Takara Japanese Language Training Center

Takara Japanese Language Training Center 宝日本語トレーニングセンター

15/08/2026
2024 April Intake အတွက် အပ်ထားတဲ့ကျောင်းသူကျောင်းသားများအတွက် Interview Class လေ့ကျင့်ခြင်း ဆရာမနဲ့ကျောင်းသား/သူများ
15/08/2026

2024 April Intake အတွက် အပ်ထားတဲ့ကျောင်းသူကျောင်းသားများအတွက် Interview Class လေ့ကျင့်ခြင်း ဆရာမနဲ့ကျောင်းသား/သူများ

11/08/2026

✨Information of Study in Japan✨
☃️~Study in Japan Online Seminar with Hokkaido University, Japan―in English~☃️

☃️Hokkaido University မှာ 2027 Intake ကို MEXT Scholarship (University Recommendation)နဲ့ ဘွဲ့ လွန်တန်းကို လျှောက်ထားလိုတဲ့ ကျောင်းသားကျောင်းသူတွေအတွက် special online seminarကို OJEIC Jakarta နဲ့ ပူးပေါင်းပြီး ကျင်းပပေးသွားမှာဖြစ်ပါတယ်။
🤗Hokkaido University မှာ 2027 October Intake ကို အောက်ဖော်ပြပါ မေဂျာတွေရဲ့ ဘွဲ့ လွန်တန်းတက်ရောက်လိုသူတွေ အတွက် information တွေ ရရှိနိုင်မဲ့ ပွဲဖြစ်တဲ့အတွက် ဆက်ဆက်တက်‌ရောက်ကျဖို့ ဖိတ်ခေါ် လိုက်ပါတယ်။

✅Mathematics & Physics
✅Earth, Space & Environmental Sciences
✅Molecular & Cellular Life Sciences
✅Organismal, Ecological & Evolutionary Biology
✅Interdisciplinary Biosciences
✅Materials Science

📅Date: 27th August 2026 (Thursday)
⏰Time: 15:30-17:00 (MMT)/ 18:00-19:30 (JST)
💻Registration Fee: FREE!
✅Register via QR code or the link below:

https://docs.google.com/forms/d/e/1FAIpQLScqS9_7RhK1kUi_k5IuNfbyISgOA87-Juyp1kJb7mtCIkEPtA/viewform?usp=header

Furthermore, you can look up on the details by the site below:
🔗Graduate School of Science, Hokkaido University https://www2.sci.hokudai.ac.jp/gs/en
🔗Graduate School of Life Science, Hokkaido University https://www.lfsci.hokudai.ac.jp/en/
🔗Graduate School of Environmental Science, Faculty of Environment Earth Science,
🔗Hokkaido University https://www.ees.hokudai.ac.jp/?lang=en

✨🎓Do not miss this opportunity to gain valuable information and explore the possibilities of pursuing graduate studies at Hokkaido University.




N2မအောင်ခင် ေကျာင်းပြောင်းရမဲ့ ကျောင်းသူတွေ အထောက်အကူ ဖြစ်စေမဲ့လမ်းညွှန်မှု့
11/08/2026

N2မအောင်ခင် ေကျာင်းပြောင်းရမဲ့ ကျောင်းသူတွေ အထောက်အကူ ဖြစ်စေမဲ့
လမ်းညွှန်မှု့

08/08/2026
31/07/2026
03/07/2026

🎌 တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်မြင်ထားသူများ ဂျပန်ပညာရေးလမ်းကြောင်းပေါ် တည့်မတ်စွာ လျှောက်လှမ်းနိုင်ဖို့ လမ်းညွှန်ပေးမည့် Seminar 💯

စာမေးပွဲကြီး အောင်မြင်ပြီးတဲ့နောက် နောက်ထပ် ဘယ်လိုပညာရေးလမ်းကြောင်းကို ရွေးချယ်ရမလဲ 🤔
ဂျပန်နိုင်ငံမှာ ပညာသင်ယူဖို့ စိတ်ဝင်စားပေမယ့် ဘယ်ကဘယ်လို စတင်ရမလဲမသိသူတွေအတွက် 🤷‍♀️‍🤷‍♂️‍
ရွှေရောင်အခွင့်အရေးတစ်ရပ်ကို ယူဆောင်လာပြီ‌နော်။👉

◾️ မိမိနဲ့ ကိုက်ညီမယ့် ပညာရေးလမ်းကြောင်းကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ရေး၊

◾️ ဂျပန်ထိပ်တန်းတက္ကသိုလ်တွေဆီအရောက် ချဉ်းကပ်နိုင်မယ့် နည်းဗျုဟာများ သိရှိနိုင်ရေးအတွက်
Okayama University Japan Educational Information Center (OJEIC) နှင့် MAJA Education Centre (MEC) တို့ ပူးပေါင်းကာ ပုံမှန်ပြုလုပ်ပေးနေကြ “EJU Online Seminar” ကို မကြာခင် ကျင်းပပေးသွားတော့မှာပါ။

🗣️ ဒီ Seminar မှာ ဘာတွေပါဝင်ပြောကြားမှာလဲ ?

❇️ ဂျပန်မှာ ကျောင်းတက်ချင်ပေမယ့် ကျောင်းရွေးချယ်မှု မမှားရလေအောင် ဆောင်ရန်/ရှောင်ရန်များနှင့်
ဂျပန်တက္ကသိုလ် အချက်အလက်များဆိုင်ရာ အကြောင်းအရာများအား
⭐️ OJEIC မှ “Dr. Thu Thu Nwe Aye” ⭐️ က ဆွေးနွေးပေးမည့် အစီအစဉ်၊

❇️ အားလုံး ကြားဖူးနားဝနဲ့ စိတ်ဝင်စားကြတဲ့ EJU အကြောင်းကို ပြည့်ပြည့်စုံစုံ သိရှိနိုင်ဖို့
⭐️ MAJA ရဲ့ Secretary (Education) တစ်ဦးဖြစ်သူ Sensei Daw Kay Zin Wint (Mosar Kay) ⭐️ က ရှင်းလင်းပြောကြားပေးမည့် အစီအစဉ်တို့ဖြင့် တစ်ဝကြီး နားထောင်ခွင့်ရမယ့်အပြင်ကိုမှ -

မြန်မာတစ်နိုင်ငံလုံး ✨ ဂုဏ်ထူး ၄ ဘာသာနှင့်အထက်ရသူ (သို့) အမှတ်ပေါင်း ၄၅၀ နှင့်အထက်ရထားသူများ ✨ အတွက် MAJA Education Centre တွင် EJU အတန်းအား “သင်တန်းကြေး ကင်းလွတ်ခွင့်” ဖြင့် (အခမဲ့) လျှောက်ထားတက်ရောက်နိုင်မည့် အကြောင်းလည်း အသေးစိတ်နားထောင်လို့ရမှာပါ။ 🤗🤩

ဒါကြောင့် မြန်မာတစ်နိုင်ငံလုံးမှ ထူးထူးချွန်ချွန်ဖြင့် အထက်တန်းအောင်မြင်ထားသူတွေ အတွေးမမှားဘဲ ကိုယ့်ဆီ တည့်တည့်မတ်မတ် ရောက်လာတဲ့ အခွင့်အရေးကြီးကို အမိအရ ဆုပ်ကိုင်နိုင်ဖို့ အခုပဲ Seminar ကို စာရင်းပေးသွင်း တက်ရောက်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းလေးပါးလိုက်ပြီနော် . . . ။

📒 EJU Seminar အွန်လိုင်းအစီအစဉ် 📒
နေ့ရက် ။ ။ ဇူလိုင်လ ၁၀ ရက်၊ ၂၀၂၆ ခုနှစ် (သောကြာနေ့)
အချိန် ။ ။ နေ့လယ် ၁ နာရီမှ နေ့လယ် ၃ နာရီအထိ
နေရာ ။ ။ Via ZOOM App
🔺[စာရင်းပေးသွင်းလျှောက်ထားရန်လင့်] - https://forms.gle/DsQ9kJ5rRPfvfezC6

📲 Seminar နှင့် သင်တန်းများအကြောင်း စုံစမ်းရန် >> 09 428 613 848
(တနင်္လာနေ့မှ သောကြာနေ့) (စနေ၊ တနင်္ဂနွေနှင့်အစိုးရရုံးပိတ်ရက်များမပါ)

🏫 လိပ်စာ - အမှတ် (၄၄၀/ဘီ)၊ ဇေယျ (၁၄) လမ်း၊ (၁၀) ရပ်ကွက်၊ သစ္စာလမ်းမအနီး၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ (ဂိတ်ဟောင်းမှတ်တိုင်အနီး၊ တောင်ဥက္ကလာတရားရုံးဘေးလမ်း)

Update အကြောင်းတွေ အမြဲသိရဖို ဒီ Channel လေးတွေလည်း Join ထားဦးနော် !
🟢 Telegram Channel : https://t.me/majaeducentre
🟢 Tiktok : https://www.tiktok.com/?_r=1&_t=ZS-93CHQRo9TwG




၂၀၂၆ ခုနှစ်၊ ဇူလိုင်လ JLPT စာမေးပွဲနှင့် ပတ်သက်၍ အထူးသတိပြုရန်၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့တွင် ကျင်းပမည့် JLPT စာမေး...
30/06/2026

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ JLPT စာမေးပွဲနှင့် ပတ်သက်၍ အထူးသတိပြုရန်

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့တွင် ကျင်းပမည့် JLPT စာမေးပွဲအတွက် Online မှ လျှောက်လွှာ တင်ထားသူများ အနေဖြင့် သတ်မှတ်ရက် ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁)ရက်နေ့မှ ဇူလိုင်လ (၅) ရက်နေ့အထိ Online System မှတစ်ဆင့် စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများအား Download ရယူနိုင်ပြီး၊ အဆိုပါကတ်ပြားအား Color Print ထုတ်၍ စာဖြေဌာနသို့ ယူဆောင်လာရမည် ဖြစ်ပါသည်။

Manual Test Voucher ကတ်ပြားများအား သက်မှတ်ရက်အတွင်း ထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။ (မည်သည့်စာဖြေခွင့်ကတ်ပြားမဆို ဖုန်းဖြင့်ပြသခြင်းအား ခွင့်မပြုပါ။)

စာဖြေသူများအားလုံး Test Voucher နောက်ကျောဘက်တွင် ပါရှိသော “Check-in Time” အမှီစာဖြေခန်းသို့ ရောက်ရှိရပါမည်။ အဆိုပါ “Check-in Time” ထက်နောက်ကျပါက ဝင်ရောက်ဖြေဆိုခွင့်မရှိပါ။
“Check-in Time” နှင့်ပတ်သတ်၍ကြေငြာချက်အားအောက်ပါlink တွင်ကြည့်ရှုပါ။

https://www.facebook.com/share/p/1AVrbUx9SK/?mibextid=wwXIfr

၁) စာမေးပွဲနေ့တွင် စာဖြေသူများအားလုံးသည် စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား (Test Voucher) နှင့် အောက်ဖော်ပြပါ သက်သေခံကတ်ပြားမူရင်းတခုခု အား မဖြစ်မနေယူဆောင်လာရပါမည်။

ဖုန်းဖြင့် ပြသခြင်းအား ခွင့်မပြုပါ။ Test Voucher နှင့် သက်သေခံကတ်ပြားမူရင်း မပါရှိပါကဖြေဆိုခွင့် မရှိပါ။
(က) မှတ်ပုံတင် (၁၀ နှစ်ပြည့်ဖြစ်စေ၊ ၁၈ နှစ်ပြည့်ဖြစ်စေ အကျုံးဝင်ပါသည်)
(ခ) သက်တမ်းရှိ နိုင်ငံကူးလက်မှတ်
(ဂ) သက်တမ်းရှိ ယာဉ်မောင်းလိုင်စင် (အမည် နှင့် မွေးသက္ကရာဇ် မပါသောလိုင်စင်များ အကျုံးမဝင်ပါ)
(ဃ) မွေးစာရင်း (၁၀ နှစ်အောက် လျှောက်လွှာတင်သူများအတွက်သာ)
(င) သာသနာဝင်စိစစ်ရေးကတ်ပြား၊ သာသနာနွယ်ဝင်စိစစ်ရေးကတ်ပြား (ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်များစသည်တို့အတွက်)

Manual Test Voucher ပျောက်ဆုံးပျက်စီးခြင်း
လူကိုယ်တိုင်လာရောက်ထုတ်ယူထားသော Manual Test Voucher များ ပျောက်ဆုံး/ပျက်စီးပါက စာမေးပွဲ ဖြေဆိုသည့်နေ့တွင် စာဖြေဌာနရှိ ရုံးခန်းတွင် ပြန်လည်ထုတ်ယူရမည်ဖြစ်ပါသည်။ (မှတ်ပုံတင်မူရင်းနှင့် ဓါတ်ပုံ(၂)ပုံ ယူဆောင်လာရန်လိုအပ်ပါသည်။)

သက်သေခံကတ်ပြား/ID ပျောက်ဆုံးပျက်စီးခြင်း
မဖြစ်မနေယူဆောင်လာရန်လိုအပ်သော သက်သေခံကတ်ပြား/ID မူရင်း ပျောက်ဆုံးပျက်စီးပါက (၃) လအတွင်း ထုတ်ယူထားသော ရပ်ကွက်/ရဲစခန်း မှ ပျောက်ဆုံးကြောင်း‌ထောက်ခံစာမူရင်းနှင့် သက်သေခံကတ်ပြား/ID မိတ္တူ(၁)စောင်အား ယူဆောင်လာရန် လိုအပ်ပါသည်။

၂) Test Voucher တွင်ပါရှိသော ခုံနံပါတ်၊ နေရာ၊ အချိန် ၊ နေ့ရက်အတိုင်း လာရောက်ဖြေဆိုရပါမည်။ စာဖြေဌာနနေရာသို့ ရောက်ရှိသည့်အခါ ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်ပြီး၊ လမ်းညွှန်ပေးသည့် နေရာများတွင် စောင့်ဆိုင်းပါ။ ကျောင်းဝင်းပြင်ပတွင် လူစုလူဝေး ဖြစ်ပေါ်စေရန် မပြုလုပ်ပါနှင့်။

၃) ရိုးရိုးခဲတံ 2B, HP (ဘောပင်၊ ခဲသားဘောပင် လုံးဝအသုံးပြုခွင့်/ယူဆောင်လာခွင့်မရှိပါ)၊ ခဲဖျက်၊ ချွန်စက်၊ ID card (လျှောက်ထားစဉ်က ပူးတွဲတင်ပြထားသော မှတ်ပုံတင်၊ ကား‌မောင်းလိုင်စင်၊ Passport စသည်) နှင့် အခြားလိုအပ်သည်များအား ဖိုင်အိတ်အကြည်များဖြင့်သာ ထည့်သွင်းယူဆောင်လာရန်။

၄) ကျောပိုးအိတ်နှင့် လက်ကိုင်အိတ်များအား စာဖြေဌာနဝင်းအတွင်းသို့ လုံးဝ ယူဆောင်လာခွင့်မပြုပါ။ ယူဆောင်လာသည့် ကျောပိုးအိတ်နှင့် လက်ကိုင်အိတ်များအား မိမိတာဝန်ဖြင့်သာ ကျောင်းဝန်းပြင်ပတွင် ထားခဲ့ရမည် ဖြစ်သည်။

၅) စာဖြေသူများအနေဖြင့် မှတ်စုစာရွက်၊ စာအုပ်များ စာဖြေခန်းအတွင်းသို့ ယူဆောင်လာခြင်း၊ ခန္ဓာကိုယ်ပေါ်နှင့် အခြားအသုံးအဆောင်များပေါ်တွင် စာများရေးသားမှတ်သားလာခြင်းများမပြုရပါ။ ထို့အပြင် Test Voucher ပေါ်တွင်လဲ မည်သည့်စာမှ ရေးသားမှတ်သားခွင့် မရှိပါ။ (စာဖြေဆိုစဉ် အကြမ်းရေးသားခြင်းအား မေးခွန်းလွှာပေါ်တွင် ရေးသားနိုင်ပါသည်။)

၆) ဂျပန်စာသား/စကားလုံးများ ပါသော အဝတ်အစားများ၊ အသုံးအဆောင်ပစ္စည်းများ ဝတ်ဆင်/ယူဆောင်လာခြင်း မပြုရပါ။

၇) ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ တယ်လီဖုန်းနှင့် အီလက်ထရွန်းနစ်ပစ္စည်းများ၊ တခြားတန်ဖိုးရှိပစ္စည်းများအား ယူ‌ဆောင်လာပါက မိမိတာဝန်သာဖြစ်ပြီး ‌ပျောက်ဆုံး၊ ပျက်စီးမှုများနှင့် ယူဆောင်လာခြင်းကြောင့် ဖြစ်ပေါ်လာသော ကိစ္စရပ်များအတွက် စာမေးပွဲကျင်းပရေး ကော်မတီ မှ တာဝန်ယူ‌ ဆောင်ရွက်ပေးမည် မဟုတ်ပါ။

၈)၂၀၂၅ ခုနှစ် ဇူလိုင်လ စာမေးပွဲမှစတင်ပြောင်းလဲလာသော စည်းကမ်းချက်အရ တယ်လီဖုန်းနှင့် အီလက်ထရွန်းနစ် ကိရိယာများ ယူဆောင်လာခြင်းကြောင့် မသမာသူ (Misconduct) ဖြစ်နိုင်ချေနှုန်း မြင့်မားပါသဖြင့် ယူဆောင်လာခြင်းမပြုရန် အထူးတိုက်တွန်းပါသည်။

မဖြစ်မနေ ယူဆောင်လာရမည်ဆိုပါက တစ်ဦးလျှင် တစ်မျိုး/ တစ်ခု နှုန်းဖြင့်သာ ယူဆောင်လာပြီး အောက်ပါအတိုင်း လုပ်ဆောင်ပါ။

၁။ နှိုးစက် (Alarm) Setting များအား ဦးစွာပိတ်ပါ။

၂။ ဖုန်းအား စက်ပိတ်ပါ။ (Vibration Mode, Silent Mode, Airplane Mode များ ပြုလုပ်ထားခြင်း အား ခွင့်မပြုပါ။)

၃။ စာဖြေစားပွဲပေါ်ရှိ စာအိတ်အညိုပေါ်တွင် မိမိတို ခုံနံပါတ် နောက်ဆုံးဂဏန်း (၄)လုံးအားရေးပါ။

၄။ စာအိတ်အညိုတွင်းသို့ တယ်လီဖုန်းနှင့် အီလက်ထရွန်းနစ်ကိရိယာများအား ထည့်၍ Test Voucher ပြသကာ ကြီးကြပ်ရေးမှူးထံသို့ အပ်နှံပါ။

၅။ စာဖြေချိန် တစ်ချိန်နှင့်တစ်ချိန်ကြား ယူဆောင်အသုံးပြုခွင့်မရှိပါ။

၆။ စာဖြေချိန်အားလုံးပြီးချိန်တွင် မိမိ၏ Test Voucher အား ပြသ၍ ကြီးကြပ်ရေးမှူးထံမှ ပြန်လည်ထုတ်ယူပါ။

(ယူဆောင်လာသည့် ပစ္စည်း၊ ကိရိယာများ ပျက်စီး/ပျောက်ဆုံးခြင်းနှင့်ပတ်သက်၍ လုံးဝတာဝန်ယူပေးနိုင်မည် မဟုတ်ပါ)

၉) ကူးစက်ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စာဖြေဌာနအတွင်း ပြုမူနေထိုင်ကြပါရန်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

30/06/2026

ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် မဟာဘွဲ့သင်တန်းနှင့် ဒီပလိုမာသင်တန်းများ ဖွင့်လှစ်
=============================
ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အောက်ပါမဟာဘွဲ့သင်တန်းများ၊ ဘွဲ့လွန်ဒီပလိုမာသင်တန်းများကို ဖွင့်လှစ်မည်ဖြစ်ပါသဖြင့် ဝင်ခွင့်လျှောက်ထားနိုင်သည်။

အပြည့်အစုံဖတ်ရန်
> https://www.edge.com.mm/article/yangon-university-of-economics-6a3ce6004de0f.html

Address

No. 451, Thihathu13Street, 11Ward, , SouthOkkalapa Township
Yangon
11071

Website

Alerts

Be the first to know and let us send you an email when Takara Japanese Language Training Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Takara Japanese Language Training Center:

Shortcuts

Share