Yinn Academy - သင်ထောက်ကူ

Yinn Academy - သင်ထောက်ကူ သင်ကြားသင်ယူမှုအတွက်လိုအပ်သည့် အထောက်အကူပစ္စည်းများကိုဝယ်ယူနိုင်ပါသည်။ 🥰🥰

 #နဝမတန်းသိပ္ပံ                 နဝမတန်းသိပ္ပံဘာသာရပ် အခန်း(၇) မျိုးရိုးဆက်ခံခြင်းနှင့် မျိုးပွားခြင်းအကြောင်းလေ့လာကြရာဝယ...
22/12/2023

#နဝမတန်းသိပ္ပံ
နဝမတန်းသိပ္ပံဘာသာရပ် အခန်း(၇) မျိုးရိုးဆက်ခံခြင်းနှင့် မျိုးပွားခြင်းအကြောင်းလေ့လာကြရာဝယ် မျိုးဗီဇထွန်းခြင်း (Mutation) အကြောင်းကိုလည်း လေ့လာရပါတယ်။ မျိုးဗီဇပြောင်းခြင်း (Mutation)မှာ ခရိုမိုဆုမ်းပြောင်းလဲခြင်း (Chromosome Mutation) နဲ့ မျိုးဗီဇပြောင်းလဲခြင်း (Gene Mutation) ဆိုတဲ့ ပုံစံ ၂ မျိုးရှိပါတယ်။ ခရိုမုန်ဆုမ်းပြောင်းလဲခြင်း (Chromosome Mutation) ဆိုတာက သတ္တဝါမျိုးစိတ်တစ်ခုမှာ ရှိရမယ့် ခရိုမိုဆုမ်းအရေအတွက်ထက် များနေခြင်း (သို့မဟုတ်) နည်းနေခြင်း ဖြစ်ပါတယ်။ ဉပမာ လူတစ်ယောက်မှာ ခရိုမိုဆုမ်းအရေအတွက် ၄၆ ခုရှိရမှာဖြစ်ပေမယ့် ဆဲလ်ကွဲပွားမှုဖြစ်စဉ်မှာ မှားယွင်းမှုကြောင့် ၄၆ ခုထက်ပိုများနေတာ (သို့) ပိုနည်းနေတာ ဖြစ်တတ်ပါတယ်။ အဲလို ပုံမှန်မဟုတ်တဲ့ ဆဲလ်ကွဲပွားခြင်းကြောင့် သန္ဓေသားမှာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာပါတယ်။
Down Syndrome ဆိုတာက ခရိုမိုးဇုန်းအပိုတစ်ခုပါလာလို့ ဖြစ်တဲ့ရောဂါဖြစ်ပါတယ်။ Chromesome ၂၃ စုံ ရှိတဲ့အနက် ၂၁ စုံမြောက်မှာ ခရိုမိုဆုမ်း ၃ ခု ဖြစ်နေပါတယ် (ပုံတွင် ကြည့်ရှုပါ)။ အဲဒီရောဂါဟာ အဓိကမှတ်ဉာဏ် (မွေးရာပါ မှတ်ဉာဏ်) ကို ထိခိုက်စေတဲ့ မျိုးဗီဇချို့ယွင်းမှု ရောဂါဖြစ်ပါတယ်။ Down Syndrome ပါတဲ့ ကလေးတွေဟာ အခြားသော ကလေးများနဲ့ ယှဉ်တဲ့အခါ ဖွံဖြိုးမှု ၊ တတ်မြောက်သင်ကြားမှုများဟာ နှေးကွေးတတ်ကြပါတယ်။ နောက်ဆက်တွဲအားဖြင့် နှလုံးရောဂါကိုလည်း အနည်းအကျဉ်း ခံစားရတတ်ပါတယ်။ အဲဒီရောဂါဟာ ပျောက်ကင်းအောင် ယခုအချိန်ထိ ပျောက်ကင်းအောင် ကုသလို့ မရနိုင်သေးပါဘူး။ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် သန္ဓေသားမှာ Down Syndrome ရှိမရှိကို ကိုယ်ဝန် ၁၀ ပတ်ကစပြီး Nifty Test စစ်ဆေးခြင်းဖြင့် သိရှိနိုင်ပါတယ်။
ကျောင်းသားကျောင်းသူများအနေနဲ့လည်း Down Syndrome ရှိတဲ့ သူတွေကို လှောင်ပြောင်တာ၊ နှိမ့်ချဆက်ဆံတာမျိုး လုံးဝမလုပ်သင့်ပါဘူး။ သူတို့လေးတွေကို ကူညီဖေးမပေးခြင်းဖြင့် ပျော်စရာကောင်းတဲ့ ပတ်ဝန်းကျင်လေးတစ်ခု ဖန်တီးပေးရမှာ ဖြစ်ပါတယ်။


Address

Yangon

Telephone

+959758070705

Website

Alerts

Be the first to know and let us send you an email when Yinn Academy - သင်ထောက်ကူ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Yinn Academy - သင်ထောက်ကူ:

Shortcuts

Share