Real School Private Primary School

Real School  Private Primary School Dream, Believe, Achieve

World Peace Ethics Contest for Grades 4-12*********************************************ထိုင်းနိုင်ငံ၊ဓမ္မကာယကျောင်းတိုက်...
21/09/2025

World Peace Ethics Contest for Grades 4-12
*********************************************
ထိုင်းနိုင်ငံ၊ဓမ္မကာယကျောင်းတိုက်မှ ကျင်းပမည့် World PEC ကိုယ်ကျင့်သီလပြိုင်ပွဲကို မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူများလည်းပါဝင်ခွင့်ရာခဲ့ရာ ကျွန်မတို့ REAL Private primary school မှ ကျောင်းသား27ဦးပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့ပါသည်။2026 ဇန်နဝါရီလ(7)ရက်နေ့မှာရေဖြေစာမေးပွဲကျင်းပမည်ဖြစ်ပါသည်။
ရန်ကုန်တိုင်းမှ ကျောင်းသား/ကျောင်းသူ ၁၀၀၀ကျော်ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။

Class Of 2024
22/03/2025

Class Of 2024

ကျွန်မတို့ ကလေးလေး တွေအတွက် စိတ်လှုပ်ရှား ရင်ခုန်ရတဲ့အချိန်တွေပေါ့......လွန်ခဲ့သော ၂၀၁၅/၁၆ အချိန်တွေတုန်းကတော့ သူတို့စင်...
23/02/2025

ကျွန်မတို့ ကလေးလေး တွေအတွက် စိတ်လှုပ်ရှား ရင်ခုန်ရတဲ့အချိန်တွေပေါ့......လွန်ခဲ့သော
၂၀၁၅/၁၆ အချိန်တွေတုန်းကတော့ သူတို့စင်ပေါ်တက်ရင် ကိုယ့်မှာ ဝမ်းနည်းဝမ်းသာမျက်ရည်တွေကျ....
ခုတော့လည်း ကိုယ်မျှော်လင့်ခဲ့တဲ့ အနေအထားမရောက်သေးပေမဲ့ ကိုယ့်ကလေးတွေအတွက် နေရာလေးတခုဖန်တီးနိုင်ခဲ့ပြီ......လူသားဆန်တဲ့စိတ်နဲ့ မတူညီကွဲပြားမှု့ကို လက္ခံပေးတဲ့ ဒီခရီးကို အတူတူကျော်ဖြတ်ပေးတဲ့ပူးပေါင်းပါဝင်ပေးပါသော မွန်မြတ်သော စိတ်ဓာတ်ပိုင်ရှင် မိခင်ဖခင် များနှင့်သားသားမီးမီး တယောက်စီတိုင်းကို ကျွန်မဘယ်တော့မှမမေ့ပါဘူး၊အထူးသဖြင့် ကျွန်မနဲ့အတူ ဒီခရီးကိုစိန်ခေါ်မှူ့ပေါင်းများစွာနဲ့ တူတူရင်ဆိုင်ကျော်ဖြတ်ပေးပါသော Real Special Teacher မိသားစုဝင်များကို အထူးပဲမှတ်တမ်းတင်ကျေးဇူးတင်ရပါတယ်။
Real Real School Private Primary School education

ကျွန်မကျောင်းသားလေးတွေလည်း SNကျောင်းသား သူတို့သူငယ်ချင်းလေးတွေကို လူသားဆန်တဲ့ စိတ်ဓာတ်လေးတွေနဲ့ ဂရုစိုက် ကြင်နာကြတာ မြင်...
23/02/2025

ကျွန်မကျောင်းသားလေးတွေလည်း SNကျောင်းသား သူတို့သူငယ်ချင်းလေးတွေကို လူသားဆန်တဲ့ စိတ်ဓာတ်လေးတွေနဲ့ ဂရုစိုက် ကြင်နာကြတာ မြင်တိုင်း ကျွန်မမျှော်လင့်နေတဲ့ inclusive education အတွက် အားတွေဖြစ်ရပါတယ်။

အသက် ၁၂ နှစ်အရွယ် ရှူးဘင်ယန်းဟာ သူ့ရဲ့မသန်စွမ်းသူငယ်ချင်း ဇန်းဇဲကို နောက်ဆုံး ၆ နှစ်လုံးလုံး နေ့တိုင်း ကျောင်းကို ကုန်းပိုးပြီး ပို့ပေးနေတာဟာ မိတ်ဆွေစစ်ရဲ့ အဓိပ္ပာယ်အစစ်အမှန်ကို ထင်ဟပ်စေပါတယ်။ ဒီလိုအံ့မခန်း ကြင်နာစွာ ကူညီမှုဟာ နေ့စဉ်လုပ်ငန်းစဉ်တစ်ခုဖြစ်လာပြီး မပြောင်းလဲနိုင်တဲ့ အားထုတ်မှုနဲ့ သနားကြင်နာစိတ်ကို ပြသနေပါတယ်။ မိုးလေဝသ အခြေအနေ ဘယ်လိုပဲဖြစ်ဖြစ် ရှူးဟာ ဇန်းကို သူ့ကျောပေါ်ထမ်းပြီး စာသင်ခန်းထဲ ရောက်အောင် ကူညီပေးပါတယ်။

ဒါ့အပြင် ရှူးဟာ ဇန်းကို နေ့လည်စာ သွားယူတာတို့၊ စာသင်ခန်းတွေကြား သွားလာတာတို့လို နေ့စဉ်လုပ်ငန်းတွေမှာပါ ကူညီပေးပါတယ်။ ဆီချွမ်းပြည်နယ်၊ မေရှန်းမြို့က ဟဲဘာဇီမြို့ ဗဟိုမူလတန်းကျောင်းမှာ တက်ရောက်နေတဲ့ အဆိုပါ ဂရိတ် ၆ ကျောင်းသားနှစ်ဦးဟာ မဖြတ်နိုင်တဲ့ ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒီလို အကျိုးမမျှော်ကဘဲ ကူညီနေမှုဟာ ကမ္ဘာတစ်ဝှမ်းက လူတွေရဲ့ စိတ်နှလုံးကို ထိတွေ့စေခဲ့ပြီး လူတိုင်းပါဝင်နိုင်ရေးနဲ့ အားပေးကူညီရေးရဲ့ အရေးပါမှုကို မီးမောင်းထိုးပြနေပါတယ်။

12/12/2024

2025/2026 ပညာသင်နှစ်အတွက် ကျောင်းသားသစ်များ အား လက္ခံနိုင်မည့် အတန်းများမရှိတော့ကြောင်း လေးစားစွာကြိုတင်အသိပေး အကြောင်းကြားအပ်ပါသည်။
ကျောင်းသားဟောင်းများအတွက် ပိုမိုကောင်းမွန်သော ပညာသင်ကာလတခုကိုဖြတ်သန်းနိုင်ရေးအတွက် မိဘများ ပူးပေါင်း ပါဝင် ပေးမှု့အားလည်း အထူးကျေးဇူးတင်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။

21/04/2024

Practice is perfect 🎶🎵🎻
23/24 year yankin

18/04/2024

၁၃၈၆ခုနှစ် မြန်မာ့နှစ်သစ်ကူး အခါသမယမှာ မြန်မာပြည်သူပြည်သားအပေါင်း နှစ်စမှနှစ်ဆုံး တိုင် မင်္ဂလာရှိသောနှစ် တနှစ် ဖြစ်ပါစေကြောင်း RPPS မှ
ဆုမွန်ကောင်းတောင်းအပ်ပါသည်။
🙏🙏🙏🙏🙏

25/03/2024

၂၀၂၄/၂၀၂၅ ပညာသင်နှစ် အတွက် ရန်ကင်းမြို့နယ်တွင်တည်ရှိသော Real Private Primary School တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါအရည်အချင်းများနှင့်ပြည့်ဝ သော မူလတန်းသင် ဆရာ/ဆရာမ များ အမြန်အလိုရှိပါသည်။

(၁)မူပြဆရာ/ဆရာမ (၇)ဦး (G1မှG5)ထိ
-Green cardရှိဘွဲ့ရဆရာ/ဆရာမများ
-ကလေးစိတ်ပညာကို နားလည်ပြီး ကလေးများအပေါ်စိတ်ရှည်သည်းခံမေတ္တာပေးနိုင်သူ
-စာသင်သက်အနည်းဆုံး( ၃)နှစ်အထက်ရှိသူ
-အဖွဲ့အစည်းနှင့် အလုပ်လုပ်ကိုင်ဖူးသူ
-သင်ကြားရေးတွင် မိမိသင်ကြားမည့်ဘာသာရပ်အား -ကျွမ်းကျင်ပိုင်နိုင်စွာသင်ကြားနိုင်သူဖြစ်ပြီး
-တီထွင်ဖန်တီးနိုင်စွမ်းရှိသူ ဖြစ်ရပါမည်။

အထက်ပါအရည်အချင်းများနှင့်ကိုက်ညီပါက -ပညာသင်နှစ်(၁)နှစ်သင်ကြားရန်စာချုပ်ချုပ်ဆိုနိုင်ရပါမည်။
-လာရောက်လျှောက်ထားသည့်အခါ CV Formနှင့်အတူ
ပညာရေးဆိုင်ရာမှတ်တမ်းများ ဘွဲ့လက်မှတ်မိတ္တု အောင်လက်မှတ်မိတ္တုများ နိုင်ငံသားမှတ်ပုံတင်နှင့် သန်းကောင်စာရင်းမိတ္တူ ရပ်ကွက်ထောက်ခံစာတို့ပါ ပူးတွဲယူဆောင်လာရပါမည်။
မတ်လ၂၅မှ ဧပြီပထမပတ်အတွင်း အမြန်ဆုံး လာရောက်လျှောက်ထားနိုင်ပါသည်။
မေလတွင်အလုပ်စခန့်ပါမည်။

ကျောင်းလိပ်စာ-
REAL School ကိုယ်ပိုင်မူလတန်းကျောင်း
အမှတ်(၁)မဂ္ဂင်လမ်း၊ကျောက်ကုန်း ရန်ကင်းမြို့နယ်

ဆက်သွယ်ရန်ဖုန်း-095011124/09254017029

12/02/2024

ဦးရွှေရိုး ဒေါ်မိုး
RPPS@Yankin

Address

Yangon

Telephone

+9595011124

Website

Alerts

Be the first to know and let us send you an email when Real School Private Primary School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category