Tara's Digital International School

Tara's Digital International School

Share

Be Happy, Be Energetic, Be You, Think School, Join TIS

02/03/2026

🌾တောင်သူလယ်သမားနေ့🌾

၂၀၂၆ ခုနှစ် မတ်လ(၂)ရက်နေ့တွင်ကျရောက်သည့် “တောင်သူလယ်သမားနေ့” ကို Tara's Digital International School ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်....

မြန်မာနိုင်ငံအရပ်ရပ်ရှိ ကျေးဇူးရှင်တောင်သူဦးကြီးများအားလုံး ကျန်းမာချမ်းသာပြီး ဘေးရန်များကင်းကွာကြပါစေကြာင်း TIS မိသားစုမှဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏🙏🙏

#တောင်သူလယ်သမားနေ့

17/02/2026

👋ဟဲလို... Gu Guu ပြန်လာပါပြီခင်ဗျာ 🐧

Gu Guu အရင်ကထက် အများကြီးပိုတော်လာပြီး ပြောင်းလဲသွားရတဲ့ အဓိကအကြောင်းရင်းတွေထဲမှာ Tara ရဲ့ Assessment System ကြောင့်လည်း ပါတယ်ဗျ! ‼️

ပြောရမယ်ဆိုရင် Gu Guu တို့လို ကျောင်းသားတွေအတွက် Assessment ဆိုတာ အရမ်းကိုအရေးကြီးတယ်လေ။ အာ့ကြောင့်မို့လို့ ကျောင်းမှာ Assessment ကို ဘယ်လိုတွေသေချာလုပ်ပေးလဲဆိုတာ ပြောပြပေးမယ်နော်။ စိတ်ဝင်စားဖို့ကောင်းတာမို့ သေချာလေး ဖတ်ပေးကြပါဦးခင်ဗျ

✨Tara မှာဆိုရင် Term တစ်ခုပြီးတိုင်းမှာ ကျောင်းသားမိဘတွေနဲ့ အတန်းပိုင်ဆရာမတွေ တွေ့ဆုံကြပြီးတော့ Gu Guuတို့ရဲ့ စာမေးပွဲအမှတ်တွေ ပြောပြပေးတယ်၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာမှာ ဘယ်လိုတိုးတက်လာလဲ၊ ပညာရေးမှာ ဘယ်နေရာမှာ တော်ပြီး၊ ဘယ်နေရာမှာတော့ အားနည်းနေသေးတယ် ဆိုတာတွေကို သေချာလေးဆွေးနွေးတိုင်ပင်ပေးတာဗျ။✅

ပြီးတော့ Subject တစ်ခုချင်းစီအလိုက် Gu Guu ဘယ်လိုတွေ တိုးတက်လာလဲဆိုတာ ရှင်းပြပေးတယ်။ ကြိုးစားဖို့ လိုနေသေးတဲ့ ဘာသာရပ်တွေရှိရင်လည်း မိဘတွေက အိမ်မှာ ဘယ်လို Support ပေးသင့်တယ်၊ ဘယ်လိုမျိုး လေ့လာသင့်တယ်ဆိုတာတွေအပြင်... Gu Guu ဖတ်ဖို့ ဘယ်လိုစာအုပ်မျိုးတွေ ဝယ်ပေးသင့်တယ် ဆိုတာကိုပါ လမ်းညွှန်ပေးတာဗျ

ဒါကြောင့် မေမေနဲ့ ဖေဖေက Gu Guu ရဲ့ အခြေအနေအစစ်အမှန်ကိုသိပြီး လိုအပ်တာတွေကို ပံ့ပိုးကူညီပေးနိုင်တာပေါ့နော်။ 💯

ဒီလိုမျိုး Assessment တွေ လုပ်ပေးတာကြောင့် ဂူးဂူးတို့ ကျောင်းသားတွေလည်း ကိုယ့်ရဲ့ အားနည်းချက်၊ အားသာချက်ကို သေချာသိသွားပြီး အချိန်မီပြင်ဆင်နိုင်တယ်။ ကိုယ့်ရဲ့ တိုးတက်မှုကို ကိုယ်တိုင်သိမြင်ရတော့ ပိုပြီးကြိုးစားချင်စိတ်တွေ တဖွားဖွားဖြစ်လာတာပေါ့!

Gu Guu လည်း ဒီလိုမျိုးလုပ်ပေးတာကို အရမ်းသဘောကျတာဗျ။ ဖေဖေနဲ့ မေမေတို့လည်း ထပ်တူ သဘောကျနေကြတာပေါ့ဗျာ။ 🥳

ကဲ... ဒီနေ့တော့ ဒီလောက်ပါပဲနော် 😉 Assessment ရဲ့ အရေးပါပုံကိုလည်း သိသွားလောက်ပြီလို့ ထင်ပါတယ်ဗျ။ အခုလည်း Assessment တစ်ခု ရှိသေးတာမို့ ဂူးဂူး စာသွားလုပ်လိုက်ပါဦးမယ်။ နောက်နေ့တွေမှာ ပြန်ဆုံမယ်နော်! 🐧

Bye Bye ပါဗျ! 👋

🏫 TARA's Digital International School

☎️ 09 880 177 304, 09 424 225 973

📌 No.70/71, 28th Street, Thumingalar Quarter No.2, Near Township Sport Stadium, Pyin Oo Lwin.






16/02/2026

🏮❝ 𝐇𝐚𝐩𝐩𝐲 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐍𝐞𝐰 𝐘𝐞𝐚𝐫 𝟮𝟬𝟮𝟔 ❞ 🏮

󠀠🧧𝐆𝐨𝐧𝐠 𝐗𝐢 𝐅𝐚 𝐂𝐚𝐢🧧

🎉 ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများနှင့် ဆရာ၊ ဆရာမများအားလုံး တရုတ်နှစ်သစ်ကူးအချိန်အခါလေးမှာ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပြီး အားအင်အသစ်၊ အောင်မြင်မှုအသစ်တွေနဲ့ ပြည့်နှက်နေတဲ့ နှစ်တစ်နှစ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏



26/01/2026

ဟဲလို... ဂူးဂူး ပြန်ရောက်လာပါပြီခင်ဗျာ 👋🐧

ပြီးခဲ့တဲ့ရက်က ဂူးဂူးရဲ့ Screen Time ထဲမှာ British Council Digital Library ကို အကျိုးရှိရှိ အသုံးပြုတဲ့အကြောင်း ပြောပြခဲ့တယ်မလား? ဒီနေ့တော့ အဲဒီ Library ထဲမှာ ဂူးဂူး အခုတလော အကြိုက်ဖြစ်နေတဲ့ စာအုပ်ကောင်းလေးတစ်အုပ် အကြောင်းကို ပြောပြပေးမယ်နော်။ 📚✨

ဂူဂူးက သိပ္ပံပညာရှင်ကြီး ဖြစ်ချင်တာဆိုတော့လေ ဂူဂူးအတွက် တကယ့်ကို အသုံးဝင်တဲ့ "Knowledge Encyclopedia" ဆိုတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ်ဗျ..

ဒီစာအုပ်လေးက ရိုးရိုးစာအုပ်တွေလို စာတွေချည်းပဲ မဟုတ်ဘူးဗျ ..သူ့ရဲ့ထူးခြားချက်လေးတွေပြောပြမယ်နော်..
ဒီစာအုပ်မှာ...
🖼️ ရုပ်ပုံလွှာတွေက သက်ဝင်လှုပ်ရှားနေတာပါပဲ.. စာအုပ်ထဲမှာပါတဲ့ သိပ္ပံပုံရိပ်တွေ၊ ကမ္ဘာ့အပြင်ဘက်က ဂြိုဟ်တွေရဲ့ ပုံတွေက တကယ့်အစစ်တွေအတိုင်း အရမ်းလှတာပဲ... ကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားဖို့ ကောင်းနေရော...

ဒီပုံရိပ်လေးတွေက ပြောရမယ်ဆိုရင် ဂူဂူးတို့ Tara ကျောင်းက Science Lab မှာ စမ်းသပ်ရတာတွေကို ပိုပြီး အသေးစိတ် ရှင်းပြထားတာမျိုးပေါ့။
ဥပမာဗျာ ရေဟာ ဘယ်လိုဖြစ်ပေါ်လာသလဲ?
သစ်ပင်တွေက ဘယ်လို အစာချက်သလဲ? ဆိုတာမျိုးတွေကို သားသားတို့အရွယ်ဖတ်လို့ရတဲ့ အရမ်းနားလည်လွယ်အောင် ရေးထားတယ်ဗျ။
ပြီးတော့..
🌟 ဒီလို သိပ္ပံနဲ့ဆိုင်တဲ့ ဗဟုသုမျိုးလိုစာအုပ်လေးက "ဘာကြောင့်လဲ" ဆိုတဲ့ မေးခွန်းတွေကို အမြဲစဉ်းစားတတ်လာအောင်ရယ် Critical Thinking အပိုင်းတို့တွေမှာ အများကြီး အထောက်အကူပြုပေးတော့
ဂူဂူးရဲ့စူးစမ်းချင်စိတ်ကို နှိုးဆွပေးတယ် (Sparking Curiosity) လို့ ခံစားရတယ်..

နောက်ပြီးတော့
စာအုပ်က British Council က စာအုပ်ဆိုတော့ အင်္ဂလိပ်စာ အသုံးအနှုန်းတွေက မှန်ကန်ပြီး အရမ်းဖတ်လို့ကောင်းတယ်ဗျ။ ရုပ်ပုံလေးတွေလည်း ကြည့်ရတယ် စာလည်းဖတ်ရတော့ အင်္ဂလိပ်စာလည်း တိုးတက်လာရောပေါ့..
ပြီးတော့ ဒီစာအုပ်က ကမ္ဘာကြီးရဲ့ တစ်ဖက်ခြမ်းမှာ ဘာတွေရှိလဲ၊ ပင်လယ်ရေအောက်ထဲမှာ ဘာတွေရှိလဲ ဆိုတာတွေကို စာအုပ်ထဲကနေတစ်ဆင့် ခရီးသွားသလိုမျိုး လေ့လာနိုင်တော့ စိတ်ကူးစိတ်သန်းတွေက ပိုပြီး ကျယ်ပြန့်လာတာပေါ့

ဒီစာအုပ်လေးကို ဖတ်ရတာ ဂူးဂူးအတွက်တော့ တကယ့်ကို သင်ယူရတာ ပျော်စရာကောင်းတယ် ( learning is fun) ဆိုတာမျိုး ဖြစ်နေပြီဗျာ 🥳

ကဲ... ဂူးဂူးတော့ နောက်ထပ် အခန်းတစ်ခန်း ထပ်ဖတ်လိုက်ဦးမယ်။ အားလုံးပဲ စာအုပ်ကောင်းလေးတွေနဲ့အတူ ဗဟုသုတတွေ တိုးပွားနိုင်ကြပါစေနော်..
Bye Bye ပါဗျ.. နောက်နေ့မှ ပြန်ဆုံမယ်နော် 🙌🐧

TARA's International School

☎️ 09 880 177 304
☎️ 09 424 225 973
📌No.70/71,28

Thumingalar,Quarter No.2,Near Township Sport Stadium,Pyin Oo Lwin









゚viralシ

12/01/2026

⏱️စာမေးပွဲကာလအတွင်း သားသား၊ မီးမီးတို့ လုပ်ဆောင်သင့်တဲ့နည်းလမ်းလေးတွေ
📚 ​စာမေးပွဲကို ကြိုးစားပြီး ဖြေဆိုနေကြတဲ့ သားသား၊ မီးမီးလေးတွေအတွက် အသုံးဝင်မဲ့ Exam tips လေးတွေကို ဝေမျှပေးလိုက်ပါတယ်ရှင့်။🌟
⏳ ​Plan a study schedule
​စာမေးပွဲ မဖြေခင်နဲ့ စာမေးပွဲ ဖြေနေတဲ့ကာလအတွင်း အချိန်ဇယားတစ်ခုရေးဆွဲပြီး လေ့လာရမယ့်ဘာသာရပ်တွေကို အချိန်သတ်မှတ်ပါ။
​ခက်ခဲတဲ့ဘာသာရပ်နှင့် အားနည်းတဲ့ဘာသာရပ် တွေကို ပိုပြီးဦးစားပေးလေ့လာဖို့ အချိန်ပိုပေးပါ။
​သားသား၊ မီးမီးတို့ တကယ်လိုက်နာနိုင်မယ့်၊ လက်တွေ့ကျမယ့် အချိန်ဇယားမျိုးကိုသာ ရေးဆွဲပါ။

📖 ​Use ”Active Recall Methods”
​စာကျက်တဲ့အခါမှာ စာဖတ်၊ စာကျက်ရုံတင်မကပဲ ကိုယ်ကိုယ်တိုင် အမှန်တကယ်စာရမရ ပြန်စမ်းစစ်ကြည့်ရပါမယ်။ မှတ်စုစာအုပ်ကို မကြည့်ဘဲ ကျက်မှတ်ခဲ့တဲ့ သင်ခန်းစာတွေကို ပြန်လည် မှတ်မိအောင်ပြောဆိုကြည့်ပါ၊ ဒီလို Active Recall နည်းလမ်းက သားသား၊ မီးမီးတို့ရဲ့ မှတ်ဉာဏ်ကို ပိုမိုစွဲမြဲစေပြီး သင်ခန်းစာတွေကိုပိုနားလည်စေတဲ့အပြင် ခက်ခဲတဲ့စာမေးပွဲမေးခွန်းတွေအတွက်ပါ ပြင်ဆင်ပြီးသားဖြစ်စေပါတယ်။

​💡Quiz yourself
​စာကျက်ပြီးတဲ့အခါ မေးခွန်းဟောင်းတွေ (Past Papers) ဒါမှမဟုတ် လေ့ကျင့်ခန်းမေးခွန်းတွေ (Practice Questions) ကိုဖြေဆိုကြည့်ပြီး ကိုယ့်ရဲ့ အဆင်သင့်ဖြစ်မှုကို စစ်ဆေးပါ။
​အချိန်သတ်မှတ်ပြီး ဖြေဆိုကြည့်ခြင်းက စာမေးပွဲခန်းထဲကလို ဖိအားနဲ့ အချိန်ကိုက်ဖြေဆိုနိုင်အောင် လေ့ကျင့်သားဖြစ်စေပါတယ်။
​မှားယွင်းသွားတဲ့မေးခွန်းတွေကို ဘာလို့မှားသွားလဲဆိုတာ ပြန်လည်လေ့လာပြီး နောက်တစ်ခါမမှားအောင် ပြင်ဆင်ပါ။

​🌻Take Short Breaks
​ကြာကြာထိုင်ပြီး စာကျက်ခြင်းထက် ပုံမှန်အနားယူချိန်လေးတွေက ပိုပြီး အကျိုးရှိစေပါတယ်။ ဥပမာ- နာရီဝက် (သို့) ၄၅ မိနစ် စာကျက်ပြီး ၅ မိနစ်ကနေ ၁၀ မိနစ်လောက် အနားယူပါ။
​အနားယူချိန်မှာ ကိုယ်လက်လှုပ်ရှားမှုတချို့လုပ်တာ၊ ရေသောက်တာ၊ ဒါမှမဟုတ် မျက်လုံးကို အနားပေးတာမျိုးလုပ်ပါ။ ဦးနှောက်ကို အနားပေးခြင်းက စာကိုပိုပြီး မှတ်မိလွယ်စေပါတယ်။လုံလောက်တဲ့ အိပ်စက်အနားယူချိန်ရရှိအောင်လည်း ပြုလုပ်ပေးပါ။ အိပ်ရေးဝမှ စာတွေကို ပိုပြီးမှတ်မိ၊ နားလည်စေပါတယ်။

​💡Keep Healthy
​ဒီလို စာမေးပွဲကာလတွေမှာ သားသား၊ မီးမီးတွေအတွက် အရေးကြီးဆုံးအရာကတော့ စိတ်ရောကိုယ်ရောကျန်းမာနေဖို့လိုအပ်ပါတယ်။ အိပ်ချိန်မှန်မှန်အိပ်ပြီး အာဟာရဖြစ်စေမဲ့အစားအစာတွေကို ရွေးချယ်စားသောက်တတ်ဖို့လိုအပ်ပါတယ်။ ဦးနှောက်အတွက်ကောင်းတဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ အစေ့အဆန်တွေကို စားပေးပါ။


🌟နောက်ဆုံးအနေနဲ့ စိတ်အေးအေးထားပြီး အကောင်းဆုံးဖြေဆိုနိုင်မယ်လို့ အကြွင်းမဲ့ယုံကြည်ပြီးတော့ဖြေဆိုပါ။
​
​🌟 စာမေးပွဲမှာ အကောင်းဆုံးလုပ်ဆောင်နိုင်ပါစေလို့ Tara's International School မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်! 🌟





゚viralシfypシ゚

07/01/2026

Screen Time ကို အကျိုးရှိရှိ အသုံးချကြမယ်...

​ဟဲလို... ဂူဂူး ပြန်လာပါပြီခင်ဗျာ.. 👋🐧
​ဒီနေ့မှာတော့ ဖေဖေ၊ မေမေတို့ အမြဲစိတ်ပူတတ်တဲ့ "Screen Time" (ဖုန်းကြည့်တဲ့အချိန်/ ကွန်ပျူတာသုံးတဲ့အချိန်) အကြောင်းကို ပြောပြ‌ပေးမယ်နော်။ ဂူဂူးတို့လို ကလေးတွေဆို ဖုန်းကြည့်ရင် လူကြီးတွေက "မျက်စိပျက်မယ်၊ စာမလုပ်ဘူး" ဆိုပြီး ဆူတတ်ကြတယ်မလား...😅

​ဒါပေမဲ့ Tara ကျောင်းမှာ Pearson Curriculum နဲ့ သင်ယူနေတဲ့ ဂူဂူးအတွက်ကတော့ Screen Time ဆိုတာ အလကား အချိန်ဖြုန်းတာ မဟုတ်ဘူးဗျ။ အကျိုးရှိရှိနဲ့ အသုံးပြုတဲ့ နည်းလမ်းလေးတွေ ပြောပြပေးမယ်နော်📱✨

​ဂူဂူးက သိပ္ပံပညာရှင်ကြီး ဖြစ်ချင်တာဆိုတော့ Science Lab မသွားခင်ဘဲဖြစ်ဖြစ် စမ်းသပ်ချက်တစ်ခုခုကို လုပ်တော့မယ်ဆိုရင် Google နဲ့ YouTube မှာ အရင်ရှာကြည့်လိုက်တယ်ဗျ။

ဂူဂူးတို့ကျောင်းမှာ CIY.CLUB လည်းရှိတယ် အဲ့မှာ Mind Craft နဲ့ ပတ်သက်တဲ့ Coding တွေ, Web development design တွေလည်း လေ့လာရတယ်..
​ပြီးတော့လေ... Tara ကျောင်းမှာလည်း Screen Time ကိုအကျိုးရှိရှိအသုံးချဖို့ဆိုပြီး British Council နဲ့ ပူးပေါင်းထားတဲ့ Digital Library အစီအစဥ်လေးလည်းရှိတယ်တဲ့...အာ့ကြောင့်မို့ ဖေဖေနဲ့ မေမေက ဂူးဂူးအတွက် British Council Digital Library မှာ အကောင့်လေး ဖွင့်ပေးထားတယ်ဗျ။ အဲ့ဒီမှာ သိပ္ပံအကြောင်း အွန်လိုင်းစာအုပ်တွေ အများကြီးဖတ်လို့ရတယ်... အင်္ဂလိပ်စာ နားထောင်နိုင်စွမ်း (Listening Skill) တိုးတက်အောင်လည်း စကားပြောလေးတွေ နားထောင်ဖြစ်တယ်ဗျ။ ဒါက Screen Time ကို အပျော်သဘောသက်သက်မဟုတ်ဘဲနဲ့ အသိပညာတိုးတက်အောင် သုံးတာပေါ့ဗျာ။ 🔍📖

နောက်ပြီးတော့ ရှိသေးတယ်ဗျ.....
​ဂူးဂူးက ဂိမ်းဆော့ရင်လည်း ပစ်ကြခတ်ကြတာမျိုးထက် Logic Games တွေ၊ Math Puzzles တွေနဲ့ Coding Games တွေကို ပိုဆော့ဖြစ်တယ်ဗျ။ ဒါမှ Pearson စနစ်က သင်ကြားပေးတဲ့ Critical Thinking (ကိုယ်ပိုင်စဉ်းစားဉာဏ်) တွေလည်း ပိုပြီးတိုးတက်လာမှာလေ။ အဲ့တော့ ဂိမ်းလည်းဆော့ရတယ်၊ ဉာဏ်လည်းထက်မြတ်လာတယ်ဆိုတော့ အမြတ်ပဲပေါ့....🥳

နောက်တစ်ခုက....
​ဂူးဂူးတို့ကျောင်းမှာ သင်တဲ့စာတွေအတွက် Online မှာ လေ့ကျင့်ခန်းတွေ၊ Interactive Activities တွေ အများကြီးရှိတယ်ဗျ။ အဲဒါတွေကို Screen ပေါ်မှာ ကိုယ်တိုင်နှိပ်ပြီး ဖြေရတာက စာအုပ်ထဲမှာ လက်ရေးနဲ့ ရေးရတာထက် ပိုပျော်ဖို့ကောင်းတယ်...

ဒါပေမယ့် ဂူးဂူးမှာ လျှို့ဝှက်ချက်တစ်ခုတော့ရှိတယ် 😉
အဲ့ဒါက...ဂူဂူးကို ​တစ်နေကုန်ကြီးတော့ Screen Time အသုံးမပြုဖို့လည်း ဖေဖေ၊ မေမေနဲ့ ဆရာဆရာမတွေက နားလည်သဘောပေါက်အောင် လေ့ကျင့်ပေးထားသေးတယ်ဗျ...

​🔹ဖုန်းသုံးရင် မိနစ် ၃၀ ဒါမှမဟုတ် ၁ နာရီပဲ ဆိုပြီး သတ်မှတ်ပေးထားတယ်။
​🔹 Screen ကြည့်ပြီးရင် အပြင်ထွက်ပြီး တိုက်ကွမ်ဒို ကစားတာမျိုးဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ ဆော့တာမျိုးဖြစ်ဖြစ်လုပ်ပြီး မျက်စိကို အနားပေးခိုင်းလိုက်တယ်ဗျ။

​ဒါလေးတွေကြောင့် Screen Time ကို "ဖျော်ဖြေရေး" တစ်ခုတည်းအတွက် မဟုတ်ဘဲ "သင်ယူမှု (Learning)" အတွက်ပါ တွဲသုံးမယ်ဆိုရင် ဂူးဂူးတို့ အနာဂတ်အတွက် အများကြီး အထောက်အကူပြုမှာ အသေအချာပဲပေါ့ 💯✨
​ကဲ... ဒီနေ့တော့ Screen Time ကို အကျိုးရှိရှိ သုံးနည်းလေး ပြောပြပြီးပြီဆိုတော့ နောက်ရက်တွေကျရင်လည်း British Council Digital Library ထဲမှာ ဂူဂူး ဘာစာအုပ်လေးတွေဖတ်လဲဆိုတာကို ထပ်ပြီး ပြောပြပေးဦးမယ်နော်🤗

​အားလုံးပဲ Bye Bye ပါဗျာ နောက်နေ့မှ ပြန်ဆုံမယ်နော် 🙌🐧

TARA's International School

☎️ 09 880 177 304
☎️ 09 424 225 973
📌No.70/71,28 Thumingalar,Quarter No.2,Near Township Sport Stadium,Pyin Oo Lwin





04/01/2026

ဒီနေ့၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့မှာ ကျရောက်တဲ့ (၇၈) ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို Tara's Digital International School မှ လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုအပ်ပါတယ်။

#လွတ်လပ်ရေးနေ့
'sdigitalInternationalschool

01/01/2026

နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ…
နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။
ပိုမိုကောင်းမွန်ပြီး ဖြောင့်ဖြူးသာယာတဲ့ အနာဂတ်ခရီးလမ်းကို လျှောက်လှမ်းနိုင်ကြပါစေကြောင်း Tara's Digital International School မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့်။😍✨

Happy Holidays!!!




26/12/2025

ဂူးဂူးတို့ရဲ့ Pearson Edexcel Curriculum 📝

မင်္ဂလာပါဗျ
ဒီနေ့တော့ Tara ကျောင်းမှာ ဂူးဂူးတို့ သင်နေတဲ့ Pearson Edexcel Curriculum အကြောင်းကို ရှင်းပြမယ်နော်! 🐧📝
Pearson Edexcel ဆိုတာ ဘာလဲသိလား?
သူတို့က UK (အင်္ဂလန်) အခြေစိုက်တဲ့ ကမ္ဘာ့ထိပ်တန်း ပညာရေးအဖွဲ့အစည်းကြီးတစ်ခုကနေ ရေးဆွဲထားတာတဲ့ဗျ။ ဒီစနစ်က ကိုယ်တိုင်စဉ်းစားတတ်အောင်၊ ကိုယ်တိုင် ရှာဖွေလေ့လာတတ်အောင် အလေးထားအားပေးတဲ့ နိုင်ငံတကာအဆင့်မီ ပညာရေးစနစ် တစ်ခုပဲဗျ... ✨
ဖေဖေနဲ့ မေမေကတော့...
🌎 နိုင်ငံတကာက အသိအမှတ်ပြုတာရယ်၊
🇬🇧 UK-based ဖြစ်ပြီးတော့ အနာဂတ်အတွက် လုံးဝ စိတ်ချရတာရယ်ကြောင့် ဂူးဂူးအတွက် ရွေးပေးခဲ့တာတဲ့..

ပြီးတော့လေ...
💡 ဒီ Pearson Edexcel Curriculum က စာတွေကို အလွတ်ကျက်မှတ်တာထက် ကိုယ်ပိုင်စဉ်းစားတွေးခေါ်နိုင်စွမ်း (Critical Thinking) ကို ပိုဦးစားပေးတာကြောင့်လည်း ပါသေးတယ်ဗျ🤩

Pearson ရဲ့ အားသာချက်တွေကတော့ များကြီးပဲဗျ
Critical Thinking ကိုအလေးထားတာမို့ ဂူဂူးက မေးခွန်းတွေကို အဖြေရှာရုံမကဘဲ ”ဘာကြောင့်လဲ" ဆိုတာပါ စဥ်းစားလာနိုင်တယ်..
Exam + Coursework ပေါင်းစပ်ထားတာမို့ စာမေးပွဲ (Exam) တစ်ခုတည်းတင် မဟုတ်ဘူးနော်.. Project တွေ, Presentation တွေ, Assignment တွေကနေတစ်ဆင့် ဂူးဂူးရဲ့ ကိုယ်ပိုင်အရည်အချင်းတွေကို ပြသပြီး အမှတ်တွေရယူလို့ရတယ်လေ 🐧🙌

နောက်ပြီးတော့.. ဒီစနစ်က နိုင်ငံတကာ စံနှုန်းမီတယ်ဆိုတော့ UK, Australia, Asia နိုင်ငံတွေမှာရှိတဲ့ အဆင့်မြင့် တက္ကသိုလ်ကြီးတွေ အကုန်လုံးက လက်ခံ အသိအမှတ်ပြုထားကြသေးတယ်ဗျ
ကဲ... ဘယ်လောက်မိုက်လိုက်သလဲ 😉

ဂူးဂူးနဲ့ရော ဒီစနစ်တွေက ကိုက်ညီမှုရှိရဲ့လား မေးရင်တော့ အရမ်းကိုက်ညီတာပေါ့🥳
ဂူးဂူးက နဂိုတည်းက စူးစမ်းလေ့လာရတာတွေ သုတေသနလုပ်ရတာတွေကို သဘောကျတယ်လေ။ Discussion တွေ, Presentation တွေ လုပ်ရရင်လည်း အရမ်းကို တက်ကြွနေတာမျိုးဆိုတော့ ၁၀၀ ရာခိုင်နှုန်းကိုက်ညီတယ်လို့ ပြောရမယ်ဗျ ဟဲဟဲ...😁

ဒီစနစ်က ဂူးဂူးကို တွေးခေါ်နိုင်စွမ်း (Analytical Thinking), စကားပြောစွမ်းရည် (Communication Skills), အချိန်စီမံခန့်ခွဲမှု (Time Management) စတဲ့ အရည်အချင်းတွေကို Primary နဲ့ Secondary အဆင့်ကတည်းက လေ့ကျင့်ပျိုးထောင်ပေးနေတာပေါ့
..
ဒါကြောင့် ဂူးဂူးရဲ့ ကြီးလာရင်တော့ နိုင်ငံတကာ တက္ကသိုလ်တက်ရောက်နိုင်မယ့် ကျောင်းသားတစ်ယောက် ဖြစ်လာဖို့အတွက် အခြေခံအင်အားကောင်းကောင်း တည်ဆောက်ပေးနိုင်တာ အသေအချာပဲဗျာ! 💯
အနာဂတ်အတွက် လမ်းကြောင်းမှန်ပေါ်ရောက်အောင် လုပ်ပေးနိုင်တယ်၊ လက်တွေ့ဘဝအတွက်မှာပါ အမြဲ လေ့လာသင်ယူနေနိုင်အောင် လေ့ကျင့်ပေးတဲ့ Pearson Edexcel Curriculum ကို ဂူးဂူးသူငယ်ချင်းတို့ရော၊ ဦးဦးဒေါ်ဒေါ်တို့ရော အနာဂတ်ပညာရေးအတွက် ရွေးချယ်ကြည့်ဖို့ အကြံပြုလိုက်ပါတယ်နော်....
တာ့တာ 🤗🥰







゚viralシfypシ゚viralシalシ

25/12/2025

🎄ခုလို ခရစ္စမတ်နေ့လေးမှာ မိသားစုဝင်တွေနဲ့အတူ ပျော်ရွှင်ကြည်နူးဖွယ်ကောင်းတဲ့ အချိန်ကောင်းလေးတွေကို ဖန်တီးနိုင်ကြပါစေ။ အိမ်တိုင်းမှာ ကောင်းချီးမင်္ဂလာအပေါင်းကျရောက်ကြပါစေလို့ Tara's Digital International School မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ဗျာ…🥰🎉


19/12/2025

ကရင်နှစ်သစ်ကူးနေ့🇳🇱

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ကျရောက်သော “ကရင်နှစ်သစ်ကူး”နေ့ အား Tara's Digital International School ရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများမှ ဂုဏ်ပြုကြိုဆိုလိုက်ပါသည်။
🥳 ပျော်ရွှင်စရာ ကရင်နှစ်သစ်ကူးနေ့လေးဖြစ်ပါစေ...
#ကရင်နှစ်သစ်ကူးနေ့

18/12/2025

Gu Guu တို့ကျောင်းက ပျော်ရွှင်စရာ activity များ 🎉

ဟဲလို ... Gu Guu ပြန်လာပီနော်....

ကျောင်းမှာကလေ စာတွေကြီးပဲ သင်တာမဟုတ်ဘူးဗျ၊ ပျော်စရာကောင်းတဲ့ activity တွေ အများကြီး အများကြီး လုပ်ရတာ...

🌻အထိမ်းအမှတ်နေ့တွေဆို ပန်းချီပြိုင်ပွဲ ပြီးတော့ Spelling Bee ပြိုင်ပွဲနဲ့ ပုံပြင်ပြောပြိုင်ပွဲတွေရယ်၊ Sport Day ဆိုလည်း အားကစားပြိုင်ပွဲတွေလုပ်ပေးတယ်။ Science Lab မှာ လက်တွေ့စမ်းသပ်ရတာလည်း အမြဲလိုလိုပဲဗျ…။ နောက်နှစ် (၁) လပိုင်း (၂) လပိုင်းတွေမှာလည်း Science Fair နဲ့ Trip တွေထွက်ဖို့လည်း ရှိသေးတယ်တဲ့လေ… Gu Guu အကြိုက်ပဲပေါ့ ဟဲဟဲ 😁

ဒီထဲမှာမှ Gu Guu အကြိုက်ဆုံး ကျောင်း Activity တစ်ခုက Science Lab Activity ပဲဗျ။ Science lab မှာဆိုရင် အတန်းထဲမှာ စာအုပ်ထဲက သင်ရတဲ့အကြောင်းအရာတွေကို လက်တွေ့ကိုယ်တိုင်လုပ်ရတော့ ပိုပြီးမှတ်မိလွယ်လာတယ်၊ ပြီးတော့ စိတ်လှုပ်ရှားဖို့လည်း အရမ်းကောင်းတာပဲ ...🤩

ဆရာ/ဆရာမတွေက အကုန်လုံးကို ဦးဆောင်ပြီး သေချာလေး ရှင်းပြပေးတယ်..
​💡 science နဲ့ လက်တွေ့ဘဝကို ချိတ်ဆက်ကြည့်လိုက်တော့အသုံးဝင်တဲ့ ပုံစံလေးတွေရှိတာကို သိရတယ်..
​🧪 Lab Element လေးတွေ သုံးရတဲ့အခါမှာလည်း ဓာတုဗေဒ ခွက်လေးတွေ၊ ပြွန်လေးတွေနဲ့ ကိုင်တွယ်ရတာကို သဘောကျတာ။
​🤝 သူငယ်ချင်းတွေနဲ့အတူ အဖွဲ့ဖွဲ့ပြီး စမ်းသပ်တာတွေ အဖြေရှာရတဲ့အပိုင်းတွေက ဂူဂူးအတွက် အရမ်းပျော်စရာကောင်းနေပြီး စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေရောပဲ! 🔍

​ဒါကြောင့်မို့လို့ Gu Guu က သိပ္ပံပညာရှင်ကြီး ဖြစ်ချင်တယ် လို့ ပြောခဲ့ဖူးတယ်မလား? 🧑‍🔬

ကျောင်းမှာ နောက်ထပ် Extracurricular Activity အနေနဲ့ဆို တိုက်ကွမ်ဒို ကစားရတာကိုလည်း အရမ်းသဘောကျတယ်။ ဆရာတွေက တစ်ယောက်ချင်းစီကို သေချာလေးဂရုစိုက်ပြီး သင်ပြပေးလို့ ခန္ဓာကိုယ်က ပိုပြီး အားသန်လာတယ်လို့ ခံစားရတယ်။ 💪
​အရင်ကလို ကြောက်တတ်တဲ့စိတ်လည်း မရှိတော့ဘူး! သူငယ်ချင်းတွေ အများကြီးနဲ့ တူတူလေ့ကျင့်ရတော့ ဂူဂူး သိပ်ပျော်တာပေါ့! 🥳

​ဒီလိုမျိုး Activities တွေ အစုံအလင်ရှိနေတော့ ကျောင်းတက်ရတဲ့ နေ့ရက်တိုင်းက ဂူဂူးအတွက် စိတ်လှုပ်ရှားစရာ အပြည့်၊ ပျော်စရာတွေ အပြည့်နဲ့ ဖြစ်နေတာဗျာ! 🤩

ကဲကဲ ဒီနေ့တော့ ဒီလောက်ပဲဗျ… မနက်ဖြန် Gu Guu ကြိုက်တဲ့ Science Lab ကိုဝင်ရမှာဆိုတော့လေ့လာစရာလေးတွေရှိလို့ လုပ်လိုက်ပါဦးမယ်ဗျ 🔬

နောက်နေ့တွေကျ ပြန်လာမယ်နော် စောင့်နေပေးပါဦးဗျ Bye Bye….🙌

TARA's International School

☎️ 09 880 177 304
☎️ 09 424 225 973
📌No.70/71,28

Thumingalar,Quarter No.2,Near Township Sport Stadium,Pyin Oo Lwin






Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Address

Yangon