PalFish Myanmar

PalFish Myanmar We Make Learning More Effective

The Best Toy to Buy for Your Child? မိမိကလေးအတွက် အရုပ်တစ်ခုရွေးချယ်ပေးတဲ့အခါမှာ“ပျော်စရာကောင်းလား?” ဆိုတာတစ်ခုတည်းမဟုတ်...
21/08/2026

The Best Toy to Buy for Your Child?

မိမိကလေးအတွက် အရုပ်တစ်ခုရွေးချယ်ပေးတဲ့အခါမှာ
“ပျော်စရာကောင်းလား?” ဆိုတာတစ်ခုတည်းမဟုတ်ဘဲ
“ကလေးအတွက် ဘာတွေကို အကျိုးရှိစေမလဲ?” ဆိုတာကိုပါ စဉ်းစားဖို့လဲလိုအပ်ပါတယ်။

ဒီနေ့ခေတ်မှာတော့ ကလေးတွေရဲ့ Screen Time ကို လျှော့ချဖို့ကလည်း မိဘတွေအတွက်က စိန်ခေါ်မှုတစ်ခုပါ။

ဒီနေရာမှာ Brainy Pad က ရိုးရိုးကစားစရာတစ်ခုထက် ပိုပြီးတော့
Brainy Pad ရဲ့ Interactive Learning Activities တွေကနေတစ်ဆင့် ကလေးတွေဟာ ကစားရင်း စဉ်းစားနိုင်မယ်၊ English ဝေါဟာရတွေ ကြွယ်၀လာမယ်၊ သင်ယူမှုကို ပိုစိတ်ဝင်စားလာမယ်၊ ဖုန်း၊ Tablet လိုမျိုး Digital Screen တွေကို အချိန်ကြာကြာကြည့်နေမယ့်အစား အခြား Learning Activity တစ်ခုအဖြစ် အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်မှာပဲဖြစ်ပါတယ်။

အရေးကြီးတာက Screen Time ကို လျှော့ချတယ်ဆိုတာ Screen ကို လုံးဝသုံးခွင့်ပေးတော့တာ မဟုတ်ပဲနဲ့ ကလေးရဲ့နေ့စဉ်ဘဝထဲမှာ (Learning Time + Play Time + Screen Time) တွေကို မျှတအောင် စီမံပေးနိုင်ဖို့ပါ။

ဒါကြောင့် ကလေးအတွက် အရုပ်တစ်ခုရွေးမယ်ဆိုရင်—
“ဒီအရုပ်က ဘယ်လောက်ပျော်စရာကောင်းလဲ?”
ဆိုတာအပြင်
“ကစားရင်း သင်ယူနိုင်မလား? Screen Time ကို ပိုကောင်းမွန်တဲ့ Activity တစ်ခုနဲ့ အစားထိုးပေးနိုင်မလား?” ဆိုတာကိုပါ ထည့်သွင်း စဉ်းစားသင့်ပါတယ်။ 💙

အမှတ် (၂၀၂)၊ Parwell ကွန်ဒို၊ အနောက်ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

🌍 www.palfishmm.com

☎️ 09424518191 - 4





19/08/2026

မိမိကလေးရဲ့ English စာစွမ်းရည် တိုးတက်မှုကို ကိုယ်တိုင်တွေ့မြင်လိုက်ရတဲ့ မိဘတစ်ယောက်ရဲ့ အတွေ့အကြုံက ဘယ်လိုမျိုးလဲ?

PalFish ကို ရွေးချယ်ခဲ့တဲ့အကြောင်းရင်းကနေစပြီး
ကလေးတစ်ယောက်ရဲ့ Learning Progress၊ သင်ယူမှုအပေါ် စိတ်ဝင်စားမှုနဲ့ PalFish ရဲ့ သင်ကြားပေးမှုပုံစံအပေါ် မေမေကိုယ်တိုင် ဘယ်လိုတွေ့မြင်ခံစားရလဲဆိုတာကို Video လေးနဲ့တကွ မျှဝေပေးလိုက်ပါတယ်။ 🥰💚

📍အမှတ် (၂၀၂)၊ Parwell ကွန်ဒို၊ အနောက်ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

🌍 www.palfishmm.com

☎️ 09424518191 - 4







17/08/2026

PalFish မှာ English Language ကို သင်ယူရုံသာမက Cross-curriculum Learning အနေနဲ့လည်း ဘာသာရပ်တွေကို English Language နဲ့ ချိတ်ဆက်ပြီး သင်ကြားပေးပါတယ်။

Cross-curriculum အနေနဲ့ကတော့—
- Math
- Art
- Social Science
- Life Science
- Physical Education စတဲ့ အကြောင်းအရာတွေ ပါဝင်ပါတယ်။

ဒီလို ဘာသာရပ်တွေကို English နဲ့ ချိတ်ဆက်သင်ကြားပေးခြင်းအားဖြင့် ကလေးတွေအနေနဲ့ကလည်း English Language Skills ကိုတိုးတက်လာစေရုံသာမက Knowledge, Understanding နဲ့ Critical Thinking Skills တွေကိုပါ တစ်ပြိုင်နက်တည်း ဖွံ့ဖြိုးလာနိုင်ပါတယ်။

PalFish ရဲ့ Learning Experience ကို ပိုမိုထိရောက်ပြီး ထူးခြားစေတဲ့ အဓိကအချက် ၃ ချက်ကတော့—

01-One-On-One Learning
ကလေးတစ်ယောက်ချင်းစီရဲ့ Learning Level, Progress နဲ့ Learning Needs တွေအလိုက် Teacher တွေက အာရုံစိုက်သင်ကြားပေးတဲ့အတွက် Personalized Learning Experience ကိုရရှိစေပါတယ်။

02-Own Learning App
PalFish ရဲ့ ကိုယ်ပိုင် Learning App ပေါ်မှာ သင်ခန်းစာတွေကို နေရာမရွေး Internet ရှိရုံဖြင့် Interactive ဖြစ်စွာ လေ့လာနိုင်ပြီး Learning Experience တစ်ခုလုံးကို ပိုမိုထိရောက်စွာ လေ့လာသင်ယူနိုင်ပါတယ်။

03-Native Teachers
Native Teachers တွေနဲ့ တိုက်ရိုက်သင်ယူခြင်းကနေ English ကို ဘာသာပြန်ပြီး လေ့လာတာထက် သဘာဝကျကျ နားလည်ပြီး လက်တွေ့အသုံးချနိုင်အောင်လည်း လေ့ကျင့်ပေးပါတယ်။

ဒီနေ့မှာတော့ PalFish ရဲ့ Cross-curriculum Learning တွေထဲက Social Science
နှင့် Life Science တို့ဖြစ်ကြတဲ့ History နှင့် Values အကြောင်းအရာကို English Language နဲ့ ချိတ်ဆက်ပြီး သင်ယူနေတဲ့ ပုံရိပ်လေးတွေကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

ဒါကြောင့် မိဘတွေအနေနဲ့ မိမိတို့ကလေးငယ်ရဲ့ English Learning Journey အတွက် PalFish ကို ယုံကြည်စွာ ရွေးချယ်နိုင်သလို

ကလေးတွေရဲ့ တိုးတက်မှုတိုင်းအတွက် PalFish က အမြဲတမ်း အနီးကပ်လမ်းညွှန်ပေးဖို့နဲ့ အကောင်းဆုံး Learning Experience ရရှိစေဖို့ အစဉ်အမြဲ အသင့်ရှိနေပါတယ်။ 💚

📍အမှတ် (၂၀၂)၊ Parwell ကွန်ဒို၊ အနောက်ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

🌍 www.palfishmm.com

☎️ 09424518191 - 4







15/08/2026

“၂၅ မိနစ်ပဲဆိုတော့ စာသင်ချိန်နည်းလွန်းတာ မဟုတ်ဘူးလား?” 🤔

ဒီမေးခွန်းက PalFish Class နဲ့ပတ်သက်ပြီး မိဘတွေ မေးလေ့ရှိတဲ့ မေးခွန်းတစ်ခုပါ။

တကယ်တော့ PalFish Class ရဲ့ Learning Time ကို ၄၅ မိနစ် အဖြစ် ဖွဲ့စည်းထားပြီးတော့

⏰ 10 mins — Preview
သင်ခန်းစာမစခင် အကြောင်းအရာနဲ့ ရင်းနှီးအောင် ကြိုတင်လေ့လာခြင်း

⏰ 25 mins — 1 on 1 Live Class
Teacher နဲ့ ကလေး တစ်ဦးချင်း တိုက်ရိုက်အပြန်အလှန် သင်ယူခြင်း

⏰ 10 mins — Homework
သင်ယူခဲ့တဲ့အရာတွေကိုပိုမိုမှတ်မိစေဖို့ ပြန်လည်လေ့ကျင့်ခြင်း

ဒါကြောင့် ၂၅ မိနစ်ဆိုတာ သင်ယူချိန်တစ်ခုလုံး မဟုတ်ဘဲ Teacher နဲ့ တိုက်ရိုက်သင်ယူတဲ့ Core Learning Time ပဲဖြစ်ပါတယ်။

ကလေးတွေအတွက် အရေးကြီးတာက “စာသင်ချိန် ဘယ်လောက်ကြာလဲ?” ဆိုတာထက်
“သတ်မှတ်ထားတဲ့အချိန်အတွင်း ဘယ်လောက်ထိ အာရုံစိုက်ပြီး ထိရောက်စွာ သင်ယူနိုင်လဲ?” ဆိုတာပါ။ ✨

PalFish Class ဟာဆိုရင်တော့ အချိန်ပိုကြာအောင် သင်ပေးဖို့ထက်၊ သင်ယူချိန်တိုင်းကို အကျိုးရှိရှိ အသုံးချနိုင်ဖို့ အတွက် အလေးထားထားခြင်းပဲဖြစ်ပါတယ်။💚

📍အမှတ် (၂၀၂)၊ Parwell ကွန်ဒို၊ အနောက်ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

🌍 www.palfishmm.com

☎️ 09424518191 - 4







📱 How To Control Screen Time“ဒီနေ့ခေတ်မှာ ကလေးကို Screen လုံးဝပေးမကြည့်ဘဲ နေလို့ရနိုင်ပါ့မလား?”အဖြေကတော့ “ခက်ပါတယ်။”Onli...
13/08/2026

📱 How To Control Screen Time

“ဒီနေ့ခေတ်မှာ ကလေးကို Screen လုံးဝပေးမကြည့်ဘဲ နေလို့ရနိုင်ပါ့မလား?”

အဖြေကတော့ “ခက်ပါတယ်။”

Online Learning၊ Video Call၊ Educational Apps စတာတွေက နေ့စဉ်လှုပ်ရှားမှုတွေမှာ Screen တွေက တစ်စိတ်တစ်ပိုင်းဖြစ်နေပါပြီ။

ဒါကြောင့် Screen ကို လုံးဝတားမြစ်ဖို့ထက် ကလေးရဲ့ Screen Time ကို အကျိုးရှိတဲ့ Learning Time အဖြစ် ပြောင်းလဲပေးနိုင်ဖို့ က ပိုပြီးအရေးကြီးပါတယ်။

💡ဒီတော့ မိမိကလေးငယ်ရဲ့ Screen Time ကို Control လုပ်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဖေဖေမေမေတို့အတွက် မျှဝေပေးချင်ပါတယ်။

✅ Screen Time ကို စည်းကမ်းထားပါ
အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ Screen Time ကို သတ်မှတ်ထားပြီး နေ့စဉ်ပုံမှန် လိုက်နာနိုင်အောင် ကူညီတည့်မတ်ပေးပါ။

✅ Screen-Free Moments ဖန်တီးပါ
အစားစားချိန်၊ မိသားစုအတူရှိချိန်နဲ့ အိပ်ခါနီးအချိန်တွေကို Phone တွေ၊ Tablet တွေကိုမသုံးပဲဖြတ်သန်းပေးတာက ကလေးရဲ့ အလေ့အကျင့်ကောင်းတွေကို တည်ဆောက်ပေးနိုင်သလို၊ အိပ်စက်ချိန်ကိုလည်း ပိုပြီးတည့်မတ်ပေးနိုင်ပါတယ်။

✅ Passive Watching ထက် Active Learning ကို ရွေးချယ်ပေးပါ
Video တွေကြည့်နေတာ၊ Game တွေဆော့နေတာထက် ကလေးကို စဉ်းစားစေတဲ့၊ ပြောဆိုတုံ့ပြန်စေတဲ့၊ ရေးသားဖြေရှင်းစေတဲ့ Interactive Learning Activities တွေကို ပိုရွေးချယ်ပေးပါ။

✅ မိဘတွေက အကောင်းဆုံး Role Model အဖြစ်သင်ပြပေးပါ
ကလေးတွေဟာ မိဘတွေရဲ့ အပြုအမူတွေကို အရင်ဆုံး သင်ယူတတ်ကြပါတယ်။ Screen ကိုစနစ်တကျ အသုံးပြုကို မိဘတွေကိုယ်တိုင်ကလည်း သင်ပြပေးခြင်းက အကောင်းဆုံး သင်ခန်းစာတစ်ခုပါ။

🤝 Give & Take နည်းလမ်းနဲ့ သင်ပေးပါ
Screen Time ကို အလိုအလျောက် ရနိုင်တဲ့အရာတစ်ခုအဖြစ် မထားဘဲ တာဝန်ယူမှုနဲ့ ချိတ်ဆက်ပေးတာ လည်း ထိရောက်တဲ့နည်းလမ်းတစ်ခုပါ။

ဥပမာ - “သား/သမီး ဒီနေ့ မေမေပြောထားတဲ့ အလုပ်လေးတွေ ပြီးအောင်လုပ်နိုင်ရင် မေမေက ဖုန်း ၁၅ မိနစ် ကြည့်ခွင့်ပေးမယ်နော်” ဆိုတာမျိုးပါ။

ဒီလိုမျိုး ကြိုတင်သဘောတူထားခြင်းက ကလေးကို
“လုပ်စရာရှိတာကို အရင်ပြီးအောင်လုပ်မယ်၊ ပြီးရင် ကိုယ်လိုချင်တဲ့အရာကို ရမယ်”
ဆိုတဲ့ အလေ့အကျင့်ကောင်းလေးကို တဖြည်းဖြည်း သင်ယူလာနိုင်ပါတယ်။

အရေးကြီးတာက Screen Time ကို ဆုလာဘ်တစ်ခုတည်းအဖြစ် အသုံးပြုဖို့မဟုတ်ဘဲ ကလေးနဲ့ မိဘကြားမှာ စည်းကမ်းရှိမှု၊ တာဝန်ယူမှုနဲ့ ယုံကြည်မှုတွေကို တည်ဆောက်ဖို့အတွက် အသုံးချပါ။

💛 Remember…

Screen Time က ပြဿနာမဟုတ်ပါဘူး။
Screen ကို ဘယ်လိုအသုံးချနေသလဲဆိုတာကသာ ကွာခြားချက်ကို ဖန်တီးပေးတာပါ။

ဒါကြောင့် Screen ကို ဖျော်ဖြေရေးတစ်ခုတည်းအတွက် မဟုတ်ဘဲ တွေးခေါ်စေတဲ့အချိန်၊ သင်ယူစေတဲ့အချိန်၊ ဖန်တီးနိုင်တဲ့အချိန် အဖြစ် အသုံးချနိုင်ရင် ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် ပိုပြီး အကျိုးရှိလာမှာပါ။

အဲဒီလို Interactive Learning ကို ပိုပြီး ထိရောက်စေဖို့ Brainy Pad လို Learning Tool လေးတွေအသုံးပြုစေခြင်းကလည်း ကလေးတွေအတွက် သင်ကြားရေးအချိန်တွေမှာ ပိုမိုလွယ်ကူစေပြီး သင်ခန်းစာတွေအပေါ် အာရုံစိုက်နိုင်ဖို့ အထောက်အကူပြုပါနိုင်တယ်။ ✨

အမှတ် (၂၀၂)၊ Parwell ကွန်ဒို၊ အနောက်ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

🌍 www.palfishmm.com

☎️ 09424518191 - 4





PalFish Myanmar မှာ ကလေးတစ်ယောက်ချင်းစီရဲ့ Learning Progress ကို အဆင့်လိုက် တိုးတက်စေဖို့ Level (1) ကနေ Level (9) အထိ In...
10/08/2026

PalFish Myanmar မှာ ကလေးတစ်ယောက်ချင်းစီရဲ့ Learning Progress ကို အဆင့်လိုက် တိုးတက်စေဖို့ Level (1) ကနေ Level (9) အထိ International Standard Curriculum နဲ့ သင်ကြားပေးနေပါတယ်။

✅ Level 1 ကို ပြီးမြောက်ဖို့အတွက် အတန်းအချိန်ပေါင်း 30 ပါဝင်ပြီး ၁၀ ပတ် (သို့) ၁၅ ပတ် တက်ရောက်ရပါမယ်။
✅ Level 2 ကနေ Level 9 အထိ အတန်းတွေကတော့ Level တစ်ခုစီကို ပြီးမြောက်ဖို့အတွက် အတန်းအချိန်ပေါင်း 120 ပါဝင်ပြီး ကာလအားဖြင့် ၁၀ လ (သို့) ၁၅ လအကြာတက်ရောက်ရပါမယ်။

Class Structure အနေနဲ့ကတော့

🔹 Preview Session — 10 Minutes
🔹 Main Session — 25 Minutes
🔹 Homework & Review — 10 Minutes

သင်ခန်းစာမစမီ ကြိုတင်ပြင်ဆင်ခြင်း၊ အဓိကသင်ခန်းစာ သင်ကြားခြင်းနှင့် ပြန်လည်လေ့ကျင့်ခြင်းတို့ကို Balance ဖြစ်အောင် စီစဉ်ထားတဲ့ Structure မျိုးနှင့် Class တစ်ချိန်ကို 45 Minutes သင်ကြားပေးပါတယ်။

Package Options တွေအနေနှင့်
- One Month Package
- Three Months Package
- Six Months Package
- Full Course Packages တွေကို စီစဉ်ပေးထားပြီး Installment Plan ဖြင့်လည်း သင်တန်းကြေးကို ပေးသွင်းနိုင်ပါတယ်။

Package Fees လေးတွေကတော့ -

📌 One Month Package

📅 တစ်ပတ် ၂ ရက်
💵 374,220 Ks

📌 Three Months Package

📅 တစ်ပတ် ၂ ရက် — 1,009,800 Ks

📅 တစ်ပတ် ၃ ရက် — 1,514,700 Ks

📌 Six Months Package

📅 တစ်ပတ် ၂ ရက် — 2,019,600 Ks

📅 တစ်ပတ် ၃ ရက် — 3,029,400 Ks

📌 Level 1 Full Package

💵 1,262,250 Ks

📅 တစ်ပတ် ၂ ရက် (သို့) ၃ ရက်

✅ ၂ ရစ်ခွဲ ပေးသွင်းနိုင်ပါတယ်။

📌 Level 2 – Level 9 Full Package

💵 5,049,000 Ks

📅 တစ်ပတ် ၂ ရက် (သို့) ၃ ရက်

✅ ၃ ရစ်ခွဲ ပေးသွင်းနိုင်ပါတယ်။

ဒါ့အပြင် အတန်းအချိန်လေးတွေကိုလည်း ဖေဖေ မေမေတို့အနေနှင့် အဆင်ပြေတဲ့အချိန်ကို ဆရာ၊ ဆရာမများနှင့် ညှိနှိုင်းပြီး စိတ်ကြိုက် ရွေးချယ်တက်ရောက်နိုင်ပါတယ်။

အသေးစိပ်အချက်အလက်လေးတွေကို မေးမြန်းချင်တယ်ဆိုရင်တော့
အောက်ဖော်ပြပါဖုန်းနံပါတ်တွေကနေတဆင့် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်သလို PalFish Myanmar ရဲ့ Official page မှာလည်းစုံစမ်းနိုင်ပါတယ်။

📍အမှတ် (၂၀၂)၊ Parwell ကွန်ဒို၊ အနောက်ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

🌍 www.palfishmm.com

☎️ 09424518191 - 4







08/08/2026

“ကလေးတစ်ယောက်ကို English စာသင်ပေးဖို့ စောလွန်းနေသေးလား?”

ဒီမေးခွန်းက မိဘတော်တော်များများ စဉ်းစားဖူးကြတဲ့ မေးခွန်းတစ်ခုပါ။

တချို့ကတော့ ကျောင်းတက်မှ စသင်သင့်တယ်လို့ ထင်ကြပြီး၊ တချို့ကတော့ ငယ်ငယ်တည်းက Language Exposure ပေးသင့်တယ်လို့ ယုံကြည်ကြပါတယ်။

ဒါဆို… ဘယ်အမြင်က ပိုသင့်တော်မလဲ? 🤔

ဒီ Video လေးထဲမှာတော့
ကလေးတွေရဲ့ Language Development နဲ့ English စာ Learning ကို ဘယ်အချိန်က စတင်မိတ်ဆက်ပေးသင့်လဲဆိုတာကို အလွယ်တကူ နားလည်နိုင်အောင် ဆွေးနွေးထားပါတယ်။

ဖေဖေမေမေတို့အနေနဲ့ကရော ကလေးတစ်ယောက်ကို English စာကိုဘယ်အရွယ်က စပြီး မိတ်ဆက်ပေးသင့်တယ်လို့ ထင်ပါသလဲ?

📍အမှတ် (၂၀၂)၊ Parwell ကွန်ဒို၊ အနောက်ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

🌍 www.palfishmm.com

☎️ 09424518191 - 4







06/08/2026

ကလေးတစ်ယောက်က English ဘာသာစကားကို ကျွမ်းကျင်စွာ ပြောတတ်လာဖို့ဆိုတာ Curriculum ကောင်းတစ်ခုရှိရုံနဲ့ မလုံလောက်ပါဘူး။

သူတို့ကို နားလည်ပေးနိုင်တဲ့ Teacher တစ်ယောက်၊ စိတ်အားတက်ကြွစေတဲ့ Teacher တစ်ယောက်၊ ယုံကြည်မှုကို တည်ဆောက်ပေးနိုင်တဲ့ Teacher တစ်ယောက်လည်း လိုအပ်ပါတယ်။

PalFish Myanmar မှာတော့ Teacher တစ်ယောက်ချင်းစီဟာ စာသင်ပေးသူအဖြစ်သာမက၊ ကလေးတွေရဲ့ စိတ်ဝင်စားမှုကို နိုးဆွပေးသူ၊ ယုံကြည်မှုကို တည်ဆောက်ပေးသူ၊ English Learning Journey ကို အတူလျှောက်လှမ်းပေးတဲ့ လမ်းညွှန်ပေးသူတွေလည်း ဖြစ်ပါတယ်။

အခုဒီ Video လေးမှာတော့ ကလေးငယ်တွေရဲ့ English Learning Journey ကို အတူလျှောက်လှမ်းပေးမယ့် Teacher တွေကို မိတ်ဆက်ပေးထားပါတယ်။

သင့်ကလေးငယ်အတွက် အသင့်တော်ဆုံး Teacher ကို ရွေးချယ်ပြီး ယုံကြည်စိတ်ချစွာနှင့် English Learning Journey ကို အခုပဲစတင်နိုင်ပါပြီ။

📍အမှတ် (၂၀၂)၊ Parwell ကွန်ဒို၊ အနောက် ‌ေရွှ ဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

🌍 www.palfishmm.com

☎️ 09424518191 - 4






📚 What Curriculum Do They Learn?ကလေးတစ်ယောက်ရဲ့ English Foundation ကို ဘယ် Curriculum နဲ့ တည်ဆောက်ပေးနေလဲ?English စာကို ...
04/08/2026

📚 What Curriculum Do They Learn?

ကလေးတစ်ယောက်ရဲ့ English Foundation ကို ဘယ် Curriculum နဲ့ တည်ဆောက်ပေးနေလဲ?

English စာကို သင်ယူခြင်းဟာ စကားလုံးတွေ မှတ်ထားသားတာထက် ပိုပါတယ်။ အနာဂတ်မှာ ယုံကြည်မှုရှိရှိ ပြောဆိုဆက်သွယ်နိုင်ဖို့၊ နိုင်ငံတကာအဆင့်မီ ပညာရေးလမ်းကြောင်းကို လျှောက်လှမ်းနိုင်ဖို့ဆိုရင် အရည်အသွေးမြင့် Curriculum တစ်ခုက အခြေခံအုတ်မြစ်ဖြစ်ပါတယ်။

PalFish Class မှာ Pearson Publishing Group မှ ထုတ်ဝေထားတဲ့ Big English Big Fun (2nd Edition) ကို အသုံးပြုပြီး သင်ကြားပေးလျက်ရှိနေပါတယ်။

ဒီ Pearson Curriculum ဟာဆိုရင်တော့ ကမ္ဘာတစ်ဝှမ်းမှာရှိနေတဲ့ ကျောင်းတွေမှာ အသုံးပြုနေတဲ့ International Standard English Curriculum တွေထဲကတစ်ခုဖြစ်ပြီး ကလေးတွေရဲ့ အသက်အရွယ်၊ သင်ယူနိုင်စွမ်းနှင့် Language Development ကို အခြေခံပြီး အဆင့်လိုက် ရေးဆွဲထားသော သင်ရိုးညွှန်းတမ်းတစ်ခုဖြစ်ပါတယ်။

Pearson Publishing Group မှ ထုတ်ဝေထားတဲ့ Big English Big Fun (2nd Edition)ဟာဆိုရင် Balanced 4 Skills Learning ကိုအခြေခံထားပြီး Listening, Speaking, Reading နှင့် Writing စွမ်းရည် (၄) မျိုးလုံးကို မျှတစွာ ဖွံ့ဖြိုးတိုးတက်စေပါသည်။

Grammar တွေကို မှတ်သားရုံမဟုတ်ဘဲ English စာကို နေ့စဉ်ဘ၀မှာ ယုံကြည်မှုရှိရှိ ပြောဆိုအသုံးပြုနိုင်စေဖို့ ဦးစားပေး သင်ကြားပေးနေပါတယ်။

Stories, Songs, Games နှင့် Activity-based Learning များကို ပေါင်းစပ်ထားတဲ့တွက်ကြောင့် ကလေးငယ်တွေအနေနဲ့ စိတ်ဝင်စားစွာ Interactive & Engaging Lessons တွေအဖြစ် သင်ယူနိုင်ပြီး သင်ခန်းစာတွေကို ပိုမိုလွယ်ကူစွာ နားလည်နိုင်ပါတယ်။

ဒါ့အပြင် Vocabulary, Grammar, Pronunciation နှင့် Critical Thinking Skills များကိုပါ ကမ္ဘာ့ပညာရေးစံနှုန်းများနှင့် ကိုက်ညီသော နည်းလမ်းများဖြင့် တည်ဆောက်ပေးပါသည်။

PalFish Class မှာဆိုရင်တော့ Native English Speaking Teachers တွေက 45-Minute Live Online Classes နှင့် သင်ကြားပေးပြီး WPPP Teaching Process (Warm Up - Present Knowledge - Practice - Produce) ကို အခြေခံပြီးသင်ကြားပေးတဲ့အတွက်ကြောင့် သင်ခန်းစာတွေကို နားလည်ရုံသာမကပဲ ကိုယ်တိုင် ပြောဆိုအသုံးချနိုင်တဲ့အထိ လေ့ကျင့်ပေးပါတယ်။

PalFish Class ရဲ့ ရည်ရွယ်ချက်ကတော့ English စာကို စာမေးပွဲအတွက် သင်ပေးတာ မဟုတ်ဘဲ ကလေးတွေကို Global Citizens အဖြစ် ကြီးပြင်းလာနိုင်စေဖို့၊ English Communication Skills ကို တည်ဆောက်ပေးဖို့ တို့အတွက်ပါ ဖြစ်ပါတယ်။

ဒါကြောင့် PalFish Myanmar က ကလေးငယ်တွေရဲ့ English Learning Journey ကိုစတင်ဖို့အတွက် အမြဲအဆင်သင့်ရှိနေပါတယ်။

📍အမှတ် (၂၀၂)၊ Parwell ကွန်ဒို၊ အနောက်ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

🌍 www.palfishmm.com

☎️ 09424518191 - 4







03/08/2026

ကလေးတစ်ယောက်ဟာ English စာ English ဘာသာစကားနဲ့ပတ်သက်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာဖို့ဆိုတာက…
ပျော်ရွှင်တဲ့ Learning Experience ဖြစ်ဖို့က ပိုအရေးကြီးပါတယ်။

PalFish Class မှာတော့
Teachers တွေနဲ့အတူတူ English စာကို
ကလေးငယ်တွေ ယုံကြည်မှုရှိရှိ နဲ့ ပျော်ပျော်ရွှင်ရွှင် လေ့လာသင်ကြားနေပါတယ်။

ဒီ Videoလေးထဲမှာတော့ အပြုံးတိုင်းက
သင်ခန်းစာတစ်ခုကို နားလည်သွားတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ ပျော်ရွှင်မှုတွေ၊
စကားလုံးအသစ်တစ်လုံးကို ပြောနိုင်တဲ့အခါမှာလည်း ရရှိလာတဲ့ ယုံကြည်မှုတွေ၊
English စာ နဲ့ English ဘာသာစကားကို သဘာဝကျကျ အသုံးပြုလာနိုင်တဲ့ တိုးတက်မှုတွေရဲ့ သက်သေတွေပဲဖြစ်ပါတယ်။

📍အမှတ် (၂၀၂)၊ Parwell ကွန်ဒို၊ အနောက်ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

🌍 www.palfishmm.com

☎️ 09424518191 - 4







Address

(202), Parwell Condo, West Shwegondaing Rd၊, , Bahan Tsp
Yangon

Alerts

Be the first to know and let us send you an email when PalFish Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to PalFish Myanmar:

Shortcuts

Share

Category