Japan-Myanmar Language Center

Japan-Myanmar Language Center

Share

ဂျပန်စာသင်တန်း​ကျောင်းနှင့်ဂျပန်အလုပ်အကိုင်ရှာ​ဖွေ​ရေး​အေဂျင်စီ

21/12/2022

ရုံးပိတ်ရက် အသိပေးကြေငြာခြင်း-

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ 20ရက်နေ့ (အင်္ဂါနေ့) မှစ၍ JMLC မိသားစုမှ ခရီးသွားမည်ဖြစ်ပါသောကြောင့် ဒီဇင်ဘာလ 25ရက်နေ့ (တနင်္ဂနွေ)အထိ ရုံးခန်းကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

ဒီဇင်ဘာလ ၂၆ရက်နေ့ (တနင်္လာ)မှစပြီး ရုံးခန်းနှင့်သင်တန်းများကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း အသိပေးကြေညာပါသည်။

15/11/2022

🗓️အမျိုးသားနေ့ ပိတ်ရက်ကြေညာခြင်း

2022ခုနှစ်၊ နိုဝင်ဘာလ၊ 17 ရက်သည် အမျိုးသားနေ့ ‌ကျရောက်ပါသောကြောင့် သင်တန်းများပိတ်ပါကြောင်း လေးစားစွာ ကြင်နာအပ်ပါသည်


#အမျိုးသားနေ့

11/11/2022

✨✨JMLCမှ ပညာဒါန ဂျပန်စာ N5(Basic only)ဖွင့်လှစ်သွားပါမည်။

❗ပညာဒါနဆိုပြီး အခြေခံကျကျ‌သင်မည်ဖြစ်သောကြောင့် အမှန်တကယ် စိတ်ပါဝင်စားသူများနှင့် သင်တန်းပြီးဆုံး သည်အထိ ကြိုးစားမည့်သူများ တက်ရောက်နိုင်ပါသည်။

N5(basic) ပညာဒါန 100% free❗
✨သင်တန်းစမည့်ရက် - 21. 11. 2022
⏰ သင်တန်းချိန် - Monday To Friday (2:00pm to 4:00pm)
🗓️ကြာချိန် ~ 1လခန့်
💸သင်တန်းကြေး ~ Free

N5(basic)ပညာဒါနမှာ ဘာတွေ သင်ကြရမှာလဲ 🤔
🎌 Basic ( Hiragana & Katakana )
🎌 Pronunciation
🎌စာလုံးပေါင်း
🎌အရေအတွက်များ

အသေးစိတ်စုံစမ်းမေးမြန်းရန်
🤳🤳09401520970
🤳🤳09983513053

Photos from Japan-Myanmar Language Center's post 08/11/2022

黄道十二宮 (12 signs of the zodiac)
Zodiac တွေကို ဂျပန်လို မှတ်ကြရအောင်

Aries(March 21–April 19)
[牡羊座(おひつじざ)=မိဿရာသီဖွား]

Ta**us (April 20 – May 20)
[牡牛座(おうしざ)=ပြိဿရာသီဖွား]

Gemini (May 21 – June 20)
[双子座(ふたござ)=မေထုန်ရာသီဖွား]

Cancer (June 21 – July 22)
[蟹座(かにざ)=ကရကဋ်ရာသီဖွား]

Leo (July 23 – August 22)
[獅子座(ししざ)=သိဟ်ရာသီဖွား]

Virgo (August 23 – September 22)
[乙女座(おとめざ)=ကန်ရာသီဖွား]

Libra (September 23 – October 22)
[天秤座(てんびんざ)=တူရာသီဖွား]

Scorpio (October 23 – November 21)
[蠍座(さそりざ)=ဗြိစ္ဆာရာသီဖွား]

Sagittarius (November 22 – December 21)
[射手座(いてざ)=ဓနုရာသီဖွား]

Capricorn (December 22 – January 19)
[山羊座(やぎざ)=မကရရာသီဖွား

Aquarius (January 20 – February 18)
[水瓶座(みずがめざ)=ကုံရာသီဖွား]

Pisces (February 19 – March 20)
[魚座(うおざ)=မိန်ရာသီဖွား]

03/11/2022

တန်ဆောင်တိုင် သင်တန်းပိတ်ရက်အသိပေးကြေညာခြင်း
==========================================
တန်ဆောင်မုန်းလပြည့်နေ့ (၇.၁၁.၂၀၂၂)(တနင်္လာနေ့) သည် တန်ဆောင်မုန်းလပြည့်နေ့သာမညဖယ အခါတော်နေ့ဖြစ်ပါသောကြောင့် (၇.၁၁.၂၀၂၂)(တနင်္လာနေ့) သင်တန်းပိတ်ပါတယ်ခင်ဗျာ။

သင်တန်းသူ/သား အားလုံး စိတ်ကျန်းမာ ကိုယ်ချမ်းသာရှိကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Photos from Myanmar Association of Japan Alumni (MAJA)'s post 01/11/2022

FYI ✨

Photos from Japan-Myanmar Language Center's post 30/10/2022

JMLCမှာ N4 အတန်းရဲ့ ပထမဆုံး အကြိမ် စာမေးပွဲ ဖြေဆိုခြင်း🥰

မေးခွန်းတွေ မလွယ်ပေမယ့် ကျောင်းသားတွေက ကြိုးစားကြတယ်။ အပြိုင်အဆိုင်ပါပဲ။ 💪💪💪
ကြိုးစား ပြီးဖြေပေးကြတဲ့ ကျောင်းသားတွေကြည့်ပြီး အားရပါတယ်။
Jmlcမှာ ‌လတိုင်း စာမေးပွဲရှိတာမို့လို့ ကျောင်းသားတိုင်း အပြိုင်အဆိုင် ကြိုးစားနေကြပါတယ်။🥰🥰🥰

14/10/2022

N4 Level Grammar ပါ။ အဖြေလေးကို Comment မှာမန့်ခဲ့ပေးပါ ✍🏼

Photos from Japan-Myanmar Language Center's post 07/10/2022

ကျွန်တော်တို့ JMLC မှ Hotsuma International School Gifu (6.10.2022) နှင့် ယနေ့ (7.10.2022)
Nippon Language Academy, Westcoast Language School(Tokyo), Gendai Language School (Tokyo) ကျောင်းများသို့ အသီးသီး ထွက်ခွာသွားကြပါပြီ..✈️✈️
အားလုံးပဲ ဒီထက်မကတိုးတက်အောင်ကြိုးစားနိုင်ကြပါစေ ခင်ဗျာ။ 🎉🎊

06/10/2022

JLPT Reading Section 📚

ဂျပန်အရည်အချင်းစစ် စာမေးပွဲတွေဖြေကြတဲ့အခါ၊ မေးခွန်းဟောင်းတွေ ဖြေကြတဲ့ အခါ ကျောင်းသားတော်တော်များများက Reading ပိုင်းကို ကြောက်ကြပါတယ်။ ဒါဟာ မလျှောက်ဖူးသေးတဲ့ လမ်းကို ပထမဆုံး လျှောက်ရသလိုပါပဲ။ ကိုယ်နဲ့ မရင်းနီးသေးလို့ပါ။ အဲ့ဒီလမ်းကိုသာ အမြဲတမ်းဖြတ်သွားဖြတ်လာ ဖြစ်သွားရင်တော့ ကြောက်စိတ်မရှိတော့ပဲ လမ်းကို ကျွမ်းကျင်သွားမှာပါ။ Reading ကလဲ ဒီလိုပါပဲ။ အစပိုင်းတော့ မဖတ်ဖူးလို့ ကြောက်စရာလို့ ထင်လိမ့်မယ်။ ဒါပေမယ့် အမှတ်ယူတက်ရင် ယူ တက်သလောက် ရနိုင်ပါတယ်။ အဲ့ဒီတော့ Reading တစ်ပုဒ်မှာ ဘယ်ဟာအရေးကြီးဆုံးလဲ?ဘယ်ကဘယ်လိုစမလဲ?အရေးကြီးဆုံး အချက်က
1. 言葉(ことば)တွေ ပိုင်နိုင်အောင် ကျက်ထားဖို့လို့ပါတယ်။ Japanစာမှ မဟုတ်ပဲ ဘယ် Language မဆို အရေးကြီးဆုံးက Vocabulary ပါပဲ။ ဝေါဟာရ ကြွယ်ဝမှု က စာမေးပွဲမှာ သူများထက်နှာတစ်ဖျားသာပါတယ်။ အဲ့ဒီတော့ ことばတွေကို နိုင်နိုင်နင်းနင်းကျက်ပါ။ လူဆိုတာမေ့တက်ပါတယ်။ အဲ့ဒီ အတွက်ကြောင့် နေ့စဉ်ပြန်ပြန်နွေးပေးရတက်ပါတယ်။ အားမလျော့ပါနဲ့။ ဂျပန်စာဆိုတာ အင်္ဂလိပ်စာလို သူငယ်တန်းကတည်းက စသင်လာရတဲ့ဘာသာစကားလဲမဟုတ်ပါဘူး။ ကြိုးစားပြီး ကျက်ပေးပါ။ အချိန်တန်ရင် အသီးသီးမှာပါ။
2. Grammar Pattern တွေ ကို သေသေချာချာ ပိုင်နိုင်အောင်လုပ်ထားပါ။
3. Reading ဆိုပြီးတော့ ‌စာပိုဒ်ကြီးကိုပဲ ဖတ်မယ် တကဲကဲ မလုပ်ပါနဲ့။ မေးခွန်း ကိုသေချာ နားလည်အောင်အရင်ဖတ်ပါ။ မေးခွန်းဖတ်ပြီးတော့ မှ စာပိုဒ်ကို ဖတ်ပါ။ စာပိုဒ်ဖတ်ပြီးမှ မေးခွန်းဖတ်ရင် မေးခွန်းနဲ့ ပါတ်သက်ပြီး စာပိုဒ်ထဲ မှာ အဖြေ ပြန် ရှာရတဲ့ အချိန်က ပိုကြာတက်ပါတယ်။ မေးခွန်းကိုသေသေချာချာ ဖတ်ပြီးသွားတဲ့ အခါ သူဘာမေးချင်တာလဲ ကိုသေချာ သဘောပေါက်သွားတဲ့ အခါမှာ စာပိုဒ်ကိုစဖတ်တာ အသင့်လျော်ဆုံးပါ။ မေးတဲ့ မေးခွန်းကို သိထားတော့ စာပိုဒ်ဖတ်ရင်း နဲ့ အဖြေ ကပေါ်လာပါတယ်။
4. General Knowledge ကောင်းပါစေ။ General Knowledge ဆိုတာက တနေကုန် ထိုင်ကျက်ပြီးရလာတာမဟုတ်ပါဘူး။ စာတွေတော့အကုန်ကျက်နိုင်ပါရဲ့ General Knowledge မရှိတဲ့အခါမှာလဲ အခက်တွေ့ရတက်ပါတယ်။ ဥပမာ စာပိုဒ်က ဘူတာအကြောင်းပြောနေမယ်ဆိုရင် ဘူတာနဲ့ပါတ်သက်တဲ့ အချိန်ဇယားတို့ ဘူတာမှာ သူငယ်ချင်းနဲ့တွေ့ဖို့ချိန်းတဲ့အချိန်တွေ စတဲ့ General Knowledge တွေကို သိထားတာ အကောင်းဆုံးပါ။ General Knowledge များဖို့အတွက် စာများများဖတ်ပေးဖို့လိုပါမယ်။

အားလုံးပဲ Reading မှာ အမှတ်ကောင်းကောင်းယူနိုင်ကြပါစေလို့ဆုတောင်းပါတယ်ခင်ဗျာ။🎉🎊

04/10/2022

သီတင်းကျွတ် သင်တန်းပိတ်ရက်အသိပေးကြေညာခြင်း
==========================================

သီတင်းကျွတ်လပြည့်နေ့ (၉.၁၀.၂၀၂၂)(တနင်္ဂနွေ) နှင့် (၁၀.၁၀.၂၀၂၂)(တနင်္လာနေ့) အထိသည် သီတင်းကျွတ်အခါသမယ ဖြစ်ပါသောကြောင့် (၁၀.၁၀.၂၀၂၂)(တနင်္လာနေ့) သင်တန်းပိတ်ပါတယ်ခင်ဗျာ။

သင်တန်းသူ/သား အားလုံး စိတ်ကျန်းမာ ကိုယ်ချမ်းသာရှိကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

28/09/2022

JMLC မှ2022 october အတွက် N5, N4 အတန်းသစ်လေးများ ထပ်မံဖွင့်လှစ်လိုက်ပါတယ်ရှင့်🍀🍀

သင်တန်းကြေးကို တစ်ဝက်ချင်းစီခွဲသွင်းလို့ရပါတယ်ရှင်❤

2023 July intake အတွက် ကျောင်းလျှောက်ချင်တဲ့ကျောင်းသားများကလည်း ကေ​ျာင်းသို့လာရောက်စုံစမ်းနိုင်ပါတယ်ရှင့်🇯🇵🇯🇵

အသေးစိတ်စုံစမ်းမေးမြန်းရန်
🤳🤳09401520970
🤳🤳09983513053

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

No. 169, Room No(8-A), 8th Floor, MTP Condo, 9 Ward, Near Than Lan Bustop, Insein Road
Yangon
11051

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00