIO နဲ့လက်တွဲပြီး စိတ်အေးအေးထားလို့ ရပြီပေါ့။

📩2027 April Intake အတွက် ကျောင်းတွေက Interview စနေပြီမို့ နေရာမပြည့်ခင် အမြန်ဆုံး လာရောက်ဆွေးနွေးလိုက်ရအောင်! 🏃‍♂️💨

Page Messenger ကနေဖြစ်စေ ဖုန်း - 09-783465782 , 09-429849021 သို့ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်သလို...

လူကိုယ်တိုင် လာရောက်ဆွေးနွေးချင်တယ် ဆိုရင်တော့ - အမှတ် (၃၆/၃၈)၊ ၃လွှာ၊ အခန်း (၂၀3)၊ Grand Myay Nu Condo၊ မြေနုလမ်း၊ စမ်းချောင်းမြို့နယ်ကို (တနင်္လာ မှ သောကြာ၊ ရုံးချိန်အတွင်း) လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်။"

#ဂျပန်ပညာရေး #ဂျပန်ကျောင်းလျှောက်ထားခြင်း

🚨 2027 April Intake အတွက် ဂျပန်သွားဖို့ စဉ်းစားနေရင်... အခုကစပြီး အချိန်မဆွဲပါနဲ့တော့ 🚨"နောက်မှပဲ လျှောက်တော့မယ်" ဆိုပြီ...
24/08/2026

🚨 2027 April Intake အတွက် ဂျပန်သွားဖို့ စဉ်းစားနေရင်... အခုကစပြီး အချိန်မဆွဲပါနဲ့တော့ 🚨

"နောက်မှပဲ လျှောက်တော့မယ်" ဆိုပြီး အချိန်ဆွဲနေတဲ့ ကျောင်းသားတွေအတွက် သတိပေးချင်တာကတော့ ခုဆိုရင် ဂျပန်ကျောင်း တော်တော်များများရဲ့ Interview တွေက စတင်နေပြီမို့ နေရာလွတ်တွေက တဖြည်းဖြည်း ပြည့်လာနေပါပြီ။ ⏳

ဒါကြောင့်...

❌ ဘယ်အေဂျင်စီနဲ့ သွားရမလဲ ရွေးချယ်မရဖြစ်နေရင်...
❌ စာရွက်စာတမ်း (Documents) တွေအတွက် စိတ်ညစ်နေရင်...
❌ ဂျပန်စာ အရည်အချင်းကြောင့် Interview ဖြေဖို့ စိုးရိမ်နေရင်...

အချိန်တွေ ထပ်မဖြုန်းပါနဲ့တော့။ အခုပဲ OHIO ကို ဆက်သွယ်လိုက်ပါ။
OHIO မှာဆိုရင်-

✨ သင့်အတွက် အကိုက်ညီဆုံး မြို့နဲ့ ကျောင်းကို ရွေးချယ်ပေးခြင်း
✨ Interview မဖြေခင် စနစ်တကျ Training ပေးခြင်း
✨ စာရွက်စာတမ်း အားလုံးကို အသေးစိတ် တာဝန်ယူ ပြင်ဆင်ပေးခြင်း နဲ့

✈️ ဂျပန်မြေအရောက် Founder ကိုယ်တိုင် နွေးနွေးထွေးထွေး စောင့်ရှောက်ပေးမယ့် ဝန်ဆောင်မှုတွေအထိ အစစအရာရာ တာဝန်ယူပေးနေပြီ ဖြစ်ပါတယ်။

2027 April Intake မှာ သေချာပေါက် ဂျပန်သွားနိုင်ဖို့ OHIO က ကူညီပေးဖို့ အဆင်သင့်ရှိနေပါပြီ။ နေရာတွေ အကုန်မပြည့်သွားခင် အမြန်ဆုံး လာရောက်ဆွေးနွေးလိုက်ရအောင်! 🏃‍♂️💨

Page Messenger ကနေဖြစ်စေ ဖုန်း - 09-783465782 , 09-429849021 သို့ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်သလို...

လူကိုယ်တိုင် လာရောက်ဆွေးနွေးချင်တယ် ဆိုရင်တော့ - အမှတ် (၃၆/၃၈)၊ ၃လွှာ၊ အခန်း (၂၀၃)၊ Grand Myay Nu Condo၊ မြေနုလမ်း၊ စမ်းချောင်းမြို့နယ်ကို (တနင်္လာ မှ သောကြာ၊ ရုံးချိန်အတွင်း) လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်။

🎓 ဂျပန်ကျောင်း Interview တွေမှာ အမေးများဆုံး မေးခွန်း (၃) ခုနဲ့ ဖြေဆိုနည်း 🎓2027 April Intake အတွက် ဂျပန်ကျောင်းတွေရဲ့ I...
24/08/2026

🎓 ဂျပန်ကျောင်း Interview တွေမှာ အမေးများဆုံး မေးခွန်း (၃) ခုနဲ့ ဖြေဆိုနည်း 🎓

2027 April Intake အတွက် ဂျပန်ကျောင်းတွေရဲ့ Interview တွေက စတင်နေပြီဆိုတော့... ကျောင်းသားတွေအနေနဲ့ အဆင်သင့်ဖြစ်နေပြီလား? 🤔

ဂျပန်ကျောင်းတွေက Interview လုပ်တဲ့အခါ အဓိကထား မေးလေ့ရှိတဲ့ မေးခွန်း (၃) ခုနဲ့ ဘယ်လိုပြင်ဆင်ထားသင့်လဲ ဆိုတာကို OHIO ကနေ အကြံပြု မျှဝေပေးလိုက်ပါတယ်နော်။ 👇

၁။ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေးပါ (Jikoshoukai / Self-Introduction) 🙋‍♂️🙋‍♀️

ဒါကတော့ Interview တိုင်းမှာ မပါမဖြစ် ပထမဆုံးမေးခွန်းပါ။

✨ဘယ်လိုဖြေမလဲ?

o ကိုယ့်ရဲ့ နာမည်၊ အသက်၊ ပညာအရည်အချင်း စတာတွေကို တိုတိုနဲ့ ရှင်းရှင်းလင်းလင်း ဖြေပါ။ 🗣️

o အရေးအကြီးဆုံးက ယဉ်ကျေးတဲ့ အသုံးအနှုန်း (Keigo) တွေကို သေချာသုံးတတ်ဖို့ လိုပါတယ်။ 🙇‍♂️

o ယုံကြည်မှုရှိရှိ ပြုံးပြုံးရွှင်ရွှင် ဖြေဆိုဖို့က အဓိကပါပဲ။ 😊

၂။ ဘာကြောင့် ဂျပန်မှာ ကျောင်းလာတက်ချင်တာလဲ? (Motivation for applying) 🇯🇵✨

ကျောင်းတွေဘက်က မင်းရဲ့ ရည်မှန်းချက် ဘယ်လောက် ခိုင်မာလဲ ဆိုတာကို သိချင်လို့ မေးတာဖြစ်ပါတယ်။

✨ဘယ်လိုဖြေမလဲ?

o "ဂျပန်ကို သဘောကျလို့" ဆိုတဲ့ ရိုးရှင်းတဲ့ အဖြေမျိုးထက်စာရင် ပိုမိုနက်ရှိုင်းတဲ့ အကြောင်းပြချက်ကို ပေးပါ။ 💡

o ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ် (ဥပမာ- IT, Business, Kaigo စသည်) ကို ဂျပန်မှာ ဘာကြောင့် သင်ယူချင်တာလဲ ဆိုတာကို ရှင်းပြပါ။ 💻🏥

o ဂျပန်ရဲ့ ဘယ်လို ယဉ်ကျေးမှုနဲ့ နည်းပညာတွေက ကိုယ့်ကို ဆွဲဆောင်ထားတာလဲ ဆိုတာကို တိတိကျကျ ပြောပြပါ။ 🏯

o အထူးသဖြင့် ဘာလို့ 'အဲဒီကျောင်း' ကို ရွေးချယ်ရတာလဲ ဆိုတဲ့ အကြောင်းပြချက် ခိုင်ခိုင်မာမာ ရှိထားဖို့ လိုပါတယ်။ 🏫

၃။ ကျောင်းပြီးရင် ဘာဆက်လုပ်မှာလဲ? (Post-graduation plans) 🎯🚀

ဒါက ကိုယ့်ရဲ့ အနာဂတ် ရည်မှန်းချက် (Career Plan) ကို ဆန်းစစ်တဲ့ မေးခွန်းပါ။

✨ဘယ်လိုဖြေမလဲ?

o ကျောင်းပြီးရင် ဂျပန်မှာပဲ ဆက်လက် အလုပ်လုပ်ချင်တာလား၊ မြန်မာနိုင်ငံကို ပြန်လာပြီး လုပ်ငန်းခွင် ဝင်မှာလား ဆိုတာကို တိကျတဲ့ ပန်းတိုင်တစ်ခု ပြနိုင်ရပါမယ်။ 🛤️

o ကိုယ်သင်ယူမယ့် ပညာရပ်နဲ့ အနာဂတ် ရည်မှန်းချက် ချိတ်ဆက်နေဖို့က အလွန်အရေးကြီးပါတယ်။ 🔗

🚨 အချိန်မရှိတော့ဘူးနော်! 🚨

ခုဆိုရင် 2027 April Intake အတွက် Interview တွေက တောက်လျှောက်ကို စတင်နေပါပြီ။ ⏳

Interview ကောင်းကောင်းဖြေနိုင်ဖို့ဆိုတာ ဂျပန်စာ အရည်အချင်းအပြင် ကြိုတင်ပြင်ဆင်မှုနဲ့ လေ့ကျင့်မှုတွေ အများကြီး လိုအပ်ပါတယ်။ 📚

OHIO မှာဆိုရင် ကျောင်းသားတွေ Interview မဖြေခင်မှာ လိုအပ်တဲ့ Training တွေကို စနစ်တကျ ကြိုတင် ပြင်ဆင်ပေးနေတာမို့ စိတ်ချယုံကြည်စွာ လာရောက်အပ်နှံနိုင်ပါတယ်။ 💯

အချိန်ဆွဲမနေဘဲ အခုပဲ OHIO နဲ့ ဆက်သွယ်ပြီး သင့်ရဲ့ ဂျပန်အိပ်မက်ကို အကောင်အထည်ဖော်လိုက်ပါ။ ✈️🌸

Page Messenger ကနေဖြစ်စေ ဖုန်း - 09-783465782 , 09-429849021 သို့ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်သလို...

လူကိုယ်တိုင် လာရောက်ဆွေးနွေးချင်တယ် ဆိုရင်တော့ - အမှတ် (၃၆/၃၈)၊ ၃လွှာ၊ အခန်း (၂၀၃)၊ Grand Myay Nu Condo၊ မြေနုလမ်း၊ စမ်းချောင်းမြို့နယ်ကို (တနင်္လာ မှ သောကြာ၊ ရုံးချိန်အတွင်း) လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်။

ဂျပန်ကို Language School နဲ့ သွားမည့်သူများ သတိပြုရန် စည်းမျဉ်းသစ်များ🚨ဒီထက်ပိုမို တင်းကြပ်မလာမီ အမြန်ဆုံး ပြင်ဆင် လျှော...
23/08/2026

ဂျပန်ကို Language School နဲ့ သွားမည့်သူများ သတိပြုရန် စည်းမျဉ်းသစ်များ🚨
ဒီထက်ပိုမို တင်းကြပ်မလာမီ အမြန်ဆုံး ပြင်ဆင် လျှောက်ထားကြပါ! ✨

ဂျပန်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဌာန (Immigration Services Agency) မှ Official အတည်ပြုချက်အရ Japanese Language School တက်ရောက်မည့် ကျောင်းသားများအတွက် ဂျပန်စာ အရည်အချင်းစစ် စည်းမျဉ်းအသစ်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာလ (2026 October Intake) COE လျှောက်ထားမှုများမှ စတင်ကာ လက်တွေ့ ကျင့်သုံးလျက် ရှိနေပြီဖြစ်ပါသည်။ 🎓🇯🇵

📌 လက်ရှိကျင့်သုံးနေသည့် စည်းမျဉ်းသစ်၏ အဓိက အပြောင်းအလဲ
ယခင်ကဲ့သို့ "ဂျပန်စာ နာရီ ၁၅၀ တက်ရောက်ထားကြောင်း သင်တန်းဆင်းလက်မှတ်" တစ်ခုတည်းဖြင့် ဗီဇာလျှောက်ထား၍ မရတော့ပါ။ ⚠️

ကျောင်းသားများအနေဖြင့် အောက်ပါ (၂) မျိုးအနက် တစ်ခုခု ဖြင့် သက်သေပြနိုင်မှသာ COE / Student Visa ကို ထုတ်ပေးတော့မည် ဖြစ်ပါသည်။

📜 JLPT N5 / NAT-TEST / J-TEST စသည့် အသိအမှတ်ပြု စာမေးပွဲ ရလဒ် တစ်ခုခု တင်ပြခြင်း

🎙️ တက်ရောက်မည့် ကျောင်း၏ Online Interview တွင် N5 အဆင့်ရှိကြောင်း ဂျပန်လို အမှန်တကယ် စစ်ဆေးဖြေဆိုခြင်း

⚠️ Interview တွင် မေးလေ့ရှိသည့် နာမည်၊ အသက် စသည့် ရိုးရှင်းသော မေးခွန်းများ မဟုတ်ဘဲ N5 အဆင့် ရှိ/မရှိကို ဂျပန်ဘာသာဖြင့် တကယ်တမ်း မေးမြန်းစစ်ဆေးသွားမည် ဖြစ်ပါသည်။

ဒီအပြောင်းအလဲ၏ အဓိက ဦးတည်ချက်မှာ သင်တန်းတက်ခဲ့သည့် နာရီအရေအတွက်ထက် လက်တွေ့ ဂျပန်စာ ဘယ်လောက်ပြောနိုင်၊ နားလည်သလဲ ဆိုတာကို အဓိကထား စစ်ဆေးချင်တာဖြစ်ပါသည်။ 💡

💡 ဂျပန်ကျောင်းသား ဗီဇာစည်းမျဉ်းများသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုစနစ်တကျ တင်းကြပ်လာနေသည်ကို အားလုံး အသိဖြစ်ပါသည်။ ယခု ၂၀၂၆ Intake မှစ၍ စစ်ဆေးမှုများ တင်းကြပ်လိုက်သကဲ့သို့ ရှေ့ဆက်လာမည့် Intake များတွင်လည်း အရည်အချင်းစစ် စည်းမျဉ်းများ ဒီထက်ပိုမို ခက်ခဲမလာခင်—

⏳ နီးစပ်ရာ Intake များအတွက် ယခုကတည်းက ကျောင်းစတင်လျှောက်ထားကြဖို့လိုပါတယ်။

📚 စာရွက်စာတမ်း သက်သက်ကို အားကိုးမနေဘဲ N5/A1 အခြေခံ အရည်အချင်းကို အမြန်ဆုံး အမှန်တကယ် ပိုင်နိုင်အောင် လေ့ကျင့်ထားရန်
အထူး အသိပေး တိုက်တွန်းအပ်ပါသည်။
အခွင့်အရေးဆိုသည်မှာ ပြင်ဆင်ထားသူများအတွက်သာ ဖြစ်သဖြင့် ဂျပန်အိပ်မက်ကို အကောင်အထည်ဖော်ချင်သူများ အချိန်မဆွဲဘဲ အခုကတည်းက စတင် ပြင်ဆင်လျှောက်ထားကြပါ! ✈️✨

⏳ 2027 April Intake မှစပြီး ကျောင်းသားများအတွက် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများနှင့်အတူ တာဝန်ယူမှု၊ တာဝန်ခံမှုကို အရင်ကထက် ပိုမို ပေါ်လွင်အောင် အကောင်းဆုံး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ ဒါကြောင့် ဗီဇာကိစ္စမှစလို့ ဂျပန်ရောက်သည်အထိ အစစအရာရာ စိတ်ချယုံကြည်စွာ အပ်နှံနိုင်ပါသည်။ 🤝

2027 April Intake အတွက် ဂျပန်ကျောင်းများ၏ Interview များ စတင်နေပြီဖြစ်၍ အချိန်မဆွဲဘဲ အခုပဲ OHIO နှင့်အတူ သင့်ရဲ့ ဂျပန်အိပ်မက်များကို အမြန်ဆုံး စတင်လိုက်ရအောင်! 🎓🇯🇵

📞 ဆက်သွယ်စုံစမ်းရန်:

Page Messenger မှဖြစ်စေ၊ ဖုန်း 09-783465782, 09-429849021, 09-253054178 သို့ဖြစ်စေ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

📍 လူကိုယ်တိုင် လာရောက်ဆွေးနွေးလိုပါက:

အမှတ် (၃၆/၃၈)၊ ၃လွှာ၊ အခန်း (၂၀၃)၊ Grand Myay Nu Condo၊ မြေနုလမ်း၊ စမ်းချောင်းမြို့နယ်။

(တနင်္လာ မှ သောကြာ၊ ရုံးချိန်အတွင်း)

EJU စာမေးပွဲမဖြေဆိုမီ မဖြစ်မနေ သိထားရမည့်အချက်များ 🇯🇵🎓ဂျပန်နိုင်ငံမှာ တက္ကသိုလ်၊ ဘွဲ့လွန် ဒါမှမဟုတ် သက်မွေးဝမ်းကျောင်းကျ...
22/08/2026

EJU စာမေးပွဲမဖြေဆိုမီ မဖြစ်မနေ သိထားရမည့်အချက်များ 🇯🇵🎓

ဂျပန်နိုင်ငံမှာ တက္ကသိုလ်၊ ဘွဲ့လွန် ဒါမှမဟုတ် သက်မွေးဝမ်းကျောင်းကျောင်း (Senmon Gakko) တက်ရောက်ပြီး မိမိရဲ့ အနာဂတ်အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေကြတဲ့ ကျောင်းသား/သူတွေအတွက် EJU (Examination for Japanese University Admission) ဆိုတာ အရေးပါဆုံးသော တံခါးပေါက်တစ်ခု ဖြစ်ပါတယ်။ 🎓✨

ဂျပန်နိုင်ငံအထိ တိုက်ရိုက်သွားရောက်ဖြေဆိုစရာမလိုဘဲ မိမိနိုင်ငံမှာတင် စနစ်တကျဖြေဆိုပြီး ရရှိလာတဲ့ ရမှတ်နဲ့ ကျောင်းတိုက်ရိုက်လျှောက်ထားနိုင်တာကြောင့် ကုန်ကျစရိတ်နဲ့ အချိန်ကို များစွာသက်သာစေတဲ့ အခွင့်အရေးကောင်းတစ်ခုပါ။

ဘာသာရပ်အလိုက် ပြင်ဆင်ရန်နှင့် မဖြစ်မနေ သိထားရမည့် ရမှတ်များ 📚
🇯🇵 Japanese Language (ဂျပန်ဘာသာ)

ဖြေဆိုချိန်: ၁၂၅ မိနစ် (ရမှတ် ၄၅၀)

ပါဝင်မှု: စာဖတ်စွမ်းရည် (Reading) + နားထောင်မှုစွမ်းရည်

(Listening/Listening-Reading) ( ၄၀၀) မှတ် နှင့် ရေးဖြေ (Writing)
(၅၀ )မှတ်

စာဖတ်စွမ်းရည်နှင့် နားထောင်မှုအပြင် မိမိ၏ ကိုယ်ပိုင်အတွေးအခေါ်ကို စနစ်တကျ ရေးသားနိုင်စွမ်း (Essay Writing) တို့ ပါဝင်ပါတယ်။

🌍 Japan & The World / General Subjects (အထွေထွေဗဟုသုတ)

ဖြေဆိုချိန်: ၈၀ မိနစ် (ရမှတ် ၂၀၀)

ဂျပန်နိုင်ငံနှင့် ကမ္ဘာ့ပထဝီ၊ စီးပွားရေး၊ နိုင်ငံရေးနှင့် ပြည်သူ့နီတိ စသည့် ပညာရပ်များကို ပေါင်းစပ်မေးမြန်းခြင်းဖြစ်လို့ ဝိဇ္ဇာနှင့် စီးပွားရေးမေဂျာ လျှောက်ထားမည့်သူများအတွက် မဖြစ်မနေလိုအပ်ပါသည်။

📐 Mathematics (သင်္ချာ)
ဖြေဆိုချိန်: ၈၀ မိနစ် (ရမှတ် ၂၀၀)

Course 1: အခြေခံသင်္ချာ (ဝိဇ္ဇာ/လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ မေဂျာများအတွက်)

Course 2: အဆင့်မြင့်သင်္ချာ (သိပ္ပံနှင့် အင်ဂျင်နီယာ မေဂျာများအတွက်)

🧪 Science (သိပ္ပံဘာသာရပ်)
ဖြေဆိုချိန်: ၈၀ မိနစ် (ရမှတ် ၂၀၀)

ရူပဗေဒ (Physics)၊ ဓာတုဗေဒ (Chemistry)၊ ဇီဝဗေဒ (Biology) (၃) ခုထဲမှ မိမိတက်ရောက်မည့် တက္ကသိုလ်/မေဂျာမှ သတ်မှတ်ထားသည့် ဘာသာရပ် (၂) ခုကို ရွေးချယ်ဖြေဆိုရပါမည်။

💡 ဘာသာရပ် ရွေးချယ်မှုဆိုင်ရာ Strategic Advice

ဝိဇ္ဇာ / စီးပွားရေးလိုင်း: ဂျပန်ဘာသာ + အထွေထွေဗဟုသုတ + သင်္ချာ (Course 1)

သိပ္ပံ / အင်ဂျင်နီယာလိုင်း: ဂျပန်ဘာသာ + သိပ္ပံ (၂ ဘာသာ) + သင်္ချာ (Course 2)

သက်မွေးဝမ်းကျောင်း (Senmon): ကျောင်းသားအများစုအတွက် ဂျပန်ဘာသာ (Japanese Language) တစ်ခုတည်းဖြင့် လုံလောက်ပါသည်။

⚠️ (မဖြစ်မနေ သတိပြုရမည့် အချက်များ)

⚠️ ဘာသာစကား ဂျပန်ဘာသာမှလွဲ၍ ကျန်ဘာသာရပ်များ (သင်္ချာ၊ သိပ္ပံ၊ အထွေထွေ) ကို အင်္ဂလိပ် သို့မဟုတ် ဂျပန်ဘာသာစကားဖြင့် ဖြေဆိုနိုင်သော်လည်း မိမိရွေးချယ်လိုက်သည့် ဘာသာစကားအတိုင်း ဘာသာရပ်အားလုံးကို တစ်ပြိုင်နက်တည်း ဖြေဆိုရပါမည်။

(ဥပမာ- သင်္ချာကို အင်္ဂလိပ်လိုဖြေပြီး အထွေထွေကို ဂျပန်လို ခွဲဖြေ၍ လုံးဝမရပါ။)

MEXT Scholarship (University Recommendation) လျှောက်ထားလိုသူများအတွက် EJU ရမှတ်မြင့်မားစွာ ရရှိထားခြင်းက စကောလာရှစ် ရရှိနိုင်ခြေကို များစွာတိုးတက်စေပါသည်။

⏳ မိမိရဲ့ ဂျပန်တက္ကသိုလ် အိမ်မက်တွေကို သေချာပေါက် အကောင်အထည်ဖော်ဖို့ EJU ကို စနစ်တကျ ပြင်ဆင်ချင်ပါသလား?

OHIO Japanese Language Center ရဲ့ EJU Batch(20) အတန်းလေးမှာ တက်ရောက်ပြီး နိုဝင်ဘာစာမေးပွဲအတွက် ပြင်ဆင်လိုက်ကြရအောင်နော်! 🚀✨
💬 မိမိနဲ့ ကိုက်ညီမယ့် မေဂျာနဲ့ ဘာသာရပ်ရွေးချယ်မှုကို ဆွေးနွေးတိုင်ပင်လိုပါက Messenger မှာ အခုပဲ ဆက်သွယ်လိုက်ပါနော်။



📍 အမှတ် (၃၆/၃၈)၊ ၃လွှာ၊ အခန်း (၂၀၃)၊ Grand Myay Nu Condo၊ မြေနုလမ်း၊ စမ်းချောင်းမြို့နယ်။

📞 09-783465782၊ 09-429849021

📩 အသေးစိတ်သိလိုပါက OHIO Page Messenger တွင် မေးမြန်းစုံစမ်းနိုင်ပါတယ်။

ဂျပန်မှာကျောင်းတက်ရင် အနာဂတ်အတွက် ဘယ်မေဂျာယူမလဲ? 🇯🇵🎓ဂျပန်တက္ကသိုလ် ဒါမှမဟုတ် 専門学校 (Vocational School) တက်ဖို့ပြင်တဲ့အခါ ...
22/08/2026

ဂျပန်မှာကျောင်းတက်ရင် အနာဂတ်အတွက် ဘယ်မေဂျာယူမလဲ? 🇯🇵🎓
ဂျပန်တက္ကသိုလ် ဒါမှမဟုတ် 専門学校 (Vocational School) တက်ဖို့ပြင်တဲ့အခါ “ကျောင်းနာမည်ကြီးဖို့” ထက် “ဘွဲ့ရရင် ဘာလုပ်လို့ရမလဲ” ဆိုတာက အဓိကပါပဲ။

နိုင်ငံခြားသားကျောင်းသားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း အသာစီးအရဆုံး လမ်းကြောင်း (၄) ခု ကို ပြောပြပေးသွားပါမယ်✨

၁။ IT & Technology (နည်းပညာ) 💻⚡
📊 အခြေအနေ: ဂျပန်နိုင်ငံမှာ လူအလိုချင်ဆုံးနဲ့ လိုအပ်ချက် အမြင့်မားဆုံး အနာဂတ် နယ်ပယ်တစ်ခုဖြစ်ပါတယ်။

✨ အားသာချက်: IT ကုမ္ပဏီတင်မကဘဲ ဘဏ်၊ စက်ရုံ၊ ဆေးရုံနဲ့ E-Commerce နယ်ပယ်တိုင်းမှာ လိုအပ်တာကြောင့် အလုပ်အကိုင် အာမခံချက် အရှိဆုံးပါ။

🎯 သင့်တော်သူ: Software Engineer, Data Analyst, AI Specialist စတဲ့ နည်းပညာသမား ဖြစ်ချင်သူများအတွက် အထူးသင့်တော်ပါတယ်။

၂။ Engineering (အင်ဂျီနီယာ) ⚙️🤖
📊 အခြေအနေ: Automotive, Robotics နဲ့ Manufacturing စတဲ့ စက်မှုနယ်ပယ်တွေမှာ ကမ္ဘာ့ထိပ်တန်းဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့ ခိုင်မာလှတဲ့ နာမည်ကျော် မေဂျာဖြစ်ပါတယ်။

✨ အားသာချက်: စာတွေ့သီအိုရီတင်မကဘဲ လက်တွေ့ Problem Solving ကို အဓိကထား သင်ကြားပေးတာကြောင့် လုပ်ငန်းခွင်မှာ အလွန်တန်ဖိုးရှိပါတယ်။

🎯 သင့်တော်သူ: Math/Science ကို စိတ်ဝင်စားသူများ၊ Mechanical, Design သို့မဟုတ် R&D Engineer ဘက်ကို ဦးတည်ချင်သူများအတွက် သင့်တော်ပါတယ်။

၃။ Business & Management (စီးပွားရေးနှင့် စီမံခန့်ခွဲမှု) 💼📈
📊 အခြေအနေ: လုပ်ငန်းခွင်နယ်ပယ်ပေါင်းစုံဆီ ခြေဆန့်နိုင်ပြီး Career Path အကျယ်ပြန့်ဆုံး မေဂျာဖြစ်ပါတယ်။

✨ အားသာချက်: Sales, Marketing, HR နဲ့ Corporate Planning စတဲ့ နယ်ပယ်အသီးသီးမှာ အသုံးဝင်ပါတယ်။ (Data Analysis ဒါမှမဟုတ် Digital Marketing Skill ပါ ပေါင်းစပ်ထားရင် ဈေးကွက်မှာ ပိုပြီး အားသာချက်ရနိုင်ပါတယ်)

🎯 သင့်တော်သူ: လူအများနဲ့ ဆက်ဆံရတာ ကြိုက်နှစ်သက်ပြီး ကုမ္ပဏီတစ်ခုရဲ့ စီမံခန့်ခွဲမှုအပိုင်းကို စိတ်ဝင်စားသူများအတွက် သင့်တော်ပါတယ်။

၄။ Global Business & Trade (နိုင်ငံတကာစီးပွားရေး) 🌐✈️
📊 အခြေအနေ: နိုင်ငံခြားသားကျောင်းသားတွေအတွက် အားသာချက်အရှိဆုံးနဲ့ အကွက်အမြင်ဆုံး မေဂျာဖြစ်ပါတယ်။

✨ အားသာချက်: မိခင်နိုင်ငံရဲ့ ယဉ်ကျေးမှုအသိ + 日本語 (ဂျပန်စာ) / English Skill နဲ့ Business အသိပညာတွေကို ပေါင်းစပ်လိုက်ရင် ပြည်ပဈေးကွက်ထိုးဖောက်ချင်တဲ့ ကုမ္ပဏီကြီးတွေမှာ “စီးပွားရေးတံတား” အဖြစ် အခွင့်အလမ်းကောင်းများစွာ ရရှိနိုင်ပါတယ်။

🎯 သင့်တော်သူ: Trading (ကုန်သွယ်ရေး)၊ Import/Export နဲ့ Overseas Business (ပြည်ပစီးပွားရေးလည်ပတ်မှု) ဘက်ကို စိတ်ဝင်စားသူများအတွက် အထူးသင့်တော်ပါတယ်။

💡ကျောင်းပြီးရင် “ကိုယ်ဘယ်လို အလုပ်အကိုင်မျိုးမှာ ရပ်တည်ချင်တာလဲ” ဆိုတဲ့ ပန်းတိုင်ကို အရင် ရှင်းရှင်းလင်းလင်း မြင်အောင်ကြည့်ပါ။ ပြီးမှ အဲ့ဒီဆီ ဦးတည်နိုင်မယ့် မေဂျာကို ရွေးချယ်တာက အကောင်းဆုံးပါပဲ။

⏳ အနာဂတ်အတွက် ဂျပန်ကျောင်းလျှောက်ထားဖို့ ပြင်ဆင်နေသူများအနေဖြင့် OHIO Japanese Language Center ရဲ့ 2027 April Intake သစ်များသို့ အမြန်ဆုံး ဆက်သွယ်လျှောက်ထားနိုင်ပါပြီ။



📍 အမှတ် (၃၆/၃၈)၊ ၃လွှာ၊ အခန်း (၂၀၃)၊ Grand Myay Nu Condo၊ မြေနုလမ်း၊ စမ်းချောင်းမြို့နယ်။

📞 ၀၉-၇၈၃၄၆၅၇၈၂

📩 အသေးစိတ်သိလိုပါက OHIO Page Messenger တွင် မေးမြန်းစုံစမ်းနိုင်ပါတယ်။

ဂျပန်တက္ကသိုလ် ရွေးချယ်တော့မည်ဆိုရင်...🎯 သင်ကြားလိုသော ဘာသာရပ်ကို သေချာစွာ ရွေးချယ်ပါ။ဂျပန်နိုင်ငံရှိ တက္ကသိုလ်တွေမှာ ဘာ...
21/08/2026

ဂျပန်တက္ကသိုလ် ရွေးချယ်တော့မည်ဆိုရင်...

🎯 သင်ကြားလိုသော ဘာသာရပ်ကို သေချာစွာ ရွေးချယ်ပါ။
ဂျပန်နိုင်ငံရှိ တက္ကသိုလ်တွေမှာ ဘာသာရပ်မျိုးစုံ သင်ကြားနိုင်ပေမဲ့ မိမိ ဝါသနာပါရာ ဘာသာရပ်အတွက် အထူးပြု သင်ကြားမှု ကောင်းမွန်သည့် တက္ကသိုလ်ကို စနစ်တကျ ရွေးချယ်ဖို့ အလွန်အရေးကြီးပါတယ်။

📍 ကျောင်းရဲ့ တည်နေရာနှင့် ဝန်းကျင်ကို စဉ်းစားပါ။

ဂျပန်နိုင်ငံဟာ ကျယ်ဝန်းသည့်အတွက် ကျောင်းတည်ရှိရာ မြို့ရွာအလိုက် လူနေမှုစရိတ်၊ သွားလာရေး အဆင်ပြေမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ကွဲပြားခြားနားနိုင်တာကြောင့် မိမိနှင့် သင့်တော်မည့် တည်နေရာကို မဖြစ်မနေ ထည့်သွင်းစဉ်းစားသင့်ပါတယ်။

📚သင်ကြားမှု ပုံစံကို စေ့စေ့စပ်စပ် လေ့လာပါ။

တက္ကသိုလ်တစ်ခုနှင့် တစ်ခု သင်ကြားမှု ပုံစံမ ျား ကွဲပြားနိုင်ပါတယ်။ အချို့ကျောင်းတွေမှာ လက်တွေ့ လုပ်ဆောင်မှုကို ဦးစားပေးပြီး၊ အချို့ကျောင်းတွေမှာတော့ သီအိုရီနှင့် သုတေသန ပိုင်းကို ပိုမို ဦးစားပေး သင်ကြားကြပါတယ်။

🎓 ပညာသင်ဆု အခွင့်အလမ်းများကို စုံစမ်းပါ။

ဂျပန်နိုင်ငံရှိ တက္ကသိုလ်အများစုမှာ နိုင်ငံခြားသား ကျောင်းသားများအတွက် ပညာသင်ဆု အခွင့်အလမ်းများစွာ ဖန်တီးပေးထားပါတယ်။ မိမိ တက်ရောက်မည့် ကျောင်းတွင် လျှောက်ထားနိုင်သည့် ပညာသင်ဆုများနှင့် အရည်အချင်း သတ်မှတ်ချက်များကို စနစ်တကျ ကြိုတင် စုံစမ်းလျှောက်ထားဖို့ လိုအပ်ပါတယ်။

🗣️ ကျောင်းသားဟောင်းများ၏ အတွေ့အကြုံများကို လေ့လာပါ။

ကျောင်းသားဟောင်းတွေရဲ့ အတွေ့အကြုံနှင့် သုံးသပ်ချက်များကို ဖတ်ရှုခြင်းအားဖြင့် ကျောင်း၏ ပတ်ဝန်းကျင်၊ သင်ကြားမှု အရည်အသွေးနှင့် ကျောင်းသားများအပေါ် ပံ့ပိုးပေးမှု အခြေအနေများကို ပိုမို အသေးစိတ် ကျကျ သိရှိနိုင်မှာ ဖြစ်ပါတယ်။

⚠️တက္ကသိုလ်အများစု၏ လျှောက်လွှာပိတ်ရက်များ (Application Deadlines) နှင့် MEXT/EJU ကိုအခြေခံသည့် ပညာသင်ဆု လျှောက်လွှာပုံစံများသည် တက္ကသိုလ်တစ်ခုနှင့်တစ်ခု မတူညီကြပါဘူး။ ထို့ကြောင့် Timeline လွဲမှားမှု မရှိစေရန် အနည်းဆုံး ၆ လမှ ၁ နှစ်ခန့် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပါသည်။ ⏳

⏳ မကြာမီ ဖွင့်လှစ်တော့မည် OHIO ၏ JLPT & EJU Intensive Batch များတွင် တက်ရောက်လိုပါက ယခုပင် အမြန်ဆုံး စာရင်းပေးသွင်းနိုင်ပါပြီ!

မိမိနဲ့ သင့်တော်မည့် ဂျပန်တက္ကသိုလ် ရွေးချယ်မှုနှင့် ပညာသင်ဆုလျှောက်ထားခြင်းဆိုင်ရာ အသေးစိတ် အချက်အလက်များ ၊ကျောင်း လျှောက်ထားခြင်းဆိုင်ရာကိစ္စရပ်များနှင့် OHIO မှ ဖွင့်လှစ်ထားသည့် MEXT Scholarship & EJU Preparation အတန်း အကြောင်းများကို အသေးစိတ် သိလိုပါက Messenger (သို့) ရုံးဖုန်းများမှတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်နော်။ ✈️✨



📍 အမှတ် (၃၆/၃၈)၊ ၃လွှာ၊ အခန်း (၂၀၃)၊ Grand Myay Nu Condo၊ မြေနုလမ်း၊ စမ်းချောင်းမြို့နယ်။

📞 09-783465782၊ 09-429849021

📩 အသေးစိတ်သိလိုပါက OHIO Page Messenger တွင် မေးမြန်းစုံစမ်းနိုင်ပါတယ်။

ဂျပန်ကျောင်းလျှောက်မယ့် ‌ကျောင်းသားတိုင်း သိထားရမယ့် EJU ရဲ့ အရေးပါမှုဂျပန်နိုင်ငံရဲ့ နာမည်ကြီး Campus တွေပေါ်မှာ ပညာသင်...
21/08/2026

ဂျပန်ကျောင်းလျှောက်မယ့် ‌ကျောင်းသားတိုင်း သိထားရမယ့် EJU ရဲ့ အရေးပါမှု

ဂျပန်နိုင်ငံရဲ့ နာမည်ကြီး Campus တွေပေါ်မှာ ပညာသင်ကြားခွင့်ရဖို့ဆိုတာ EJU စာမေးပွဲကနေစတင်ပါတယ်။

ဂျပန်တက္ကသိုလ်တွေမှာ ဘွဲ့ကြိုသင်တန်း တက်ရောက်ချင်တဲ့ နိုင်ငံခြားသား ‌ကျောင်းသားတွေရဲ့ ဂျပန်စာအရည်အချင်းနဲ့ အခြေခံပညာ အရည်အချင်းကို စစ်ဆေးတဲ့ တရားဝင် စာမေးပွဲကြီး ဖြစ်ပါတယ်။

EJU ရဲ့ အားသာချက်တွေကတော့ -

ကျောင်းရွေးချယ်ခွင့် ကျယ်ပြန့်ခြင်း

ဂျပန်တက္ကသိုလ် အများစု (၉၅% ခန့်) က EJU ရမှတ်ကို လက်ခံတာကြောင့် မိမိကြိုက်နှစ်သက်တဲ့ တက္ကသိုလ်ကို လျှောက်ထားနိုင်ခြင်း။

Scholarship အခွင့်အလမ်း

ရမှတ်ကောင်းမွန်ပါက MEXT အပါအဝင် ပညာသင်ဆုများ ရရှိဖို့ ရာခိုင်နှုန်း ပိုမိုမြင့်မားခြင်း။

မေဂျာအလိုက် သီးသန့်ပြင်ဆင်နိုင်ခြင်း

မိမိတက်မည့် မေဂျာအလိုက် (Arts / Science) လိုအပ်သည့် ဘာသာရပ်များကို သီးသန့်ပြင်ဆင်နိုင်ခြင်း။

တစ်နှစ်ကို (၂) ကြိမ် (ဇွန် / နိုဝင်ဘာ) မှာသာ ကျင်းပတာဖြစ်လို့ အချိန်ကို အကျိုးရှိရှိနဲ့ အမှားအယွင်းမရှိ ပြင်ဆင်ဖို့လိုအပ်ပါတယ်။ ပြင်ဆင်ချိန်နည်းသွားရင် ဒါမှမဟုတ် ဘာသာရပ်ရွေးချယ်မှု မှားယွင်းသွားရင် ဖြစ်ချင်တဲ့ အိပ်မက်တွေ တုံ့ဆိုင်းသွားနိုင်ပါတယ်။

OHIO မှာတော့ EJU အတွက် အတွေ့အကြုံရင့် ဆရာတွေ ကိုယ်တိုင် စနစ်တကျ လမ်းညွှန်သင်ကြား‌ပေးနေပြီး ဘယ်ဘာသာရပ်တွေကို ဦးစားပေး လေ့လာရမလဲဆိုတာကိုပါ သေချာ Guide ပေးနေပါတယ်။

EJU Class တွေအကြောင်းနဲ့ မိမိနဲ့ ကိုက်ညီမယ့် ဘာသာရပ်ရွေးချယ်မှုတွေအတွက် အသေးစိတ် သိလိုပါက -

Page Messenger ကနေဖြစ်စေ

ဖုန်း - 09-783465782 , 09-429849021 သို့ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်သလို...

လူကိုယ်တိုင် လာရောက်ဆွေးနွေးချင်တယ် ဆိုရင်တော့ -

လိပ်စာ - အမှတ် (၃၆/၃၈)၊ ၃လွှာ၊ အခန်း (၂၀၃)၊ Grand Myay Nu Condo၊ မြေနုလမ်း၊ စမ်းချောင်းမြို့နယ်။

ရုံးချိန် - (တနင်္လာ မှ သောကြာ၊ ရုံးချိန်အတွင်း) လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်။

🇯🇵 ဂျပန်သွားဖို့ အေဂျင်စီရွေးမှားလို့ မဖြစ်တော့မယ့် အချိန်ရောက်နေပါပြီ ✨📑ဂျပန် Immigration ရဲ့ စည်းမျဉ်းစည်းကမ်းတွေက ရှေ...
20/08/2026

🇯🇵 ဂျပန်သွားဖို့ အေဂျင်စီရွေးမှားလို့ မဖြစ်တော့မယ့် အချိန်ရောက်နေပါပြီ ✨

📑ဂျပန် Immigration ရဲ့ စည်းမျဉ်းစည်းကမ်းတွေက ရှေ့လျှောက် ပိုပြီး တင်းကျပ်လာဖို့ပဲ ရှိနေတာမို့ ကိုယ့်ရဲ့ ဂျပန်ပညာရေးနဲ့ အလုပ်အကိုင် အိပ်မက်တွေ သေချာပေါက် အကောင်အထည်ပေါ်ဖို့ဆိုရင်

"Agency မှန်ကန်စွာ ရွေးချယ်နိုင်ဖို့" က အသက်တမျှ အရေးကြီးလာပါပြီနော်။ 🌟

ကိုယ့်ရဲ့ အနာဂတ်အတွက် ယုံကြည်စိတ်ချစွာ ပုံအပ်နိုင်မယ့် အေဂျင်စီတစ်ခုကို ရွေးချယ်တဲ့အခါ ဘာကြောင့် OHIO ကို ရွေးချယ်သင့်တာလဲ? 🤷‍♀️🤷‍♂️

🏆 ခိုင်မာတဲ့ သမိုင်းကြောင်းနဲ့ အောင်မြင်မှု (Proven History & Success)

OHIO ဟာ နှစ်ပေါင်းများစွာ ကျောင်းသား၊ ကျောင်းသူများစွာရဲ့ ဂျပန်အိပ်မက်တွေကို လက်တွေ့အဖြစ် အကောင်အထည်ဖော်ပေးနိုင်ခဲ့တဲ့ ခိုင်မာတဲ့ သမိုင်းကြောင်းရှိပါတယ်။

လျှောက်ထားပေးတဲ့ Intake တိုင်းမှာ COE အောင်ချက် မြင့်မားနေရခြင်းရဲ့ လျှို့ဝှက်ချက်ကတော့...

✨ ကျောင်းသားတစ်ဦးချင်းစီနဲ့ အကိုက်ညီဆုံးဖြစ်မယ့် မြို့နဲ့ ကျောင်းကို ရွေးချယ်ပေးခြင်း

✨ လိုအပ်တဲ့ ဂျပန်စာ အရည်အချင်းနဲ့ Training ပိုင်းတွေကို အပြည့်အဝ ပံ့ပိုးပေးခြင်း

✨ စာရွက်စာတမ်း (Documents) အပိုင်းကို အသေးစိတ်ကအစ သေချာ ဂရုတစိုက် ပြင်ဆင်ပေးခြင်း စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ဆီကနေ ဂျပန်ကို ရောက်ရှိပြီး အောင်မြင်နေကြတဲ့ ကျောင်းသားဟောင်းများစွာဟာ OHIO ရဲ့ အကောင်းဆုံး သက်သေတွေပဲ ဖြစ်ပါတယ်။

✈️ MD ကိုယ်တိုင် ဂရုစိုက်ပေးမယ့် ဝန်ဆောင်မှု (Founder's Support in Japan)

အခြားနေရာတွေနဲ့ မတူတဲ့ OHIO ရဲ့ အကြီးမားဆုံး အားသာချက်ကတော့ ကျောင်းသားတွေ ဂျပန်ကို ရောက်ရှိသွားတဲ့အခါမှာ အခက်အခဲမရှိ အဆင်ပြေစေဖို့ MD ကိုယ်တိုင် ဂျပန်အထိ သွားရောက်ပြီး နွေးနွေးထွေးထွေး လမ်းညွှန်ဂရုစိုက်ပေးတာပဲ ဖြစ်ပါတယ်။ 🥰

🤝 ၁၀၀% တာဝန်ယူမှု၊ တာဝန်ခံမှု (Full Accountability & Responsibility)

2027 April Intake ကစပြီး ကျောင်းသားတွေအတွက် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့အတူ တာဝန်ယူမှု၊ တာဝန်ခံမှုကို အရင်ကထက် ပိုမို ပေါ်လွင်အောင် အကောင်းဆုံး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဗီဇာကိစ္စကစလို့ ဂျပန်ရောက်တဲ့အထိ အစစအရာရာ စိတ်ချယုံကြည်စွာ အပ်နှံနိုင်ပါတယ်။

🌸 2027 April Intake အတွက် ဂျပန်ကျောင်းတွေရဲ့ Interview တွေ စတင်နေပြီဖြစ်လို့ အချိန်မဆွဲဘဲ အခုပဲ OHIO နဲ့အတူ သင့်ရဲ့ ဂျပန်အိပ်မက်တွေကို အမြန်ဆုံး စတင်လိုက်ရအောင်! 🏃‍♂️💨

Page Messenger ကနေဖြစ်စေ ဖုန်း - 09-783465782 , 09-429849021,09253054178 သို့ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်သလို...

လူကိုယ်တိုင် လာရောက်ဆွေးနွေးချင်တယ် ဆိုရင်တော့ - အမှတ် (၃၆/၃၈)၊ ၃လွှာ၊ အခန်း (၂၀၃)၊ Grand Myay Nu Condo၊ မြေနုလမ်း၊ စမ်းချောင်းမြို့နယ်ကို (တနင်္လာ မှ သောကြာ၊ ရုံးချိန်အတွင်း) လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်။

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959781886055

Alerts

Be the first to know and let us send you an email when 𝗢𝗛𝗜𝗢 𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 𝗖𝗲𝗻𝘁𝗲𝗿 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to 𝗢𝗛𝗜𝗢 𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 𝗖𝗲𝗻𝘁𝗲𝗿:

Shortcuts

Share