လက်ရှိမှာ
Gender based violence ခေါင်းစဥ်နဲ့ Research လေးတစ်ခုပြုလုပ်နေပါတယ်။ အဲ့ဒီအတွက်ကို Survey လေးကနေ တစ်ဆင့် ပြည်သူတွေရဲ့ voices ပေါ်အခြေခံပြီး Analysis လေးလုပ်ချင်လို့ပါ။ ဒီ Survey ရဲ့ objective ကတော့ လက်ရှိအချိန်မှာ Gender အားလုံး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု၊ အဓမ္မပြုကျင့်ခံရမှုတွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေများပြားလာတဲ့အတွက် ဒီလိုအခြနေတွေကို ဘယ်အကြောင်းရာတွေကလွှမ်းမိုးလာလဲ/ ဘယ်လောက်ထိ ဆိုးရွားလာလဲဆိုတဲ့ Scope ပမဏကိုတိုင်းတာခြင်းကနေတစ်ဆင့် Community level အနေနဲ့ ဘယ်လိုတွေလုပ်ဆောင်သင့်လဲဆိုတာကို သိရှိဆန်းစစ်ချင်တာက အဓိက purpose ပါ။ လက်ရှိမှာ Target areas ကတော့ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်က သူတွေရဲ့ အခြေနေကို စစ်တမ်းကောက်ပြီး သုတေသနလုပ်နေပါတယ်။ အဲ့ဒီအတွက်ကို နင့်အနေနဲ့ အသိတွေကို ဖြန့်ဝေပေးပါလား။ Gender based violence ကြုံတွေ့နေရတဲ့သူတွေအားလုံး တကယ်ကြုံရတာတွေကိုရင်ဖွင့်တာတွေများတဲ့အတွက် ဒီ Survey လေးမှာ တကယ်ကြုံတွေ့နေရတဲ့သူတို့ရဲ့ voices တွေကိုပါဝင်စေချင်တယ်။
အောက်က link လေးကတော့ Survey form လေးပါ။
https://forms.gle/8vgMhTnNHfJ7CCuN8
Active Rainbow
On the 27th of March, 2018, Active Rainbow was founded with the common aim of raising awareness and voices on behalf the LGBT+ community.
26/10/2021
Intersex Awareness Day ✨✨
သင္သိပါသလား....❓
လာမယ့် October 26ရက်နေ့က
Intersex Awareness Dayဖြစ်ပါတယ်။
နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိပြီးတော့
Intersexများကြုံတွေရတဲ့လူ့အခွင့်အရေးပြသာနာ
တွေကိုမီးမောင်းထိုးပြဖို့အတွက်
2003ခုနှစ်ကစတင်သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ် 🌈
22/10/2021
🌈✨✨
01/07/2021
လူငယ်တွေပြောတဲ့ မျိုးဆက်ပွားကျန်းမာရေးစကားဝိုင်း 🗣👂
ဒီတစ်ခေါက်မှာတော့ ကျွန်တော်တို့ကနေ လူငယ်တွေအတွက်တကယ်အကျိုးရှိမဲ့ programလေးသယ်ဆောင်လို့လာပါပြီ။
အဲ့ဒါလေးကတော့ "လူငယ်တွေပြောတဲ့မျိုးဆက်ပွားကျန်းမာရေး" ဆိုတဲ့ Panel Discussion လေးဘဲဖြစ်ပါတယ်။😄
ဟုတ်ပါတယ် မျိုးဆက်ပွားကျန်းမာရေးဆိုတာ လူကြီး၊လူငယ်၊အသက်ရွယ်မရွေး၊ကျား၊မ မရွေးလိုအပ်တဲ့ အသိပညာရပ်ဘဲဖြစ်ပါတယ်။
ဒီလူငယ်စကားဝိုင်းလေးကနေတဆင့်
👉ယခုလိုတော်လှန်ရေးကာလကြီးမှာ လူကြီး၊လူငယ်မရွေး ရင်ဆိုင်ကြုံတွေ့နေရတဲ့ မျိုးဆက်ပွားကျန်းမာရေးနဲ့ပက်သက်တဲ့ အခက်အခဲတွေ၊
👉Culture Limitationများတဲ့မြန်မာနိုင်ငံအနေနဲ့ အနာဂတ်မှာ မျိုးဆက်ပွားကျန်းမာရေးကိုလူထုပိုမိုလက်ခံလာစေရန်နှင့် လက်လမ်းမီစေရန်၊
👉မျိုးဆက်ပွားကျန်းမာရေး ဟာ Gender Equalityရဲ့အခန်းကဏ္ဉမှာ ဘယ်လိုအရေးပါသလဲ၊ဘယ်လိုဆက်စပ်နေလဲ၊
စသည့်အထက်ပါအကြောင်းအရာများနဲ့ပက်သက်ပြီး Special Guest Speakers များနဲ့အတူ ဒီလူငယ်စကားဝိုင်းလေးကနေဆွေးနွေးသွားမှာဖြစ်ပါတယ်။
ပွဲအစီအစဉ်အသေးစိတ်ကတော့
Guest Speakers-Ms.Sandar Hlaing(Trainer at White Jasmine Program),Mr.Shin Thu Naung(Founder of Active Rainbow),Mr.Naw San(Thit Yeik)
Date-3 July 2021
Time-6 to 7:30PM (MMT)
ဒါကြောင့် "လူငယ်တွေပြောတဲ့ မျိုးဆက်ပွားကျန်းမာရေး" Online Panel Discussion လေးကိုစိတ်ပါဝင်စားတက်ရောက်လိုသူများအနေဖြင့် အောက်ပါ Registeration formလေးကိုဖြည့်ပေးဖို့လိုမယ်နော်။
https://cutt.ly/dmyfgQT
See you!🤗
#စံပယ်ဖြူကဏ္ဍ
discussion
15/06/2021
အမေရိကန်ပြည်ထောင်စုသည် LGBTQI+ အသိုက်အဝန်းနှင့်အတူခိုင်မာစွာရပ်တည်နေပြီး LGBTQI+လူ့အခွင့်အရေးကို ကမ္ဘာနှင့်အဝှမ်း ဆက်လက်၍ကာကွယ်မြှင့်တင်သွားမည်ဖြစ်သည်။ 🏳️🌈🏳️⚧️
The United States stands in solidarity with the LGBTQI+ community and will continue to promote and protect LGBTQI+ human rights globally. 🏳️🌈🏳️⚧️
27/04/2021
Active Rainbow အကြောင်းမေးနေကြလို့
ဒီပိုစ့်လေးဖတ်ကြည့်ရင် စုံစုံလင်လင် သိမှာပါ 🥰🥰
မင်္ဂလာပါဗျ။ 🤘
အားလုံးပဲ Covid ကာလမှာ Stay home နေရင်း
ဒီနှစ် 2020 International Day Against Homophobia and Transphobia (IDAHOT)
နေ့လေးကို အတူတူဖြတ်သန်းကြမယ်နော် 👋
ဒီနှစ်အတွက်ဆောင်ပုဒ်ကတော့" Breaking The Silence " ဖြစ်ပါတယ်။
မြန်မာလိုဆိုရင်တော့ "တိတ်ဆိတ်ခြင်းကို ဖြိုခွင်းစို့" ပါ။ 💪
ဒီနှစ်ဆောင်ပုဒ်လေးက ကျွန်တော်တ်ို့ Active Rainbowအဖွဲ့
ဖြစ်ပေါ်လာရခြင်းနဲ့ ကိုက်ညီနေလို့ ဒီနေ့မှာ Active Rainbow
အဖွဲ့အကြောင်းပြောပြချင်ပါတယ် ။
ကျွန်တော်တို့အဖွဲ့ကို စတင်ဖွဲ့စည်းတဲ့နေ့ကတော့ 29.3.2018ဖြစ်ပြီး
အဖွဲ့ဝင် ၆ယောက်နဲ့စတင်ခဲ့ပါတယ်။
စတင်ဖွဲ့စည်းချိန်မှာ လူငယ်ဆန်ဆန် Power of True Love-Potl ဆိုပြီး
စစတင်ခဲ့ပါတယ်။
ကျွန်တော်တို့အဖွဲ့ဝင် ၆ယောက်စလုံးက ဒဂုံတက္ကသိုလ်က
ကျောင်းသားတွေဖြစ်ပါတယ်။ မတူညီတဲ့မေဂျာတွေကဖြစ်ပေမဲ့
တူညီတဲ့ အရာတွေရှိကြတဲ့အခါမှာ ခင်မင်ခဲ့ပြီး စတင်ဖွဲ့စည်းဖြစ်ခဲ့ပါတယ်။
တူညီတဲ့အရာဆိုတာက ဖိနှိပ်မှုတွေ ခွဲခြားမှုတွေကို မခံချင်တဲ့စိတ်ပါ ။
ကျွန်တော်ကိုယ်တိုင်ရော ကျွန်တော်တို့အဖွဲ့ဝင်ရော ကိုယ်စီကိုယ်စီ
ခွဲခြားမှုတွေကို ပညာရေးနယ်ပယ် တက္ကသိုလ်နယ်မြေမှာ
ခံစားခဲ့ကြရပါတယ်။
ဒါပေမဲ့ ဒီလိုခွဲခြားမှုတွေ ဝေဖန်မှုတွေကြားမှာ မသိမ်ငယ်ပဲ
အချင်းချင်းဖေးမပြီး ကျွန်တော်တို့ အသံတွေကိုမြှင့်တင်ခဲ့တယ်
ကြိုးစားခဲ့ကြပါတယ်။
ပထမဆုံးခြေလှမ်းအဖြစ် ဒဂုံတက္ကသိုလ် Theatre-1 မှာ
LGBT & MYANMAR YOUTH SOCIETY ဆိုတဲ့ပွဲကို
Youth Club လူငယ်အဖွဲ့အစည်းတစ်ခု နဲ့အတူစတင်ခဲ့ပါတယ်။
ကျွန်တော်တ်ို့ရဲ့စီစဥ်တဲ့ပထမဆံုး Seminarတစ်ခုဖြစ်တဲ့အပြင်
အဲ့အချိန်က LGBT Community ကို
အမြင်စောင်းနေကြတဲ့အချိန်လည်းဖြစ်၊
အဲ့တုန်းကတက္ကသိုလ်ကျောင်းတွေမှာLGBT eventတွေ seminar, workshopတွေကို
ခုလောက်တောင်မှလက်မခံကြသေးတဲ့
အချိန်လည်းဖြစ်တော့ အခက်အခဲတွေအများကြီးရှိခဲ့ပါတယ်။❌
ကျွန်တော်တို့ LGBT & MYANMAR YOUTH SOCIETY ဆိုတဲ့ပွဲကို
ကျင်းပပြုလုပ်ခဲ့ချိန်က မြန်မာတစ်နိုင်ငံလုံးရဲ့ဘယ်တက္ကသိုလ်မှာမှ
LGBT နဲ့ပတ်သတ်တဲ့ workshop event activity တွေတတွေတွင်တွင်ကျယ်ကျယ်လုပ်တာမျိုးမတွေ့ခဲ့ရပါဘူး။ ❌
အဲ့လိုကြောင့်လည်းပွဲစလုပ်မယ်ဆိုထဲက ဝေဖန်သံတွေ
ကြားခဲ့ရပါတယ်။ ကျောင်းအုပ်ချုပ်ရေးပိုင်းနဲ့လည်း ညှိနှိုင်းရတာတွေရှိခဲ့ပါတယ်။
ဒါတွေကို ပွဲကျင်းပတဲ့အချိန် တက်ရောက်ခဲ့တဲ့ လူ၆၀၀လံုးက
အသိဆုံးဖြစ်မှာပါ။
ပွဲမစခင်မှာလည်း အခက်အခဲတွေရှိသလို ပွဲပြီးတဲ့အခါမှလည်း
အဆူအပူခံရတာမျိုးတွေ ရှိခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်
Guardian teacher က ဆူတာတွေ အတန်းသားတွေကြားမှာ
ဖြစ်တည်မှုကို ဝေဖန်ပြောဆိုတာမျိုးတွေလည်း ကြုံခဲ့ရပါတယ်။
ကျွန်တော်တို့အဖွဲ့တင် မကပါဘူး ပွဲမှာ volunteer လုပ်ပေးခဲ့တဲ့
LGBT Supporter တချို့ပါအဆူအပူမလွတ်ခဲ့ပါဘူး။
ပညာရေးသင်ကြားရာနယ်ပယ်ဟာ ကျောင်းသားတိုင်းအတွက်
ခွဲခြားမှုကင်းပြီး စိတ်ရောကိုယ်ပါ လုံခြုံစေတဲ့ Safe space , Safe environment ဖြစ်ဖို့လိုအပ်ပါတယ်။
လက်ရှိအခြေအနေမှာ လိုအပ်ချက်တွေရှိနေပြီး ခွဲခြားမှုတွေလည်း
ရှိနေပါသေးတယ်။ အထူးသဖြင့်ကျွန်တော်တို့ LGBT+တွေက
ပိုပြီးခွဲခြားမှုတွေကြုံနေရပါတယ်။
ပညာသင်ကြားပေးတဲ့လမ်းပြတဲ့ ဆရာဆရာမတွေကအစ အသိအမြင်မှားတွေနဲ့ ခွဲခြားနေကြတာတွေအများကြီးပါ။
ခွဲခြားမှုတွေမျာလာလေ ခွဲခြားခံရတဲ့သူဟာ စာသင်ခန်းနဲ့
ဝေးလေလေပါပဲ။ ဒါကြောင့်မလို့ ခွဲခြားမှုတွေ အကြမ်းဖက်မှုတွေက
ငြိမ်မနေကြပဲ တွန်းလှန်ကြဖို့လိုပါတယ်။
ကျွန်တော်တို့ကိုယ်တိုင်လည်း ဖိနှိပ်မှုတွေကို ငြိမ်မနေပဲ
အသံတွေမြှင့်တင်ခဲ့လို့ ခုအချိန်မှာဆို Active Rainbowဆိုပြီး
တက္ကသိုလ်နယ်မြေတွေမှာ တည်ရှိနေနိုင်တာပါ ။
ဖိနှိပ်မှုတွေအောက်မှာသာ ငြိမ်သက်နေခဲ့ရင်
တိတ်ဆိတ်နေခဲ့ရင် Active Rainbow ဆိုတာ
ဖြစ်လာခဲ့မှာ မဟုတ်ပါဘူး။
LGBT+ ကျောင်းသားတွေအတွက် တတ်စွမ်းသလောက်
ခွန်အားရှိသလောက်ကြိုးစားပြီး LGBT+ကျောင်းသားတွေကိုယ်စား
ကျွန်တော်တို့အသံတွေကိုထုတ်ဖော်ခဲ့တာ ၂နှစ်ကျော်ခဲ့ပါပြီ။
ကျွန်တော်တို့ Active Rainbowစတင်ဖွဲ့စည်းချိန်ကစပြီး
ဒီ၂နှစ်တာကာလအတွင်းမှာ အတိုင်းအတာ
တစ်ခုအထိ လူတွေအမြင်ပြောင်းလဲလာကြပါပြီ ။
ဒါပေမဲ့ ခွဲခြားမှုတွေကတော့ ပုံစံအသီးသီးနဲ့ ရှိနေကြပါတယ်။
LGBT ဖြစ်တည်မှုကိုလက်ခံသည်လို့ပြောထားသည့်တိုင်အောင်
တစ်ချို့အခြေအနေမှာ ဖြစ်တည်မှုကို ဖိနှိပ်ပြီးပြောတာမျိုး စကားနာ
ထိုးတာမျိုးတွေလုပ်တတ်ကြသေးတာကို တွေ့ရပါတယ်။
ဒါကြောင့်မလို့ ကိုယ်ခံစားနေရတဲ့ ခွဲခြားမှုတွေကစလို့
အခြေအနေအရပ်ရပ်ကို ထုတ်ဖော်ကြပါ။ ငြိမ်ခံနေလေ ပိုဖိနှိပ်လေဖြစ်လို့ပါ။
ကျွန်တော်တ်ို့အဖွဲ့အမည်ကို Active Rainbow လို့
21.11.2019မှာအမည်ပြောင်းလဲခဲ့ပါတယ်။ လက်ရှိမှာ
အဖွဲ့ဝင်၃ယောက်ကအခြေအနေအရပ်ရပ်ကြောင့်
ဆက်လက်မပါဝင်ဖြစ်တော့ပါဘူး။
လက်ကျန်အဖွဲ့ဝင်ဖြစ်တဲ့ အဖွဲ့ဝင် ၃ယောက်နဲ့ ကြိုးပမ်းပြီး
LGBT+ Community အတွက် တစ်ထောင့်တစ်နေရာကနေ
ကြိုးစားနေကြတာပါ။ 🤗
ကျွန်တော်တို့အဖွဲ့ဟာ တက္ကသိုလ်ကျောင်းသားတွေ
စုစည်းထားတဲ့ အဖွဲ့ဖြစ်တာကြောင့် တက္ကသိုလ်နယ်မြေမှာ
ပိုမိုပြီး Activity တွေကိုပြုလုပ်ဖြစ်ပါတယ်။ တက္ကသိုလ်နယ်မြေက
LGBT+ တွေရဲ့အခက်အခဲတွေကို ပိုမိုဖော်ထုတ်ပြီး
တန်းတူညီမျှမှုရအောင် ကြိုးပမ်းလျက်ရှိပါတယ်။
ဒါ့ကြောင့် တက္ကသိုလ်ကျောင်းသားLGBT+ တွေကိုလည်း
ကျွန်တော်တို့ ACTIVE RAINBOW နဲ့အတူ
လာရောက်ပူးပေါင်းစေလိုပါတယ်။ ✅
အခက်အခဲတွေ ဖိနှိပ်မှုတွေ ခွဲခြားမှုတွေကို ငြိမ်မခံပါနဲ့။
မိမိတို့ရဲ့အသံကိုမြှင့်တင်ပါ။
တ်ိတ်ဆိတ်မှုတွေကို ဖြိုခွဲပါ။ ✅
ဒီနှစ် 2020 International Day Against Homophobia and Transphobia (IDAHOT) ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ "တိတ်ဆိတ်မှုကို ဖြိုခွင်းစို့"
ဆိုတဲ့အဆိုတဲ့အတိုင်း ဖိနှိပ်မှုတွေ ခွဲခြားဆက်ဆံမှုတွေအားလုံးကို
တိတ်ဆိတ်ငြိမ်သက်မနေဘဲ ဝိုင်းဝန်းတွန်းလှန် ကြရအောင်။
💪☺
01/01/2021
2020တုန်းက လုပ်ဖြစ်ခဲ့တာလေး 🥰
25/11/2020
Heteronormativity (လိင်ကွဲအခြေပြုစံနှုန်းတွေကို စံနမူနာထားကျင့်သုံးစေခြင်း)
Heteronormativity ဆိုတာ
Heterosexual = ဆန့်ကျင်ဘက်လိင်တွေကိုသာချစ်ခင်မြတ်နိုးသူ
Normativity = ပုံမှန်ဖြစ်ခြင်းဆိုတဲ့စကားလုံး နှစ်ခုကိုပေါင်းပြီးခေါ်ဆိုထားတာဖြစ်ပါတယ်။
ဒီ့ထပ်ပိုရှင်းအောင်ပြောရမယ်ဆိုရင်
လိင်တူချစ်သူတစ်ယောက်အနေနဲ့ ဒီလူ့အဖွဲ့အစည်းမှာ ငါကတော့လိင်တူချစ်သူ တစ်ယောက်ပါ ဆိုပြီးဖွင့်ပြောဖို့လိုပေမယ့်
ဘယ်လိင်ကွဲချစ်သူက မှ ငါကလိင်ကွဲကိုပဲကြိုက်တဲ့သူပါဆိုပြီး ဖွင့်ပြောဖို့မလိုသလိုပေါ့။
ဒီ heteronormativity စနစ်က
Heterosexual တွေများတဲ့ ဒီ့လူ့အဖွဲ့အစည်းမှာ စံနှုန်းတစ်ခုအဖြစ်နဲ့
တိုင်းတာလာကြတယ်။
အသိသာဆုံးတစ်နေရာကို ဥပမာပြရမယ်ဆိုရင်
LGBTတွေအကြောင်းကိုပြောထားတဲ့ သတင်းမီဒီယာတွေရဲ့ ကွန်မန့်ကိုကြည့်မယ်ဆိုရင် လူ၃မျိုးတွေ့ရမယ်။
LGBTဆိုတာမရှိသင့်ဘူးလို့ထင်တဲ့သူ၊
LGBTတွေဘက်ကထောက်ခံပေးတဲ့သူရယ်၊
သနားတဲ့သူရယ်။
Heteronormativity မှာအဓိကပါဝင်တဲ့သူတွေက အောက်ဆုံးကသနားပါတယ်ဆိုတဲ့သူမျိုး။
LGBTလေးတွေကသနားပါတယ်။ ဒါသူတို့ရဲ့ ဝဋ်ကြွေးပဲ။လက်ခံပေးလိုက်ပါ ဆိုတဲ့ အယူအဆတွေက အမှန်တစ်ကယ် LGBTတွေရဲ့ဖြစ်တည်မှုကို လက်ခံပေးလိုက်တာမဟုတ်ပဲ ၊ LGBTတွေရဲ့ ဖြစ်တည်မှုကို သာမန်မဟုတ်ဘူးဆိုပြီးတစ်ဆင့်နှိမ့်ကာ ပါဝါယူလိုက်တဲ့ပုံစံမျိုးဖြစ်နေတာကိုတော့ သတိမထားမိလိုက်ကြဘူး။
ဒီ Heteronormativity က လိင်ကွဲချစ်သူတွေမှာပဲ အလုပ်လုပ်တာမဟုတ်ပဲ
လိင်တူချစ်သူတွေမှာလည်း အလုပ်လုပ်ပါတယ်။
လိင်တူချစ်သူတွေအနေနဲ့
"ငါတို့ကပုံမှန်မဟုတ်ဘူး။သူများတွေလက်ခံဖို့အတွက် သူမ ငါတို့
ပိုကြိုးစားရမယ်။"
ဆိုတဲ့ပုံမှန်မဟုတ်ဘူးဆိုတဲ့ခံစားချက်နဲ့ လူ့အဖွဲ့အစည်းနဲ့တစ်ဖြည်းဖြည်းခွဲထွက်လာကြတယ်။
ဒါ့အပြင် ကျားဂျန်ဒါစံနှုန်း နဲ့ မဂျန်ဒါစံနှုန်း တွေပေါ်ပေါက်လာတာကလည်း Heteronormativity ရဲ့ လက်ဝေခံအကျိုးသက်ရောက်မှုတွေဖြစ်ပါတယ်။
ယောက်ျားလေးတစ်ယောက် အရွယ်ရောက်တာနဲ့ မိန်းမယူ၊ကလေးမွေး၊မိသားစုကိုဦးဆောင်၊
မိန်းကလေးတစ်ယောက် အရွယ်ရောက်တာနဲ့ အလှပြင်၊ ယောကျာ်းယူ၊ မီးဖိုချောင်ထဲဝင်၊ ကလေးပြုစု စသဖြင့်သတ်မှတ်လိုက်တာမျိုးဖြစ်ပါတယ်။
Heteronormativity က လူ့အဖွဲ့အစည်းမှာကြီးစိုးနေတဲ့ ပတ်ထရီအာခီ(ကျားစံပြုလူနေမှုစနစ်) ကိုထောက်တိုင်ပြုနေတဲ့ စနစ်တွေထဲကတစ်ခုလည်းဖြစ်ပါတယ်။
Heteronormativity နဲ့ Patriarchy နှစ်ခုစလုံးက
လူ့အဖွဲ့အစည်းမှာ စံနှုန်းတွေသတ်မှတ်ပြီး ဒီစံနှုန်းနဲ့ မကိုက်ညီတဲ့ လူတွေဟာ
ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံမှုတွေကို ခံစားနေရတာမို့ ကျွန်တော်တို့ စုပေါင်းပြီး တိုက်ဖျက်ဖို့လိုအပ်ပါတယ်။
20/11/2020
Transgender Day of Remembrance
အားလုံးပဲမင်္ဂလာပါခင်ဗျ 🤗
လာမယ့်November 20 Tue က
Transgender Day of Remembrances (TDoR)နေ့ဖြစ်ပါတယ်။
TDoR(တီဒေါ)ဆိုတာဘာလဲ။
ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲ၀တ်ဆင်နေထိုင်သူများ (Transgender: ကျား၊ မ) အတွက် အမှတ်တရနေ့ (တီဒေါ) ဆိုတာဆန့်ကျင်ဖက်လိင်လို ပြောင်းလဲ၀တ်ဆင်နေထိုင်သူတွေကို မုန်းတီးတဲ့ သူတွေ ရဲ့ ညင်းပန်းနှိပ်စက် သတ်ဖြတ်ခြင်းကိုခံခဲ့ရတဲ့ ကမ္ဘာတစ်လွှားက Transgender တွေကို အောက်မေ့သတိရတဲ့ နေ့ရက်တစ်ရက်ဖြစ်ပါတယ်။ အမှတ်တရနေ့ဖြစ်တဲ့ နို၀င်ဘာလ ၂၀ ရက်နေ့ရောက်တိုင်းကမ္ဘာတလွှားမှာရှိတဲ့ လိင်တူချင်းချစ်သူတွေနဲ့ လူ့အခွင့်အရေးလေးစားလိုက်နာသူတွေက အောက်မေ့သတိရတဲ့ အထိမ်းအမှတ်အနေနဲ့ နှစ်စဉ်နှစ်တိုင်းကျင်းပကြတာဖြစ်ပါတယ်။ ဒီလို ကျင်းပလာခဲ့ကြတားဒီနှစ်နဲ့ဆို ၁၉ နှစ်တိုင်တိုင် ပြည့်ခဲ့ပြီးဖြစ်ပါတယ်။
ဘာကြောင့် နို၀င်ဘာ ၂၀ ရက်ကို တီဒေါနေ့အဖြစ် သတ်မှတ်ရတာလဲ။
လူ့သမိုင်းတလျောက်မှာ ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲ၀တ်ဆင်နေထိုင်သူတွေကို ကွပ်မျက်သတ်ဖြတ်လာခဲ့ကြတဲ့ အဖြစ်အပျက်တွေ အများအပြားရှိခဲ့ကြပါတယ်။ ဒါပေမယ့် ဒီလိုလူမျိုးတွေကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်တွေကိုတော့ လူမှုပတ်၀န်းကျင် အသိုင်းအဝုိင်းက သဘာ၀တရားအတိုင်း ဖြစ်သင့်တဲ့ကိစ္စရပ်တခုလိုပဲလစ်လျူရှုခဲ့ကြပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၁၉၉၈ ခုနှစ် နို၀င်ဘာလ ၂၈ ရက်နေ့ အမေရိကန်နိုင်ငံ မက်ဆက်ချူးဆက်ပြည်နယ်၊ သြောစတန်မြို့က ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲ၀တ်ဆင်နေထိုင်သူ ရီတာဟက်စတာ(Rita Hester) ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတဲ့ အချိန်ကနေစပြီးတော့ အမေရိကန်နိုင်ငံမှာရှိတဲ့ လိင်တူချင်းချစ်သူများ အခွင့်အရေး အတွက် လှုပ်ရှားဆောင်ရွက်နေသူတွေက ဒီလိုအဖြစ်အပျက်တွေ အနာဂတ်မှာ ဆက်လက်မဖြစ်ဖို့ရည်ရွယ်ပြီး နို၀င်ဘာ ၂၀ ရက်နေ့ရောက်တိုင်း ဖယောင်းတိုင်မီးထွန်းပြီး ဆန္ဒပြု ကြရာက ဒီအမှတ်တရနေ့ ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ အခုအခါမှာတော့ နှစ်စဉ် နှစ်တိုင်း ကမ္ဘာ အဝှမ်းမှာရှိတဲ့ နိုင်ငံပေါင်း ၈၀ ကျော်မှာ ဒီအထိမ်းအမှတ်နေ့ကို အမှတ်တရကျင်းပပြုလုပ်လျက်ရှိနေကြပြီဖြစ်ပါတယ်။
Transgender တွေဘယ်လိုညှင်းဆဲနှိပ်စက် သတ်ဖြတ်ခံခဲ့ကြရပါသလဲ။
ဆန့်ကျင်ဖက်လိင်လို ၀တ်စားဆင်ယင်နေထိုင်တဲ့သူတွေဟာ အခြားသာမာန်လူတွေ သတ်ဖြတ်ခံရတာထက် ဆိုးရွားတဲ့ နည်းလမ်းမျိုးပေါင်းစုံနဲ့ အသတ်ခံ ခဲ့ကြရတာဖြစ်ပါတယ်။ အဲဒီနည်းလမ်းတွေကတော့ နောက်ကျောကနေ ဓါားနဲ့အကြိမ်ကြိမ်ထိုးခံရခြင်း၊ လည်လှီးခံရခြင်း၊ မုဒိမ်းကျင့်ခံရခြင်း၊ စံပြအနေနဲ့ ကာလီဘိုင်ကဲ့သို့သော လက်နက်များဖြင့် အပြစ်သတ်ခံရခြင်း၊ သေနတ်ဖြင့် အကြိမ်ကြိမ် ပစ်သတ်ခံရခြင်း၊ ဘေ့စ်ဘောလက်ကိုင်တုတ်ဖြင့် အကြိမ်ကြိမ် ရိုက်နှက်သတ်ဖြတ်ခံရခြင်း၊ ကားနဲ့ဒရွတ်တိုက်ဆွဲ၍သတ်ဖြတ်ခံရခြင်း၊မီးရှို့သတ်ဖြတ်ခံရခြင်း အစရှိတဲ့ နည်းလမ်းတွေဟာ ဆန့်ကျင်ဖက်လိင်လို ၀တ်စားနေထိုင်တဲ့သူတွေ ဒီကနေ့တွေ့ကြုံခံစားနေရတဲ့ အန္တရာယ်တွေထဲ ကအနည်းအကျဉ်းမျှသာဖြစ်ပါတယ်။
ဆန်ျ့င်ဖက်လိင်လို ပြောင်းလဲ၀တ်ဆင်နေထိုင်တဲ့အတွက် အသတ်ဖြတ်ခံခဲ့ရတဲ့ လူတွေရဲ့စာရင်းကို ဒီအင်တာနက် စာမျက်နှာမှာ လေ့လာဖတ်ရှုနိုင်ပါတယ်။
http://www.rememberingourdead.org/about/core.html
Trangsender တွေနဲ့ပတ်သက်လို့ ဒီကနေ့ကမ္ဘာမှာရောဘယ်လိုတွေ ဆက်ဖြစ်နေသေးလဲ။
“ Transrespect versus Transphobia Worldwide ” အဖွဲ့ကဆန့်ကျင်ဖက်လိင်လို ပြောင်းလဲ၀တ်ဆက်နေထိုင်သူတွေနဲ့ ပက်သက်လို့ ၄င်းတို့ရဲ့ သုတေသနပြုလုပ်ခဲ့တဲ့ ထုတ်ပြန်ကြေညာချက်တခုကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ရက်နေ့မှာပြုလုပ်ခဲ့ပါတယ်။ အဲဒီကြေညာချက်မှာဖော်ပြသွားတာကတော့ ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ကနေစပြီး ၂၀၁၁ စက်တင်ဘာလအထိ ပြုလုပ်ခဲ့တဲ့ သုတေသနလေ့လာချက်အရလေးနှစ်တာကာလအတွင်း ကမ္ဘာတလွှားမှာ ဆန့်ကျင်ဘက်လိင်လိုပြောင်းလဲနေထိုင်တဲ့သူတွေ ဖြစ်တဲ့အတွက်ကြောင့် သတ်ခံလိုက်ရတဲ့အမှု စုစုပေါင်း ၆၈၁ မှုရှိခဲ့တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဲထက်ပိုပြီး ၀မ်းနည်းစရာ ကောင်းတာကတော့ ၂၀၁၁ ခုနှစ်မှာဆိုရင် ပထမကိုးလအတွင်းမှာတင် အသတ်ခံရတဲ့ Transgender အရေအတွက် စုစုပေါင်း ၁၁၆ မှု ရှိခဲ့တယ်လို့ TvT အဖွဲ့ ကထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်။
TDoR နေ့ကိုဘယ်လိုကျင်းပကြလဲ။
နိုင်ငံတကာမှာ TDoR နေ့ရောက်ရင် သေဆုံးသွားခဲ့တဲ့ ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲ၀တ်ဆင်နေထိုင်တဲ့ သူတွေကို အောက်မေ့သတိရတဲ့အနေနဲ့ ဖယောင်းတိုင်ဆီမီးထွန်းညှီပြီး အသိအမှတ်ပြု ကျင်းပလေ့ရှိကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ ကောင်းမှုကုသိုလ်ပြု အမျှ ဝေ ပြုလေ့ရှိပါတယ်။
TDoRအကြောင်းဆွေးနွေးထားတာလေးကို
ပြန်တင်ခွင့်ပေးတဲ့ မရှင်းသန့်ကိုကျေးဇူးတင်ပါတယ်ခင်ဗျ 🙏
Credit-Shin Thant
🤗
25/09/2020
Hello 🥳
Active Rainbow ကို လူတော်တော်များများက
HIV / AIDS ၊ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါများ ၊မျိုးဆက်ပွားကျန်းမာရေးနဲ့ဆိုင်တဲ့
အကြောင်းအရာတွေကိုတော်တော်များများကလာမေးကြပါတယ်။
📌ကျွန်တော်တို့ Active Rainbowက လူငယ်တွေစုဖွဲ့ထားတဲ့အဖွဲ့အစည်းဖြစ်ပြီး ပညာရှင်များမဟုတ်တာကြောင့်
ဖြေလိုက်လို့အမှားပါမှာကိုစိုးရိမ်ပါတယ်။
📌ဒါကြောင့် ဒီနေ့ HIV/ AIDS နဲ့ မျိုးဆက်ပွားကျန်းမာရေးအသိပညာတွေကိုမျှဝေပေးနေတဲ့ အဖွဲ့အစည်းတွေကိုစုစည်းတင်ပေးလိုက်ရပါတယ်။
📌ပုံတစ်ပုံချင်းစီရဲ့အောက်မှာ page link တွေကိုဖော်ပြပေးထားပါတယ်။ 📌
ရှေ့ဆက်တို့အတူ U=U
Thit Yeik
TOP Center Myanmar
Thiloyarmay
မရှက်နဲ့
Talk & Solve - တိုင်ပင်ဆွေးနွေး အတွင်းရေး
ဒီ page တွေကို Like ထားပြီး HIV/ AIDS , လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတွေအကြောင်း နဲ့ မျိုးဆက်ပွားကျန်းမာရေး အသိပညာတွေကိုလေ့လာနိုင်ပါတယ်။
27/08/2020
ခိုင်မာတိကျ U=U သုတေသန
“U = U” သတင်းစကားကတော့ သိပ္ပံနည်းကျ သက်သေပြချက်တစ်ခုဖြစ်ပါတယ်။
PARTNER ၊ Opposites Attract နဲ့ PARTNER2 လို့ အမည်ရတဲ့ သုတေသနကြီး (၃)ခုကနေ
• လိင်တူလိင်ကွဲစုံတွဲပေါင်း (၁,၈၀၀) နဲ့
• လိင်ဆက်ဆံမှုပေါင်း (၁၆၀,၀၀၀) ကျော်ကိုလေ့လာခဲ့ရာမှာ
• ကူးစက်မှုလုံး၀မရှိကြောင်း တွေ့ရှိခဲ့ပါတယ်။
ဒီလို ခိုင်မာတိကျတဲ့ သုတေသနတွေနဲ့ U=U သတင်းစကားကို အားပေးထောက်ခံပြီး အားလုံးအတူတူ ရှေ့ဆက်ကြပါစို့။
#ရှေ့ဆက်တို့အတူUequalsU
(Zawgyi)
ခိုင်မာတိကျ U=U သုတေသန
Click here to claim your Sponsored Listing.