Thanduh

Thanduh 🌱 Play. Learn. Grow.

📚Empowering Parents. Inspiring Teachers. Nurturing Every Child. ~ Thanduh

မနေ့က သင်ထားတဲ့စာတွေကို ဒီနေ့မဖြေနိုင်ရင်… ကလေးက မမှတ်မိတာလား?တကယ်တော့… အဲ့ဒီလို အမြန်ဆုံးဖြတ်လို့ မရသေးပါဘူး။ 👀ကလေးတွေ ...
24/08/2026

မနေ့က သင်ထားတဲ့စာတွေကို ဒီနေ့မဖြေနိုင်ရင်… ကလေးက မမှတ်မိတာလား?

တကယ်တော့…
အဲ့ဒီလို အမြန်ဆုံးဖြတ်လို့ မရသေးပါဘူး။ 👀

ကလေးတွေ သင်ယူပုံက လူကြီးတွေနဲ့ မတူပါဘူး။
တစ်ခါသင်ပြီး တစ်ခါမေးလိုက်တာနဲ့
အားလုံးမှတ်မိနေဖို့ မလိုအပ်ပါဘူး။

ဘာကြောင့်မမှတ်မိတာလဲ???
မှတ်မိလာအောင် ဘယ်လို ပြန်လေ့ကျင့်ပေးရမလဲ???
ဆရာမတွေကရော ဘာတွေကို သတိထားသင့်သလဲ??? ဆိုတာတွေကို သိရဖို့
ပုံအောက်မှာ စာလေးတွေနဲ့အသေးစိတ်လေး
ရေးပေးထားပါတယ်ရှင်❤️



Photo credit: Google

🚨 မူကြိုကလေးတွေအတွက် Drill တွေကိုဘာကြောင့် လေ့ကျင့်ပေးသင့်တာလဲ?“အရေးပေါ်အခြေအနေဖြစ်မှ သိအောင်လုပ်ပေးမယ်၊ သင်ပေးမယ်” ဆိုရ...
23/08/2026

🚨 မူကြိုကလေးတွေအတွက် Drill တွေကို
ဘာကြောင့် လေ့ကျင့်ပေးသင့်တာလဲ?

“အရေးပေါ်အခြေအနေဖြစ်မှ သိအောင်လုပ်ပေးမယ်၊ သင်ပေးမယ်”
ဆိုရင် နောက်ကျသွားနိုင်ပါတယ်။

မီးလောင်တဲ့အချိန် 🔥
မြေငလျင်လှုပ်တဲ့အချိန် 🌏
တိုင်ဖွန်း/မုန်တိုင်းပြင်းတဲ့အချိန် 🌪️

ကလေးတွေ အရမ်းကြောက်နိုင်ပါတယ်။
ငိုနိုင်ပါတယ်။
ဘာလုပ်ရမလဲ မသိနိုင်ဖြစ်တတ်ပါတယ်။

အဲ့ဒီအချိန်မှာ
Safety Routine ကို
ကြိုတင်လေ့ကျင့်ထားခြင်း က
အရေးကြီးပါတယ်။

Drill တွေလေ့ကျင့်ရတဲ့ ရည်ရွယ်ချက်က
ကလေးကို ကြောက်အောင်လုပ်တာမဟုတ်ဘဲ

“အရေးပေါ်အခြေအနေမှာ ဘာလုပ်ရမလဲ?”
“ဘယ်ကိုသွားရမလဲ?”
“ဘယ်သူ့နောက်ကို လိုက်ရမလဲ?”
ဆိုတာတွေကို သိရဖို့
ကြိုတင်လေ့ကျင့်ပေးထားဖို့ပါ။

🤷‍♀️ဘယ်လိုလေ့ကျင့်ပေးမလဲ???
🤷‍♀️Drill ကို ကြောက်စရာမဖြစ်အောင်
ဘယ်လိုလေ့ကျင့်ပေးမလဲ?
🤷‍♀️ဘယ်လောက်မကြာခဏ
လေ့ကျင့်သင့်သလဲ??? စတဲ့
ပြုလုပ်သင့်တဲ့ အရာလေးတွေကို
မျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်။

ပုံအောက်မှာ စာလေးတွေနဲ့ သေချာရေးပေးထားပါတယ်ရှင်💕💖



Photo credit: Google

ကလေးတွေကို ငယ်ငယ်ကတည်းက “ရွေးချယ်ခွင့်” ဘာလို့ပေးသင့်တာလဲ???ကလေးက မနက်ခင်းမှာ👕 “ဒီအင်္ကျီဝတ်မယ်”🍎 “ပန်းသီးစားမယ်”🧩 “ဒီ P...
22/08/2026

ကလေးတွေကို ငယ်ငယ်ကတည်းက
“ရွေးချယ်ခွင့်” ဘာလို့ပေးသင့်တာလဲ???

ကလေးက မနက်ခင်းမှာ
👕 “ဒီအင်္ကျီဝတ်မယ်”
🍎 “ပန်းသီးစားမယ်”
🧩 “ဒီ Puzzle လုပ်မယ်”
လို့ ပြောလာတဲ့အခါမှာ

“မင်းက ဘာသိလို့ ရွေးမှာလဲ?”
လို့ မပြောလိုက်ပါနဲ့နော်။

ကလေးကို ရွေးချယ်ခွင့်ပေးတာက
ကလေးလုပ်ချင်သမျှ လုပ်ခွင့်ပေးထားတာ မဟုတ်ပါဘူး။

တကယ်တော့ ငယ်ငယ်ကတည်းက
သင့်တော်တဲ့ choice လေးတွေ ပေးခြင်းက
decision-making,
independence နဲ့
self-regulation လို
စွမ်းရည်တွေ ဖွံ့ဖြိုးလာဖို့
အခွင့်အရေးပေးတာ ဖြစ်ပါတယ်။

ဒီလိုဆို ကလေးတွေကို
👶 ဘယ်လိုရွေးချယ်ခွင့်ပေးမလဲ???
👶ရွေးချယ်ခွင့်ပေးခြင်းက ဘာအတွက်ကောင်းတာလဲ???
ဆိုတာတွေ သိရဖို့ ပုံအောက်က စာလေးတွေမှာ ဖတ်ပေးပါနော်!!!



Photo credit: Google

👀 “ဒီကလေးက အာရုံမစိုက်ဘူး…” လို့ မပြောခင် ဒီတစ်ချက်ကို စဉ်းစားကြည့်စေချင်ပါတယ်ရှင်။ Activity တစ်ခု မပြီးသေးဘူး…ကလေးက ထပြ...
21/08/2026

👀 “ဒီကလေးက အာရုံမစိုက်ဘူး…” လို့
မပြောခင် ဒီတစ်ချက်ကို စဉ်းစားကြည့်စေချင်ပါတယ်ရှင်။

Activity တစ်ခု မပြီးသေးဘူး…
ကလေးက ထပြီး တခြားနေရာကို သွားလိုက်တယ်။
အဲ့ဒီအချိန်မှာ
“ဒီကလေးက အာရုံမစိုက်ဘူး”
လို့ ချက်ချင်းတွေးမိတတ်ပါတယ်။

🤔 ဒါပေမယ့်… တကယ်ပဲ ကလေးက Attention မရှိတာလား???

🤔 ဘာကြောင့်ဖြစ်နိုင်ပါသလဲ???

🤔 ဆရာမတွေ ဘာတွေ သတိထားကြည့်သင့်ပါသလဲ???
ဆိုတာတွေကို သိရဖို့
ပုံအောက်မှာ အသေးစိတ်ရေးပေးထားပါတယ်ရှင်။ ❤️



Photo credit: Google

ကလေးမှားသွားတဲ့အခါ… ဆူလိုက်မလား? ပြန်ပြင်ခွင့်ပေးမလား???မူကြိုခန်းထဲမှာ ဒီလိုအဖြစ်လေးတွေ မကြာခဏကြုံရပါတယ်နော်… 😅🥛 ရေခွက်...
20/08/2026

ကလေးမှားသွားတဲ့အခါ… ဆူလိုက်မလား?
ပြန်ပြင်ခွင့်ပေးမလား???

မူကြိုခန်းထဲမှာ ဒီလိုအဖြစ်လေးတွေ
မကြာခဏကြုံရပါတယ်နော်… 😅

🥛 ရေခွက်လေး ပြုတ်ကျသွားတယ်။
🎨 ဆေးရောင်တွေ စားပွဲပေါ် ဖိတ်သွားတယ်။
🧸 ကစားပြီးတော့ Toy တွေ အကုန်ရှုပ်ပွကျန်ခဲ့တယ်။

အဲ့ဒီအချိန်မှာ ဆရာမတွေက
“ဟယ်… ဘယ်လိုလုပ်လိုက်တာလဲ?”
“သတိထားရမှာပေါ့…”
“အမြဲဒီလိုပဲ…”
ဆိုပြီး မသိမသာ ပြောတတ်မိကြပါတယ်။ ❤️

တကယ်ကတော့ ဆူချင်လို့မဟုတ်ကြပါဘူး။
ကလေးကို စနစ်တကျနေတတ်စေချင်လို့ပါ။

ဒါပေမယ့် အဲ့ဒီအချိန်လေးမှာ
ကလေးကို ဆူတာထက် ပြန်ပြင်တတ်အောင် သင်ပေးလို့ရပါတယ်။

ကဲ… ဒီနေ့တော့
ကလေးက တစ်ခုခုကို မှားလုပ်မိတဲ့အခါ
ဆူမယ့်အစား ဘယ်လိုလေးပြောဆို
ပြုပြင်ပေးသင့်သလဲ??? ဆိုတာလေးတွေကို
တူတူသွားလေ့လာကြမယ်နော်!!!

ပုံအောက်မှာ စာလေးတွေနဲ့ ရေးပေးထားပါတယ်ရှင်🥰



Photo credit: Google

🤔 “မေမေ/တီချယ် …ဘာလို့လဲ?” ကို တစ်နေ့ဘယ်နှစ်ခါလောက် ကလေးတို့ဆီကနေ ကြားနေရပါသလဲ?“မေမေ/ တီချယ်….ဒါဘာလဲ?”“ဘာလို့လဲ?”“ဒါပြီး...
19/08/2026

🤔 “မေမေ/တီချယ် …ဘာလို့လဲ?” ကို
တစ်နေ့ဘယ်နှစ်ခါလောက် ကလေးတို့ဆီကနေ ကြားနေရပါသလဲ?

“မေမေ/ တီချယ်….ဒါဘာလဲ?”
“ဘာလို့လဲ?”
“ဒါပြီးရင် ဘာဖြစ်မလဲ?”
“ဟင်… ဘာလို့လဲ?” 😅

ကလေးက မေးခွန်းတွေ တစ်ခုပြီးတစ်ခု
မေးလာတဲ့အခါ
တစ်ခါတလေ လူကြီးတွေတောင်
“တော်ပါတော့ကွယ်…” လို့
ပြောချင်လာတတ်ကြပါတယ်။ 😂

ဒါပေမယ့် ဆရာမတို့၊ မိဘတို့ရေ…

ကလေးရဲ့ “ဘာလို့လဲ?” ဆိုတဲ့
မေးခွန်းလေးတွေကို မေးလာတဲ့အခါ
စိတ်ရှုပ်စရာလို့ မမြင်လိုက်ပါနဲ့နော်။

ဒါက ကလေးနဲ့ စကားပြောပြီး သင်ယူဖို့ အခွင့်အရေးကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

🙋‍♂️ကလေးက ဘာလို့ မေးခွန်းတွေ အများကြီးမေးတာလဲ???

🙋🏻‍♀️မေးခွန်းတွေအများကြီး မေးလာခဲ့အခါမှာရော ဘယ်လိုမျိုးပြုလုပ်သင့်ပါသလဲ???
စတာတွေ သိရဖို့ ပုံအောက်က စာလေးတွေဖတ်ပေးပါနော်!!!



Photo credit: Google

“ကလေးကို ကူညီတာ… အရမ်းကူညီမိနေပြီလား?”ကလေးတွေက ကိုယ်တိုင်လုပ်နိုင်ကြပါတယ်… ဒါပေမယ့် လူကြီးတွေက အမြဲကူညီပေးနေမိရင် ဘာတွေဖ...
18/08/2026

“ကလေးကို ကူညီတာ… အရမ်းကူညီမိနေပြီလား?”

ကလေးတွေက ကိုယ်တိုင်လုပ်နိုင်ကြပါတယ်…
ဒါပေမယ့် လူကြီးတွေက
အမြဲကူညီပေးနေမိရင် ဘာတွေဖြစ်လာနိုင်မလဲ?👀

ကလေးက ဖိနပ်စီးနေတယ်!!!! အဲ့အချိန်မှာ
👩 “လာ… မေမေစီးပေးမယ်။”

ကလေးက င်္အကျီဝတ်နေတယ်!!!
👩 “ဝတ်လို့မရဘူးလား??
လာ… ဆရာမဝတ်ပေးမယ်။”

ကလေးက Puzzle ဆော့နေတယ်!!!
👩 “ဒီဟာဒီမှာ… ဒီလိုလုပ်ရတယ်။”ဆိုပြီး ကူပေးလိုက်တယ်။

လူကြီးတွေက ကလေးကို ချစ်လို့၊
အချိန်မကြာအောင်၊
အဆင်ပြေအောင် ကူပေးလိုက်တာပါ။ ❤️

ဒါပေမယ့်…
ကလေးကို ကူညီပေးတာနဲ့
ကလေးအစား လုပ်ပေးလိုက်တာက မတူပါဘူးနော်!!!

ကလေးတွေကို မကူညီခင် ဘယ်အရာလေးတွေကိုကြည့်ပြီး၊ စဉ်းစားပြီးမှ ကူညီသင့်သလဲဆိုတာ သိရဖို့ ပုံအောက်က စာလေးတွေ ဖတ်ပေးပါနော်!!!



Photo credit: Google

🧸 ကလေးအတွက် ကစားစရာဝယ်တဲ့အခါ… “လှတာ” ထက် ဘာကိုကြည့်ပြီး ဝယ်သင့်ပါသလဲ?ကလေးအတွက် Toy ဝယ်တော့မယ်ဆိုရင်…🎵 အသံထွက်လား?💡 မီးလင...
17/08/2026

🧸 ကလေးအတွက် ကစားစရာဝယ်တဲ့အခါ…
“လှတာ” ထက် ဘာကိုကြည့်ပြီး ဝယ်သင့်ပါသလဲ?

ကလေးအတွက် Toy ဝယ်တော့မယ်ဆိုရင်…
🎵 အသံထွက်လား?
💡 မီးလင်းလား?
🌈 အရောင်လှလား?
😍 ကလေးကြိုက်လား?
ဒါတွေကို အရင်ကြည့်မိတတ်ကြပါတယ်။

ဒါပေမယ့် အိမ်မှာဖြစ်ဖြစ်၊ မူကြိုကျောင်းမှာဖြစ်ဖြစ် ကလေးအတွက် ကစားစရာရွေးတဲ့အခါ
အောက်ပါအကြောင်းအရာလေးတွေကို
တစ်ချက်စစ်ပြီး ဝယ်ရပါမယ်!!!

“ဒီ Toy က ကလေးကို ဘာလုပ်ပေးမှာလဲ?”
ဒါမှမဟုတ်
“ဒီ Toy နဲ့ ကလေးက ဘာတွေကို ကိုယ်တိုင်လုပ်
နိုင်မှာလဲ?” 👀

ကလေးတွေအတွက်
အရုပ်တွေ ဝယ်တော့မယ်ဆို ဘာလေးတွေကို သတိထားကြည့်ပြီး ဝယ်သင့်သလဲဆိုတာကို
သိရဖို့ ပုံအောက်က စာလေးတွေကို ဖတ်ပေးပါနော်!!!



Photo credit: Google

ကလေးက ဒီနေ့ စာသင်ချိန်မှာအာရုံမစိုက်ဘူး…ခဏခဏ စိတ်ဆိုးတယ်…Activity မလုပ်ချင်ဘူး…အမြဲငိုချင်နေတယ်…ဆိုရင် “ဒီနေ့ ဘာဖြစ်တာပါ...
16/08/2026

ကလေးက ဒီနေ့ စာသင်ချိန်မှာ
အာရုံမစိုက်ဘူး…
ခဏခဏ စိတ်ဆိုးတယ်…
Activity မလုပ်ချင်ဘူး…
အမြဲငိုချင်နေတယ်…

ဆိုရင် “ဒီနေ့ ဘာဖြစ်တာပါလိမ့်?” လို့
ဆရာမတို့ စဉ်းစားမိကြမှာပါ။ 🤔

တစ်ခါတလေ အကြောင်းရင်းက
ကလေးရဲ့ အိပ်စက်ချိန်လေး ဖြစ်နေနိုင်ပါတယ်။ 😴

ကလေးတွေ အိပ်နေတဲ့အချိန်မှာ
ခန္ဓာကိုယ်က အနားယူရုံတင်မကဘဲ
ကြီးထွားဖွံ့ဖြိုးမှု၊ မှတ်ဉာဏ်၊ အာရုံစူးစိုက်မှုနဲ့ စိတ်ခံစားမှုကို ထိန်းညှိနိုင်ဖို့
လိုအပ်တဲ့ အချိန်တစ်ခုလည်း ဖြစ်ပါတယ်။

ဒါဆို ကလေးတွေရဲ့ အသက်အရွယ်အလိုက်
အိပ်ချိန်ဘယ်လောက်လိုသလဲ???

ဆရာမတွေအနေနဲ့ ဘာတွေ သတိထားရမလဲ???

မိဘတွေကရော ဘာတွေလုပ်ပေးသင့်သလဲ???

အသေးစိတ်ကို ပုံအောက်မှာ
စာလေးတွေနဲ့ သေချာရေးပေးထားပါတယ်ရှင်!!!



Photo credit: Google

🗣️ ဆရာမတစ်ယောက်တည်းကပဲ စကားတွေအရမ်းပြောနေမိပြီလား???🗣️Teacher Talk vs Child Talk🗣️မူကြိုစာသင်ခန်းထဲမှာဆရာမက ပြောနေတာတွေက...
15/08/2026

🗣️ ဆရာမတစ်ယောက်တည်းကပဲ စကားတွေအရမ်းပြောနေမိပြီလား???

🗣️Teacher Talk vs Child Talk🗣️

မူကြိုစာသင်ခန်းထဲမှာ
ဆရာမက ပြောနေတာတွေက များလား?
ကလေးတွေက ပြောနေတာတွေက များလား? 👀

“Look here, everyone.”

“Repeat after me.”

“Say it together.”

“Sit properly.”

“Listen to me.”

“Don’t do that.”

“Now take your pencil.”

“Colour this one.”

“Put it here.”

တစ်ချိန်လုံး ဆရာမက ပြောနေပြီး
ကလေးတွေက နားထောင်သူပဲ ဖြစ်နေမယ်ဆိုရင်…

ကလေးတွေ ကိုယ်တိုင်ပြောဖို့၊ စဉ်းစားဖို့၊ မေးခွန်းမေးဖို့ အချိန်ရပါ့မလား? 🤔

အသေးစိတ်ကို ပုံအောက်မှာဖတ်ပေးပါနော်!!!



Photo credit: Google

Address

Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959425023133

Website

Alerts

Be the first to know and let us send you an email when Thanduh posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category