07/03/2026
AI က ကျွန်တော်တို့ကို အလုပ်ပြုတ်အောင်လုပ်မှာလား? ဒါမှမဟုတ် "လူသားစစ်စစ်" ပြန်ဖြစ်အောင် ကူညီမှာလား? 🧐💭
Anthropic ရဲ့ နောက်ဆုံး Report အရ အဖြေက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။
ကျွန်တော် တွေးမိတာတစ်ခုက
စက်တွေက လူသားတွေလို ပိုတွေးလာနိုင်တဲ့အခါ... ကျွန်တော်တို့ လူသားတွေကရော ဘာကိုပိုအာရုံစိုက်သင့်သလဲ? 🤖
AI က ကျွန်တော်တို့ကို "လူသားစစ်စစ်" ပြန်ဖြစ်ခွင့် ပေးတော့မှာလား... 💭
Anthropic ရဲ့ နောက်ဆုံးထွက် Report အရ ကျွန်တော်တို့ လက်ရှိ AI သုံးနေတာဟာ သူ့ရဲ့ စွမ်းဆောင်ရည် ၅% လောက်ပဲ ရှိပါသေးတယ်။ အံ့သြစရာကောင်းတာက AI ကြောင့် အလုပ်ပြောင်းလဲနိုင်ခြေအများဆုံးက အခြေခံအလုပ်သမားတွေမဟုတ်ဘဲ ပညာတတ်၊ လစာကောင်းတဲ့ Knowledge Workers တွေ ဖြစ်နေတာပါ။
ဒါပေမဲ့ ဒီအချက်အလက်တွေထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက "အနာဂတ်မှာ ဘယ်လိုလူတွေ ရှင်သန်မလဲ" ဆိုတာပါပဲ။
ကျွန်တော့်အမြင်အရတော့...👁️🗨️
အနာဂတ်မှာ AI နဲ့ Routine အလုပ်တွေ ပြိုင်လုပ်နေမယ့်သူတွေထက်၊ AI က အစားထိုးလို့မရတဲ့ "လူသားဆန်မှု" ကို ပိုင်ဆိုင်ထားသူတွေပဲ အောင်မြင်ပါလိမ့်မယ်။
✨ ဘာကြောင့်လဲ?
အရင်က နည်းပညာတွေက ကျွန်တော်တို့ကို စက်တွေလိုတွေးဖို့၊ စက်တွေရဲ့ ဘာသာစကား (Code) ကို သင်ယူဖို့ ဖိအားပေးခဲ့တယ်။ ဒါပေမဲ့ အခု AI ကတော့ ကျွန်တော်တို့ရဲ့ ဘာသာစကားကို နားလည်လာပြီ။ ကျွန်တော်တို့ရဲ့ ရှုပ်ထွေးလှတဲ့ အတွေးစတွေ၊ ခံစားချက်တွေနဲ့ ဇာတ်လမ်းတွေကို သူက သဘောပေါက်လာပြီ။
ဒါဟာ လူသားသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် - ကျွန်တော်တို့ စက်တွေလို ဟန်ဆောင်နေစရာမလိုတော့ဘဲ "လူသားစစ်စစ်" အဖြစ် ပြန်နေထိုင်ဖို့ နည်းပညာက ခွင့်ပြုလိုက်တာပါပဲ။
✅ AI က အချက်အလက်တွေကို ကိုင်တွယ်ပါစေ။
✅ ကျွန်တော်တို့ကတော့ လူမှုဆက်ဆံရေး တည်ဆောက်တာ၊ တစ်ဦးကိုတစ်ဦး ဂရုစိုက်တာနဲ့ တကယ့်လက်တွေ့ကမ္ဘာမှာ ဖန်တီးတာတွေကိုပဲ အာရုံစိုက်ကြစို့။
အနာဂတ်ဆိုတာ စက်တွေနဲ့ ပေါင်းစည်းသွားတာမျိုး မဟုတ်ပါဘူး။ စက်တွေက အရမ်းတော်လာတဲ့အတွက် လူသားတွေဟာ နောက်ဆုံးမှာ အပြည့်အဝ "လူသား" ပြန်ဖြစ်ခွင့်ရသွားတာမျိုးပါ။ ❤️
17/02/2026
🎉🐎 ၂၀၂၆ မြင်းနှစ်သစ်ကူးကြီးကို ကြိုဆိုပါတယ် 🧧✨
ဒီနှစ်သစ်ကြီးမှာ မိတ်ဆွေများ
🌟 ကျန်းမာပျော်ရွှင်ပြီး
🌟 အခက်အခဲများကို ခွန်အားအပြည့်ဖြင့် ကျော်လွှားနိုင်ရုံမက
🌟 အရှိန်အဟုန်ဖြင့် တိုးတက်ပြီး
🌟 အလုပ်အကိုင်အောင်မြင်မှုအပေါင်း ခညောင်းပါစေ
🌟 စီးပွါးရေးတိုးတက်ကြီးပွါးကာ
🌟 ဥစ္စာဓနပေါကြွယ်ဝ ချမ်းသာကြပါစေ။ 🐎🔥
恭喜发财!新年快乐! 🧧✨
27/03/2024
၂၀၂၄ ငွေကြေးနှင့် မိသားလူနေမှု ဘဝဆိုင်ရာ ခေတ်ဆန်း စကားလုံးများ စုစည်းမှု - ၁
11/03/2024
Start anywhere.
No matter where you start. You’ll end up where you’re meant to be.
13/10/2023
အချိန်ပိုင်း အလွတ်တမ်းဘာသာပြန် အဖြစ်
အလုပ်လျှောက်ရန် နောက်ဆုံးရက်မှာ
အောက်တိုဘာလ ၁၅ ရက်နေ့ ဖြစ်ပါတယ်။
အလုပ်လျှောက်လိုသူတွေက
အောက်ပါလင့်ခ်မှ တစ်ဆင့်
https://rb.gy/ukdy8
လျှောက်ထားနိုင်ပါတယ်။
06/10/2023
Point Point Group နှင့် လက်တွဲ လုပ်ကိုင်ရန်
အလွတ်တန်း ဘာသာပြန် အလိုရှိပါတယ်။
ဘာသာပြန်အဖြစ် လုပ်ကိုင်ရန် စိတ်ဝင်စားသူများက
Comment မှ ဖောင်ကို ဖြည့်ပေးပါက
ပြန်လည်ဆက်သွယ်ပေးသွားမှာ ဖြစ်ပါတယ်။
အလွတ်တန်း ဘာသာပြန်အဖြစ်
အလုပ်လုပ်ကိုင်နေတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေကို
Mention ပြီး လက်တို့လိုက်ပါဦး။
30/03/2022
Professional Translation Course - Online Class (Level -1)
***************************************************
👉ဘာသာပြန်ခြင်းလုပ်ငန်းဖြင့်အသက်မွေးဝမ်းကြောင်းပြုလိုသူများ
👉သုတ၊ရသစာပေတွေကိုမူရင်းအရသာမပျက်ဘာသာပြန်ဆိုဖတ်ရှုလိုသူများ
👉လုပ်ငန်းခွင်လိုအပ်ချက်ကြောင့် ဘာသာပြန်ခြင်းကိုလေ့လာလိုသူများ
👉အလွတ်တန်းဘာသာပြန်တစ်ယောက်အဖြစ်ရပ်တည်လိုသူများအတွက်
Peak Point Academy ရဲ့ Professional Translation Course ကို ဧပြီလမှာ ပြန်လည်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။
=======================================
Professional Translation Course Level (1) Online Class မှာ
Video Lessons (20) ခုနှင့် Assignments (40)ခု ပါဝင်မှာဖြစ်ပြီး
ထိုသင်ခန်းစာများကို Webpage နှင့် Application ကြိုက်နှစ်သက်ရာမှ လေ့လာသင်ယူနိုင်ပြီး သင်တန်းကာလ (8) ပတ်ဖြစ်ပါတယ်။
သင်တန်းမှာ ဘာသာပြန်ခြင်းကို အခြေခံမှစ၍စနစ်တကျလေ့ကျင့်သင်ကြားပေးမှာဖြစ်ပြီး နားလည်ရခက်ခဲသော Complex Sentences များကို ချော့မွေ့စွာ ဘာသာပြန်ဆို ရေးသားနည်းများကို သာမက မတူညီသော Sentence Structures များ၊ Grammar များ၊ စကားလုံးအသုံးအနှုန်း Usage များကိုပါ ထည့်သွင်းသင်ကြားပေးမှာ ဖြစ်ပါတယ်။
သင်တန်းမှာဖတ်ရလွယ်တဲ့ နိုင်ငံတကာ ဆောင်းပါးများနှင့် ခေတ်ဆန်းဝတ္ထုများ၊ ကဗျာများကို အခြေခံပြီး အင်္ဂလိပ်စာပေ အရေး၊ အဖတ် နှင့် ဘာသာပြန်စွမ်းရည်များကိုအခြေခံ ခိုင်မြဲအောင် သင်ပေးမှာ ဖြစ်ပါတယ်။
==========================================
ဘာသာပြန်သင်တန်းပြီးဆုံးသွားချိန်မှာ.......
👉အဓိပ္ပါယ်မှန်ကန်စွာဘာသာပြန်ဆိုတတ်လာမယ်၊
👉အချိန်တိုအတွင်း ထိရောက်တဲ့ ဝေါဟာရတွေကို ရွေးချယ်တတ်လာမယ်။
👉သုတ စာပေနှင့် ရသ စာပေများကို မူရင်းအနှစ်သာရအတိုင်း ဘာသာပြန်နိုင်မယ်။
👉အလွတ်တန်း ဘာသာပြန်တစ်ဦးအနေဖြင့် ရပ်တည်နိုင်သည်အထိ ဘာသာပြန်စွမ်းရည် တိုးတက်မြင့်မားလာမယ်။
👉ဘာသာပြန်စာအုပ်တစ်အုပ်ကိုကိုယ်တိုင်ရေးသားနိုင်သည်အထိ လမ်းညွှန်ပြသပေးသွားမှာဖြစ်ပါတယ်။
==========================================
Professional Translation Course Level (1)
(online class)
Start Date - 4.4.2022
Duration - 8 weeks
Fees - 50,000 MMK
Promotion - 35,000 MMK
==========================================
အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် (09- 988 10 7798 ) သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
28/03/2022
Business English Course
----------------------------------------
Peak Point Academy ၏ လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာသင်တန်းကို 4.4.2022 မှာ ပြန်လည်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ကြိုတင်အပ်နှံသူများအတွက် အထူးပရိုမိုရှင်းလည်း ရှိပါတယ်။
------------------------------------------
⭐️ သင့်လုပ်ငန်းခွင်အတွင်း အင်္ဂလိပ်ဘာသာစကားဖြင့် ပြောဆိုဆက်သွယ်နေရသော်လည်း အင်္ဂလိပ်စာ ဘာသာစကားအားနည်းချက်ကြောင့် အခွင့်အလမ်းသစ်များကို မဖမ်းဆုပ်နိုင် ဖြစ်နေပါသလား။
⭐️ သင့်စီးပွားရေးလုပ်ငန်းအတွက် Business letter များ၊ Personal letterများ၊ Proposal များကို အဆင့်မြင့်စွာ အချိန်တိုအတွင်း ကျွမ်းကျင်ပိုင်နိုင်စွာ ရေးသားရန် အခက်အခဲဖြစ်နေပါသလား။
⭐️ စီးပွားရေးဆိုင်ရာ စကားဝိုင်းများတွင် ပိုမိုဆွေးနွေးနိုင်စေဖို့ စီးပွားရေးဆိုင်ရာသုံး ဝေါဟာရများကို ပိုမိုလေ့လာလိုပါသလား။
⭐️ ပြည်ပကုမ္ပဏီတွေနဲ့ ချိတ်ဆက်ကာ ဆက်သွယ်ပြောဆိုဖို့ မဝံ့မရဲဖြစ်နေပြီး အခက်အခဲဖြစ်နေပါသလား။
⭐️ လုပ်ငန်းခွင်အတွင်း အင်္ဂလိပ်ဘာသာစကားအခက်အခဲကြောင့် အခွင့်အလမ်းသစ်တွေကို လက်မလွှတ်ရစေဖို့ သင့်ရဲ့အင်္ဂလိပ်ဘာသာစကားအရည်အသွေးကို မြှင့်တင်ပေးဖို့ Peak Point Academy ရဲ့ Business English Online Course သင်တန်းကို အခုပဲစာရင်းပေးသွင်းလိုက်ပါ။
ဒီသင်တန်းမှာ
⚡️ Writing – CV, letter, email & basic grammar
⚡️ Reading – business articles and paraphrasing
⚡️ Speaking – interview, phone conversation, creating small talks
⚡️ Listening – business talks, effective meetings, panel discussion
⚡️Business English 4 skills ကိုအခြေခံမှစ၍ စနစ်တကျလေ့ကျင့်သင်ကြားပေးမှာဖြစ်ပြီး
⚡️ အဆင့်မြင့် စီးပွားရေးဆိုင်ရာ letter & email များ၊ report များကို ကိုယ်တိုင်စနစ်တကျ ရေးသားတတ်စေရန်
⚡️Presentation ပြုလုပ်ရာမှာ မိမိ၏စိတ်ကူးအတွေးအမြင်တွေကို ထိရောက်စွာ တင်ပြနိုင်စေရန်
⚡️ စီးပွားရေးဆိုင်ရာဝေါဟာရ အသုံးအနှုန်းတွေ၊ ဆောင်ရန်ရှောင်ရန်တွေ၊ အပြုအမူတွေကိုပါ လေ့လာသိရှိနိုင်မှာဖြစ်ပါတယ်။
⚡️ လုပ်ငန်းခွင်အတွင်း စီးပွားရေးလုပ်ငန်းချဲ့ထွင်နိုင်စေရန် လုပ်ငန်းရှင်များ၊ customer များနှင့်ပြောဆိုဆက်ဆံရာတွင် လိုအပ်သော communication skills တွေကိုပါ တိုးတက်ကောင်းမွန်လာစေရန် လေ့ကျင့်သင်ကြားပေးမှာဖြစ်ပါတယ်။
Business English Online သင်တန်းကို Web Page နှင့် Application နှစ်မျိုးလုံးမှ လွယ်ကူစွာ လေ့လာနိုင်မှာ ဖြစ်ပြီး သင်တန်းတစ်ခုအတွက် Web Page/ Application ကို ချိတ်ဆက်အသုံးပြုခွင့် (၈) ပတ် ရရှိမှာဖြစ်ပါတယ်။
သင်တန်းကြေး (50,000) ကျပ်ဖြစ်ပြီး သင်တန်းကာလ 4.4.2022 မတိုင်ခင် ကြိုတင်အပ်နှံပါက သင်တန်းကြေးက (29,000) ကျပ် ဖြစ်ပါတယ်။
အသေးစိတ်အချက်အလက်များကို ရုံးဖုန်း +95 9 988 107798 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Business English Online Course
Start Date - 4.4.2022
Duration - 8 weeks
Fee - 50,000 MMK
Early Bird Discount - 29,000 MMK
25/02/2022
Peak Point Academy မှာ အွန်လိုင်းသင်တန်းများကို Feb 28 ရက်နေ့အတွင်း အပ်နှံပြီး Discount 88% ထိ ရယူလိုက်ပါ !!!