အမေ့အိမ် ( Mother's Home )

အမေ့အိမ် ( Mother's Home )

Share

အခမဲ့ပညာဒါနကျောင်း / Free Education Centre

အမေ့အရိပ်အောက်မှ 04/07/2020

အမေ့အရိပ်ပညာဒါနကျောင်းလေး စတင်ဆောက်လုပ်နေပါပြီး.... ခရမ်းမြို့ ၊အမေ့အရိပ်ပညာဒါနကျောင်းလေးကို ယခင်က မသင်းသင်းယုရဲ့ နေအိမ်မှာစတင်တည်ထောင်ဖွင့်လှစ် ခဲ့ရာမှ ယခုအခါ ပြည်တွင်းပြည်ပ အလှူရှင်များမှ စေတနာထက်သန်စွာ အလှူငွေများပေးပို့ လှူဒါန်းခဲ့ကြသည့် အတွက် ကျောင်းကော်မတီမှ ကျောင်းဆောင်အသစ်ဆောက်လုပ်ရန် အစည်းအဝေးဆုံးဖြတ်ပြီး ခရမ်းမြို့ ( ၁၀ )ရပ်ကွက်၊ ပြည်တော်အေးအပိုင်း၊ နိဗ္ဗာန်လမ်းတွင် ( ၄၈' x ၆၀' )မြေတစ်ကွက်ဝယ်ယူက ကျောင်းခြံစည်းရိုး ကာရံခြင်း၊ကျောင်းအဆောက်အဦး Foundation ချခြင်း၊ ဖြေဖို့ ခြင်းလုပ်ငန်းများကို စတင်လုပ်ဆောင်နေပြီး ဖြစ်ပါတယ်။ အကယ်၍ စေတနာရှင်များထပ်မံပေါ်ပေါက်လာပါက သွတ်မိုး၊ ပျဉ်ကာအဆောက်ဦးထိ ဆောက် လုပ်ရန် ရည်ရွယ်ထား ခြင်း ဖြစ်ပါသည်။ယခုရရှိထားသောရန်ပုံငွေအရ သစ်သားတိုင်၊ ဓနိမိုး၊ ၀ါးထရံကာ( ၁၈' x ၃၆' ) အဆောင်ဦး ကျောင်းဆောင်အသစ်ကို နောက်တစ်လအတွင်းအပြီးဆောက်လုပ်မှာဖြစ်ပါသည်။ လာမည့်နွေရာသီ Summer Course များမှစတင်၍ ကလေးများအားလုံး မိုးလုံ၊ လေလ၊ုံ ကျန်းမာရေးနှင့်ညီညွတ်သော အန္တရာယ် ကင်းဝေးသော အမေ့အရိပ်အောက်မှာ ပညာသင်ကြားနိုင်ကြတော့မှဖြစ်ပါသည်။ စေတနာရှင်၊ အလှူရှင်များအားလုံးကိုလည်း လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း တင်ပြအပ်ပါသည်။ လေးစားစွာဖြင့် ကိုငယ်( ၀၉ ၅၁၆၂၀၆၀ ) အမေ့အိမ်ပညာရေးကော်မတီ လှိုင်သာယာ

တက္ကသိုလ် / ကောလိပ် မရှိသော တောင်ဇလပ်မြေ သို့ NLD မှ ပညာရေးရန်ပုံေ 04/07/2020

တက္ကသိုလ် / ကောလိပ် မရှိသော တောင်ဇလပ်မြေ သို့ NLD မှ ပညာရေးရန်ပုံငွေလှူဒါန်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ ပညာရေးကွန်ရက်မှ မတ်လ ( ၁၉ /၂၀/ ၂၁ ) ရက်နေ့ တွင် ပြည်တောင်စု တိုင်းရင်သားများ ပညာရေးရန်ပုံငွေ လှူဒါန်းမူ နောက်ဆုံးခရီးစဉ် အဖြစ် ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြိုနယ် အတွင်းရှိ အောက်ပါကျောင်းများသို့ ခွဲ ဝေလှူဒါန်းပေးနိုင်ရန် ငွေကျပ်သိန်း( ၂၀ )နှင့် ဗလာစာအုပ်ဒါဇင်( ၂၅၀ ) ဘောလ်ပင်၊ ပေတန် များကို မင်းတပ်မြို့ တောင်ပုလု တောင်တန်းသာသနာပြု ဆရာတော်ဘုရားကြီး ဦးပညာသီရိ ထံသို့  ပညာရေးကွန်းမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်း ခဲ့ကြပါသည်။ ( ၁ ) တောင်ပုလု ပရိယတ္တ၊ ပဍိပတ္တိ၊ပရဟိတကျောင်း ကျောင်းသားဦးရေ ( ၁၄၀ ) ယောက်၊ မင်းတပ်မြို့  ( ၂ ) ကျော့ထော်ကျေးရွာ( ဘ/က ) မူလတန်းကျောင်း ကျောင်းသားဦးရေ ( ၄၉ ) ယောက်၊ မင်းတပ်မြို့  ( ၃ ) ပန်းအော့ကျေးရွာ( ဘ/က ) မူလတန်းကျောင်း ကျောင်းသားဦးရေ ( ၆၅ ) ယောက်၊ မင်းတပ်မြို့  ( ၄ ) မကြန်အိမ်ကျေးရွာ( ဘ/က ) မူလတန်းကျောင်း ကျောင်းသားဦးရေ ( ၃၅ ) ယောက်၊ မင်းတပ်မြို့  ဆက်လက်၍ ချင်းပြည်နယ်မြောက်ပိုင်းသို့ လည်းအလှူငွေ ကျပ်ငွေသိန်း( ၂၀ ) နှင့်ဗလာစာအုပ်၊ ဘောလ်ပင်၊ ပေတန်များကို ချင်းပြည်နယ်၊ အဖွဲ့ ချုပ်မှတဆင့် ပေးပို့ လှူဒါန်းသွားပါမည်။ ပညာရေးကွန်ရက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်

ပညာရေးရန်ပုံငွေ ကျပ်သိန်း( ၄၀ ) ရခိုင်ပြည်နယ် သို့ လှူဒါန်း 04/07/2020

ပညာရေးရန်ပုံငွေ ကျပ်သိန်း( ၄၀ ) ရခိုင်ပြည်နယ် သို့ လှူဒါန်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ ပညာရေးကွန်ရက်မှ ပြည်ထောင်စုတိုင်းရင်းသာများ ပညာရေးရန်ပုံငွေ လှူဒါန်းမူ စတုထ္တခရီးစဉ်အဖြစ် မတ်လ ( ၂၊ ၃၊ ၄ )နေ့ များတွင် ရခိုင်ပြည်နယ် အတွင်းရှိ အောက်ပါမြို့ နယ်( ၂ ) မြို့ နယ်သို့ ကျပ်သိန်းလေးဆယ်( ၄,၀၀၀,၀၀၀/ိ ) ဗာလာစာအုပ်ဒါဇင်( ၅၀၀) နှင့် ဘောလ်ပင်၊ ပေတန်များကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ကြပါသည်။ ( ၁ ) အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်း၊(၁၀) တန်း အခမဲ့ပညာဒါန၊ မြေပုံမြို့ ။ အလှူငွေကျပ်တစ်ဆယ်သိန်း( ၁,၀၀၀,၀၀၀ိ/) ( ၂ ) သာသနာ့အလင်းရောင်( ဘ /က)မူလတန်း၊ အခမဲ့ပညာပညာဒါနကျောင်း၊ မင်းပြားမြို့ ။ အလှူငွေကျပ်သိန်းသုံးဆယ်( ၃,၀၀၀,၀၀၀ိ/) ပညာရေးကွန်ရက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်

NLD ပညာရေး ရန်ပုံငွေကျပ်သိန်း( ၁၂၀ ) ရှမ်း၊ ကယား နှင့် ကယန်းအထူးေ 04/07/2020

ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ ရှမ်း၊ ကယား နှင့် ကယန်းအထူးဒေသများသို့ လှူဒါန်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ ပညာရေးကွန်ရက်မှ ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ ခွဲဝေလှူဒါန်းမူ ဒုတိယခရီးစဉ်အဖြစ် ဖေဖေါ်ဝါရီလ ( ၁၈ ) ( ၁၉ ) ( ၂၀ )နေ့ များတွင် ( ၁ ) ရှမ်းပြည်နယ်၊ ( ၂ ) ကယားပြည်နယ်၊ ( ၃ ) ကယန်းပြည်သစ်ပါတီ ငြိမ်းချမ်းရေးအဖွဲ့ ၊ အထူးဒေသ( ၃ )၊ ဒေသများ သို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာ လှူဒါန်းခဲ့ကြပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ ရှမ်းပြည်နယ် ဆက်သွယ်ရေးတာဝန်ခံ ဒေါ်ခင်မိုးမိုး နှင့် ကယန်းပြည်သစ်ပါတီ ပညာရေးနှင့် ယဉ်ကျေးမူ ကော်မတီ ဥက္ကဋ္ဌ ဦးဂေဂေါ်ရီ တို့ ထံ စုစုပေါင်း အလှူငွေကျပ်သိန်း ( ၁၂၀ ) နှင့် ဗလာစာအုပ်( ၁၅၀၀ ) ဒါဇင်၊ ဘောလ်ပင်( ၈၃၄ ) ဒါဇင်၊ ပေတံ ( ၁၉၂ ) ဒါဇင် တို့ကို ပေးအပ် လှူဒါန်း ခဲ့ကြပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရှမ်းပြည်နယ် နှင့် ကယန်းပြည်သစ်ပါတီ ပညာရေးနှင့် ယဉ်ကျေးမူ ကော်မတီတို့ ၏ ဦးဆောင်ကွတ်ကဲမူဖြင့် ပြည်နယ်( ၂ )ခုနှင့် ငြိမ်းချမ်းရေးအထူးဒေသ ( ၁ )ခု အတွင်းရှိ ဆင်းရဲနွမ်းပါး ချို့ တဲ့သော စာသင်ကျောင်းများအား လိုအပ်ချက်များကို အသေအချာ လေ့လာ၍ အကြိုးရှိစွာ တိုက်ရိုက် ထောက်ပံကူညီ ပေးသွားမည် ဖြစ်ပါသည်။ ပညာရေးကွန်ရက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်

ဂီတဖျော်ဖြေပွဲ ရေးရန်ပုံငွေ ကရင်ပြည်နယ်သို့ ပြည်ထောင်စုနေ့ တွင်ဂု 04/07/2020

ဂီတဖျော်ဖြေပွဲ ရေးရန်ပုံငွေ ကရင်ပြည်နယ်သို့ ပြည်ထောင်စုနေ့ တွင်ဂုဏ်ပြုလှူဒါန်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပြည်ထောင်စုတိုင်းရင်သားများပညာရေးရန်ပုံငွေ လှူဒါန်းမူ အစီအစဉ်အဖြစ် ( ၆၅ ) နှစ်မြောက်ပြည်ထောင်စုနေ့ ကိုဂုဏ်ပြုသောအားဖြစ် ကရင်ပြည်နယ် အတွင်းရှိ အောက်ပါ မူလတန်းကျောင်းများအား ခွဲဝေလှူဒါန်ပေးနိုင်ရန် ငွေကျပ်သိန်း( ၄၀ ) ဗလာစာအုပ်ဒါဇင် ( ၅၀၀ ) ဘောလ်ပင်( ၂၇၈) ဒါဇင်၊ပေတံ ( ၄၆) ဒါဇင်တို့ ကို ကရင်ပြည်နယ် အဖွဲ့ ချုပ်သို့ပညာရေးကွန်ရက်မှ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးအပ်ခဲ့ပါသည်။ (၁)အမှတ်( ၆၃) အခြေခံပညာမူလတန်းကျောင်း ဖါလင်ကျောက်တန်းကျေးရွာ၊ဘားအံမြို့  (၂)အမှတ်(၇၈)အခြေခံပညာမူလတန်းကျောင်း ကော့တုံကျေးရွာ၊ဘားအံမြို့  (၃)ဖါလင်(၂) အခြေခံပညာမူလတန်းကျောင်း ဖါလင်ကျေးရွာ၊ဘားအံမြို့  (၄)အခြေခံပညာမူလတန်းကျောင်း ကော့ကရဲထော်ကျေးရွာ၊ ဘားအံမြို့  (၅) အခြေခံပညာမူလတန်းကျောင်း သာနူံးကျေးရွာ၊ ဘားအံမြို့  ပညာရေးကွန်ရက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်

ဂီတဖျော်ဖြေပွဲ ရန်ပုံငွေ မွန်ပြည်နယ်သို့ စတင်လ 04/07/2020

ပြည်ထောင်စုတိုင်းရင်းသားများပညာရေးရန်ပုံငွေ မွန်ပြည်နယ်သို့ စတင်လှူဒါန်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပညာရေးကွန်ရက်မှ ပြည်ထောင်စုတိုင်းရင်သားများပညာရေးရန်ပုံငွေ စတင်လှူဒါန်းမူ အစီအစဉ်အဖြစ် ( ၁၁.၂.၂၀၁၂ ) စနေနေ့ က မွန်ပြည်နယ် အတွင်းရှိ အောက်ပါ ဘုန်းတော်ကြီး သင် ပရဟိတ ပညာရေးကျောင်း( ၂ ) ကျောင်းကို အလှုငွေ ကျပ်သိန်း( ၂၀ ) စီနှင့် ဗလာစာအုပ်( ၄၈ ) ဒါဇင်စီ ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ကြပါသည်။ ( ၁ ) သာသနရောင်ခြည်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းသားဦးရေ( ၈၇ )ယောက်၊ ဆရာဦးရေ ( ၃ )ယောက် ဘုရားကုန်းရပ်၊ညောင်ပင်ဆိပ်ကျေးရွာ ကျိုက်မရောမြို့ နယ်၊ ( ၂ ) ဟံသာဝတီတိုက်သစ် ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းသားဦးရေ( ၃၇၆ )ယောက်၊ ဆရာဦးရေ ( ၈ )ယောက် ( ၉ )လမ်းထိပ်၊ ဟံသာဝတီရပ်၊ သံဖြူဇရပ်မြို့ နယ် ပြည်နယ်တစ်ခုလျှင်ဗလာစာအုပ် ဒါဇင်( ၅၀၀ ) ဘောလ်ပင်ဒါဇင်( ၂၇၈ ) ပေတံဒါဇင်( ၄၆ ) တို့ ကိုလည်း လာမည့်ကျောင်းဖွင့်ရာသီတွင် သက်ဆိုင်ရာ ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ တဆင့် ထပ်မံ ခွဲ ဝေလှူဒါန်း ပေးရန် စီစဉ်ထားပြီး ဖြစ်ပါသည်။ ပညာရေးကွန်ရက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်

20/12/2015

သို့ 

ကျောင်းတာဝန်ခံ များအားလုံး နှင့် ညှိနှိုင်းရေးမှူးးများအားလုံး

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ ပညာရေးကွန်ရက်( ၂၀၁၅-၁၆ ) ပညာသင်နှစ်
ရန်ကုန်တိုင်းအတွင်းရှိ တက္ကသိုလ်ဝင်တန်းသင်ပညာဒါနကျောင်း( ၃၃ ) ကျောင်း အား ထောက်ပံငွေပေးအပ်ပွဲ ကိုအောက်ပါအစီအစဉ်တိုင်း ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း လေးစားစွာဖိတ်ကြားအပ်ပါသည်။

နေရာ ။ ။ စိတ်တိုင်းကျ ခန်းမ၊ မြင်သာ၊ တောင်ဥက္ကလာပ
နေစွဲ ။ ။ ၂၇.၁၂.၂၀၁၅ ( တနင်္ဂနွေနေ့  )
အချိန် ။ ။ နံနက် ( ၁၀း ၀၀ )နာရီ

ပညာရေးကွန်ရက်

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်

29/07/2015

သို့ 

ကျောင်းတာဝန်ခံ များအားလုံး နှင့် ညှိနှိုင်းရေးမှူးများအားလုံး

NLD ပညာရေးကွန်ရက် သြဂုတ်လ အတွက် ကျောင်းပေါင်းစုံ အစည်းအဝေး

မရှိကြောင်း ကြိုတင် အကြာင်းကြားအပ်သည်။

လေးစားစွာဖြင့်
ကိုငယ်( ပညာရေးကွန်ရက် )

29/06/2015

သို့ 
ညှိနှိုင်းရေးမှူးးများ၊ ကျောင်းကော်မတီဝင်များ နှင့်
တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားများအားလုံး

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ ပညာရေးကွန်ရက်( ၂၀၁၅-၁၆ ) ပညာသင်နှစ်
ရန်ကုန်တိုင်းအတွင်းရှိ ပညာဒါနကျောင်းများအား ထောက်ပံငွေ ပေးအပ်ပွဲ နှင့်
(၂၀၁၄-၁၅ )တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားများအား ဂုဏ်ပွဲ ကို
အောက်ပါအစီအစဉ် အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း လေးစားစွာဖိတ်ကြားအပ်ပါသည်။

နေရာ ။ ။ တော်ဝင်နှင်းဆီ ခန်းမ၊ ရွှေဂုံတိုင်
နေစွဲ ။ ။ ၁၂.၇.၂၀၁၅ ( တနင်္ဂနွေနေ့  )
အချိန် ။ ။ မွန်းလွဲ ( ၁း၀၀) မှ ( ၃း၀၀ ) နာရီ

ပညာရေးကွန်ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်

11/05/2015

ပညာရေးကွန်ရက် အတွင်းရှိ ပညာဒါနကျောင်းများတွင် သင်ကြားပေးလျှက်ရှိသော စေတနာ ဆရာ/ဆရာမ များအား ပညာဒါနပြု ပညာရေးဟောပြောပွဲ သို့  ဆရာ/ ဆရာမများ တက်ရောက်ကြပါရန် လေးစားစွာ ဖိတ်ကြား အပ်ပါသည်။

ပါမောက္ခ ဒေါက်တာ ဦးမျိုးတင့်
ဒုတိယ ပါမောက္ခချုပ်( ငြိမ်း )
ရန်ကုန်ပညာရေး တက္ကသိုလ်
ဟောပြောပို့ ချမည့် ဘာသာရပ် ။ ။ ပညာရေး စိတ်ပညာ
ဟောပြောပို့ ချမည့် နေရာ ။ ။ စိတ်တိုင်းကျ ခန်းမ၊ မြင်သာ၊ တောင်ဥက္ကလာပ
ဟောပြောပို့ ချမည့် အချိန် ။ ။ ( ၁၆.၅. ၂၀၁၅ ) စနေနေ့  ( ၀၉း၀၀ - ၁၂း၀၀ )
( ၁၇.၅.၂၀၁၅ ) တနင်္ဂနွေနေ့  ( ၁၃း၀၀ - ၁၆း၀၀ )

ပညာရေးကွန်ရက်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်

21/01/2015

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ ပညာရေးကွန်ရက်
ရန်ကုန်တိုင်းအတွင်းရှိ တက္ကသိုလ်ဝင်တန်းသင်ပညာဒါနကျောင်း( ၅၆) ကျောင်း အား ထောက်ပံငွေပေးအပ်ပွဲ ကိုအောက်ပါအစီအစဉ်တိုင်း ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း လေးစားစွာဖိတ်ကြားအပ်ပါသည်။

နေရာ ။ ။ စိတ်တိုင်းကျ ခန်းမ၊ မြင်သာ၊ တောင်ဥက္ကလာပ
နေစွဲ ။ ။ ၂၅.၁.၂၀၁၅ ( တနင်္ဂနွေနေ့  )
အချိန် ။ ။ နံနက် ( ၁၀း ၀၀ )

အနာဂါတ်အလင်းရောင်ကျောင်းဆောင်သစ် 01/12/2014

ကိုးရီယားလူငယ်ပရဟိတအဖွဲ့  KYVP နှင့်( အောင် ) လယ်ယာသုံးပစ္စည်းရောင်းဝယ်ရေး မိသားစုမှ ဆောက်လုပ်လှူဒါန်းသည့် ( ၆၅ ) ရပ်ကွက် တောင်ဒဂုံမြို့ နယ် အနာဂါတ်အလင်းရောင်ပညာဒါနကျာင်းဆောင်သစ် အောင်မြင်စွာ ဆောက်လုပ်ပြီးစီးခဲ့ ပါပြီး ။
စာရေးစာပွဲ စာသင်ခန်း နှစ်ခန်းစာလိုအပ်လျှက်ရှိပါသေးတယ်၊
တစ်စုံလျှင် ( ၃၄၀၀၀ )ကျပ် နှင့် ပါဝင်လှူ ဒါန်းနိုင်ပါသည်။

ဆက်သွယ်ရန်ဖုန်းနံပါတ်

ကျောင်းတာဝန်ခံ ကို သိန်းဝင်း( ၀၉ ၄၂၀၂၁၇၅၉၀ )
အနာဂါတ်အလင်းရောင်ပညာဒါနကျောင်းး
Tosta ( ၃ ) လမ်း ( ၆၅ ) ရပ်ကွက်
တောင်ဒဂုံ မြို့ နယ်

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

အမှတ် ၅၄၈ , မေခလမ်း , ၁၄ ရပ်ကွက် , လှိုင်သာယာ
Yangon
11401