ABE Myanmar

ABE Myanmar

Share

ABE Myanmar: Empowering Careers for 25+ Years with Exceptional Diplomas. Join us today! ABE programmes are run through a global network of accredited colleges.

ABE (originally known as Advancing Business Education ) was formed in 1973 with the vision of developing the managers of the future. Five decades later ABE has helped develop thousands of business careers all over the world through the provision of a range of qualifications in Business Management disciplines. We also work with schools as our ethos is to develop the foundations of business manageme

27/05/2026

လာမယ့် June 18 မှာ PSM International College မှ ပြုလုပ်သွားမယ့် "𝐓𝐡𝐞 𝐍𝐞𝐱𝐭 𝐂𝐡𝐚𝐩𝐭𝐞𝐫 – 𝐔𝐊 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐒𝐞𝐦𝐢𝐧𝐚𝐫" ကို တက်ရောက်ရင်း၊ ABE Pathway တွေအကြောင်းလေ့လာရင်းနှင့်အတူ 20% to 50% Scholarship တွေရယူလိုက်ရအောင်နော် ✨

👉 For registration: https://forms.office.com/e/GxR3TvdLZV?origin=lprLink
အသေးစိတ်သိလိုရာတွေကို PSM International College ရဲ့ page မှာ သွားရောက်စုံစမ်းနိုင်ပါတယ်။


𝐓𝐡𝐞 𝐍𝐞𝐱𝐭 𝐂𝐡𝐚𝐩𝐭𝐞𝐫 – 𝐔𝐊 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐒𝐞𝐦𝐢𝐧𝐚𝐫 🇬🇧🎓

𝐆𝐫𝐚𝐝𝐞-𝟏𝟐 (သို့မဟုတ်) 𝐆𝐄𝐃 အောင်ပြီးတာနဲ့
𝐔𝐊 တက္ကသိုလ်ပညာရေး ကို ဘယ်လိုလျှောက်လှမ်းလို့ရမလဲ?

လူအများစုက “အချိန်တန် ဘွဲ့တစ်ခုယူမယ်” ဆိုတာလောက်ပဲ စဉ်းစားကြတာများပါတယ်။
တကယ်အရေးကြီးတာကတော့ ရမယ့်ဘွဲ့ဟာ အလုပ်အကိုင်၊ အသက်မွေးဝမ်းကြောင်းကို သေချာပေါက်အထောက်အကူပေးနိုင်တဲ့ ဘွဲ့တစ်ခုဖြစ်ဖို့ အရမ်းရေးကြီးပါတယ်။

စစ်မှန်တဲ့ 𝐔𝐊 ပညာရေးစနစ်တွေကို သင်ယူပြီး လုပ်ငန်းခွင်ဝင်ရောက်ဖို့အတွက်၊ ကိုယ်ပိုင်လုပ်ငန်းဦးဆောင်နိုင်ဖို့အတွက် 𝐂𝐚𝐫𝐞𝐞𝐫 𝐑𝐞𝐚𝐝𝐢𝐧𝐞𝐬𝐬 𝐒𝐤𝐢𝐥𝐥𝐬 တွေကို သင်ယူခွင့်ရမယ့် 𝐔𝐊 တက္ကသိုလ်ပညာရေးလမ်းကြောင်းကို 𝐏𝐒𝐌 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 က ပြုလုပ်မယ့် 𝐓𝐡𝐞 𝐍𝐞𝐱𝐭 𝐂𝐡𝐚𝐩𝐭𝐞𝐫 – 𝐔𝐊 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐒𝐞𝐦𝐢𝐧𝐚𝐫 မှာ အသေးစိတ်ဟောပြောဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐨𝐟 𝐇𝐞𝐫𝐭𝐟𝐨𝐫𝐝𝐬𝐡𝐢𝐫𝐞 🇬🇧 အပါအဝင် 𝐔𝐊 နိုင်ငံက တက္ကသိုလ်ကြီးတွေရဲ့ စီးပွားရေးစီမံခန့်ခွဲမှု (ဂုဏ်ထူးတန်း) ဘွဲ့ကို ရယူနိုင်မယ့် 𝐀𝐁𝐄 𝐔𝐊 𝐏𝐚𝐭𝐡𝐰𝐚𝐲 အကြောင်းနားထောင်ရင်းနဲ့ ပညာသင်ဆု 🏆 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 တွေကိုလည်း 𝟓𝟎% အထိရရှိသွားမယ့် အခွင့်အရေးတစ်ခုဖြစ်တာမို့ လုံးဝလက်မလွတ်သင့်တဲ့ အခွင့်အရေးတစ်ခုပါနော်။

𝐏𝐒𝐌 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠 မှာပြုလုပ်တဲ့
𝐓𝐡𝐞 𝐍𝐞𝐱𝐭 𝐂𝐡𝐚𝐩𝐭𝐞𝐫 – 𝐔𝐊 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐒𝐞𝐦𝐢𝐧𝐚𝐫 🇬🇧 ပွဲမှာတော့

🔹 𝐔𝐊 တက္ကသိုလ်ပညာရေးက ဘယ်လိုရှိလဲ?
🔹 စစ်မှန်တဲ့ 𝐔𝐊 ပညာရေးလမ်းကြောင်းဆိုတာ ဘာလဲ?
🔹 𝐔𝐊 ဘွဲ့ယူဖို့ ဘယ်လမ်းကြောင်းကတက်ရင် ကုန်ကျစရိတ်အသက်သာဆုံးဖြစ်မလဲ?
🔹 𝐆𝐫𝐚𝐝𝐞-𝟏𝟐 / 𝐆𝐄𝐃 နဲ့ 𝐀𝐁𝐄 𝐔𝐊 𝐏𝐚𝐭𝐡𝐰𝐚𝐲 ဘယ်လိုချိတ်ဆက်နေလဲ?
🔹 ဘွဲ့ရတဲ့အထိ ခန့်မှန်းကုန်ကျစရိတ်ဘယ်လောက်လောက် ကုန်ကျနိုင်မလဲ?
🔹 ဘွဲ့ရပြီးသွားရင်ရော ဘယ်လိုအလုပ်အကိုင်တွေရရှိနိုင်မလဲ?
🔹 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐢𝐞𝐬 တွေ ဘယ်လိုရနိုင်မလဲ?

ဆိုတာတွေကို 𝐏𝐒𝐌 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠 ရဲ့ 𝐅𝐨𝐮𝐧𝐝𝐞𝐫 𝐚𝐧𝐝 𝐂𝐄𝐎 ဖြစ်သူ 𝐃𝐫. 𝐏𝐚𝐢𝐧𝐠 𝐒𝐨𝐞နဲ့ 𝐀𝐁𝐄, 𝐔𝐊 ရဲ့ 𝐑𝐞𝐠𝐢𝐨𝐧𝐚𝐥 𝐃𝐢𝐫𝐞𝐜𝐭𝐨𝐫 𝐟𝐨𝐫 𝐒𝐨𝐮𝐭𝐡𝐞𝐚𝐬𝐭 𝐀𝐬𝐢𝐚 & 𝐏𝐚𝐜𝐢𝐟𝐢𝐜 ဖြစ်သူ 𝐌𝐫. 𝐒𝐮𝐫𝐞𝐧 တို့မှ တစ်နေရာတည်းမှာ အခမဲ့ဟောပြောဆွေးနွေးပေးသွားမယ့် 𝐒𝐞𝐦𝐢𝐧𝐚𝐫 တစ်ခုဖြစ်ပါတယ်။

အခုပြုလုပ်သွားမယ့် 𝐓𝐡𝐞 𝐍𝐞𝐱𝐭 𝐂𝐡𝐚𝐩𝐭𝐞𝐫 – 𝐔𝐊 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐒𝐞𝐦𝐢𝐧𝐚𝐫 ပွဲကို 𝐏𝐒𝐌 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 နဲ့ 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧 𝐨𝐟 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞𝐬 (𝐀𝐁𝐄, 𝐔𝐊)🇬🇧 ရဲ့ 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐎𝐟𝐟𝐢ce တို့က ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး တက်ရောက်လာသူအားလုံးကို ကော်ဖီ၊ မုန့်များနဲ့ ဧည့်ခံသွားမှာဖြစ်ကာ ကျောင်းသား၊ ကျောင်းသူတွေအတွက် 𝟐𝟎% ကနေ 𝟓𝟎% အထိ ပညာသင်ဆု 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 တွေလည်း ပေးအပ်သွားမှာဖြစ်ပါတယ်။
ဒီ 𝐒𝐞𝐦𝐢𝐧𝐚𝐫 ဟာ —
✔️ 𝐆𝐫𝐚𝐝-𝟏𝟐 / 𝐆𝐄𝐃 ပြီးနောက် ပညာရေးလမ်းကြောင်းရွေးချယ်နေသူများ
✔️ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐔𝐊 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 ကို စိတ်ဝင်စားသူများ
✔️ နိုင်ငံခြားမှာ ကျောင်းသွားတက်လိုသူများ
✔️ 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐅𝐢𝐞𝐥𝐝 မှာ 𝐂𝐚𝐫𝐞𝐞𝐫 တည်ဆောက်ချင်သူများ
✔️ သား၊ သမီးတွေအတွက် မှန်ကန်တဲ့ 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐏𝐥𝐚𝐧 ကို ရှာဖွေနေတဲ့ မိဘများ
အတွက် အထူးသင့်တော်ပါတယ်။
𝐓𝐡𝐞 𝐍𝐞𝐱𝐭 𝐂𝐡𝐚𝐩𝐭𝐞𝐫 – 𝐔𝐊 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐒𝐞𝐦𝐢𝐧𝐚𝐫 🇬🇧
ကျင်းပပြုလုပ်မယ့် နေ့ရက်၊ အချိန်နဲ့ တည်နေရာ
🗓 𝟏𝟖 𝐉𝐮𝐧𝐞 𝟐𝟎𝟐𝟔 (𝐓𝐡𝐮𝐫𝐬𝐝𝐚𝐲)
⏰ 𝟏:𝟎𝟎 𝐏𝐌 – 𝟒:𝟎𝟎 𝐏𝐌
📍 𝐏𝐒𝐌 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 (𝐓𝐚𝐰 𝐖𝐢𝐧 𝐂𝐞𝐧𝐭𝐫𝐞 𝐂𝐚𝐦𝐩𝐮𝐬)

𝐒𝐞𝐦𝐢𝐧𝐚𝐫 တက်ရောက်ဖို့ ထိုင်ခုံနေရာနဲ့ ပညာသင်ဆု 🏆 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩အတွက်
ဒီဖောင်လေးမှာ ကြိုတင် 𝐑𝐞𝐠𝐢𝐬𝐭𝐞𝐫 လုပ်ပေးရမှာဖြစ်ပါတယ်ရှင် 💙

https://forms.office.com/e/GxR3TvdLZV?origin=lprLink

ထပ်မံသိလိုတာတွေအတွက် 📞 𝟎𝟗 𝟕𝟔𝟗 𝟕𝟒𝟑 𝟔𝟕𝟒 ကိုလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

𝐏𝐒𝐌 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞
𝐒𝐞𝐞 𝐘𝐨𝐮𝐫 𝐍𝐞𝐰 𝐕𝐞𝐫𝐬𝐢𝐨𝐧 𝐰𝐢𝐭𝐡 𝐏𝐒𝐌!

𝐀𝐝𝐝𝐫𝐞𝐬𝐬: 𝐍𝐨. (𝟒𝟎𝟓𝟔), 𝟑𝐫𝐝 𝐅𝐥𝐨𝐨𝐫, 𝐓𝐚𝐰 𝐖𝐢𝐧 𝐂𝐞𝐧𝐭𝐫𝐞 𝐒𝐡𝐨𝐩𝐩𝐢𝐧𝐠 𝐌𝐚𝐥协同, 𝐃𝐚𝐠𝐨𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧
𝐏𝐡𝐨𝐧𝐞: 𝟎𝟗 𝟕𝟔𝟗 𝟕𝟒𝟑 𝟔𝟕𝟒












27/05/2026

💢 ABE Timed Exam June 2026 အတွက် အဆင်သင့်ဖြစ်နေကြပြီလား? 💢

လာမယ့် ဇွန်လ ၁ ရက်နှင့် ၂ ရက်နေ့တွေမှာဆိုရင် ABE Learner များအနေနဲ့ Timed Exam (Closed Book Exam) များကို ဖြေဆိုကြရတော့မှာပဲဖြစ်ပါတယ်။

📌 ယခုဖြေဆိုမယ့် Timed Exam စာမေးပွဲများကို British Council Yangon နှင့် Mandalaly Exam Center အသီးသီးမှ စီမံဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်။

ဖြေဆိုရမည့် ဘာသာရပ်နှင့် အချိန်များကတော့
🗓 1st June 2026 (Monday)
Afternoon (2:00 - 5:00)
Introduction to Quantitative Methods (4UIQM)

🗓 2nd June 2026 (Tuesday)
Morning (10:00–1:00)
Project Management (4UPM)

Afternoon (2:00–5:00)
Dynamic & Collaborative Teams (4UDCT)

🏠 Exam Center
📌 Yangon
Prime Hill Business Square (Exam Venue)
Address: No.60, Corner of Shwe Dagon Pagoda Road & Nawaday St, Yangon.

📌 Mandalay
Mandalay Financial Centre (Level 11, Unit 8)
Address: 80th Street, Between 27th and 28th Streets, Mandalay.

⚠️ IMPORTANT INFORMATION:
As forms of identification, students are required to provide a valid "Exam Slip" along with one of the following ID cards:
➢ National ID Card / College or Workplace ID ➢ Driving License ➢ Passport

💡 How to get a valid "Exam Slip" ABE Portal > My Learning > My Assessment > Copy the slip > Download

Exam အချိန်အသေးစိတ်နဲ့ သိရှိလိုတာများအတွက် မိမိတို့ သက်ဆိုင်ရာ ABE Center များသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

ABE in Myanmar မှလည်း ကျောင်းသူ/သားများအတွက် ABE UK ရဲ့ Timed Exam နှင့်ပက်သက်တဲ့ tips တွေ၊ ကြိုတင်ပြင်ဆင်သင့်တဲ့အချက်တွေကိုလည်း ပြန်လည်မျှဝေပေးချင်ပါတယ်။

အသေးစိတ်ဖတ်ရှုရန်
https://www.facebook.com/share/p/17EJgccy4H/

ABE ကျောင်းသူ/သားများအားလုံး ဇွန်လမှာ ကျင်းပတဲ့ စာမေးပွဲကြီးကို အကောင်းဆုံးကျော်ဖြတ်နိုင်ကြပါစေ။ စာမေးပွဲဖြေဆိုရာမှာလည်း အမှတ်ကောင်း (High Marks) များဖြင့် ထူးထူးချွန်ချွန် အောင်မြင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ❤️


Photos from ABE Myanmar's post 26/05/2026

‎ABE in Myanmar: May 2026 Highlights ✨

‎ဒီမေလထဲမှာတော့ ABE in Myanmar Team ဟာ မြန်မာနိုင်ငံမှ ကျောင်းသူ/သားများအတွက် နိုင်ငံတကာ ပညာရေးအခွင့်အလမ်းတွေကို ဆက်လက်ဖော်ဆောင်ဖို့အတွက် တောင်ကြီးမြို့ နဲ့ မော်လမြိုင်မြို့တို့ကို သွားရောက်ဖြစ်ခဲ့ပါတယ်။ 💼

‎📍 Taunggyi Highlights
‎🌸 မေလ ၆ ရက်နေ့မှာ Cherry Myay မှ ‎ကျောင်းသူ/သားများအတွက် နိုင်ငံတကာပညာရေးလမ်းကြောင်းဆိုင်ရာ Seminar တစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒီ seminar မှာ ABE in Myanmar team မှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Ms Claria မှ ABE Level 3 အကြောင်းနှင့် တိုက်ရိုက်တက်ရောက်နိုင်မယ့် ကမ္ဘာ့ထိပ်တန်း University ကြီးများအကြောင်းကို အသေးစိတ် မျှဝေပေးခဲ့ပါတယ်။ ကျောင်းသား/သူများကလည်း တက်ကြွစွာ ပြန်လည်မေးမြန်းခဲ့ကြပြီး Mr Suren Verma မှလည်း မေးခွန်းများကို ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။

‎🏫 မေလ ၇ ရက်နေ့မှာ Shwe Maw Kun Education Group ရဲ့ လူငယ်များ၏ စွန့်ဦးတီထွင်နိုင်မှုစွမ်းရည်ကို မြှင့်တင်ပေးမယ့် ပြိုင်ပွဲကြီးတွင် ပါဝင်အားဖြည့်ခဲ့ပြီးနောက် ဆက်လက်တက်ရောက်နိုင်မည့် ABE Level 3 Pathway များအကြောင်းကို မိတ်ဆက်ပြောကြားခဲ့ပါတယ်။

‎📍 Mawlamyine Highlights
‎‌‌ေမလ ၂၀ ရက်နေ့မှာ‌ The Greatest မှ ကျင်းပပြုလုပ်တဲ့
‎"Your Gateway to Global Opportunities" ပွဲကြီးတွင် ပါဝင်အားဖြည့်ခဲ့ပါတယ်။

‎ဒီပွဲေလးမှာ ကျောင်း၏ Founder ဖြစ်သူ ဒေါ်ငြိမ်းငြိမ်းစံ မှ ကျောင်း၏ သမိုင်းကြောင်းနှင့် မျှော်မှန်းချက်ကို မိတ်ဆက်ပေးခြင်း၊

‎Mr Suren Verma မှ ABE (UK) Diploma တက်ရောက်အောင်မြင်သူများအနေဖြင့် နိုင်ငံတကာလုပ်ငန်းခွင်တွင် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိနိုင်ပုံကို ရှင်းလင်းပြောကြားခြင်း၊

‎Ms Claria မှ ABE ပြီးနောက် တက်ရောက်နိုင်မယ့် University pathways များ မိတ်ဆက်ပေးခြင်းတို့ ပြုလုပ်ခဲ့ပါတယ်။

‎ထို့ပြင် ABE ကျောင်းသူလေးများ၏ "A Flexible Pathway for All" Panel Discussion နှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ 💬

‎ခရီးစဉ်တစ်လျှောက်လုံး နွေးထွေးစွာ ကြိုဆိုခဲ့ကြတဲ့ ကျောင်းများ၊ ဆရာ/မများနှင့် မိဘများအားလုံးကို ABE in Myanmar Team မှ အထူးပင် ကျေးဇူးတင်ရှိအပ်ပါတယ်။ ခရီးစဥ◌်အတွင်း မှတ်တမ်းဓာတ်ပုံများကိုလည်း အခုလို မျှဝေပေးလိုက်ပါတယ်။

‎Stay tuned for more updates and future activities! 🌟

18/05/2026

📣 မော်လမြိုင်မြို့မှာတည်ရှိတဲ့ The Greatest Education Centreရဲ့ "Your Gateway to Global Opportunities" event 🌟

မွန်ပြည်နယ်ကနေ နိုင်ငံတကာပညာရေးကိုလေ့လာချင်တယ်၊ သင်ယူချင်တဲ့သူများအနေနဲ့ လာမယ့်၂၀ ရက်နေ့မှာပြုလုပ်မယ့် ဒီပွဲလေးကိုတက်ရောက်မယ်ဆိုရင်...

the Greatest Education Centre မှ တာဝန်ရှိသူများအပြင် ABE in Myanmar team နှင့်လည်း ABE Pathway တွေကို တိုက်ရိုက်ဆွေးနွေးခွင့်ရမှာဖြစ်ပါတယ်။

ဒါကြောင့် The Greatest Education Centre ရဲ့ Scholarship Awards များနဲ့ Free Classes အခွင့်အရေးများကို လက်မလွတ်တမ်း ရယူလိုက်ဖို့အတွက် ပွဲလေးကိုတက်ရောက်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

🗓 20 May 2026 (Wednesday)
🕘 9:00 AM to 12:00 PM
🏢 ဟုန်စံစီခန်းမ၊ မော်လမြိုင်။

အသေးစိတ်ကို
ဖုန်း - 09978056665,09784294532 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

🏆 Scholarship Awards ပညာသင်ကြေး သက်သာခွင့်၊ 🎁 Free Classes အခမဲ့သင်တန်းတက်ရောက်ခွင့်များ နှင့် 📙 ပညာရေးဗဟုသုတများစွာကို စိတ်ဝင်စားဖွယ် မျှဝေပေးမယ့် ​မော်လမြိုင်မြို့က Education Event လေးတစ်ခု အ​ကြောင်း သိပြီးကြပြီးလား 🤗

🌐 𝗬𝗼𝘂𝗿 𝗚𝗮𝘁𝗲𝘄𝗮𝘆 𝘁𝗼 𝗚𝗹𝗼𝗯𝗮𝗹 𝗢𝗽𝗽𝗼𝗿𝘁𝘂𝗻𝗶𝘁𝗶𝗲𝘀 🌐

✨️ ရွေးချယ်စရာများလှတဲ့ ပညာရေးတွေထဲမှာ မိမိနဲ့သင့်တော်မယ့် လမ်းကြောင်းတစ်ခုကို ရှာဖွေရ ခက်နေသူလား?
✨️ လုပ်ငန်းခွင်ထဲရောက်နေပြီး အနာဂတ်တိုးတက်ဖို့အတွက် ပညာရေးတစ်ခု လိုအပ်နေသူလား?
✨️ ဒါတွေကို အဖြေရှာနိုင်ဖို့ the Greatest နဲ့ ABE Myanmar တို့က ပူးပေါင်းပြီး လူငယ်များရဲ့ ပညာရေး နှင့် အသက်မွေးဝမ်းကျောင်း အတွက် အလင်းဖြစ်စေမယ့် ပညာရေးပွဲတစ်ခု ဖန်တီးပေးလိုက်ပါတယ်။

#ဒီပွဲမှာဘာတွေလေ့လာခွင့်ရမလဲ
၁။ ရွေးချယ်သင့်တဲ့ ပညာရေးလမ်းကြောင်းများ၊
၂။ Employability Skills တွေ အရေးပါလာပေမယ့် Academic ပညာရဲ့တန်ဖိုးက လိုအပ်နေသေးကြောင်း၊
၃။ ငယ်စဉ်ကတည်းက လေ့လာထားတဲ့ ပညာရေးအခြေခံများသည် အသက်မွေးဝမ်းကျောင်းပြုချိန်မှာ များစွာ အထောက်အပံ့ ဖြစ်စေကြောင်း နှင့်
၄။ Local မှာ ကျေနပ်မနေဘဲ Global အခွင့်အလမ်းတွေကို ရယူနိုင်မယ့် ပညာရေး နှင့် အလုပ်အကိုင်လမ်းကြောင်းများကို သိရှိလေ့လာခွင့်ရပါမယ်။

#အထူးခံစားခွင့်အခွင့်အရေးများ
the Greatest မှာ ဖွင့်ထားတဲ့သင်တန်းများဖြစ်တဲ့ -
💢 ABE (UK) Accredited Courses များ
💢 နိုင်ငံတကာအသိအမှတ်ပြု အထက်တန်းပညာရေး GED
💢 ကွန်ပျူတာ၊ အင်္ဂလိပ်ဘာသာစကား နှင့်
💢 Young Learners သင်တန်းများကို တက်ရောက်လိုသူများအတွက် 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 𝗔𝘄𝗮𝗿𝗱𝘀 များနှင့်
𝗙𝗿𝗲𝗲 𝗖𝗹𝗮𝘀𝘀𝗲𝘀 အခမဲ့သင်တန်းတက်ရောက်ခွင့်များ စီစဉ်ပေးထားပါတယ်…..

#အခွင့်အရေးကိုလက်မလွတ်စေဖို့
မိမိကိုယ်တိုင်အတွက် (သို့မဟုတ်) မိမိတို့ရဲ့ ရင်သွေးများရဲ့ပညာရေးအတွက် စိတ်မအေးဖြစ်နေရတယ်ဆိုရင် လူငယ်တွေရဲ့ အနာဂတ်ပညာရေးလမ်းကြောင်းတွေကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့ ကျမတို့ရဲ့ Education Event ကို လာရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်…...


🗓 20 May 2026 (Wednesday)
🕘 9:00AM to 12:00PM
🏢 ဟုန်စံစီခန်းမ၊ ကျိုက္ခမီလမ်းမကြီး၊ ဈေးကြို၊ မော်လမြိုင်။
📲 Register Now: 09978056665, 09784294532

#၉နာရီအခမ်းအနားမစတင်မီအရောက်လာပေးကြဖို့မေတ္တာရပ်ခံအပ်ပါတယ်.....

🚀🚀🚀 𝗕𝘂𝗶𝗹𝗱 𝘆𝗼𝘂𝗿 𝗳𝘂𝘁𝘂𝗿𝗲 𝘂𝗽: 𝘁𝗵𝗲 𝗚𝗿𝗲𝗮𝘁𝗲𝘀𝘁.

အသေးစိပ်သိရှိလိုပါက Page Messenger (သို့) သင်တန်းဖုန်းသို့ တိုက်ရိုက်ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်...

🏠 သင်တန်းလိပ်စာ -
အမှတ် (၂၉- အေ) တရုတ်တန်း၊ အောက်ကျင်း၊
ဒိုင်းဝန်ကွင်း၊ မော်လမြိုင်။
☎️ 09784294532, 09978056665


08/05/2026

Assessment Submission Deadline Reminder!!!

Hello our ABE Learners,

၂၀၂၆ခုနှစ်၊ မေလ Assessment အတွက် ကျောင်းသူ/သားလေးတို့ရဲ့ Assignment နှင့် Open Book Exam အဖြေလွှာများကို မေလ ၁၄ ရက်နေ့၊ ကြာသပတေးနေ့ နောက်ဆုံးထားပြီး မိမိတို့သက်ဆိုင်ရာ ABE Center များထံပေးပို့ကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်ရှင်။

ကျောင်းသူ/သားလေးများအားလုံး မေးခွန်းများကို အကောင်းဆုံးဖြေဆိုအောင်မြင်ပြီး စာမေးပွဲရလဒ်ကောင်းများရရှိပါစေကြောင်း ABE Myanmar မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။

Assessment Submission Deadline Reminder for May 2026 Assessment - 14 May 2026

အသေးစိတ်ဖတ်ရှုရန်

https://www.abeuk.com/learners/assessments
ABE Myanmar

09964690443


In English Version,

Assessment Submission Deadline Reminder!!!

Hello our ABE Learners,

You need to submit your assignments and Open Book Exam answer sheets for May 2026 Assessment to your ABE center before 14 May 2026 (coming Thursday ).

We would like to wish all the students will catch the best answers to the questions and get good results.

Assessment Submission Deadline Reminder for May 2026 Assessment -
14 May 2026.

ABE Myanmar
09964690443

01/05/2026

🎊 International Labour Day 2026 🎊

၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ
မိမိနှင့် နိုင်ငံတော်အကျိုးအတွက် ကာယစွမ်းအား၊ ဉာဏစွမ်းအားများဖြင့် အသီးသီး တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းလုပ်သားများအားလုံးကို ABE Myanmar မှ လေးစားဂုဏ်ပြုအပ်ပါသည်။ 👏🏻

နိုင်ရာတာဝန်ကို စွမ်းစွမ်းတမံထမ်းဆောင်လျှက်ရှိတဲ့ ဝန်ထမ်းလုပ်သားများအနေနှင့် မိမိတို့ ရသင့်ရထိုက်သော အခွင့်အရေးများ ရရှိပိုင်ဆိုင်ပြီး ဘေးကင်းလုံခြုံသော လုပ်ငန်းခွင်များတွင် ဆက်လက်လုပ်ကိုင်နိုင်ကာ အဘက်ဘက်မှ တိုးတက်အောင်မြင်ကြပါစေကြောင်း ABE Myanmar မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ❤️

ABE Myanmar
09964690443


In English version,

🎊 International Labour Day 2026! 🎊

On International Labour Day, May 1st, 2026, ABE Myanmar respectfully honours all workers who contribute their physical and intellectual efforts for their benefit and for the progress of the nation. 👏🏻
We extend our sincere wishes that all workers receive the rights they are entitled to, continue to work in safe and secure environments, and achieve ongoing success and prosperity. ❤️

ABE Myanmar
09964690443

27/04/2026

📣 May 2026 Open Book Exam questions are released📣

ABE Learners လေးတို့ရေ….

ဒီနေ့ ဧပြီလ ၂၇ရက်နေ့ မှာဆိုရင်တော့ Open Book Exam (OBE) မေးခွန်းတွေထွက်ရှိလာပြီပဲဖြစ်ပါတယ်။
OBE Exam ကို ဖြေဆိုရမယ့် ABE Learners လေးတို့လည်း စိတ်လှုပ်ရှားနေကြမယ်လို့ထင်ပါတယ်။ ABE ရဲ့ OBE Exam တွေဟာ အချိန်နှစ်ပတ်ခန့်ပေးထားတဲ့ စာမေးပွဲပုံစံမျိုးဖြစ်ပြီး စာတွေ့တင်မဟုတ်ပဲ ကိုယ့်လေ့လာထားရင် လေ့လာထားသလို၊ ပတ်ဝန်းကျင်မှာရှိနေတဲ့ လုပ်ငန်းအခြေအနေ၊ ဖွဲ့စည်းတည်ဆောက်ပုံတွေကိုပါ တင်ပြနိုင်မှာဖြစ်တဲ့အတွက် အခုတည်းက သေချာကြိုတင်ပြင်ဆင်ပြီး Deadline ရက်ဖြစ်တဲ့ မေလ ၁၄ရက်နေ့ မတိုင်ခင်မှာ ပြီးမြောက်ဖို့ ကြိုးစားကြရအောင်နော်။

◦ Open Book exam brief release date: 27 April 2026
◦ Learners' submission deadline: 14 May 2026

Assessment brief များကို မိမိတို့ Dashboard များမှာရှိတဲ့ My Learning>Exam Preparation သို့မဟုတ် Assignment/ OBE Brief သို့မဟုတ် May 2026 ဟုရိုက်နှိပ်ပြီး search bar မှာ ရှာဖွေနိုင်ပါတယ်။

အခက်အခဲတစ်စုံတစ်ရာရှိပါက မိမိတို့ရဲ့ ABE Center သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးအပ်ပါတယ်ရှင်။

ABE Myanmar
09964690443


In English version

📣 May 2026 Open Book Exam questions are released📣

Dear ABE Learners,

The Open Book Exam (OBE) questions are now released on the portal today, 27th April 2026!
All ABE learners who will take the OBE must be excited and ready to start preparing.

The OBE is not a normal exam — you will have about two weeks to complete it.

You can use your notes, research, and real-life business examples in your answers. So, start preparing early and try to finish before the deadline on 14 May 2026.

◦ Open Book exam brief release date: 27 April 2026
◦ Learners' submission deadline: 14 May 2026

You can find your assessment brief in your Dashboard under My Learning > Exam Preparation, or by typing Assignment/OBE Brief or May 2026 in the search bar.

If you have any questions or problems, please contact your ABE Centre or call 09965690443.

ABE Myanmar
📞 09964690443

Photos from ABE Myanmar's post 24/04/2026

🔔Top paper winners announcement
(From November 2025 assessment window)
***********************************************
ABE Myanmar အနေနဲ့ ဒီနေ့လေးမှာ ဂုဏ်ယူဝမ်းမြောက်စရာ သတင်းကောင်းတစ်ခုမျှဝေပေးချင်ပါတယ်ရှင်။
November 2025 assessment window တွင် ABE Exam ဖြေဆိုကြခဲ့သော
တစ်ကမ္ဘာလုံးမှ ABE ကျောင်းသားကျောင်းသူများထဲမှ
သက်ဆိုင်ရာဘာသာရပ်အသီးသီးမှာ ကမ္ဘာ့အမှတ်အများဆုံးရရှိသော ကျောင်းသား၊ကျောင်းသူများထဲမှ
မြန်မာနိုင်ငံမှ 6 ယောက်ပါရှိခဲ့ကြောင်း
ဂုဏ်ယူဝမ်းမြောက်စွာ ကြေငြာအပ်ပါတယ်ရှင်။🥳✨
မြန်မာနိုင်ငံမှ ကမ္ဘာ့အမှတ်အများဆုံးရရှိသော Top paper ကျောင်းသားကျောင်းသူများမှာ

👨‍🎓 Mr. Naing Min Oo
Unit: Project Management (Level 4)
Tutor: Daw Yin Myo Aye
ABE Center: AIM International College - AIM

🧑‍🎓 Ms. Kyi Hsu Thinn
Unit: Introduction to Quantitative Methods (Level 4)
Tutor: Daw Thinn Thinn Oo
ABE Center: BIY College

🧑‍🎓 Ms. Su Thiri Aung
Unit: Introduction to Entrepreneurship (Level 4)
Tutor: Dr. Khaing May Oo
ABE Center: BIY College

🧑‍🎓 Ms. Moe Thet Khin
Unit: Dynamic & Collaborative Teams
Tutor: Daw Ei Thazin
ABE Center: BIY College

🧑‍🎓 Ms. Hnin Sandar
Unit: Introduction to Quantitative Methods (Level 4)
Tutor: Daw Nilar Myint Aung
ABE Center: Strategy First International College

👩‍🎓Ms. Khin Yoon Yoon San
Unit: Managing Stakeholder Relationships
Tutor: Daw Mya Myo Chel
ABE Center: PS Business School
တို့ပဲဖြစ််ပါတယ်👏🏻.

ဒီလို ထူးချွန်တဲ့ ကျောင်းသား/သူများ ပေါ်ထွက်လာအောင် အဘက်ဘက်မှ ကြိုးစားအားထုတ်ထောက်ပံ့ပေးသော ဆရာ၊ ဆရာမများ၊ မိဘများ၊ နှင့် ABE Centers များကိုလည်း အထူးပင် ကျေးဇူးတင် ဂုဏ်ပြုအပ်ပါတယ်ရှင်။

ABE Myanmar
09964690443



In English Version,

🔔Top paper winners announcement
(From November 2025 assessment window)
***********************************************
We would like to share the good news that we are proud of today.
Those who took the ABE Exam in the November 2025 assessment window,
Among ABE students from around the world,
Among the students with the highest marks in the world in their respective subjects,
There were 6 people from Myanmar
I am proud to announce it. 🥳✨

The top paper students from Myanmar who got the highest marks in the world are as follows.

👨‍🎓 Mr. Naing Min Oo
Unit: Project Management (Level 4)
Tutor: Daw Yin Myo Aye
ABE Center: AIM International College

🧑‍🎓 Ms Kyi Hsu Thinn
Unit: Introduction to Quantitative Methods (Level 4)
Tutor: Daw Thinn Thinn Oo
ABE Center: BIY College

🧑‍🎓 Ms Su Thiri Aung
Unit: Introduction to Entrepreneurship (Level 4)
Tutor: Dr. Khaing May Oo
ABE Center: BIY College

🧑‍🎓 Ms Moe Thet Khin
Unit: Dynamic & Collaborative Teams (Level 4)
Tutor: Daw Ei Thazin
ABE Center: BIY College

🧑‍🎓 Ms Hnin Sandar
Unit: Introduction to Quantitative Methods (Level 4)
Tutor: Daw Nilar Myint Aung
ABE Center: SFI - Strategy First International College

👩‍🎓Ms. Khin Yoon Yoon San
Unit: Managing Stakeholder Relationships (Level 5)
Tutor: Daw Mya Myo Chel
ABE Center: PS Business School

We would also like to extend our heartfelt appreciation and congratulations to the teachers, parents, and ABE Centers who have continuously supported and guided these outstanding students to achieve such remarkable success.

ABE Myanmar
09964690443

23/04/2026

📝 ABE Learner တွေအနေနဲ့ Perfect assignment တစ်ခုဖြစ်လာဖို့အတွက် ဘယ်လိုမျိုးကြိုတင်ပြင်ဆင်ကြမလဲ?

ကျောင်းသားအများစုအနေနဲ့ Assignment တစ်ခုကို မေးခွန်းထွက်လာတဲ့အခါ ဘယ်ကစရမှန်းမသိပဲ အချိန်ကုန်သွားတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် ABE Learner များအတွက် Assignment တစ်ခုကို လုံလောက်တဲ့အချိန်အတွင်းမှာ ကြိုတင်ပြင်ဆင်ပြီး ရေးသားနိုင်ဖို့အတွက် ABE UK က ပြောပြပေးထားတဲ့ Assignment Tips လေးတွေကို ဝေမျှပေးချင်ပါတယ်။

1. Understand the Assignment: မေးခွန်းက ဘာကိုတောင်းဆိုတာလဲဆိုတာ သေချာနားလည်အောင် အရင်ဖတ်ပါ။

2. Plan your time: Deadline မတိုင်ခင် အဆင့်လိုက်ပြီးစီးဖို့ အချိန်ဇယားဆွဲပါ။

3. Research: လိုအပ်တဲ့ အချက်အလက်နဲ့ ကိုးကားချက်တွေကို ကြိုတင်ရှာဖွေပါ။

4. Drafting: အချက်အလက်တွေရပြီဆိုရင် Outline ဆွဲပြီး စတင်ရေးသားပါ။

5. Review: ရေးပြီးသားကို ပြန်ဖတ်ပြီး လိုအပ်တာတွေ ပြင်ဆင်ဖြည့်စွက်ပါ။

✅ အခု Assignment tips လေးတွေဟာ ABE Learner များအတွက် အမှားနည်းပြီး ပြီးပြည့်စုံတဲ့ အဖြေလွှာတစ်ခုရရှိဖို့ အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။

Assignment ရေးသားနည်း အဆင့်ဆင့်ကို သိရှိဖို့ အောက်ပါ Blog လင့်ခ်မှာ အသေးစိတ် လေ့လာနိုင်သလို၊ နားမလည်တာရှိရင်လည်း မိမိတို့ သက်ဆိုင်ရာ ABE Centre များမှ အတွေ့အကြုံရင့်သန်သော ဆရာ၊ ဆရာမများနှင့်လည်း တိုင်ပင်ဆွေးနွှေးကြဖို့လည်း အကြံပြုလိုပါတယ်။

🔗 အသေးစိတ်လေ့လာရန်: https://www.abeuk.com/about-us/blog/simple-effective-guide-writing-perfect-assignment

10/04/2026

Wishing You a Joyful Thingyan Holiday! 💦☀️💦
မြန်မာ့ရိုးရာမဟာသင်္ကြန်လမှာ မြန်မာနိုင်ငံသူ/သားအားလုံး စိတ်နှလုံးအေးချမ်းကာ ပျော်ရွှင်စရာ ရက်မြတ်အခါသမယများ ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

ရုံးပိတ်ရက်ကြေညာခြင်း
ဧပြီလ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့အထိ မဟာသင်္ကြန်အားလပ်ရက်အဖြစ် ABE Myanmar ရုံးအား ပိတ်ထားမည်ဖြစ်ပြီး ၂၀ ရက်နေ့ (တနလာ်) တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

ABE Myanmar
09964690443

In English version:

Wishing You a Joyful Thingyan Holiday! 💦☀️💦
We wish all the people of Myanmar peace of mind and joyful auspicious days in this traditional Myanmar Maha Thingyan month.

Office Closure Announcement

ABE Myanmar office will be closed for the Maha Thingyan holidays from April 10th to April 19th, and will resume regular operations on Monday, April 20.

ABE Myanmar
09964690443

03/04/2026

ABE Endorsed ဆိုတာဘာလဲ?

မိမိတည်ထောင်ထားတဲ့ သင်တန်းကျောင်းတွေ၊ လုပ်ငန်းခွင်တွေရဲ့ ကိုယ်ပိုင်ရေးဆွဲထားသောသင်ရိုးညွှန်းတမ်းတွေကို UK စံချိန်စံနှုန်းနဲ့ အသိအမှတ်ပြုမှုကို ဘယ်လိုရယူနိုင်မလဲ?

ABE Endorsed ဆိုတာကတော့ သင်တန်းကျောင်းတွေ၊ corporate တွေရဲ့ ကိုယ်တိုင်ရေးဆွဲထားသော သင်ရိုးညွှန်းတမ်း (Center-devised programme) တွေကို ABE UK ရဲ့ အရည်အသွေးစံနှုန်းတွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးပြီး အသိအမှတ်ပြု (Endorsed) ပေးထားတာပဲဖြစ်ပါတယ်။

ABE Accreditation Vs ABE Endorsed

အခုလက်ရှိ ABE Accredited Centre များမှာ သင်ကြားပို့ချနေတဲ့ ABE Level 4, 5, 6 qualification ဟာတွေဟာဆိုရင် UK Government regulator ဖြစ်တဲ့ Ofqual မှ regulated လုပ်ပေးထားတဲ့ qualifications ဖြစ်ပြီး နိုင်ငံတကာတက္ကသိုလ်များမှာ ဆက်လက်တက်ရောက်နိုင်တဲ့ Academic Pathway တွေကိုပေးနိုင်တဲ့ qualification ဖြစ်သလို လုပ်ငန်းခွင်မှာ professional တစ်ယောက်အနေနဲ့ ရပ်တည်နိုင်မယ့် Professional Certification ပဲဖြစ်ပါတယ်။

ABE Endorsed Programme ကတော့ မိမိတို့ကျောင်း သို့မဟုတ် လုပ်ငန်းခွင်တွေရဲ့ လိုအပ်ချက်အလိုက် Centre or Corporate မှကိုယ်တိုင်ရေးဆွဲထားသော ကိုယ်ပိုင်သင်ရိုးညွှန်းတမ်းများဖြစ်ပြီး Ofqual မှ regulated မဟုတ်ဘဲ လုပ်ငန်းခွင်လက်တွေ့အသုံးချဖို့ အတွက် ရည်ရွယ်ထားပြီးတော့ ABE မှ Quality ကိုသာ Assurance ပေးထားရုံသက်သက်ပဲဖြစ်ပါတယ်။( ABE Endorsed တံဆိပ်ဖြင့် Centre အမည်ကိုထည့်သွင်းထားသော Certificate လက်မှတ်ဖြစ်ပြီးတော့ Levelနှင့် transcript တို့ပါဝင်ခြင်းမရှိပါ)

ABE မှ Endorsed ပြုလုပ်ပေးတဲ့ ဘာသာရပ်များနှင့် မပြုပေးသော ဘာသာရပ်နယ်ပယ် (category) များကိုလည်း အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။

https://www.abeuk.com/abe-endorsed-programme-criteria-guide

ABE Endorsed နှင့်ပက်သက်၍ မေးမြန်းစုံစမ်းလိုပါက

📞 Hotline: 09899878005
🌎 Details: http://abeuk.com/abe-endorsed

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00