ERIN Japanese Language Center

ERIN Japanese Language Center

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ERIN Japanese Language Center, Education, Yangon.

ရန်ကုန်မြို့ရဲ့ အကောင်းဆုံး ဂျပန်စကားပြောသီးသန့်သင်တန်းကျောင်း။
ဂျပန်စကားတွေ ပြောလိုက်ချင်တယ်၊ ဂျပန်မှာ ကျောင်းသွားတက်ချင်တယ်ဆိုတဲ့​သူတွေ....
ERIN ကိုသာလာခဲ့လိုက်တော့။ မင်းကို စောင့်နေတယ်။
09 431 24684 (ဆရာ ဆက်ပိုင်) ဂျပန်စကားပြောကျွမ်းကျင်သော ဆရာများက တာဝန်ယူသင်ကြားပေးနေသည်။ ဂျပန်သွားမည့်သူတိုင်း ERIN ကျောင်းမှာ ဂျပန်စကားပြောလာရောက်သင်ယူကြသည်။ ERIN ကျောင်းသားတိုင်း ဂျပန်ရောက်သွားရင် မျက်နှာမငယ်စေရ။ တာဝန်အပြည့်အဝယူသည့်ကျောင်း။ ERIN .....

15/03/2026

Basic + N5 အတန်းသစ် ကြေငြာခြင်း

👏 အားလုံးစောင့်နေတဲ့ အတန်းသစ်လေးပါ။
အနာဂါတ်ရည်မှန်းချက်ကြီးမားပြီး တစ်နေ့ဂျပန်နိုင်ငံမှာ
ပညာသွားရောက်သင်ယူမယ်လို့ စိတ်ကူးထားတယ်ဆိုရင်...
Grade 12 ဖြေပြီးတာနဲ့..... ကြိုးစားမှုတွေစတင်မယ်ဆိုရင်...
အချိန်ကိုတန်ဖိုးရှိစွာ အသုံးချမယ်ဖို့ဆုံးဖြတ်ထားရင်.....
ဒီအတန်းလေးကို ဆက်ဆက်တက်စေဖို့ ​စေတနာနဲ့....
တိုက်တွန်းလိုက်ပါတယ်။ 👌👌

📝📝 စတင်မည့်နေ့ကတော့ မတ်လ ၁၉ ရက်နေ့။
⏰⏰ အချိန်က မနက်ပိုင်း ၉ နာရီကနေ ၁၀ နာရီခွဲအထိဆိုတော့
စောစောစာသင်ပြီး စောစောအိမ်ပြန်နိုင်တာပေါ့။
ညနေ​စောင်းရင် စိတ်ပူတတ်တဲ့မိဘများအတွက်
ဒီအချိန်လေးကို သတ်မှတ်ပေးရတာပါ။

🎯🎯 တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး၊ သောကြာ ဆိုပြီး
တစ်ပါတ်ကို ၄ ရက်သင်ပါမယ်။
သင်တန်းကာလ ၃လတည်းသာကြာပါမယ်။

👍👍 ဘာတွေတတ်သွားမလဲဆိုတော့...
ဂျပန်စာတွေရေးတတ်သွားမယ်။
ဖတ်တတ်သွားမယ်။ ခန်းဂျိအလုံး ၁၀၀ ကျော်သိသွားမယ်။
N5 စာမေးပွဲဖြေဆိုဖို့ အဆင်သင့်ဖြစ်သွားမယ်။
ကဲ...ဘာလိုသေးလဲ....N5 ဖြေရင်အောင်ပြီပေါ့။

အခြေခံကောင်းချင်ရင်....
N5 အောင်ချင်ရင်.....
အချိန်ဆွဲမနေတော့ပဲ....အခုချက်ချင်း
ERIN မှာ ကျောင်းသွားအပ်လိုက်တော့နော်။

⛳️⛳️ မိမိဘဝတိုးတက်ဖို့ ERIN မှာဂျပန်စာသင်ယူကြပါစို့။

09 885522 884
09 885522 885
(ရုံးချိန်အတွင်းနော်)

13/03/2026

Basic + N5 အတန်းသစ်
အတင်းကောင်းလေးတစ်ခု ပြောပြပါရစေ

Grade 12 စာမေးပွဲလည်းအပြီး
ဂျပန်ကိုသွားဖို့ စိတ်ကူးရှိတဲ့
မောင်လေး ညီမလေးများအတွက်
ERIN ကျောင်းကနေ ဂျပန်စာကို စနစ်တကျ
လေ့လာဖို့ စိတ်ကူးထားတယ်ဆိုရင်တော့
ဘာမှစဉ်းစားမနေတော့ပဲ တစ်ခါတည်းသာ
ကျောင်းလာတက်လိုက်တော့နော်။

မောင်လေး ညီမလေးတို့အတွက်
ဂျပန်စာတတ်မြောက်ဖို့ကနေ
ဂျပန်ကိုရောက်သည်အထိ
ဝန်ဆောင်မှုပေးဖို့အတွက်
ERIN ကစီစဉ်ထားပါတယ်။

အဲဒါကြောင့် နောက်မကျရလေအောင်
အမြန်လာခဲ့ဖို့ တိုက်တွန်းလိုက်ပါတယ်
Basic + N5 အတန်းသစ်လေးကို
မတ်လ ၁၉ ရက်နေ့ စပါမယ်။
အချိန်က မနက် ၉ နာရီ ဆိုတော့
စောစောသင်ပြီး အိမ်ကိုစောစောပြန်ရတော့
အရမ်းအဆင်ပြေတာပေါ့။
မိဘတွေလည်း စိတ်မပူရတော့ဘူး။

မောင်လေး ညီမလေးတို့ကို
ERIN က စောင့်နေမယ်နော်။

တစ်ခုခုသိချင်တာ မေးချင်တာရှိရင်
09 8855 22884
09 8855 22885
ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ERIN Sakura

28/02/2026

မီနစံ こんにちは🎉
7လပိုင်း မှာ N4 JLPT EXAM ကိုအောင်ချင်တဲ့သူတွေတွက်
“အကြံပေးခြင်းနှင့် အတန်းကြော်ငြာခြင်း”🫶🏻

JLPT EXAM မှာ ဘာတွေကအကျများဆုံးလဲ???
ဘယ်အပိုင်းတွေကအခက်ဆုံးလဲ???

Listening
Listening အပိုင်းက မီနစံတို့ကို အောင်မှတ်ရအောင်ဆွဲခေါ်နိုင်သလို ကျသွားအောင်လဲဆွဲချနိုင်ပါတယ်🥺

Reading
လွယ်သယောင်နဲ့ခက်
(လူရွေးမှားနေကြ မီနစံတို့ကို practice လုပ်ပေးမဲ့အပိုင်းလေးပေါ့ကွာ)
သူ ပြီးရင် JLPT EXAM ရဲ့ reading ကမာယာအများဆုံးပဲ😖

Listening နဲ့ Reading ကမီနစံတို့အတွက် အခက်ခဲဆုံးနဲ့ ကျဖို့အလွယ်ဆုံးအပိုင်းပါ🤘🏻

Listening Reading အားကောင်းလာပြီး
အမြင်လှည့်စားခြင်း
အကြားလှည့်စားခြင်း
ကင်းဝေးဖို့ …..
စာမေးပွဲအောင်ဖို့ ဘယ်လိုလုပ်မလဲ???

Erin မှာလာတက်

Erin မှာလာတက်

Erin မှာလာတက်

Erin မှာလာတက်

Yukiko sensei အတန်းလာတက်

Yukiko sensei အတန်းလာတက်

Yukiko sensei အတန်းလာတက်

Yukiko sensei အတန်းလာတက်

၃လပိုင်း ၁၂ရက်နေ့ဖွင့်ပြီ

၃လပိုင်း ၁၂ရက်နေ့ဖွင့်ပြီ

၃လပိုင်း ၁၂ရက်နေ့ဖွင့်ပြီ

၃လပိုင်း ၁၂ရက်နေ့ဖွင့်ပြီ

အခုလာအပ်

အခုလာအပ်

အခုလာအပ်

အခုလာအပ်

ကျောင်းမပြေးနဲ့

ကျောင်းမပြေးနဲ့

ကျောင်းမပြေးနဲ့

7 လပိုင်း JLPT N4 Exam အောင်ချင်သူများသာတက်သင့်တဲ့အတန်း
(ကြားရက်လေးရက်အတန်းလေးပါ ချစ်တို့ရေ
Sat Sun အတန်း လေးရှိလားမမေးပါနဲ့ကွာ
ရတာမလို လိုတာမရ မေးတက်သော
လူပျိုကြီး အပျိုကြီး များဂျီးမများရ
ဂျီးများရင် ကြူးရစ်လန်ဖြစ်တက်သည်☺️☺️)

Time Table အပြည့်အစုံ
တက်ရမည့်ရက် -Mon , Tue,Thur,Fri
ကြာချိန် - 3months
Time- 3:15-5:00 Pm
Fees-265000 kyats
Start date-12.3.2026(Thursday)

Office phone
(၉နာရီကနေ၅နာရီတွင်းဆက်လိုရတယ် ကျန်တဲ့ချိန်ဆက်လို့မကိုင်ရင်စိတ်မကောက်နဲ့ ရည်းစားမဟုတ်ဘူးfaတွေရဲ့
📞 09-885 522 884
📞09- 885 522 885

Set Paing sensei(ဘတ်စုံထက်မြတ်ဆရာဆက်)
Erin founder
📞0943124684
ကြိုက်တဲ့ချိန်ဆက်လို့ရတယ် ညသန်းခေါင်တော့မဆက်နဲ့ ဆရာဆက် ကိုအိပ်ခွင့်ပေးကြပါ😒

Photos from 𝐌.𝐄.𝐂 𝐌𝐲𝐚𝐭 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫 - 𝐁𝐚𝐠𝐨's post 27/02/2026
27/02/2026

#ဂျပန်ကျောင်းC.O.Eမရခဲ့ရင်
ဘာလုပ်ရမလဲ❓

在留資格認定証明書(COE)
Certificate of Eligibility (COE)
ဂျပန်ပြည်ဝင်ရန်အရည်အချင်းပြည့်မီမှု လက်မှတ် (COE)

1 မိမိ လျှောက်ခဲ့တဲ့ကျောင်းနဲ့
သေချာစကားပြောရပါမယ်။
(မြန်မာဘက်ကလျှောက်ပေးထားသောအေဂျင်စီ(သို့) တာဝန်ခံ)
ဂျပန်ဘက်ကျောင်းမှ
လဝကဆီက ကျတဲ့
အကြောင်းမေးမြန်းချိန် ဆိုတာရှိပါတယ်။C.O.E ထွက်ပြီး၁ပတ်၂ပတ်အကြာမှာ သိရပါတယ်။
(၁ပတ်အတွင်းသိရတာလည်းရှိပါတယ်)

2. ဒုတိယ အကြိမ်ပြန်လျှောက်ရင်
ဘာတွေလိုအပ်မလဲ
ပြန်လျှောက်လို့ရမရ။

ပြန်လျှောက်ချိန် မိမိဘက်က
ဘာတွေထပ်ပြင်ဆင်ရမလဲ ?

3. နောက်တစ်ကြိမ်ပြန်လျှောက်ဖို့မိမိရဲ့ဂျပန်စာ ပထမအကြိမ်ကျောင်းလျှောက်ထားတဲ့အချိန်ထက်
Level မြင့်နေဖို့လိုပါတယ်။

4. မိမိလျှောက်ဖူးတဲ့ ကျောင်းကလွဲရင်တခြားကျောင်းပြောင်းလျှောက်လို့ မရတာများပါမယ်။
တခြားကျောင်းတွေကလည်း
ကျဖူးတဲ့ လူကို လက်မခံချင်ပါ။
( အရင်တင်တုန်းက စာရွက်စာတမ်းအခြေအနေကို သေချာမသိလို့ လက်မခံချင်တာပါ)

5. အဓိကမြန်မာကျောင်းသားတွေ C.0.E ကျတဲ့ အဓိက
နံပါတ်က
4E . 4K ဘဏ်စာအုပ်နဲ့ ဘဏ် Certificate သံသယရှိခြင်း
(မြန်မာနိုင်ငံမှဘဏ်ကို ယုံကြည်မှု မရှိတဲ့အချက်)

နယ်တွေဆို ကျတဲ့နံပါတ်မတူတတ်ပါ

4L ငွေကြေးထောက်ပံ့သူရဲ့ လုပ်ငန်းမှအခွန်ဆောင်ထားသောစာရွက်စာတမ်း
(ခုနောက်ပိုင်း ဘဏ်နဲ့မချချင်ရင် ပေးတဲ့နံပါတ်)

6B ငွေကြေးထောက်ပံ့နိုင်မှုအားနည်းခြင်း
(သေချာပြန်ရေးရင် ဒုတိယအကြိမ်ပြန်ရနိုင်ပါတယ်)

စတဲ့ အချက်တွေ များပါတယ်။

6. ဂျပန် နိုင်ငံ ကို ရောက်ဖို့ ကံပါရင် အခက်အခဲ ဘယ်လောက်ရှိရှိရောက်လာမှာပါ။
စိတ်ဓါတ်မကျပဲ ထပ်ကြိုးစားပါ။

7. စိတ်ကောင်းကောင်းထား ဆက်ကြိုးစား အောင်မြင်မှုဆိုတာ သင့်ကိုကပ်လိုက်လာပါလိမ့်မယ်။

8.ကျောင်းသားတွေCOE မရရင်
မိမိအေးဂျင့်ကိုသေချာတိုင်ပင်ကြပါ။

ကျောင်းစလျှောက်ချိန်ပိုက်ဆံ
ပေးတုန်းကယုံပြီးပေးထားခဲ့တာမလား။
သေချာပြန်ကြိုးစားလျောက်ပါ။
Coe မရရင် မယုံတော့ဘူးမလုပ်နဲ့ ။
ဂျပန်မှဂျပန်ဆိုရင်ပေါ့
(သေချာမလုပ်နိုင်သူမပါ)

C.O.E ၂ခါကျပြီး
၃ခါမြောက် မှာ ဂျပန်ရောက်သူ
၃ခါကျပြီး
၄ခါမြောက်မှာ မှ ရောက်သူနဲ့
၅ခါမြောက်မှ ရသွားသူထိ
တကယ်ရှိပါတယ်။
(ဇွဲရှိဖို့နဲ့ ပါးနပ်လိမ္မာဖို့လိုတယ်)

ကိုယ့်ရဲ့ကံကဂျပန်ရောက်ဖို့
ဘုရားကသတ်မှတ်ထားရင်ရောက်မှာ။

(ကျွန်မအပါအဝင်
ဘယ်အေးဂျင့်မှဘယ်ဂျပန်ကျောင်းမှ
COEအာမခံပေးလို့မရပါ။
COEပေးတာ ဂျပန်လဝက မို့လို့ပါ။

ကျောင်းကောင်းကျောင်းLevel မြင့်တာရွေးလျှောက်ရင်တော့ ရနိုင်တာပိုများတာကြိုသိဖို့လိုပါတယ်။

အဓိက ဂျပန်စာLevel မြင့်ဖို့လိုတယ်။
N4 နဲ့ကျရင် N3အောင်ဖို့ကြိုးစား။

စာရွက်စာတမ်းသေချာထပ်ပြင်ဆင်သင့်ပါတယ်။

လမ်းကြောင်းမလွှဲစေနဲ့ ။
ဂျပန်လာတဲ့ ရည်ရွယ်ချက်မှန်ဖို့လိုတယ်။
ကျောင်းနဲ့မရဘူး
အလုပ်နဲ့သွားတော့မယ်ဆို ပိုကြာ
ပိုပိုက်ဆံကုန်မယ်။

အချိန်ပိုကြာတတ်တယ်။

ဂျပန်နိုင်ငံမှာရှိတဲ့ Language School မှာ၁၀နှစ်ကျော်တာဝန်ထမ်းဆောင်ဖူးတဲ့ကျွန်မ ရဲ့ အတွေ့အကြံုကိုမျှဝေပေးခြင်းသာဖြစ်ပါတယ်။

Photos from ERIN Japanese Language Center's post 22/02/2026

ဒီနေ့ဟာ ERIN ကျောင်းရဲ့အမာခံ အားအကိုးရဆုံး ဆရာမလေး ဝတ်ရည်ကျော်(Erika) ရဲ့ မွေးနေ့လေးပေါ့။ ဆရာမလေးအတွက် ပျော်ရွှင်သောအနာဂါတ်ကို ပိုင်ဆိုင်နိုင်ပါစေလို့ ERIN ကျောင်းကိုယ်စား ဆုတောင်းပေးပါတယ်။ Happy Birthday ပါ။ おめでとうございます。ပါ။ ဆရာမလေး ထာဝရ ပျော်ရွှင်ချမ်းမြေ့ပါစေနော်။ ချစ်ရသူတွေနဲ့ မြတ်နိုးရသူတွေနဲ့ အမြဲထာဝရ ကြည်နူးနိုင်ပါစေနော်။ 2026 မွေးနေ့ဆုတောင်းလေးကို ဆုတောင်းရင်း ဆရာမလေးကို နှစ်တိုင်းအမြဲတမ်းသတိရနေမှာပါ။ ERIN ကျောင်းကိုလည်း ထာဝရ သတိရနေပါစေလို့ ဆုတောင်းရင်း ……………….

ဆရာ ဆက်ပိုင်
ERIN ဂျပန်စာသင်တန်းကျောင်း
22-2-2026
22-2-2026

Photos from ERIN Japanese Language Center's post 14/02/2026

ဒီနေ့မှာတော့ အချစ်မခံရသော (အယ်ဟုတ်ပါ၀ူး)
ချစ်ရပါသောတပည့်များကို ဆရာဆက်မှ ချောကလက်အချို တိုက်ကျွေး...
ဆရာဆက်ကချောကလက် ဆိုတာတခုပဲ ကျွေးလိုက်တာမဟုတ်ဘူး...
ချောကလက်ဆိုတာက ပိုက်ဆံနဲ့၀ယ်စားလို့ရတာ အားလုံးအသိပါ..
ဒါပင်မဲ့လေ ERIN ကဆရာတွေနဲ့ ဆရာမတွေနဲ့ ပြီးတော့သူငယ်ချင်းတွေနဲ့
ရယ်မောသံတွေ ဆရာဆက်တို့ရဲ့ မေတ္တာနဲ့ ကျွေးတဲ့ ချောကလက်လေး..
အို ဒါတွေက ပိုက်ဆံနဲ့၀ယ်လို့မရသလို
ပြန် လဲလုပ်ယူလို့မရဘူး
နောက်နှစ် မှာလဲဒီလူတွေပြန်ဆုံဖို့ကဖြစ်နိုင်ဘူး...
ဟုတ်ပါတယ်..
ERINက Famliy type တဲ့ ကြောက်ပြီ...
ဟုတ်ပါတယ် family type ပါ မိသားစုလိုတက်ညီလက်ညီပျော်ပျော်ရွှင်ရွှင်ကြိုးစားနေကြတာကိုကတကယ်ကိုပီတိဖြစ်စရာပါ
ပိုက်ဆံရှိတိုင်း၀ယ်လို့မရနိုင်တာက
ပျော်ရွှင်မှုနဲ့ ကုန်ဆုံးသွားတဲ့အချိန်တွေ...
(နောက်နှစ်လဲကျွေးအုန်းမဲ့ဆရာဆက် စားချင်လာတက် )

နှစ်တိုင်းချောကလက်ကျွေးတာတူပင်မဲ့
တပည့်တွေကတော့မတူတော့ဘူးလေ...

ဒီနှစ်တပည့်တွေကလဲ ပျော်ရွှင်စွာလမ်းခွဲပြီး ဂျပန်ကိုရောက်ကြတော့မယ်...
ERINဆိုတဲ့ ပင်စည်အမြစ်ခိုင် သစ်ပင်ကြီးကနေ လိပ်ပြာလေးတွေ ထွက်ချီပြန်အုန်းမယ်...

ချစ်ခြင်းများနဲ့ ပျော်ရွှင်ဖွယ်ရာ VALENTINE DAY❤️

Photos from ERIN Japanese Language Center's post 27/01/2026

🖌️ စုတ်တံတစ်ချောင်း၊ မင်တစ်စက်နဲ့ "ထန်းရည်" ရနံ့သင်းခဲ့တဲ့ Shodo အတန်းလေး 🍶
ပြီးခဲ့တဲ့ ၂၅ ရက်နေ့က ERIN ကျောင်းကို ဂျပန်နိုင်ငံက Sugi Sensei(スギ先生) နဲ့ Yuriko Sensei(ユリコ先生)တို့လာရောက်ပြီး書道အလှရေးနည်းလေးတွေသင်ကြားပေးခဲ့ပါတယ်။🇯🇵✨
စေတနာအရင်းခံပြီးသင်ကြားပေးသောအတန်းလေး....။
ဆန်းဆေးတို့က မြန်မာနိုင်ငံကို အရမ်းချစ်တာတင်မကဘူး၊ မြန်မာ့အမွေအနှစ် "ထန်းရည်" ကိုပါ ကြိုက်တယ်လို့ ပြောသွားတော့ ကျွန်မတို့မှာ အံ့ဩတမင်းဖြစ်ရသလို တော်တော်လေးလည်း ရယ်ခဲ့ရပါတယ်။ (နောက်ဆို ဂျပန်စာ Level တက်ချင်ရင် ဆန်းဆေးတို့ကို ထန်းရည်နဲ့ပဲ လာလာကပ်ရတော့မလားမသိဘူးနော်! 😆)
ဒီပွဲလေးမှာ ဆန်းဆေးတို့ အချင်းချင်း စနောက်ပြီး စကားတွေ အများကြီး ပြောနေတာကို နားထောင်ရင်း ကျွန်မတို့အားလုံးလည်း ဂျပန်စကား Level တစ်ဆင့် တက်လာသလို ခံစားရပါတယ်။
ဒါတွေအားလုံးကတော့...
• ဆရာဆက်ပိုင် ရဲ့ စနစ်တကျ သင်ကြားပေးမှုတွေကြောင့် ဆန်းဆေးတို့နဲ့ စကားပြောရတာ "ရေလို" (အဲလေ.. ထန်းရည်လို) ချောမွေ့နေခဲ့သလို၊
• ဆရာကျော်မြင့်ဦး ကလည်း ဘာသာပြန်ပေးရင်း ကျွန်မတို့ မသိသေးတဲ့ စကားလုံးအသစ်လေးတွေကိုပါ ထပ်ဆင့်ပြီး ပညာဒါနပြုပေးခဲ့လို့ပဲ ဖြစ်ပါတယ်။ 🎓🌟
ပညာလည်းရ၊ ဗဟုသုတလည်းစုံ၊ ရယ်လည်းရယ်ခဲ့ရတဲ့ တကယ့်ကို အမှတ်တရနေ့လေးပါပဲ။ ဂျပန်စာအလှရေးရင်းနဲ့ ဂျပန်စကားပြောလည်း ပိုတိုးတက်လာခဲ့တဲ့အတွက် အရမ်းကို ကျေနပ်မိပါတယ်။
လာရောက်သင်ကြားပေးတဲ့ ဆန်းဆေးတို့ရော၊ လမ်းပြပေးတဲ့ ဆရာတို့ကိုERINကျောင်းသူကျောင်းသားများက အထူးပဲ ကျေးဇူးတင်လျက်ရှိပါတယ်ရှင်။ 🙏❤️

Photos from ERIN Japanese Language Center's post 22/01/2026

"အသည်းကွဲတာထက် ပိုနာကျင်ရတဲ့ ဂျပန်စာ" (For Basic Speaking)
ဂျပန်ကားကြည့်ရင် "အာနိုး... အဲတို..." ကလွဲရင် ဘာမှနားမလည်တော့တဲ့ ဘဝကနေ အခုပဲ ရုန်းထွက်လိုက်ပါ! 😂
Anime ကြည့်ရင် Myanmar Subtitle မပါရင် ဆွံ့အသွားတတ်တဲ့ သူငယ်ချင်းတွေအတွက် ဆရာမ YUKIKO ရဲ့ Basic Speaking အတန်းရှိတယ်နော်။

ဘာတွေသင်မှာလဲ?
o "Su mi ma sen" တစ်ခွန်းတည်းနဲ့ဂျပန်တစ်ပြည်လုံး ပတ်လို့မရမှန်း သိသွားစေရမယ်။
o စကားပြောရင် ကိုယ့်ကိုယ်ကိုယ် ဂျပန်ရောက်နေသလို Confident အပြည့်နဲ့ ပြောတတ်စေရမယ်။
• ထူးခြားချက်: ဆရာမက အသံထွက်ကအစ စိတ်ရှည်လက်ရှည် ပြင်ပေးမှာဆိုတော့ လျှာလိပ်မှာ မကြောက်နဲ့၊ လျှာမရှိတာပဲ ကြောက်! 👅
• ရလဒ်: သင်တန်းပြီးရင် Listeningတွေကောင်းပြီးစကားတွေသွက်သွားမှာတော့အာမခံချက်ပြင်း(ဂျပန်တွေနည်းတူစကားပြောကျွမ်းချင်ရင် Intermediate ဆက်တက် BASIC နဲ့ တော့မကျေနပ်နဲ့)။ 😉

အခုပဲ Register လုပ်ပြီး "Nani??" လို့ပဲ အော်နေရတဲ့ ဘဝကို အဆုံးသတ်လိုက်ရအောင်။

"N5 ဆိုတာ ဂဏန်းသင်တာမဟုတ်ဘူးနော်" (For Basic + N5)

"ဂျပန်စာ သင်ရတာ လွယ်လား?" လို့ လာမမေးပါနဲ့။
"ဆရာမ YUKIKO နဲ့ သင်ရင် စာတကယ်တက်မှာလား?" လို့ပဲ မေးပါ! 🌸
(ကိုယ်မကြိုးစားရင်တော့ဂျပန်စာမတက်ပါဘူးနော်။မချစ်ပြရသေးဘူးစွဲလမ်းမှာလားလို့လာမမေးနဲ့)
Basic + N5 တက်ပြီးရင် ဘာတွေဖြစ်လာမလဲ?
1. ဂျပန်စာလုံးတွေကို "တီကောင်စာ" လို့ မမြင်တော့ဘူး။
2. ဗဟုသုတတွေတိုးပြီး ဂျပန်လူမျိုးနဲ့တွေ့ရင် "ခိုနီချိဝ" ထက် ပိုပြောတတ်လာမယ်။
3. အလုပ်အကိုင် အခွင့်အလမ်းတွေကလည်း "Irashaimase" ဆိုပြီး ကြိုဆိုနေမှာ။(ဒါပင်မဲ့ N4.N3ဆက်တက် N5နဲ့တော့မရဘူးလေ Marketing)

သင်တန်းအသေးစိတ်:
• Basic: အခြေခံအုတ်မြစ်ကို ကျောက်ဆောင်ထက် ခိုင်အောင် ဆောက်ပေးမှာ။
• N5: စာမေးပွဲဖြေရင် အမှတ်တွေ အော်ပြန်လှန်(စာတော့ ပြန်ကြည့်ဖို့ လိုတယ်နော် ဟဲဟဲ)။
သင်တန်းကြေးကလည်း တန်မှတန်ဆိုတော့ အိတ်ကပ်ထဲက ပိုက်ဆံလေးတွေက "ဆရာမဆီ သွားချင်ပြီ" လို့ အော်နေပြီမလား? 💸

✅ Basic Speaking: ပါးစပ်က ဂျပန်လို အလိုလို ထွက်လာစေရမယ်။ ( Intermediate Speakingပါဆက်JOIN ချင်သွားမယ်)
✅ Basic + N5: အခြေခံကို အပိုင်ကိုင်ထားချင်သူများအတွက်။
လူအများကြီး လက်မခံဘူးဆိုတော့ နောက်ကျမှ လာငိုလို့မရဘူးနော်။ အခုပဲ CB ကို အမြန်ပြေးခဲ့တော့! 🏃‍♂️💨

💡 ဘာကြောင့် ဆရာမ YUKIKO ဆီမှာ တက်သင့်တာလဲ?
✅ ဆရာမကိုယ်တိုင်က စိတ်ရှည်တယ်၊ သင်တာလည်း အရမ်းပေါ့ပါးတယ်။
✅ စာသင်နေတာလား၊ ဂျပန်စကားတွေအပြန်အလှန်ပြောနေကြတာလား?လို့ မှတ်ရလောက်အောင် ပျော်စရာကောင်းပြီး စကားပြောသွက်စေမဲ့ BASIC SPEAKING ။
✅ အခြေခံကို သေချာနားလည်အောင် ရှင်းပြပေးလို့ လုံးဝ နောင်တမရစေ မဲ့ BASIC + N5 (စာနေ့တိုင်းမေးတာကတော့.....)
"ဂျပန်စာဆိုတာ လေ့လာရတာ ပျော်ဖို့ကောင်းတဲ့ ခရီးစဉ်တစ်ခုပါ"

BASIC + N5 Time Table(SAT & SUN ) CLASS
📅 သင်တန်းစမည့် ရက်စွဲ: [14.2.2026]
သင်တန်းအချိန် : [1:15-3:00 ]PM
💰 သင်တန်းကြေး : [245000] Kyats(လိုအပ်တဲ့TESTBOOKတွေကျောင်းမှာအလကားယူ)
📍 တက်ရောက်ရမည့်ပုံစံ: (အပြင်မှာလာတက် ၊ ကျောင်းတော့မပြေးနဲ့)

BASIC SPEAKING (SAT & SUN ) CLASS
📅 သင်တန်းစမည့် ရက်စွဲ: [14.2.2026]
သင်တန်းအချိန် : [3:15-5:00 ]PM
💰 သင်တန်းကြေး : [245000] Kyats(စကားပြောအခြေခံကျွမ်းကျင်စာအုပ်အလကားယူပြစ်)
📍 တက်ရောက်ရမည့်ပုံစံ: (အပြင်မှာလာတက် ၊ ကျောင်းတော့မပြေးနဲ့) ထပ်ပြောတာပါရှင့်။

🔥 လူဦးရေ ကန့်သတ်ထားတာမို့... အမြန်ဆုံး စာရင်းသွင်းလိုက်မှ စိတ်ချရမယ်နော်။ မဟုတ်ရင် သူများတွေ ဂျပန်လို ပြောနေချိန်မှာ ကိုယ်က "နာနီ... ဘာတွေပြောနေတာလဲ" လို့ပဲ ကျန်ခဲ့ရလိမ့်မယ်! 😂
📩 အသေးစိတ်သိရှိလိုပါက Messenger သို့ အခုပဲ စာပို့ပြီး စုံစမ်းလိုက်ပါရှင်။
ရုံးဖုန်း(မနက် ၉နာရီမှ ညနေ ၅နာရီခွဲထိ )
09 – 885522885
09 – 885522884
(ရုံးချိန်တွင်းသာဆက်ပါ ရုံးပိတ်ချိန်မဆက်ပါနဲ့။ ရုံးချိန်မဟုတ်ပဲဆက်လို့မကိုင်ရင်မရစ်ပါနဲ့ကွာ)
ဆရာဆက်ပိုင်(ကြိုက်တဲ့ချိန်ဆက်လို့ရတယ် ERIN အုပ်ကြီးဖုန်းပါ😮‍💨)
09 – 43124684
(ညသန်းခေါင်တော့မဆက်ပါနဲ့ ဆရာဆက် ကို အနားယူခွင့်ပေးကြပါ😒...)

20/01/2026

ပစ်တိုင်းထောင် နဲ့ ဒါရုမ (Daruma) 🇲🇲🇯🇵
〜〜〜〜〜〜〜〜〜〜〜〜〜〜〜〜
ကျွန်တော်တို့ ငယ်ငယ်က ဆော့ခဲ့တဲ့ "ပစ်တိုင်းထောင်" လေးတွေကို မှတ်မိကြဦးမှာပါ။ မြန်မာ့ရိုးရာ ပစ်တိုင်းထောင်နဲ့ ဂျပန်ရဲ့ ဒါရုမ (Daruma) ရုပ်လေးတွေဟာ ကြည့်လိုက်ရင် ဆင်တူသလိုနဲ့ သူတို့ပေးချင်တဲ့ အဓိပ္ပာယ်ကတော့ တကယ်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်။

၁။ လဲကျရင် ပြန်ထမယ့် "ပစ်တိုင်းထောင်" 🇲🇲
〜〜〜〜〜〜〜〜〜〜〜〜〜〜〜〜〜〜〜〜
မြန်မာ့ပစ်တိုင်းထောင်ကတော့ "ဇွဲ" ရဲ့ ပြယုဂ်ပါ။ လောကဓံက ဘယ်လောက်ပဲ ရိုက်ချပါစေ၊ ဘယ်နှစ်ကြိမ်ပဲ လဲကျပါစေ... အောက်ခြေက ခိုင်ခိုင်မာမာနဲ့ ပြန်ထနိုင်ရမယ်ဆိုတဲ့ စိတ်ဓာတ်ကို သင်ပေးပါတယ်။ ရယ်မောနေတဲ့ မျက်နှာလေးနဲ့ အခက်အခဲကို ရင်ဆိုင်ဖို့ ခွန်အားပေးတာပါ။

၂။ ရည်မှန်းချက်အတွက် မျက်လုံးဖွင့်ပေးရတဲ့ "ဒါရုမ" 🇯🇵
〜〜〜〜〜〜〜〜〜〜〜〜〜〜〜〜〜〜〜〜〜〜〜
ဂျပန်က ဒါရုမကျတော့ တစ်မျိုးပါ။ သူက "ဆုတောင်းနဲ့ ပန်းတိုင်" ကို ကိုယ်စားပြုပါတယ်။ ထူးခြားတာက ဝယ်ခါစမှာ သူ့မျက်လုံးတွေက အဖြူကွက်လပ်ကြီးပါ။ မိမိရဲ့ ပန်းတိုင်တစ်ခုကို စတင်သတ်မှတ်တဲ့အခါ မျက်လုံးတစ်ဖက်ကို အရင်ဆွဲရပါတယ်။ အဲဒီလုပ်ငန်း ဒါမှမဟုတ် ဆုတောင်း ပြည့်ဝသွားတဲ့အခါမှ ကျန်တဲ့မျက်လုံးတစ်ဖက်ကို ဖြည့်စွက်ပေးရတာပါ။ "စပြီးရင် ဆုံးအောင်လုပ်မယ်" ဆိုတဲ့ ကတိကဝတ် (Commitment) သဘောပါပဲ။

ဘဝမှာ အောင်မြင်ဖို့ဆိုရင်...

• လဲကျတိုင်း ပြန်ထနိုင်တဲ့ ပစ်တိုင်းထောင် စိတ်ဓာတ် လည်း ရှိရမယ်။
• စတင်လိုက်တဲ့ အလုပ်ကို မျက်လုံးစုံအောင် (အဆုံးထိ) လုပ်ဆောင်မယ့် ဒါရုမရဲ့ တာဝန်ယူမှု လည်း ရှိရပါမယ်။

ဒီအရုပ်လေးတွေက ကျွန်တော်တို့ကို ပြောနေတာတစ်ခုပဲ ရှိပါတယ်။ "မရှုံးပေးနဲ့၊ ဆက်ကြိုးစားပါ" တဲ့။

Life မှကူးယူဖော်ပြအပ်ပါသည်။
Respect & Credit to Life facebook Account

20/01/2026

မြန်မာနှင့် အရှေ့တောင်အာရှရဲ့ အမြင့်ဆုံးတောင် (ခါကာဘိုရာဇီ)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ခါကာဘိုရာဇီလို့ပြောလိုက်ရင် မြန်မာတို့အဖို့ ငါတို့တောင်ဆိုပြီး ဂုဏ်ယူချင်ကြပါတယ်။
မြန်မာနိုင်ငံရဲ့ အမြင့်ဆုံးတောင်ဆိုပြီးလည်း ကြွားတတ်ကြပါတယ်။
ဂျပန်မှာ ဖူဂျီတောင်ရှိသလို မြန်မာမှာ ခါကာဘိုရာဇီရှိတယ်လို့ပြောတတ်ကြပါတယ်။

ဇာတ်လမ်းကစပါမယ်…..
ဖူဂျီတောင်ကိုသိလား……သိတာပေါ့…..
ဖူဂျီတောင်အမြင့်ကိုသိလား…..အဲဒါကတော့…….

ဖူဂျီတောင်က ဂျပန်ကတောင်ဆိုတော့ မသိဘူးပေါ့။
ကဲ….ဒါဆိုရင် ကိုယ်ပိုင်တောင်ဖြစ်တဲ့ ခါကာဘိုရာဇီတောင်ရဲ့
အမြင့်ကဘယ်လောက်ရှိလဲလို့မေးတော့လည်း……
မသိပြန်ဘူး……ခက်ပြီ။

အဲလိုမျိုးမဖြစ်ရအောင်…လို့
ဒီပိုစ့်လေးကို တင်လိုက်တာပါ။
ဂျပန်တွေက ဖူဂျီတောင်ကို ဘယ်လိုမှတ်လဲဆိုတာ
သိပြီးလောက်ပြီဆိုတော့….သူတို့မှတ်နည်းလေးအတိုင်း
ခါကာဘိုရာဇီကို မှတ်ကြရအောင်နော်။

ခါကာဘိုရာဇီတောင်က ၅၈၈၁ မီတာမြင့်ပါတယ်။
ပေအားဖြင့်ပြောရရင်တော့ ၁၉၂၉၅ ပေမြင့်ပါတယ်။

ဘယ်လိုမှတ်မယ်ဆိုတာကို Comment လေးတွေရေးပေးကြရင်…
အရမ်းပျော်ဖို့ကောင်းမှာပဲနော်။
ကျေးဇူးပြုပြီး Comment မှာအဖြေလေးကိုရေးပေးစေလိုပါတယ်။

ဂျပန်စာသင်ယူရင်း ဗဟုသုတတိုးပွားကြပါစေ။
စေတနာဖြင့် ERIN ဂျပန်စာသင်တန်း


Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00