DUMF

DUMF

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from DUMF, Dagon University, Yangon.

03/11/2021

ဟင်ဒူဘာသာ၀င်များအတွက် ​ပျော်ရွင်ငြိမ်းချမ်း​သော Diwali​ ​နေ့​လေး ဖြစ်ပါ​စေ....

ဒဂုံတက္ကသိုလ်မွတ်စ်လင်မ်မိသားစု

19/10/2021

ငြိမ်းချမ်း​သော သီတင်းကျွတ်သမယနှင့်
မင်္ဂလာအ​ပေါင်းနှင့် ပြည်စုံ​သော အဘိဓမ္မာအခါတော်နေ့ ဖြစ်ပါ​စေ...

ဒဂုံတက္ကသိုလ်မွတ်စ်လင်မ်ိမိသားစု

13/04/2021

Ramadam(ဥပုသ်)လမြတ်ကို အ​ကြောင်းခံပြီး
နိုင်ငံ​တော်ကြီး ​အေးချမ်းသာယာမှုအ​​ပေါင်း ကျ​​ရောက်​ပါ​စေ ဟုဒဂုံတက္ကသိုလ်မွတ်စ်လင်မ် မိသားစုမှ ဆုမွန်​ကောင်း​တောင်းအပ်ပါသည်။

Photos from DUMF's post 27/02/2021

ပြန့်ကျဲနေသော အင်အားများ ပြန်လည်
စုစည်းခြင်း

▪️DUMF/DUMSA ဖေဖော်ဝါရီ ၂၆ စစ်ကြောင်း

အရင်က လမ်းပေါ်မှာ တစ်ဦးချင်း လှုပ်ရှားနေကြတဲ့
ကျနော်တို့ DUMF/DUMSA ရဲဘော်တွေဟာ
ဒီနေ့တော့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဦးဆောင်တဲ့ ဒဂုံတက္ကသိုလ်စစ်ကြောင်းမှာ ပါဝင်လာခဲ့ပါတယ်။

သမဂ္ဂအလံတော်အောက်က ဘာသာရပ်စုံ၊ အဖွဲ့စုံပါဝင်တဲ့ စစ်ကြောင်းမှာ ဒဂုံတက္ကသိုလ်မွတ်စ်လင်မ်ကျောင်းသားများအသင်းကလည်း ပါဝင်ခဲ့ပါတယ်။

ဒီနေ့ ၂၇ ရက်နေ့မှာလည်း တိုးတက်သောမွတ်စ်လင်မ်လူငယ်အစည်းအရုံးဦးဆောင်တဲ့ မင်္ဂလာတောင်ညွန့်စစ်ကြောင်းမှာ တက္ကသိုလ်မွတ်စ်လင်မ်ကျောင်းသားတွေနဲ့အတူ ပါဝင်မှာဖြစ်ပါတယ်။

စစ်အာဏာရှင်ကို ငါတို့လက်တွေနဲ့ ဆွဲချကြ

အရေးတော်ပုံ အောင်ရမည်

DUMF/DUMSA

02/02/2021

ယခုကြုံတွေ့နေရသော အခြေအနေများနှင့် ဆက်လျဉ်း၍
ဒဂုံတက္ကသိုလ်မွတ်စ်လင်မ်မိသားစုမှ အကြုံပြုတိုက်တွန်းခြင်း။

25/12/2020

Dear Christian friends,
Have a Happy Xmas! ❄️

09/12/2020

▪️ဒဂုံတက္ကသိုလ် တွေးခေါ်ပြောဆိုမှုစွမ်းရည်ပြိုင်ပွဲ (၂၀၂၀)

Dagon University Debate Tournament 2020

"အဆင့်မြင့်ပညာရေးနှင့် ကပ်ရောဂါကာလအလွန်"
ဆိုတဲ့ ကျောရိုးအောက်ကနေ ယှဉ်ပြိုင်ရမယ့်
ဒဂုံတက္ကသိုလ်ရဲ့ ပဉ္စမအကြိမ်မြောက်
တွေးခေါ်ပြောဆိုမှုစွမ်းရည်ပြိုင်ပွဲကြီးကို
၂၀၂၀ ခုနှစ်ဒီဇင်ဘာ ၁၈ ရက်နေ့မှာ စတင်ပြုလုပ်သွားမှာပါ။

ဒဂုံတက္ကသိုလ်မှာ တက်ရောက်နေကြသူတွေထဲက
ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ယှဉ်ပြိုင်လိုသူတွေအနေနဲ့
ဒီဇင်ဘာ ၁၀ ရက်နေ့ (နေ့လယ် ၁၂ နာရီ) နောက်ဆုံးထားပြီး စာရင်းပေးသွင်းရပါမယ်။

*ပြိုင်ပွဲမတိုင်ခင် ဒီဇင်ဘာ ၁၁ ရက်နေ့ကနေ ၁၄ ရက်နေ့ ( နေ့လည် ၁နာရီကနေ ၄နာရီ အထိ ) တနေ့ (၃)နာရီကြာ Debate Training ကို ဝါရင့်သင်တန်းဆရာနဲ့အတူ coach တွေက ဦးဆောင်ပြုလုပ်ပေးသွားမှာဖြစ်တဲ့အတွက်Debate ရဲ့ သဘောသဘာဝကို မသိသေးသူတွေလည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်။

ဒါကြောင့် Debate ဆိုတာ ဘာလဲ မသိရင်တောင် သိဖို့အခွင့်အလမ်းတွေ ရရှိနိုင်တာမို့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

မြန်မာဘာသာစကားအသုံးပြု၍ တစ်သင်းကို (၃) ယောက်စီနဲ့ ပါဝင်တဲ့ Karl Popper Format ဖြင့်
ယှဉ်ပြိုင်သွားရမှာပါ။

ပြိုင်ချင်ပြီး တွဲဘက် အဖွဲ့ဝင်မရှိသူတွေအတွက်လည်း သင်တန်းမှာ အဖွဲ့မရှိသေးသူ အချင်းချင်း အသင်းဖွဲ့ခွင့် ပေးမှာဖြစ်ပြီး ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ တစ်သင်းအတွက် ဝင်ကြေး ၆၀၀၀ ကျပ် ကောက်ခံမှာ ဖြစ်ပါတယ်။

ထင်ရောက်ယှဉ်ပြိုင်ခြင်းမပြုပဲ သင်တန်းပဲတက်ရောက်ချင်သူအနေနဲ့ တစ်ယောက်ကို ၂၀၀၀ကျပ် ပေးသွင်းပြီး တက်ရောက်နိုင်ပါတယ်။

ဒီပြိုင်ပွဲလေးကို နှစ်စဉ်ကျင်းပရတဲ့ ရည်ရွယ်ချက်က
၁။ ကျောင်းသူ၊ ကျောင်းသားတွေရဲ့
တွေးခေါ်ပြောဆိုမှု စွမ်းရည်ကို မြှင့်တင်ပေးနိုင်ဖို့။

၂။ Debate ယဉ်ကျေးမှုကို ပိုမိုကျယ်ပြန့်စွာ
သိရှိလာစေပြီး အလေ့အကျင့်ကောင်များကို ပြိုင်ပွဲအတွင်းမှာလက်တွေ့ လုပ်ဆောင်လာတတ်စေဖို့ ပဲဖြစ်တာကြောင့် Debate Tournament မှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျ။

👇👇👇Registration form 👇👇👇
https://forms.gle/y3P7nNoJsrNNVbEi6










14/11/2020

ချစ်ခင်ရသော ဟိန္ဒူဘာသာဝင်မိတ်ဆွေများအတွက်
ပျော်ရွှင်စရာ ဒီပါဝါလီအခါသမယ ဖြစ်ပါစေရန်
တောင်းဆုမေတ္တာ ပို့သအပ်ပါသည်။


Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Address

Dagon University
Yangon