15/10/2026
ဒီနေ့မှာတော့ NICO ကနေ ဂျပန်စာလေ့လာနေတဲ့
မိနစံတို့အတွက် အကျိူးရှိစေမဲ့ ဂျပန်စကားပုံ こと
わざ လေးတစ်ခုကိုမျှဝေပေးချင်ပါတယ်။
口は災いの元
(くちはわざわいのもと)
"နှုတ်ထွက်စကားက ဘေးဒုက္ခရဲ့အရင်းအမြစ်"
စကားပြောတဲ့အခါ အဆင်အခြင်မရှိဘဲ ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် သူတစ်ပါးကို စိတ်နာစေနိုင်သလို၊ကိုယ့်ဆီကိုလည်း ဘေးဒုက္ခတွေပြန်လည်သက်ရောက်လာစေနိုင်ပါတယ်။မပြောသင့်တဲ့လျှို့ဝှက်ချက်တွေ ဒါမှမဟုတ် သူတစ်ပါး အတင်းအဖျင်းတွေကို စည်းကမ်းမရှိပြောမိရင် ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့ လူမှုဆက်ဆံရေးတွေပျက်စီးတတ်ပါတယ်။တစ်ခါတလေမှာ ဘာမှမပြောဘဲ နေလိုက်တာက ပြဿနာတွေ မဖြစ်အောင် တားဆီးရာရောက်ပါတယ်။
#𝗠𝗼𝘁𝗶𝘃𝗮𝘁𝗶𝗼𝗻
#𝗞𝗼𝘁𝗼𝘄𝗮𝘇𝗮
#くちはわざわいのもと
#𝗞𝗲𝗲𝗽𝗚𝗼𝗶𝗻𝗴
#𝗡𝗜𝗖𝗢𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲𝗦𝗰𝗵𝗼𝗼𝗹