Thitsarlawon Sayartaw

Thitsarlawon Sayartaw

Share

Ashin Tilokathara (Natmouk)

03/03/2025

လောကမှာလေ လူနှစ်မျိုးပဲရှိတယ်
ကိုယ့်အပေါင်းအသင်းမိတ်ဆွေတွေ
အောင်မြင်ကျော်ကြားအဆင်ပြေနေတဲ့အခါ ဘေးက
ဝမ်းမြောက်ဝမ်းသာ လက်ခုပ်တီးပြီး မုဒိတာပွားနိုင်တဲ့သူရယ်
လက်ခုတ်တီးပေးဖို့ နေနေသာသာ မခေါ်နိုင်မပြောနိုင်တွေ
ဖြစ်သွားပြီး စိတ်ထဲကနေ ကျိတ်မနိုင်ခဲမရတွေဖြစ်ပြီး
အဆက်အဆံပြတ်သွားကြတဲ့
Relationshipမျိုးတွေရှိပါတယ်

ကျွန်တော် ကိုယ်တိုင်လည်းဒီလိုRelationshipမျိုးတွေနဲ့
မကြာခဏကြုံတွေ့ရတတ်ပါတယ်
ကိုယ့်ကိုယ်ကို မို့လို့တော့ ကိုယ်ရည်သွေး
ပြောတာမဟုတ်ဘူး ကိုယ့်အပေါင်းအသင်းမိတ်ဆွေထဲက
လူတစ်ယောက်ယောက် အမြင့်တစ်နေရာကို
ရောက်သွားမယ် ကောင်းစားသွားမယ်ဆို
ကူညီပေးဖို့ ဝန်မလေးဘူး တတ်နိုင်သလောက်ကူညီပေးတယ်
ကိုယ့်အကူအညီမပါပဲ သူတို့အောင်မြင်သွားကြတယ်
အဆင်ပြေသွားကြတယ်ဆိုလည်း
လက်ခုတ်တီးဖို့ ဝန်မလေးဘူး
ရှေ့ဆုံးကနေ မုဒိတာပွားပေးမယ့်သူက ကိုယ်ပဲ

တချို့အပေါင်းအသင်းတွေလည်းရှိပါတယ်
သူတို့အောင်မြင်ဖို့ အဆင်ပြေဖို့ ကိုယ်က
ဘာမှတော့အကူအညီမပေးနိုင်ခဲ့ဘူး
သူတို့ကြိုးစားလို့ဖြစ်စေ ကံကြမ္မာမျက်နှာပေးလို့ကြောင့်ဖြစ်
အောင်မြင်လာတယ် အဆင်ပြေလာတဲ့အခါ
ကိုယ့်ဆီ ကြွားချင်စိတ်နဲ့ပြန်ရောက်လာတတ်တဲ့သူတွေလည်းရှိတယ် ကိုယ်ကတော့ သူတို့တွေးသလို ဘယ်တော့မတွေးမိဘူး
အော် ငါ့သူငယ်ချင်း ငါ့မိတ်ဆွေတွေ
အဆင်ပြေနေတာ တွေ့ရတာ စိတ်ထဲကြိတ်ပြီး
ပီတိဖြစ်ပေးတယ် မုဒိတာပွားပေးတယ်
အကြောင်းမတိုက်ဆိုင်လို့ တကူးတကသွားမပြောဖြစ်တာပဲ
ရှိပေမယ့် သူတို့အဆင်ပြေနေရင်
ကိုယ်အမြဲဝမ်းသာပေးတယ်

ဘာကြောင့် ညာကြောင့်ရယ်မှမဟုတ်ပဲ
ကိုယ့်နဲ့အပေါင်းအသင်းဆက်မလုပ်ဖြစ်တော့တဲ့
လူတွေကိုတောင် ကြုံကြိုက်လို့ရှိရင်
အမြဲသတိတရမေးတယ် ဟိုတစ်ယောက်ရော
အဆင်ပြေရဲ့လား ရန်ကုန်မှာတစ်ယောက်တည်း
နေရတာ အခုလိုချိန် ခက်ခဲနေမှာပဲ
တတ်နိုင်တာရှိရင် ကူညီကြရအောင်ဟာ
ကိုယ်နဲ့ပတ်သက်ဖူးတဲ့လူဆိုရင် အမြဲသတိတရရှိတတ်တယ်

အဓိကက လူတစ်ယောက်မှာ မနာလိုစိတ်မရှိဖို့ပဲ
မနာလိုစိတ်ရှိတဲ့ သူဘယ်တော့မှလည်းမအောင်မြင်သလို
သူများရှေ့လည်း ဘယ်တော့မှမရောက်ဘူး
မနာလိုစိတ်ဆိုတဲ့သဘောတရား
လူခန္ဓာကိုယ်မှာ စက္ကန့် ၃၀ထက်ပိုပြီး
ဖြစ်နေတဲ့ emotionတစ်ခုပဲ
ပျော်ရွှင်မှုတစ်ခုက လွဲလို့ တခြား
emotionတွေဟာ ခန္ဓာကိုယ်မှာ စွဲကပ်နေပြီဆိုရင်
အဲ့လူအတွက်အဆင်မပြေတော့ပါဘူး
ကိုယ့်အကြောင်းထက် သူများအကြောင်းပိုတွေးမိနေမယ်
ကိုယ်အောင်မြင်ဖို့ထက် သူများအောင်မြင်တာကို
မနာလိုစိတ်များပြီး တွေးမိနေမယ်

ရှည်ရှည်ဝေးဝေး သွားမကြည့်နဲ့
အခုfacebookမှာပဲ ကြည့်ကြည့်ပါ
ဒီDigital platformပေါ်မှာပဲ တစ်ချို့လေးတွေ
အဆဲခံအဆိုခံရင်းနဲ့ပဲ လမ်းမှန်ပေါ်ရောက်ပြီး
အောင်မြင်လာကြတယ် တိုက်တွေဝယ်
ကားတွေစီးနိုင်လာကြတယ် မိဘနဲ့မိသားစုကို
ကျွေးမွေးထောက်ပံ့လာနိုင်ကြတယ်
အဲ့လိုတွေတွေ့တိုင်း ကျွန်တော်အမြဲပီတိဖြစ်တယ်
သူတို့တစ်ယောက်အောင်မြင်ကောင်းစားရုံနဲ့
သူတို့တစ်မိသားစုလုံးအဆင်ပြေသွားကြတယ်
နေနိုင်စားနိုင်သွားကြတယ်
အဲ့တာဘာလို့လဲဆိုတော့ သူတို့အကြောင်းပဲ
သူတို့တွေးလို့ သူများထက်သူတို့ရှေ့ရောက်သွားကြတာ
သဘောတရားက ရှင်းရှင်းလေး

သူတို့ကိုဆဲနေတဲ့လူတွေကို လိုက်ကြည့်ကြည့်
အများစုသော လူတွေက လွန်ခဲ့တဲ့၃နှစ်
သူတို့မအောင်မြင်ခင် ဆဲနေတုန်းကလည်း
အဲ့နေရာမှာပဲ ဟော အခုသူတို့ဆဲနေတဲ့လူတွေ
အောင်မြင်သွားတယ် အပေါ်ရောက်သွားတယ်
သူတို့ကတော့ အရင်ဆဲနေကျနေရာမှာပဲ
တိုးတက်မလာဘူး ရှေ့ရောက်မလာဘူး
ဒုံရင်းကဒုံရင်းပဲ
ဘာလို့လဲဆိုတော့ ကိုယ့်အကြောင်းထက်
သူများအကြောင်းကို စိတ်ဝင်စားပြီး
မုဒိတာစိတ်နည်းလို့ပါ

လူတိုင်းမှာအောင်မြင်ဖို့ အခွင့်အရေးရှိပေမယ့်
လူတိုင်း မအောင်မြင်တဲ့အကြောင်းအရင်းက
မနာလိုစိတ်ကြီးပြီး ကိုယ့်ဘေးကလူတွေ
အောင်မြင်သွားတဲ့အခါမှာ လက်ခုပ်တီးပေးပြီး
အတုယူဖို့ မစဥ်းစားပဲ
အလကားပါကွာ စိုင်ကော်လို့ခြုံပေါ်ရောက်သွားတာ
ဆပ်ပြာကောင်းလို့ ခေါင်းပေါင်းဖြူသွားတာပါဆိုပြီး
အထင်လည်းမကြီးပေး အတုလည်းမယူတတ်
မုဒိတာလည်း မပွားပေးနိုင်လို့
လူတိုင်းမအောင်မြင်ကြတာပါ

ကိုယ့်ဘေးကလူတွေ အောင်မြင်အဆင်ပြေလာတဲ့အခါ
မနာလိုမရှုစိမ့်ဖြစ်ဖို့ထက်
လက်ခုပ်တီးပြီး မုဒိတာပွားပေးနိုင်
အတုယူနိုင်တဲ့ သူပဲဖြစ်ဖို့အရေးကြီးပါတယ်

လောကမှာလူနှစ်မျိုးပဲရှိပါတယ်
ကိုယ်အောင်မြင်လာတဲ့အခါ လက်ခုပ်တီးပြီး
မုဒိတာပွားပေးနိုင်မယ့်သူနဲ့
နောက်ကျောကနေ တိတ်တိတ်လေး
ဓားနဲ့ထိုးပြီး အောက်ဖဲလှန်မယ့်သူရယ်ပါ
ဒုတိယလူအမျိုးအစားကို ကိုယ်ကိုယ်တိုင်လည်းမဖြစ်စေနဲ့
အဲ့လိုလူအမျိုးအစား ကိုယ်ဘေးနားမှာရှိနေရင်လည်း
အမြန်ဆုံးသာ ခပ်ခွာခွာနေလိုက်ပါ

Credit

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address

ကုမုဒြာ ဓမ္မစာပေနှင့် တရားတော် ပြန့်ပွားရေး မီဒီယာ
Yangon