Agro-chemicals and Field Problems

Agro-chemicals and Field Problems စိုက်ပျိုးရေးအတတ်ပညာဖြင့် လောကကို အလှဆင်ကြပါစို့

ကျွန်တော် အရမ်းကြီး သိနေလွန်းလို့ ဒီ Page ကို ထောင်လိုက်တာ မဟုတ်ပါဘူး။ ကျွန်တော် မသိသေးတာတွေအများကြီး၊ အများကြီး ရှိပါသေးတယ်။ စာတွေ ဖတ်ပါများလေလေ ငါမသိသေးတာတွေ အများကြီး ရှိသေးပါလား လို့ သိလာလေလေပါပဲ။ တခါတလေ အားငယ်မိပါတယ်။ ၀မ်းနည်းမိပါတယ်။
ဒါပေမယ့် အနည်းငယ်သော ကျွန်တော်သိသမျှလေးများသည်ပင်လျင် -

(၁) တောင်သူများအား နည်းပညာဝန်ဆောင်မှု့ပေးနေသော မြန်မာ့ စိုက်ပျိုးရေး ၀န်ထမ်းများ

(၂) တောင်သူများအား နည်

းပညာဝန်ဆောင်မှု့ပေးနေသော ကုမ္ပဏီဝန်ထမ်းများ၊ NGO ၀န်ထမ်းများ

(၃) စိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးရေးသိပ္ပံ ကျောင်းသားကျောင်းသူများ

(၄) စိုက်ပျိုးရေးနှင့် အသက်မွေးဝမ်းကျောင်း ပြုလျက်ရှိသော ခေတ်ပညာတတ် တောင်သူများ
(ပိုးသတ်ဆေး၊ မှိုသတ်ဆေးများအကြောင်းကိုရေးသားမယ့် နောက်ပိုင်း Post တွေမှာ Organic Chemistry တွေပါလာမှာဖြစ်လို့ "ခေတ်ပညာတတ်" ဆိုတဲ့ စကားလုံးကို သုံးလိုက်ရကြောင်း ရှင်းပြလိုပါတယ်။)

(၅) ခေတ်ပညာတတ် စိုက်ပျိုးရေးဆေးရောင်းသူများ

(၆) စိုက်ပျိုးရေးသိပ္ပံပညာကို စိတ်ပါဝင်စားသူများ တို့အတွက်

တစ်စုံတစ်ခုသော အတိုင်းအတာအထိ အထောက်အပံ့ ဖြစ်ပါစေရန်အလို့ငှာလို့ ရည်ရွယ်ချက် ထားရှိပါတယ်။ ကျွန်တော်ရဲ့ မရှင်းလင်းတဲ့ အရေးအသားများကို ပြန်လည် မေးမြန်း ဆွေးနွေးနိုင်ပါတယ်။ မှားယွင်းမှု့၊ တိမ်းစောင်းမှု့များလည်း ရှိနိုင်ပါတယ်။ ပြုပြင်ပေးကြပါ။

သိပ္ပံပညာဆိုတာ အမှန်တရားကို ရှာဖွေခြင်းသာ ဖြစ်ပါတယ်။

ပဲ့ပြင် သွန်သင်ပေးမည့်သူများအားလုံးကို ကြိုတင် ကျေးဇူးတင်ပါတယ်။


ဦးခင်ဇော်

29/01/2026
29/01/2026

တခါတလေ Internet ကလဲ Line ဖွင့်မရဘူး။ ဖွင့်ရပြန်တော့လဲ Chrome တို့ YouTube တို့ ဖွင့်လို့ရပေမဲ့ Fb ဖွင့်မရတာ အတော် ကြာခဲ့ပါပြီ။ အခု ဖွင့်ရတုန်း အခိုက်အတံ့ အပြေးအလွှား တင်ပေးလိုက်ပါတယ်။ ဒါလဲ အချိန် ကြာမယ် မထင်ပါဘူး။ မကြာမီ ဖွင့်မရ ပြန်ဖြစ်သွားနိင်ပါတယ်။ ဒါက Fb ဘက်က အခက်အခဲပါ။

ကျနော့်ဘက်မှာလဲ အခက်အခဲ ရှိပါသေးတယ်။ New Product တွေအတွက် Power Point ပြင်ဆင်ဖို့ ၁၅ ခုလောက် ရှိနေတယ်။ ဆိုလိုတာက အလုပ် ကြပ်နေပါတယ်။ ဒါ့ကြောင့် ဆက်တင်ဖို့ အချိန်ယူရပါအုံးမယ် ဆိုတဲ့အကြောင်း သတင်း ပို့ပါတယ်။ အချိန်ရတာနဲ့ အမြန်ဆုံး ဆက်တင်နိင်ဖို့ ကြိုးစားပါမယ်။

11/01/2026

စတုတ္ထပိုင်းကို ရေးဆဲပါ ပြီးပါ နီးပါပြီ။ အခု ကျနော် ပြောချင်တာက အမှားပြင်ချက် ကလေးတခုပါ။ တတိယ ပိုင်းထဲက “အရှင်စားအဖြစ် ကျရောက်လေ့ရှိသော အပင်မှို ရောဂါအချို့” ဆိုတဲ့ ခေါင်းစဥ်အောက်မှာ စပါး ဂုတ်ကျိုး (Magnaporthe oryzae) ဆိုတာ ထဲ့မိသွားတယ်။ တင်ပြီး ၂ ရက်လောက်မှာ ပြန်ဖတ်မိတော့ သိလိုက်ပါတယ်။ ဒါပေမဲ့ စတုတ္ထပိုင်း တင်တော့မှ အမှားပြင်ချက် ရေးမလို့ဘဲ။ စတုတ္ထပိုင်း ကလဲ ကြာနေတော့ အခုဘဲ ပြင်ဆင်ချက် တင်လိုက်ပါတယ်။
စပါး ဂုတ်ကျိုး (Magnaporthe oryzae) ဟာ အသေစား (Necrotrophy) အဟုတ်ပါဘူး။ သေစား ရှင်စား (Hemibiotrophic pathogen) ပါ။ သတိမဲ့ အမှားအတွက် အားလုံးကို တောင်းပန်ပါတယ်။

30/12/2025

“အပင်ရောဂါဖြစ်စေသောမှိုတို့၏ ဘဝရှင်သန်နေထိုင်မှု့ပုံစံ (Life styles of Phytopathogenic fungi)” အကြောင်းကို ဒီလောက် ရှည်ရှည်ရေးဖို့ ရည်ရွယ်ခဲ့ခြင်း မရှိပါဘူး။ ရေးရင်း ရေးရင်းနဲ့ ရှည်သွားလို့ တောင်းပန်ပါတယ်ဗျာ။

အပင် ပြဿနာတွေ၊ စိုက်ဆေးဆိုင်ရာ ပြဿနာတွေနဲ့ ပတ်သက်လို့ ဘာ့ကြောင့် (Why)၊ ဘယ်လို (How) ဖြစ်ရတယ်ဆိုတာကို ကျနော် ခြေခြေမြစ်မြစ် စိတ်ဝင်စားပါတယ်။ “အကျိုး” ကို ဖြစ်စေတတ်သော “အကြောင်း”ကို သိချင်တာပေါ့လေ။

ကျနော်ရေးတဲ့ စာတွေက စိုက်ဆေးကုမ္ပဏီ ဝန်ထမ်းတွေအတွက် Sale Points ဆိုတာထက် Knowledge ကို ဦးစားပေးရေးပါတယ်။ ဒါပေမဲ့ အဲဒီအထဲမှာ Sale Points တွေ ပါဝင် ပါတယ်။ သေသေချာချာ ဖတ်ကြည့်ပါ။ ပါဝင်တဲ့ Sale Points တွေကို မိမိဘာသာ ထုတ်ယူပြီး မိမိဟန်၊ မိမိ Style နဲ့ တောင်သူကို ဆွေးနွေးဖို့၊ Problems ဖြေရှင်းပေးရာမှာလဲ အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ပါတယ်။

စကားနဲ့ ပြောတာဆိုရင်တော့ နားမလည်မချင်း အပြန် အလှန် အမေး/အဖြေတွေ၊ ဥပမာ - ဥပမေယျ တွေနဲ့ ရှင်းလို့ ကောင်းတာပေါ့။ စာ ဆိုတော့ တိုတယ်လေ။ အကြိမ်ကြိမ် ဖတ်လေ- တခေါက်ထက် တခေါက် ပို နားလည် လာလေ ဆိုတာ တွေ့ရပါလိမ့်မယ်။ ဇယားတွေ၊ Graph တွေ ပါရင်လဲ အထပ်ထပ် အခါခါ ကြည့်လေ နားလည် သဘော ပေါက်လေ ဖြစ်ပါလိမ့်မယ်။
ကျနော် “ဟင်းစား မပေးချင်ပါဘူး။ ကွန်ချက်ဘဲ ရစေ ချင်ပါတယ်”။
ဘကြီးဇော်

24/12/2025

“အပင် ရောဂါဖြစ်စေသော မှိုများ ၏ ဘဝရှင်သန်နေထိုင်မှုပုံစံ (lifestyles of Plant Pathogenic Fungi)” တတိယပိုင်း ကို Page မှာ တင်မရဘူး ဖြစ်နေလို့ FB ကဘဲ တိုက်ရိုက်တင်လိုက်ပါတယ်

04/12/2025

FB ဖွင့်လို့ ရလိုက်/မရလိုက် ဖြစ်နေပါတယ်။ အခု ဖွင့်လို့ ရခိုက် အပြေးအလွှား တင်ပေးလိုက်ပါတယ်။
စိုက်ပျိုးသူတို့အတွက် အပင်ရောဂါဖြစ်စေနိင်သော မှိုတို့၏ ဘဝရှင်သန်နေထိုင်မှု့ကို သိထားခြင်းအားဖြင့်-
၁၊ ရောဂါ ဖြစ်ပွားမှု ရင်းမြစ်ကို ဘယ်လို ဖြတ်တောက်ရမလဲ (မျိုးစေ့မှလား၊ မြေဆီလွှာမှလား၊ အသက်ရှင်သောအပင်မှလား) ဆိုတာကို သိရှိနိင်ပါမယ်။
၂၊ ဘယ်ရောဂါမျိုးဆိုရင် ဘယ်အချိန်မှာ ထိန်းချုပ်မှု လုပ်ဆောင်ရမလဲ (ရောဂါမဖြစ်မီလား၊ ရောဂါလက္ခဏာ စတင် တွေ့ရှိချိန်လား၊ သိုလှောင်ရန်အတွက် သီးနှံရိတ်သိမ်းပြီးနောက်မှလား) ကို ဆုံးဖြတ်နိုင်ပါမယ်။
၃၊ ဘယ်လို ကာကွယ်နှိမ်နင်းမှု နည်းလမ်းကို အသုံးပြုရမလဲ (Systemic, Contact,) ကို ရွေးချယ်နိုင်ပါမယ်။
ဒါတွေကိုသိထားပြီး မှန်ကန်တဲ့ရွေးချယ်ဆုံးဖြတ်မှု့ ပြုလုပ်နိင်မယ်ဆိုရင် ရောဂါကာကွယ် နှိမ်နင်းရေးအတွက် အချိန်နဲ့ ငွေကြေးကုန်ကျမှု သက်သာစေပြီး ထိရောက်သော လုပ်ဆောင်ချက်များ ဖြစ်လာပါလိမ့်မယ်။
ဒါ့ကြောင့် နောက် ၃-၄ ရက်နေရင်တော့ “အပင် ရောဂါဖြစ်စေသောမှိုတို့၏ ဘဝရှင်သန်နေထိုင်မှု့ပုံစံ (Life styles of Phytopathogenic fungi)” ကို တင်ပေးပါမယ်။
တင်တဲ့နေရာမှာ အများစုက တိုတိုဘဲ တင်ပေးစေချင်ကြတယ်။ စာရှည်ရှည် မဖတ်ချင် တာရယ်၊ အချိန် မရတာရယ် ဖြစ်မှာပေါ့။ ကျနော့်အနေနဲ့ ကြတော့လဲ တတ်နိင်သမျှ ဂဃနဏ သိစေချင်တယ်။ ဒါ့ကြောင့် ၅ ရွက် ၆ ရွက်စီလောက် အပိုင်းလိုက် ခွဲတင်ပေးပါမယ်။ စောင့် ဖတ်ပေးကြပါဗျာ။

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Agro-chemicals and Field Problems posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share