EduHub

EduHub

Share

More than just consultants—we are your mentors.

Helping Myanmar scholars reach the top 1% of Japanese Universities.

📩 DM to book your strategy session.
📍 Personalized guidance for Myanmar students.
⚠️ Limited seats available for consultations.

11/05/2026

EduHub ကို လာရောက်ဆွေးနွေးတဲ့ ညီမလေးတစ်ယောက်နဲ့ စကားပြောဖြစ်ရင်း၊ 専門 ကနေ တက္ကသိုလ်ပြောင်းချင်တဲ့ ကျောင်းသူ/ကျောင်းသားတွေ အများကြီးရှိမယ်လို့ ထင်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ဂျပန်က တက္ကသိုလ်တွေကို ပြောင်းရွှေ့တက်ရောက်နိုင်တဲ့ Hennyu (編入 - Transfer System) အကြောင်းကို အသေးစိတ် မျှဝေပေးလိုက်ပါတယ်။

1. Hennyu (編入) ဆိုတာ ဘာလဲ?
ဂျပန်ရဲ့ Transfer System ဟာ များသောအားဖြင့် 3rd Year (တတိယနှစ်)ကနေ တိုက်ရိုက် စတက်ရတာမျိုးပါ။
🎓ဘယ်သူတွေ လျှောက်လို့ရလဲ
* မြန်မာပြည်ကနေ ဘွဲ့ရပြီးသူများ
* တက္ကသိုလ်၂ နှစ်/ ၃ နှစ် တက်ရောက်ပြီးသူများ
* ဂျပန်မှာ 専門学校သို့မဟုတ် Kosen တက်နေသူများ

💡 အထူးအားသာချက်: EJU ဖြေဆိုရန် မလိုတော့ဘဲ၊ မိမိလျှောက်ထားမည့် မေဂျာအလိုက် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ (Written Test & Interview) ကိုသာ တိုက်ရိုက်ဖြေဆိုရမှာ ဖြစ်ပါတယ်။

2. ဝင်ခွင့်စာမေးပွဲ ပုံစံ (Entrance Exams)
ဘာသာရပ်အတွက် အဓိက စစ်ဆေးလေ့ရှိတာတွေကတော့ ဥပမာ computer science မေဂျာအတွက်ဆိုရင်
✅Mathematics (数学)
✅Computer science Knowledge အခြေခံ
✅English Proficiency TOEIC or TOEFL
✅Short Essay (小論文)
✅Interview (面接)

(မှတ်ချက် - အခြားမေဂျာများအတွက် ဝင်ခွင့်ရေးဖြေဘာသာရပ်များ ကွာခြားနိုင်ပါတယ်။)

3. လျှောက်ထားရမယ့် အချိန်ဇယား (Timeline)
Universities တွေက တစ်ကျောင်းနဲ့ တစ်ကျောင်း အချိန်မတူပေမယ့် အကြမ်းဖျင်းအားဖြင့်
募集要項 (Application Guide) အတွက် ဧပြီ - မေ
Application လျှောက်လွှာတင်ခြင်းအတွက် ဇွန် - ဇူလိုင်
ဝင်ခွင့်စာမေးပွဲဖြေဆိုခြင်း အတွက် ဩဂုတ် - စက်တင်ဘာ

🎯ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်ဖို့ဆိုရင်တော့စာမေးပွဲမေးခွန်းတွေက ဂျပန်လိုဖြစ်တဲ့အတွက် အနည်းဆုံး N2Level ရှိမှသာ မေးခွန်းနားလည်ပြီး ဖြေဆိုနိုင်မှာပါ။
Past Papers (過去問)တွေအရေးကြီးပါတယ်။ ကျောင်းရဲ့ Website မှာ ကြည့်လို့ရသလို၊ ကျောင်းကို request လုပ်ပြီးတောင်းရတာမျိုးလဲရှိပါတယ်

Hennyu (編入) စနစ်နဲ့ ပတ်သက်ပြီး ကိုယ်တက်ရောက်ချင်တဲ့ မေဂျာအတွက် ဘာတွေပြင်ဆင်ရမလဲဆိုတာကို သေချာသိချင်တယ်ဆိုရင်တော့ EduHubမှာယုံကြည်စိတ်ချစွာ လာရောက်ဆွေးနွေး အကြံဉာဏ်ရယူနိုင်ပါတယ်။






09/05/2026

🇯🇵နိုင်ငံခြားမှာ ကျောင်းဆက်တက်ဖို့ ရည်ရွယ်ထားရင်ကိုယ်သွားချင်တဲ့ တက္ကသိုလ်ရဲ့ ဝင်ခွင့်သတ်မှတ်ချက်တွေကို တိတိကျကျ သိထားဖို့ အရေးကြီးပါတယ်

ဂျပန်တက္ကသိုလ်တွေအတွက်ကတော့ Website တွေက ဂျပန်လိုချည်းပဲဆိုပြီး မရှာတတ်တာတွေရှိနိုင်သလို တစ်ချို့ ကျောင်းတွေကတော့ ကျောင်းသားတွေအတွက် english လိုရေးထားပေမယ့်လဲ translation မတိကျတာ information မပြည့်စုံတာတွေရှိနေတတ်ပါတယ် တတ်နိုင်ရင်တော့ ဂျပန်လို website ကိုအသုံးပြုသင့်ပါတယ်

EduHub ကနေ အချိန်မကုန်ဘဲ ထိထိရောက်ရောက် ရှာဖွေနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။
1. Google မှာ တက္ကသိုလ်နာမည်ရိုက်ထည့်ပြီးရှာလို့ရပါတယ်
• ဂျပန်လို: [တက္ကသိုလ်အမည်] + 外国人留学生入試(နိုင်ငံခြားကျောင်းသား ဝင်ခွင့်) 募集要項(Application Guidelines)
• အင်္ဂလိပ်လို: [University Name] + International Undergraduate or master or PhD Admission
2. Boshu Yoko" (募集要項) ကို မဖြစ်မနေ Download ဆွဲပါ
Website ပေါ်က စာတွေထက်စာရင် တက္ကသိုလ်က တရားဝင်ထုတ်ပြန်ထားတဲ့ "Application Guidelines (PDF)" ဖိုင်ကို ရအောင်ရှာပြီး သိမ်းထားပါ။ အဲ့ဒီထဲမှာမှ အချက်အလက် အပြည့်စုံဆုံး ပါဝင်တာဖြစ်ပါတယ်။

‼️PDF ဖိုင်ထဲမှာ ဒီ (၅) ချက်ကို အဓိကထားဖတ်ပါ

✅လျှောက်လွှာတင်ရမည့် ကာလ - Admission Calendar" ကို အမြဲစစ်ဆေးပါ၊ Application period and intake year ကို confirmပါ
✅ပညာအရည်အချင်း၊ မိမိဖြေဆိုထားသော GED လို လက်မှတ်တွေကို အသိအမှတ်ပြု/မပြုဖတ်ပါ
✅EJU ဘာသာရပ်များ ဘယ်ဘာသာရပ်တွေ ဖြေဆိုထားဖို့ လိုအပ်လဲဆိုတာကြည့်ပါ (English or Japanese ဖြေတာလက်ခံလား)
✅အနည်းဆုံး ရမှတ် (Cut-off Score) ရှိမရှိ? တစ်ချို့ score တွေကတော့ ကျောင်းတိုင်းမပြောပြပါဘူး
✅အင်္ဂလိပ်စာ အရည်အချင်း- TOEFL / IELTS အပြင် တချို့တက္ကသိုလ်တွေမှာ Duolingo ကို လက်ခံတာမျိုး ရှိ/မရှိ သေချာစစ်ဆေးပါ။
✅Pre admission scholarship လျှောက်ဖို့လိုမလိုဆိုတာရှာပါ

နောက်ဆုံး ဂျပန်လို ဖတ်ရတာ အခက်အခဲရှိနေသေးရင် Chrome Browser မှာ "Google Translate Extension" ကို တပ်ဆင်ထားပြီး တစ်မျက်နှာလုံးကို English လို ပြောင်းဖတ်ပါ။ ဒါကတော့နောက်ဆုံးနေမှ သုံးစေချင်ပါတယ် translations error တွေဖြစ်တတ်လို့ပါ

🎓 ကိုယ်တက်ချင်တဲ့ တက္ကသိုလ်နဲ့ လိုအပ်ချက်တွေကို သိပြီဆိုရင်တော့ လက်တွေ့ပြင်ဆင်ဖို့ အချိန်နီးလာပါပြီ ၂၀၂၇ intake အတွက် admission period တွေစတော့မှာပါ

အဲ့နည်းနဲ့ပဲ ကိုယ်စိတ်ဝင်စားတဲ့ ကျောင်းရဲ့ Requirement တွေကို ရှာကြည့်နိုင်ပါပြီနော်
အသေးစိတ်ထပ်မံဆွေးနွေးချင်ရင်တော့ EduHub ရဲ့ Messenger မှာလာရောက် စုံစမ်းနိုင်ပါပြီ။ ✨





07/05/2026

🇯🇵 Ritsumeikan Universitရဲ့၂၀၂၇ Intake အတွက် ကြိုတင်ပြင်ဆင်နိုင်ဖို့အတွက် applications period လေးရှယ်ပေးလိုက်ပါတယ်။
🎓Ristumeikan University ရဲ့ ကျောင်းသားစိတ်ဝင်စားမှုအများဆုံးနှင့် လျှောက်ထားမှုအများဆုံးဖြစ်တဲ့ english လိုသင်တဲ့ မေဂျာတွေလဲဖြစ်ပါတယ်
💰 Principle အရကျောင်းဝင်ခွင့်ရရှိတဲ့ကျောင်းသားတိုင်းအတွက် ၂၀% Scholarship အခွင့်အလမ်းပေးနေပြီး ထူးချွန်ကျောင်းသားများအတွက် ၅၀-၁၀၀% ပေးနေတဲ့ကျောင်းလဲဖြစ်ပါတယ်

⚠️ မကြာခင်မှာလဲ application period ရောက်လာတော့မှာဖြစ်တဲ့အတွက် မလျှောက်ထားမီ သတိထားရမည့်အချက်များကိုပြောပြချင်ပါတယ်
1. English Score:IELTS/TOEFL/Duolingo ရမှတ်များကို ကြိုတင်ပြင်ဆင်ရန်။
2. SOP & Essays:မိမိ၏ ရည်မှန်းချက်ကို ပေါ်လွင်အောင် ရေးသားနိုင်မှုသည် Scholarship အတွက် အဓိကကျပါသည်။
3. Application Timeline:၂၀၂၇ Intake အတွက် Application Period မစမီ လိုအပ်သောစာရွက်စာတမ်းများ စုဆောင်းထားရန် အချက်များဖြစ်ပါတယ်

Ritsumeikan University နှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များ၊ Application အဆင့်ဆင့်နှင့် သတိထားရမည့် အချက်များကို Eduhub မှာအသေးစိတ်ဆွေးနွေးတိုင်ပင်နိုင်ပါပြီ။








07/05/2026

✨Japan ကို GED နဲ့ ကျောင်းလျှောက်ချင်သူများအတွက် သတင်းကောင်း

InnoEd ကျောင်းသူ/သားများအတွက် အထူးအခွင့်အရေးများရရှိစေဖို့ InnoEd မှ partnership များချိတ်ဆက်နေရာတွင် အခုတစ်ခေါက်မှာ - EduHub နှင့် Partnership (Memorandam of Agreement) ရေးထိုးထားကြောင်း ဂုဏ်ယူစွာနဲ့ သတင်းကောင်းပါးချင်ပါတယ်။

EduHub မှာ
🔹Japan မှာ ကျောင်းတက်ဖို့အတွက် consultation နှင့် admission အတွက် ပြင်ဆင်ပေးတာများအပြင်
🔹EJU အတန်းများပါတက်ရောက်နိုင်ပါတယ်။

✨InnoEd က ကျောင်းသူ ကျောင်းသားတွေအနေနဲ့ EduHub မှာ consultation ယူခြင်းများ၊ EJU အတန်းအပ်ခြင်းများ ပြုလုပ်မယ်ဆိုရင် - InnoEd students များအတွက် Exclusive discounts များ ရရှိမှာဖြစ်ပါတယ်။💯

✨ဒါ့အပြင် EduHub မှ ညွှန်းပေးလိုက်လို့ InnoEd မှာ အတန်းလာအပ်သူများကိုလဲ Exclusive discounts များ ပေးသွားဦးမှာပါ။💯

👉ထပ်မံသိချင်တာရှိရင် - comment (or) messenger (or) phone/viber 09880032336 ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

InnoEd - A Bridge to Your Brighter Future
Much Love💙
Tr. Mary

04/05/2026

📄Japanese Style CV form ပုံစံရေးနည်းလေးပြောပြပေးထားပါတယ်

📝ဒီလို CV form ပုံစံသာ တစ်စောင်ပြင်ထားနိုင်မယ်ဆိုရင် ဘွဲ့လွန်များအတွက် academic supervisor တွေဆီဆက်သွယ်တဲ့အချိန်၊ academic jobတွေရှာတဲ့အချိန် အဲ့လိုအချိန်တွေသာမကဘဲ part time job, internship ၊ scholarship တွေအတွက်ပါ မှီငြမ်းစရာ form တစ်ခုရနိုင်ပါတယ်

👩‍🏫👨‍🏫Eduhub Group က ဒီလို ပညာရေးလမ်းကြောင်းများနှင့် ပတ်သတ်တဲ့ အကြံတွေ ဆွေးနွေးပေးမှုတွေ လမ်းညွှန်မှုတွေအတွက် အသေးစိတ်သိချင်တာတွေရှိရင်လဲ Page cb မှာလာမေးလို့ရပါတယ်

📚တခြားသိချင်တဲ့အကြောင်းအရာတွေရှိရင် comment မှာရေးထားပေးခဲ့ပေးပါ။ နောက်video or post လေးတွေထပ်တင်ပေးမှာဖြစ်ပါတယ်




#ဘွဲ့လွန်
university

27/04/2026

“A beginner’s Guide to Master Research Proposal”
Part 2- How to prepare Research Proposal

မင်္ဂလာပါရှင်။
Part 1 တုန်းက “0”ကနေ “Research Interest” ကို ကိုယ့်ဘာသာကို ဘယ်လို ရှာဖွေ မလည်းဆိုတာနဲ့ Sub-Area ထိခွဲ ပုံခွဲနည်းလေးကို တင်ပြပေးခဲ့ပါတယ်။

Part 1: https://www.facebook.com/share/p/18aADwKar1/?mibextid=wwXIfr

ဒီနေ့မှာတော့ အဓိက core ဖြစ်တဲ့ Research Proposal draftကိုပြင်ဆင်ဖို့ ဘယ်လို prepare လုပ်မလည်းဆိုတာကို မျှဝေပေးသွားပါမယ်ရှင်။

ကျွန်မတို့ဟာ Part 1 ကနေ Sub-Area ရခဲ့ပြီဆိုရင်
ဒါဟာResearch Proposal စပြင်ဖို့ မလုံလောက်သေးပါဘူး။ Sub-Area ဟာတစ်နည်းအားဖြင့် ကျွန်မတို့ Master join တဲ့အခါ မဖြစ်မနေရွေးရတဲ့ Lab နဲ့ supervisor ရှာတဲ့အခါ မှာအသုံးဝင်ပါတယ်။နယ်ပယ် ဟာ ကျယ်ပြန့်နေပါသေးတယ်။ကိုယ် တစ်ကယ် Master တန်းမှာ ဘာ research လုပ်မလည်းဆိုတဲ့ specific area ရအောင် ဘယ်လိုထပ်ပြီး break down လုပ်ကြမလည်း။

Filter ၃ခုနဲ့ ချုံ့ကြမယ်!
🔑Filter 1: Specific entity
- ကိုယ့် sub-area ဟာဘယ် နယ်ပယ်တွေမှာ အသုံးပြုနေလည်း ဆိုတာ ကို သိအောင် လေ့လာရမယ်။
- အဲ့ထဲကမှ ကိုယ်စိတ်ဝင်စားတဲ့ Entity ကိုရွေး။
Mechanical ပိုင်းမှာဆို sub-area ဟာ Heat Exchanger ဆို entity ဟာ type of exchanger နဲ့သူ့ကိုသုံးတဲ့ application or system ဖြစ်မယ်။
ဥပမာ- Plate Heat Exchanger used in HVAC systems

Medical ပိုင်းမှာဆို sub-area ဟာ Mental Health ဖြစ်ရင်သူ့ရဲ့ entity ဟာ population နဲ့ သူတို့ ခံစားနေရတဲ့ type of mental condition
ဥပမာ- Urban Youths with depression

🔑Filter 2:Research Problem
ဒီနေရာမှာ အင်မတန် စာဖတ်ရပါမယ်။ အဖြစ်သင့်ဆုံးကတော့ University Website သို့ Research Platform တွေကနေ လတ်တလောမှ publish လုပ်ထားတဲ့ ကိုယ့် sub-area နဲ့ entity keyword တွေပါတဲ့ research paper တွေရဲ့ Title, Problem Statement, Methodology, Outcome တွေကို အဓိကထားပြီး ဖတ်ပါ။
ဖတ်ရင်း ကိုယ့် research အတွက် အောက်ကအချက်၃ချက်ကို တစ်ဆင့်ချင်းဖော်ထုတ်ပါ။

✅R Question: ကိုယ်ရွေးထားတဲ့ Entity မှာ ကိုယ့် sub-area နဲ့ပတ်သက်ပြီး ဘာ barrier , issue, challenge တွေရှိနေလည်း?
✅Emerging Tech: ဒီ problems တွေကို ဘယ်လို Method တွေ Framework တွေ Model တွေသုံးပြီးဖြေရှင်းထားလည်း?
✅Research Gap: ယခုချိန်ထိမဖြေရှင်းနိုင်နေတဲ့ အရာတွေကဘာလည်း?
ဒီ Research gap ကိုဖော်ထုတ်နေတဲ့အဆင့်ဟာ research တိုင်းအတွက် အလွန်အရေးကြီးသော your New Findings or your original contribution တစ်နည်းအားဖြင် ကိုယ့် Novelty အတွက် idea ထွက်လာမဲ့အပိုင်းလည်းဖြစ်ပါတယ်။

ဒီအဆင့်ကျော်ဖြတ်ပြီးရင်တော့အတော်ခရီးပေါက်နေပါပြီ။
ကိုယ်ရွေးထားတဲ့ entity မှာ အခုလက်ရှိ ကြုံနေရဆဲ ဖြစ်တဲ့ Research Gap တွေထဲကမှ ကိုယ် ဖြေရှင်း ချင်တဲ့ အရာ သို့မဟုတ် develop ဖြစ်စေချင်တဲ့အရာဟာ သင့်ရဲ့ research problemပါပဲ။
ဒီ problem ကို အရှေ့က researcher တွေ မလုပ်ရသေးတဲ့ ဘာ data တွေသုံးပြီး ဘယ်လို Framework or Method တွေနဲ့ ဘယ်လိုဖြေရှင်း ပြီး ဘာကို develop လုပ်မလည်းဆိုတာ ဟာ ကိုယ့်ရဲ့ Novelty ဖြစ်လာဖို့ အခြေခံရေသောက်မြစ်
ဖြစ်ပါတယ်။ Research Proposal ပြင်နေတဲ့အချိန်မှာ Result နဲ့ Novelty ပိုင်းထည့်ပြောဖို့အင်မတန်စော နေပါသေးတယ်။ Research တစ်ကယ် စလုပ်ပြီး ကြိမ်ဖန်များစွာ analysis လုပ်ပြီးမှကိုယ်မျှော်လင့်ထားတဲ့ result မျိုးထုတ်နိုင်ပြီဆိုမှ Novelty စစ်စစ်ထွက်လာမှာဖြစ်တယ်။

Format:
Field > Research Interest > Sub-Area > Specific Research Area

Eg.1: Mechanical engineering > Thermodynamics > Heat Exchangers > low thermal efficiency and energy loss of Plate Heat Exchanger used in HVAC systems

Eg.2: Medical/ Public Health > Mental Health > Urban youths with limited access to mental health services

🔑Filter 3:Expected Outcome
- Research Problem ရှာတွေ့တာနဲ့တစ်ပြိုင်နက် ကိုယ် လိုချင်တဲ့မျှော်လင့်တဲ့ outcome လေးကို တန်းပြီး စဉ်းစာ:လို့ ရနိုင်ပါမယ်။(result မဟုတ်ပါ။ ဘာမှ မလုပ်ရသေးလို့ ထွက်လည်းမထွက်သေးပါ။just expected outcome)
ဒီအထိ ရောက်ပြီးရင်တော့ ကိုယ် Master တက်ဖို့ရွေးထားတဲ့ နိုင်ငံရဲ့ ကိုယ်ရွေးထုတ်ထားတဲ့တက္ကသိုလ်တွေကနေ Part 1,Part 2 မှာ ဖော်ပြခဲ့တဲ့ အဆင့်တွေအတိုင်း ကိုယ် ထုတ်နှုတ်ထားတဲ့ Research Plan နဲ့ relate ဖြစ်တဲ့ lab နဲ့ supervisor ကို စိတ်ကြိုက်ရွေးထုတ်မယ်။ Supervisor ရဲ့recent research paper 3/4စောင်ကို ဖတ်ပြီး ကိုယ့်ရဲ့ Specific Research Topic လေးကို ထပ်ပြီး ကျစ်ကျစ်လစ်လစ် လေး ဖြစ်ဖို့ narrow down ထပ်လုပ်ပြီးရင် Research Proposal draft စပြင်ဖို့ ready ဖြစ်နေပါပြီ။

EduHub ရဲ့ consultant တွေဟာ ကျောင်းသားတိုင်းကို Standard Research Proposal format ထဲဝင်အောင် Guideline သေချာ ပေးတဲ့အပြင် Research Interest ကနေစပြီး Noveltyထွက်လာတဲ့အထိဖြည်းဖြည်းချင်း brainstorm လုပ်ပေးခြင်း၊ Research Title format ကအစ Proposal မှာပါရမဲ့ Topic တစ်ခုချင်းစီကို Format ကျကျ နဲ့ သေချာ guideline ပေးပါတယ်။
Master Research Proposal Guidance အတွက် Special Consultant တစ်ယောက်က တစ်ကြိမ်ကို ကျောင်းသားတစ်ယောက်သာ focus လုပ်ပြီး guide လုပ်ပေးတာဖြစ်လို့ Research Proposal Guidance Service အတွက်ဆို တိကျသေချာတဲ့ EduHub မှာ ဆွေးနွေးဖို့ အခုပဲ အမြန်လေး booking တင်လိုက်ပါနော်။ 🥰

24/04/2026

“A beginner’s Guide to Master Research Proposal”
Part 1- Finding Your Research Interest

မင်္ဂလာပါရှင်။ ဒီနေ့ကတော့
⭕️Master Research Proposal ကို ဘယ်ကနေဘယ်လို စရေးရမလည်းမသိဘူး။
⭕️ Methodology မပြောနဲ့ Research interest တောင် ဘယ်လို စဉ်းစားရမလည်း မသိဘူး။
ဆိုတဲ့ သူတွေအတွက် ဘာတွေ စလုပ်ရမယ်ဆိုတာလေးတွေ မျှဝေပေးချင်ပါတယ်ရှင်။

Master join တော့မယ်ဆိုတဲ့ သူတွေ မှာ နှစ်မျိုးနှစ်စားရှိပါတယ်။

☝🏻Bachelor ပြီးတာနဲ့ Master တန်း တက်မဲ့သူ

☝🏻ကြားထဲမှာ အလုပ်ခွင်ဝင်ရောက်ပြီးမှ Master တက်မဲ့သူ

ဒီ အမျိုးအစားနှစ်မျိုးမှာ များသောအားဖြင့် No.1 type ဟာ Bachelor တုန်းကလုပ်ခဲ့တဲ့ project သို့မဟုတ် thesis ကို အခြေခံပြီး master research plan ကိုစဉ်းစားလို့ရနိုင်ပါတယ်။

No.2 type ဟာလည်း ကိုယ့်လုပ်ငန်းခွင်ဟာ ကိုယ့်field ပဲဖြစ်နေမယ်ဆိုရင် ကိုယ်ပါဝင် ခဲ့ရတဲ့ project , work experience ကနေ Research Interest ကို ရှာဖွေ ဖော်ထုတ်နိုင်ပါတယ်။
အပေါ်ကဖော်ပြခဲ့တဲ့မျှဝေမှုတွေက ပုံမှန် Master Research Proposal ပြင်ဆင်တဲ့အခါ သမရိုးကျလုပ်ထုံးလုပ်နည်းတွေဖြစ်ပါတယ်။

သို့ပေမဲ့ No.1type မှာမှ ကျောင်းသားဟာ undergraduate မှာ ဘာ project ဘာ thesis မှသေချာမလုပ်ခဲ့ရတာပဲဖြစ်စေ၊ လုပ်ခဲ့ရင်လည်း အဲ့ area ကို Master မှာ ဆက်မလုပ်ချင်တာပဲဖြစ်စေ စတဲ့ rare situation တွေကြောင့် Master အတွက် research interest စဉ်းစားမရ ဖြစ်တတ်ပါတယ်။

No.2 type သမားတွေဆိုလည်း လုပ်ငန်းခွင် မှာ နေသားကျနေပြီး ရုတ်တရက်Academic ပိုင်းကူးတဲ့အခါ လက်ရှိ လုပ်နေတဲ့ areaကို Master ဆက်မလုပ်ချင်တာပဲဖြစ်စေရုတ်တရက် research interest ကိုအစဖော်မရဖြစ်တတ်ပါတယ်။
ဒီလိုအချိန်အခါတွေမှာ ဘာလုပ်သင့်လည်း။

🔔အရေးကြီးဆုံးအချက်။။စာများများဖတ်ရပါမယ်။ အချိန်ပေးပြီးကို စာဖတ်ရပါမယ်။
ဘယ်လို စရှာပြီး ဘာတွေဖတ်ရမလည်း။

🌟First Step: ကိုယ် သိတဲ့ အရာကစပါ။
1.အဆုံးစွန် ဘာမှတွေးမရရင်ကိုယ့်field နဲ့သက်ဆိုင်ပြီး လက်ရှိ စိတ်ဝင်တစ်စား နေ့တိုင်းလုပ်နေတဲ့ အရာတစ်ခု။ တွေးလိုက်တာနဲ့ ခေါင်းထဲရောက်လာတဲ့ topic တစ်ခု။ဥပမာ ကိုယ်ဟာ IT သမားဖြစ်လို့ ChatGPT ကိုပြေးမြင်တယ်ဆိုပါစို့။
Chat GPT > Generative AI > Artificial
Intelligence (NLP etc.)
စသည်ဖြင့် အဆင့်ဆင့် narrow လုပ်သွားပြီး research interest ကို ရှာဖွေရပါလိမ့်မယ်။
အဓိကက Field > General Idea > Exploration
အဲ့ကနေ keyword တစ်ခု(research interest) တစ်ခုရလာပါလိမ့်မယ်။ ဒီ အဆင့်မှာ ကိုယ်စိတ်ဝင်စားတဲ့အရာ ဟာ အရမ်း broad ဖြစ်နေပါလိမ့်မယ်။ ကိစ္စမရှိပါ။
For example: (Data Science/Big data, Structural Engineering, Urban Design,Thermodynamics,Electronics&Circuits,Public Health, IR,Supply Chain Management etc.)

🌟🌟Second Step: Explore (ရှာဖွေပါ၊ စာဖတ်ပါ)
First Step ကရလာတဲ့ keyword (research interest) ပေါ်အအခြေခံပြီး research စလုပ်ပါ။ Google, University Websites, Research Gateစတာတွေ မှာ ရိုက်ရှာပါ။
ဥပမာ- “Data Science Research Papers “ ထွက်လာတဲ့ research paper တွေ ,Topic တွေရဲ့ အဓိက Title, Overviewနဲ့ Conclusion တွေ ကို ပဲ ဖော့ပြီး လိုက်ဖတ်ပါ။Title မှာတင် ထပ်ခါတစ်လဲလဲပါနေတတ်တဲ့ Keyword တွေဟာ “Sub-areas” တွေပါပဲ။
ဒီအဆင့်မှာတင် သုံးထားတဲ့ Method, Analysis , Model, Framework တွေကို အကြမ်းဖျင်းဖတ်မိလာပါမယ်။ သက်ဆိုင်ရာresearch area ရဲ့ အားနည်းချက်၊အားသာချက်၊လိုအပ်ချက် (problem statement) တွေ စမြင်လာပါမယ်။

🌟Third Step : Narrow down the Research Interest into Sub-Areas
for eg; Data Science/Big Data ==> Computer Vision or Natural Language Processing
အပေါ်က ၂ဆင့်ကျော်ဖြတ်ပြီးရင်တော့ ကိုယ့်ရဲ့ research interest ဟာအတော်လေး broad ဖြစ် နေတာ သိလာပြီး research interest ထဲမှာတင် sub-areaတွေ အများကြီးရှိနေတာ သိလာပါလိမ့်မယ်။ အဲ့ထဲကမှကိုယ် စိတ်အဝင်စားဆုံး ဖြစ်မဲ့အပိုင်းကိုရွေးချယ်ပါ။ ဒီ sub-area သိပြီဆိုတာနဲ့ကိုယ် Master တက်တဲ့အခါ ကိုယ်ရွေးချယ်ရမဲ့ Lab နဲ့ Supervisor ကိုရှာဖွေရာမှ အလွန်
အထောက်အကူပြုပါလိမ့်မယ်။

Sub-Area (Research area) ကိုသိပြီဆိုတာနဲ့ သင်ဟာ လမ်းစပေါ်လာပါပြီ။ Sub-Area ကနေ ဘယ်လိုထပ် ချုံ့ပြီး Research Proposal စပြင်ရမလည်းဆိုတာကိုတော့ နောက်ပို့စ်တစ်ခုမှာ “Part 2- How to Prepare Research Proposal”အနေနဲ့ဝေမျှသွားပေးပါမယ်ရှင်။

ဒီမျှဝေမှုလေးနဲ့ပတ်သတ်ပြီး ဆွေးနွေးချင်တာလေးများရှိရင်လည်း cmt 👇🏻မှာ မန့်ပြီး ဆွေးနွေးနိုင်ပါတယ်နော်။
ကျေးဇူးပါရှင်။

Photos from Myanmar Association of Japan Alumni (MAJA)'s post 22/04/2026

ဂျပန်သွားဖို့ အိပ်မက်ရှိသူများအတွက် MEXT Scholarship လျှောက်လွှာတွေ စခေါ်ပါပြီ! 🎓🌸
ဘွဲ့ကြိုကနေ ဘွဲ့လွန်အထိ အခွင့်အရေးတွေ ရှိနေတာမို့ အခုပဲ စတင်ပြင်ဆင်လိုက်တော့နော်။
လျှောက်လွှာတင်နည်း အသေးစိတ်ကိုတော့ MAJA မှာ စုံစမ်းလို့ ရပါတယ်။
ဒါပေမယ့်... Master/PhD လျှောက်မယ့်သူတွေအတွက် အခက်ခဲဆုံးဖြစ်တဲ့ Research Proposal ကို ဘယ်လိုစရေးရမှန်း မသိဖြစ်နေရင်တော့ EduHub ကို သတိရလိုက်ပါနော်

post graduate ပိုင်းနဲ့ဆိုင်တဲ့ သုတေသန ခေါင်းစဉ်နဲ့ Proposal အဆင့်မီစေဖို့ အကောင်းဆုံး ကူညီပေးနိုင်ပါတယ်



https://www.facebook.com/share/p/1cHysAk6GB/?mibextid=wwXIfr

Photos from EduHub's post 18/04/2026

မြန်မာနှစ်သစ်ကူး အလှူတော်မှတ်တမ်း 🌸
Eduhub (Japan) မှ မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် စစ်ဘေးရှောင် ပြည်သူများအား ကူညီရန်အတွက် Clean Yangon အဖွဲ့သို့ ၃,၀၀၀ ဘတ် (3,000 THB) လှူဒါန်းခဲ့ပါတယ်။
ဒီအလှူဟာ အမတို့ Eduhub ရဲ့ ဝန်ဆောင်မှုတွေကို အစဉ်တစိုက် အားပေးလာကြတဲ့ ကျောင်းသား/ကျောင်းသူများနှင့် ကာစတမ်မာများ အားလုံးရဲ့ အလှူလည်း ဖြစ်ပါတယ်။ အားလုံးရဲ့ ကျေးဇူးကြောင့် အခုလို လိုအပ်နေတဲ့ နေရာတစ်ခုကို တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီခွင့် ရခဲ့တာပါ။ Eduhub ကို ယုံကြည်အားပေးကြသူ တစ်ဦးချင်းစီတိုင်းဟာ ဒီအလှူမှာ ပါဝင်သူတွေပဲ ဖြစ်ပါတယ်။ အားလုံးရဲ့ ကျေးဇူးကြောင့် ဒီထက်ပိုပြီး အများအကျိုးကို ရှေးရှုနိုင်တဲ့ Team တစ်ခုဖြစ်အောင် ဆက်လက် အားထုတ်သွားပါမယ်။ ရှေ့ဆက်ပြီးတော့လည်း လူမှုအကျိုးပြု လုပ်ငန်းတွေမှာ အတူတကွ ပါဝင်ခွင့်ရဖို့ ကြိုးစားပါဦးမယ်ရှင်။

အားလုံးပဲ မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ။

"

17/04/2026

နောက်ထပ် အောင်မြင်မှုတစ်ခုအတွက် ဂုဏ်ယူပါတယ်ရှင်
NUCB (Nagoya University of Commerce & Business)က ဂျပန်မှာ Business ပိုင်းအတွက် Admission ဝင်ခွင့်ထပ်မံရရှိခဲ့ပါပြီ🎉

ဒီညီမလေးက GED-IELTS နဲ့လျှောက်ခဲ့တာဖြစ်လို့ Eduhub ကနေ Application & Essay Service ကို အစအဆုံး တာဝန်ယူပေးခဲ့ပါတယ်။
ဒီ Admission မှာ Eduhub က အဓိက Guide ပေးခဲ့တဲ့ အချက် (၃) ချက်ရှိပါတယ်
1️⃣ Financial Proof အတွက် မြန်မာနိုင်ငံကနေ လျှောက်ထားသူတွေအတွက် အရေးကြီးဆုံးဖြစ်တဲ့ ငွေကြေးထောက်ပံ့မှုအထောက်အထား (Financial documents) တွေစီစဉ်ရတဲ့အပိုင်းကို အသေးစိတ် ဆွေးနွေးပေးပြီး အမှားအယွင်းမရှိအောင် ပြင်ဆင်ပေးခဲ့ပါတယ်။
2️⃣ Strategic Recommendation Letter ဘယ်လို Referee ဆီက Recommendation ယူရင် ပိုပြီးအဆင်ပြေမလဲဆိုတာကို သေချာ ရွေးချယ်လမ်းညွှန်ပေးခဲ့ပါတယ်။
3️⃣ Academic Essay Writingကတော့ Eduhubရဲ့ ထုံးစံအတ်ိုင်း Essay ရဲ့ Content ပြည့်စုံမှုသာမက Writing style နဲ့ Grammar ပိုင်းမှာပါ Academic ဆန်ဆန် ထိထိမိမိရှိအောင် အချောသတ်ပေးခဲ့ပါတယ်။
ရလဒ်ကတော့အခုဆိုရင် ညီမလေးတစ်ယောက် NUCB မှာ တက်ရောက်ခွင့် ရရှိသွားခဲ့ပါပြီ။ 🏆

13/04/2026

မြန်မာနှစ်သစ်ကူး သင်္ကြန်အချိန်အခါသမယမှာ အားလုံးပဲ စိတ်ရောကိုယ်ပါကျန်းမာချမ်းသာကြပါစေ လို့ Eduhub consultant များမှ နှုတ်ခွန်းဆက်သအပ်ပါတယ်ရှင်။


Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address

Yangon

Opening Hours

Monday 10:00 - 18:00
Tuesday 10:00 - 18:00
Wednesday 10:00 - 18:00
Thursday 10:00 - 18:00
Friday 10:00 - 18:00
Saturday 10:00 - 18:00