18/02/2026
📕Year 8 Unit 4, Ecosystems မှာပါတဲ့ Sonoran Desert ထဲက woodpecker ဆိုတဲ့ ငှက်လေးတစ်မျိုး အစာရှာဖွေစားသောက်နေတဲ့ habitat ကိုပြထားတာဖြစ်ပါတယ် ဒါအပြင် Arctic Ocean, Rain forest တို့မှာ ကျင်လည်ကျက်စားတဲ့ Polar bear, Tiger and parrot, Lizard စတဲ့ မတူကွဲပြားတဲ့ Species လေးတွေကို ပြထားတာမို့ သားသားမီးမီးတို့ video လေးတွေထဲမှာလေ့လာလို့ရပါတယ်
📆Year 7,8,9 Cambridge regular and checkpoint online classes များကို မတ်လဆန်းတွင် စတင်လိုသည့် ကလေးများလည်း လက်ခံနေပြီးဖြစ်ကြောင်းနှင့် မိမိ ကလေးငယ်ကို တက်ရောက်စေလိုသည့် အတန်းချိန်များကိုလည်း Timetable တွင်ကြိုတင်ရွေးချယ်အပ်နှံထားနိုင်ပါသည်။
⏰အတန်းများအားလုံးတက်ရောက်လိုသည့် အချိန်များကို ညှိနှိုင်းတက်ရောက်နိုင်ပါသည်။
💯စနစ်ကျပြီး ထိရောက်တဲ့ သင်ကြားမှုရစေရပါမယ်
❤️Unit End tests, Monthly Tests
Practice Questions များကိုတော့ ထုံးစံအတိုင်း မပျက်မကွက်ထည့်သွင်းလေ့ကျင့်ပေးသွားမှာပါ
🚨Interactive Tutoring Style များဖြင့် ထိရောက်စွာ IGCSE ဖြေဆိုရန် basic ကောင်းကောင်းရသွားစေဖို့ သင်ကြားပေးမှာဖြစ်ပါတယ်
⏰အချိန်နှင့် မိမိကလေး၏ အားနည်းချက် အားသာချက်များကိုလည်း Teacher နဲ့အသေးစိတ်တိုင်ပင်ညှိနှိုင်းတက်ရောက်နိုင်သော class များဖြစ်ပါတယ်။
📱: 09 42101 7820 ဆက်သွယ်စုံစမ်းနိုင်ပါတယ်
Tr.LAY’s Science School
05/02/2026
Tr.LAY’s Science School မှာ Year 9 အောင်မြင်ပြီး Pre IG , O Level, A Level, GED, Edexcel, OSSD ဆက်လက်တက်ရောက်ရာတွင် အထောက်အကူဖြစ်စေရန် Physics subject ကို specializes တက်ရောက်လိုသူများအတွက် Extra arrangement လေးရှိတာမို့ စုံစမ်းမေးမြန်းနိုင်ပါတယ်
13/01/2026
📆📕 2026 January လလည်းရောက်ပြီ တချို့ကျောင်းတွေလည်း Final Exam တွေ စစ်တော့မှာမို့ စာသင်နှစ်တစ်နှစ်ကုန်တော့မှာပါ Cambridge Lower Secondary မှာ Year 7,8,9 ဆိုပြီး level သုံးခုရှိတဲ့ အပြင် Level တိုင်းမှာလည်း combined science ( physic, chemistry, biology) ဆိုပြီး subjects သုံးခုကို ကလေးတွေ သင်ယူရပါတယ်📆📕
❤️Science မှာ subject တစ်ခုနဲ့တစ်ခု related ဖြစ် နေတဲ့ အပြင် Year 7,8,9 Level တစ်ခုနဲ့ တစ်ခုဟာလည်း IGCSE A level အထိတောက်လျောက်ဆက်စပ်နေတာကြောင့် level တစ်ခုပြီးသွားတိုင်း Next level တစ်ခုတက်ရတဲ့အခါ ပြီးမြောက်သွားတဲ့ level ကသင်ယူထားတာတွေကို တပါတည်းသယ်ယူသွားနိုင်မှသာ Year 10 လို့ခေါဲတဲ့ ( Pre IGCSE level )နဲ့ IGCSE levelတို့ကိုတက်ရောက်တဲ့ အခါ သိပ်အခက်အခဲမရှိတော့ ဘဲ လွယ်လွယ်ကူကူနဲ့ အမှတ်ကောင်းကောင်း Grade ကောင်းကောင်းရနိုင်မှာဖြစ်ပါတယ် ❤️
❤️တချို့လည်းမေးချင်ကြပါတယ် အမှတ်မကောင်းလည်းဘာဖြစ်လည်းပေါ့ အောင်ရင်ပြီးတာပါဘဲပေါ့ အောင်ရုံလောက်ကတော့ နိုင်ငံတကာကျောင်းတွေမှာ တက်ရောက်လိုတဲ့အခါ အမှတ် မကောင်းတာကြောင့် လိုချင်တဲ့ University, Professional ရွေးချယ်တဲ့အခါ အခက်အခဲတွေ အများကြီး တွေ့ နိုင်ပါတယ် လိုချင်တာမရတော့ ရတာယူကြ ရပြီးစိတ်လည်းမ၀င်စားတဲ့အခါ အချိန်ကုန် ငွေကုန် လူပင်ပန်းပြီး အကျိူးလည်းမရှိဘဲ အခက်အခဲများစွာကြုံ ရနိုင်တာကြောင့် Lower Secondary Level တည်းက ပုံမှန်လေး စနစ်တကျ လေ့လာသင်ယူကြ မယ်ဆိုရင် ခုနကပြောတဲ့ အခက်အခဲတွေကို အေးအေးဆေးဆေး ဖြတ်ကျော်နိုင်မှာဘဲ ဖြစ်ပါတယ်❤️
💻Tr.LAY's Science School မှာတော့ Lower Secondary Level မှာ သိသင့် သိထိုက်တာတွေကို Unit by Unit (Coursebook, Workbook, Checkpoints) များကို စနစ်တကျ သင်ကြားပေးသွားမည့် အပြင် Unit တစ်ခုပြီးတိုင်း
💻Unit End test
💻Monthly Test
💻Past Papers
💻Practice Questions တို့ကို Interactive Tutoring Style များဖြင့် ထိရောက်စွာ IGCSE ဖြေဆိုရန် basic ကောင်းကောင်းရသွားစေဖို့ သင်ကြားပေးမှာဖြစ်ပါတယ် ရရှိတဲ့ Results များကိုလည်း မိဘများထံသို့ ပုံမှန် အသိပေးပြီး လိုအပ်သောအပိုင်းများကို ညှိနှိုင်း သင်ကြားပေးမှာြဖစ်ပါတယ် ။ထို့အပြင် အချို့ သော Cambridge Exam ၀င်ရောက်ဖြေ ဆိုလိုသောကလေးများကိုလည်း အထူး လေ့ကျင့် သင်ကြားပေးပါတယ်။💻
💻၁ဦးချင်း နဲ့ အများဆုံး (၃) ဦး အထိလူနည်းစုသာ လက်ခံ သင်ကြားတာြဖစ်ပါတယ် ။💻 Zoom Online Classes သီးသန့် ဖြစ်ပါတယ်။ 💻
⏰️တစ်ဦးချင်းသင်ကြားလိုသူများအတွက်လည်း သီးသန့် အချိန်များ ညှိနှိုင်းတက်ရောက်နိုင်ပါတယ် ။ အသေးစိတ် Timetable မှာ အချိန် (၈) ချိန်ပေးထားတာကြောင့် မိမိလိုအပ်သော အချိန်ကို ညှိနှိုင်းရွေးချယ်တက်ရောက်နိုင်ရန် Viber, Hotline စားရင်းပေးကြို တင်အပ်နှံထားလို့ရပါတယ်⏰️
📆 အတန်းအားလုံး March လဆန်းတွင် စပါမည်။⏰️
📱Viber - 959 42101 7820
☎️Hotline 09 42101 7820
Tr.LAY’s Science School
09/01/2026
📌2026 - 2027 အတွက် Schedule Timetable လေးထွက်ပြီမို့ မိမိတို့ကလေးများ Science Subject အတွက် လိုအပ်တဲ့အချိန်ကို ရွေးချယ်ပြီးကြိုတင်စီမံထားလို့ရစေဖို့ ရည်ရွယ်ပြီး တင်ပေးထားခြင်း ဖြစ်ပါတယ် 📕
📌 Cambridge Lower Secondary Combined Science Year 7,8,9 အတန်းသစ်များအားလုံး March လဆန်းမှာစပါမယ်နော် 📕
📌Online Only classes များဖြစ်လို့ အသေးစိတ် သိရှိလိုသည်များနှင့် Enroll လုပ်နိုင်ရန် အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်
☎️ Viber : 959 421017820
☎️ Hotline: 09 42101 7820
Tr.LAY’s Science School
09/01/2026
👇📕
Commonly used Chemistry Lab Apparatus 🔬💡🎯🔍💻🎨🧬
09/01/2026
စာဖတ်ဝါသနာ အိုးလေးတွေအတွက် just for your knowledge ❤️
🧠 Stephen Hawking was one of the most influential theoretical physicists of the modern era.
🏴 Born in 1942 in Oxford, England, he made groundbreaking contributions to our understanding of black holes, the nature of time, and the universe itself, even as he battled a severe form of motor neuron disease (ALS) that left him almost completely paralyzed for most of his adult life.
🕳️ One of Hawking's most important scientific achievements was his work on black hole radiation, now known as Hawking radiation. In the 1970s, using quantum theory, he showed that black holes aren’t entirely black—they can emit radiation and gradually lose mass. This revolutionary idea connected quantum mechanics, general relativity, and thermodynamics, three of the fundamental pillars of modern physics.
🌌 Hawking also made major contributions to cosmology, particularly in collaboration with mathematician Roger Penrose. They developed the singularity theorems, which showed that the universe likely began from a singularity—an infinitely dense point—supporting the Big Bang theory.
📚 Beyond his scientific research, Hawking became a cultural icon. His 1988 book, A Brief History of Time, became an international bestseller and brought complex science to millions of readers in an accessible way. He also appeared in TV shows like The Simpsons and Star Trek, using humor and intellect to inspire curiosity about the universe.
🪑 Despite being wheelchair-bound and communicating through a speech-generating device, Hawking continued to lecture, write, and engage in scientific debate until his death in 2018.
08/01/2026
https://www.facebook.com/share/1C6BodriMu/
တက္ကသိုလ်မေဂျာရွေးတော့မယ့် ကျောင်းသားတွေ မိဘတွေအတွက် သားသမီးတွေ မေဂျာအရွေးမမှားရအောင်...
AI ခေတ်ကြောင့် ကိုယ်ရွေးလိုက်တဲ့မေဂျာ နောက် ၅ နှစ်မှာ ငွေကြေး အချိန်ကုန် လူပန်း အလကားမဖြစ်ရအောင် ဒီစာကို အချိန်ပေးပြီး သေချာဖတ်ပါ။
------------------------------------------------
အချို့မိဘတွေ AI ခေတ်မှာ ပျောက်ကွယ်လာနိုင်တဲ့ အလုပ်အကိုင်ကိစ္စတွေအပေါ် စိုးရိမ်ပြီး ပြည်ပတက္ကသိုလ်တက်ဖို့ ဘယ်လိုမေဂျာရွေးတက်ရမလဲ အတော်များများ လာတိုင်ပင်ကြတယ်။
အချို့တွေလည်း university ဝင်ခွင့် letter ကျပြီးမှ မေဂျာပြန်ရွေးဖို့ ကျောင်းတက်ဖို့ ခေတ္တဆိုင်းငံ့ထားကြောင်းတွေ လာပြောပြ အကြံဉာဏ်တောင်းကြတယ်။
တစ်ယောက်ချင်းစီ ဖြေပေးဖို့အချိန်အကန့်အသတ်ရှိလို့ ဒီမှာပဲ အားလုံးဖတ်လို့ရအောင် တင်ပေးလိုက်ပါတယ်။
-----------------------------------------------
AI နည်းပညာ အရှိန်အဟုန်နဲ့ တိုးတက်လာတဲ့ ဒီဘက်ခေတ်မှာ အလုပ်အကိုင် ဈေးကွက်က တကယ်ကို အပြောင်းအလဲ မြန်လွန်းနေပါတယ်။
ဘယ်အလုပ်တွေက ပျောက်ကွယ်သွားမလဲ ...
ဘယ်အလုပ်တွေကကျန်ရှိနေမလဲ ...
ဘယ်လိုအလုပ်အကိုင်အသစ်မျိုးတွေ ထပ်ပေါ်လာမလဲ ဆိုတာတွေကို သိရင်
မိဘကျောင်းသားတွေ အနေနဲ့လည်း ဘယ်မေဂျာရွေးရမလဲဆိုတာ ပိုပြီးမှန်မှန်ကန်ကန်ဆုံးဖြတ်ချက်ချနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် နောက် ၅ နှစ်အတွင်း ဖြစ်လာနိုင်တဲ့ အခြေအနေတွေကိုပါ ခြုံငုံသုံးသပ်ပြီး အကြံပြုထားပေးပါတယ်။
၁။ ပျောက်ကွယ်သွားနိုင်ခြေရှိသော သို့မဟုတ် အခွင့်အလမ်းနည်းသွားမည့် အလုပ်များ
အဓိကအားဖြင့် ထပ်တလဲလဲ လုပ်ရသော (Repetitive) နှင့် ဒေတာအချက်အလက် သီးသန့်ကိုသာ ကိုင်တွယ်ရသောအလုပ်တွေဖြစ်ပါတယ်။
(၁) Data Entry & Basic Bookkeeping အလုပ်များ
ဒေတာသွင်းတာနဲ့ အခြေခံ စာရင်းကိုင်အလုပ်တွေကို AI က ပိုမြန်၊ ပိုတိကျစွာ လုပ်နိုင်လာပါပြီ။
(၂) Basic Customer Support အလုပ်များ
ရိုးရှင်းတဲ့ မေးခွန်းတွေကို ဖြေရတဲ့ Call Center အလုပ်တွေနေရာမှာ AI Chatbots တွေ အစားထိုးလာမှာ ဖြစ်ပါတယ်။
(၃) Simple Translation & Proofreading အလုပ်များ
AI က လူတွေထက် အမှားကင်းကင်းနဲ့ မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်လို့ ဘာသာပြန်တာနဲ့ စာလုံးပေါင်း Grammar စီစစ်တဲ့ အလုပ်တွေလည်း ပျောက်ကွယ်ပါမယ်။
(၄) Routine Manufacturing အလုပ်များ
စက်ရုံတွေမှာ ထပ်ခါထပ်ခါ လုပ်ရတဲ့ ပုံစံတူ အလုပ်တွေလည်း ပျောက်ကွယ်ပါမယ်။
◼️နောက် ၅ နှစ်မှာ ဆက်ရှိနေမည့်အလုပ်များ နှင့် အသစ်ပေါ်လာမည့် အလုပ်များ
Emotional Intelligence လို့ခေါ်တဲ့ စိတ်ခံစားချက်
ပိုင်းဆိုင်ရာကို နားလည်တတ်ကျွမ်းမှုတွေ...
Complex Problem Solving လို့ခေါ်တဲ့
ရှုပ်ထွေးပွေလီတဲ့ပြဿနာတွေဖြေရှင်းရမှုတွေ
လူကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်လုပ်ကိုင်ရမှုတွေ
လိုအပ်တဲ့ အလုပ်တွေက ဆက်ရှိနေမှာပါ။
❇️Healthcare Professionals အလုပ်တွေလိုမျိုး
ဆရာဝန်၊ သူနာပြုနဲ့ ကုထုံးပညာရှင်အလုပ်တွေ ဆက်ရှိပါမယ်။
AI က ရောဂါရှာဖွေရာမှာ ကူညီပေးနိုင်ပေမဲ့ လူသားချင်းစာနာမှုနဲ့ ဆုံးဖြတ်ချက်ကို အစားမထိုးနိုင်သေးပါဘူး။
❇️Skilled Trades အလုပ်တွေဆက်ရှိပါမယ်။
လျှပ်စစ်ပြင်ဆင်ရေး..
ရေပိုက်ပြင်ဆင်ရေးနဲ့
ဆောက်လုပ်ရေး လုပ်ငန်းခွင်က လူကိုယ်တိုင်ဝင်ပါလုပ်ဆောင်ရတဲ့ ကျွမ်းကျင်လုပ်သားတွေလိုလို့
ရုပ်ပိုင်းဆိုင်ရာ ရှုပ်ထွေးတဲ့ ပတ်ဝန်းကျင်မှာ AI ရိုဘော့တွေ အလုပ်လုပ်ဖို့ ခက်ခဲနေပါသေးတယ်။
❇️AI Strategy & Ethics Specialists အလုပ်သစ်တွေပေါ်လာပါမယ်။
AI ကို ဘယ်လိုထိန်းချုပ်မလဲ...
ဘယ်လိုအကျိုးရှိအောင် သုံးမလဲဆိုတာကို စီမံရမယ့် အလုပ်အသစ်တွေပါ။
❇️ Prompt Engineers လို့ခေါ်တဲ့ AI ဆီကနေ အကောင်းဆုံး ရလဒ်ထွက်လာအောင် ခိုင်းစေ လုပ်ဆောင်ရမယ့် အလုပ်သစ်တွေရှိပါမယ်။
❇️Cybersecurity Experts - AI ကြောင့် ဆိုင်ဘာတိုက်ခိုက်မှုတွေ ပိုများလာမှာဖြစ်လို့ ဒါကို ကာကွယ်ပေးမယ့်သူတွေ ပိုလိုလာမှာဖြစ်လို့ ဒီအလုပ်တွေလည်း ပို demend များလာပါမယ်။
ဒါကြောင့် တက္ကသိုလ်မှာ ဘာကို ရွေးချယ်ပြီး ဘာကို ရှောင်သင့်သလဲ?
ဘာသာရပ်တစ်ခုကို "လုံးဝမသင်နဲ့" လို့ ပြောတာထက် "အလွတ်ကျက်စနစ် သီးသန့်" ကိုပဲ အားကိုးရတဲ့ ဘာသာရပ်တွေကို ရှောင်သင့်ပါတယ်။
📛ရိုးရှင်းသော စာရင်းကိုင် (Basic Accounting) အလုပ်တွေက AI ပါတဲ့ Software တွေက အကုန်
လုပ်ပေးမှာမို့လို့ Advanced Financial Analysis ဘက်ကို မကူးရင် ခက်ခဲနိုင်ပါတယ်။
📛အထွေထွေ စီမံခန့်ခွဲမှု (General Management)
Digital Marketing သို့မဟုတ် Data Analytics မပါဘဲ စီမံခန့်ခွဲမှု သီအိုရီသက်သက် သင်တာမျိုးတွေ ရှောင်ပါ။
◼️ ရွေးချယ်သင့်တာကတော့
၁။ STEM (Science, Technology, Engineering, Mathematics)
အထူးသဖြင့် Computer Science, AI, Robotics နဲ့ Data Science ဘာသာရပ်တွေ
၂။ Humanities & Arts
စိတ္တဗေဒ (Psychology)
လူမှုဗေဒ (Sociology) နဲ့ Creative Arts ဘာသာရပ်တွေ
ဘာလို့လဲဆို AI က မလုပ်နိုင်တဲ့ Critical Thinking နဲ့ လူသားတို့ရဲ့ စိတ်အခြေအနေကို နားလည်ဖို့ လိုအပ်တဲ့ ပညာရပ်တွေဖြစ်နေလို့ပါပဲ။
၃။ Healthcare & Bio-Technology
သက်ကြီးရွယ်အို စောင့်ရှောက်မှုနဲ့ ဇီဝနည်းပညာဆိုင်ရာ ဘာသာရပ်လိုမျိုးတွေ ရွေးချယ်ပါ။
◼️ ရွေးချယ်သင့်တဲ့ University Majors များ
1. Health ပိုင်းမှာဆို
• Medicine
• Nursing
• Psychology
• Physiotherapy
• Public Health
• Occupational Therapy
2. Education & Learning Design ပိုင်းမှာဆို
• Education
• Early Childhood Education
• Educational Psychology
• Curriculum Design
• Special Education
⸻
3. Engineering & Applied Technology ပိုင်းမှာဆို
• Software Engineering
• AI & Data Science
• Robotics
• Electrical Engineering
• Mechatronics
• Cybersecurity
⸻
4. Creative & Design Fields ပိုင်းမှာဆို
• Architecture
• Graphic Design
• UX/UI Design
• Film & Media Studies
• Fashion Design
• Creative Writing
⸻
5. Business, Leadership & Entrepreneurship ပိုင်းမှာဆို
• Business Administration
• Entrepreneurship
• Economics
• International Business
• Management
• Finance (with AI literacy)
ပိုအသေချာဆုံးကတော့ တက္ကသိုလ်မှာ ဘာသာရပ်တစ်ခုကို ရွေးချယ်တော့မယ်ဆို ၂ မျိုး ၃ မျိုးပေါင်းစပ်လေ့လာသင်ယူတဲ့နည်းကို သုံးပါ။
ဥပမာ - စိုက်ပျိုးရေးပညာ သင်ယူရင်တောင် နည်းပညာ (Agri-Tech) နဲ့ တွဲဖက်လေ့လာပါ။
ဆက်သွယ်ပြောဆိုမှု (Communication) နဲ့ ခေါင်းဆောင်မှု (Leadership) ကို အလေးပေးပါ။
Digital Literacy ကတော့ ကျောင်းသားလူငယ်တိုင်း
မဖြစ်မနေသင်ထားရတဲ့အခြေနေရောက်လာပါပြီ။
ဝါသနာပါတာ မပါတာထက် ဒါက basic need ဖြစ်လာပါပြီ။
ဘယ်ဘာသာရပ်ပဲ တက်တက် AI Tool တွေကို ကျွမ်းကျင်အောင် သုံးတတ်ဖို့ ကြိုးစားရပါမယ်။
အားလုံး အဆင်ပြေအောင်မြင်ကြပါစေ..
Maw Aung Educator
01/01/2026
Thanks for the warmth wishes ⭐️