Project Cycle Management Training Alumni

Project Cycle Management Training Alumni

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Project Cycle Management Training Alumni, Community College, Yangon.

Photos from C4RD Myanmar's post 15/03/2023
18/01/2022

Dear PCM Alumni,
Please update who is doing what and where through messenger.
Bobby

Photos from Network Activities Group's post 03/01/2020

PCM အပါတ်စဉ် ၁၈ လျှောက်လွှာများ‌ခေါ်ယူနေပါပြီ။ ဖွံ့ဖြိုးရေးကိုစိတ်ဝင်စားပြီး လေ့လာလိုသောလူငယ်များလက်ထဲရောက်ရှိအောင်မျှဝေပေးကြပါအုံးခင်ဗျာ။

သင်တန်းအကြောင်းအသေးစိတ်စုံစမ်းမေးမြန်ရန် 09256334026 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်

17/12/2019

Project Cycle Management Training အပါတ်စဉ် (၁၈) အတွက် လျှောက်လွှာများလက်ခံနေပါပြီ။

Photos from Network Activities Group's post 27/06/2019

Project Management Training Batch (16) announcement jointly organized by Department of Rural Development and NAG together with Telenor Myanmar. One month training with Free boarding plus Six months paid intern opportunity. Training fee is 100,000 Kyat, we will provide stipend 50,000 Kyat for each Boarding participant to cover food cost.

Photos from Project Cycle Management Training Alumni's post 16/03/2019

Nyein Foundation မှ ငြိမ်းချမ်းရေး တည်ဆောက်သည့် လူငယ်များ ပြုစုပျိုးထောင်ခြင်း အစီအစဉ် (Nurturing Youth Peacebuilders Program) ၏ Program Manager ဖြစ်​သူ ဆရာမလွမ်ရာ မှ Community Mobilization ဘာသာရပ်​ကို PCM Batch -15 တွင်​လာ​ရောက်​​ဆွေး​နွေးသင်​ကြားခဲ့ပါတယ်​။

လူထုဖွံဖြိုး​ရေး ဘာလည်းလို့​မေးခွန်း နဲ့အစပြုပြီး ချိတ်​ဆက်​ပက်​သက်​​နေတဲ့ လူမှု့စီးပွားမျက်​နှာစာ​ပေါင်းစုံ ချိတ်​ဆက်​​ဆွေး​နွေးသွားပါတယ်​။ စိတ်​ဝင်​စားဖွယ်​ချဉ်းကပ်​သင်​ကြားမှု့များနှင့်​အတူ ​ကျောင်းသား 58ဦးက တက်ကြွစွာသင်ယူခဲ့ကြပြီး အကျိုးရှိတဲ့သင်​ခန်းစာဖြစ်​ခဲ့ပါတယ်​။

ခုလိုလာ​ရောက်​ ပညာမျှ​ဝေ​ပေးတဲ့ ဆရာမလွမ်​ရာကိုလည်း ​ကျေးဇူးအများကြီးတင်​ပါတယ်​။

Photos from Project Cycle Management Training Alumni's post 13/03/2019

Comparative Constitution ကို ဆရာနိုင်လင်းထွန်းမှ ယနေ့မနက်ပိုင်းတွင် လာရောက်ဆွေးနွေပါသည်။

Photos from Project Cycle Management Training Alumni's post 11/03/2019

ယနေ့ PCM Batch 15 တွင် The Art of Communication ဘာသာရပ်အတွက် Daw Nan Theingi Myint ( founder/Director VISIONARY Consultancy Service/ Principle of Global Key Training) မှ လာရောက်ဆွေးနွေးပါတယ်။

Photos from Project Cycle Management Training Alumni's post 10/03/2019

ယနေ့ ၁၀ရက်၊ မတ်လ PCM သင်တန်းမှာ Community Forestry (CF) Practices ကိုမနက်ပိုင်း Watershed Management (Concept) ကိုညနေပိုင်းတွင် ဆွေးနွေးသင်ကြားခဲ့ပါတယ်။ ဆရာအေမိုးနိုင် နှင့် အဖွဲ့ -Knowledge Space မှ လာရောက်မျှဝေပေးခြင်းဖြစ်ပါတယ်။

Photos from Project Cycle Management Training Alumni's post 09/03/2019

ဆရာဦးကျော်ဝင်းမှ Project Cycle Management Training အပါတ်စဉ် ၁၅ တွင် ''State Building'' နှင့် Civil Society Organization (Role of CSOs in Development) ခေါင်းစဉ်ဖြင့်ဆွေးနွေးပါသည်။

05/02/2019

Project Cycle Management Training - Batch 15 ဖွင့်လှစ်ပါတော့မည်။ သင်တန်းလျှေက်လွှာများ စတင်လက်ခံနေပြီဖြစ်တဲ့အတွက် ၂၅ ရက်၊ ဖေဖော်ဝါရီလ မတိုင်မှီလျှောက်ထားနိုင်ပါကြောင်း ...

စီမံကိန်းစီမံခန့်ခွဲမှုသင်တန်း အပတ်စဉ် (၁၅) သင်တန်းသားခေါ်ယူခြင်း
============================================
ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် စီမံကိန်းစီမံခန့်ခွဲမှုသင်တန်း (Project Cycle Management Training)ကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနှ (Department of Rural Development) ၊ ပေါင်းစုလုပ်အားကူညီပေးရေးအဖွဲ့ (Network Activities Group) နှင့် တယ်လီနော မြန်မာ (Telenor Myanmar) တို့ ပူးပေါင်း၍ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။ သင်တန်းအပတ်စဉ် (၁၅) ကို၂၀၁၉ ခုနှစ်၊ မတ်လ (၄) ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။
သင်တန်းကာလမှာ အချိန်ပြည့် ၁-လ ကြာမြင့်မည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက ထူးချွန်သူများကို အလုပ်ခွင်သင်တန်း ၆-လ ဆက်လက် သင်ယူခွင့်ပြုမည်။ ၄င်းအလုပ်ခွင်သင်တန်းကာလအတွင်းတွင် ထိုက်သင့်သော ထောက်ပံ့စရိတ် ပံ့ပိုးပေးမည်။
ဤသင်တန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံလူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး ငွေကြေးအကျိုးအမြတ်အတွက် ဖွင့်လှစ်ခြင်းမဟုတ်ပါ။

ကျေးလက်ဒေသဖွံ့ဖြိုးရေးကို စိတ်ဝင်စားသော အသက် (၂၀ - ၃၅) နှစ်အတွင်း ဘွဲ့ရလူငယ်များ လျှောက်ထားနိုင်သည်။ ရွေးချယ်ခံရပါက သင်တန်းကြေး ၁၀၀,၀၀၀ (တစ်သိန်းကျပ်) ပေးသွင်းရမည်ဖြစ်ပြီး Telenor မှပညာသင်ထောက်ပံ့ကြေး ၅၀,၀၀၀ (ငါးသောင်းကျပ်) ပြန်လည်ထောက်ပံ့ချီးမြှင့် ပေးသွားမည်ဖြစ်သည်။ သင်တန်းကာလအတွင်း နေထိုင်ရေးအခမဲ့ထောက်ပံ့ပေးပါသည်။

သင်တန်းတွင် Module 4 ခုဖြင့်အဓိကသင်ကြားမည်ဖြစ်ပြီး မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် တစိုက်မတ်မတ်လုပ်ဆောင် လိုသောဘွဲ့ရလူငယ်များအတွက် အတွေ့အကြုံများသော ဖွံ့ဖြိုးရေးနယ်ပယ်မှ ဆရာ/ဆရာမများမှ သဘောတရားနှင့် လက်တွေ့ပိုင်းများကို သင်ကြားမှု့နည်းလမ်းပေါင်းများစွာတို့ဖြင့် ချဉ်းကပ်သင်ကြားမည်ဖြစ်သည်။

Module I
>>>>>>>
Title : ဖွံ့ဖြိုးရေးဆိုင်ရာ သဘောတရားနှင့် လက်တွေ့အကောင်ထည်ဖော်ဆောင်ခြင်း (Development Theories & Practices)
ရည်ရွယ်ချက် ။ ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှု့ရေး စတဲ့ ရှု့ထောင့်ပေါင်းစုံမှ မြန်မာနိုင်ငံနှင့် ကိုက်ညီသော ဖွံ့ဖြိုးရေးကဏ္ဍ ကို ကြည့်မြင်သုံးသပ်နိုင်ရန်၊ ဖွံ့ဖြိုးရေး သီဝရီများနှင့် လက်တွေ့ မြန်မာနိုင်ငံ ၏ ဖွံ့ဖြိုးရေးကဏ္ဍကို ချင့်ချိန်သုံးသပ်နိုင်စေရန် ရည်ရွယ်သည်။

Module II
>>>>>>>
Title : ဖွံ့ဖြိုးရေးစီမံကိန်းများ စီမံခန့်ခွဲခြင်းနှင့် လုပ်ငန်းစဉ်များအကောင်ထည်ဖော်ရေးဆွဲခြင်းနည်းလမ်းများ (Project Management Tools)
ရည်ရွယ်ချက် ။ ။ ကျေးရွာ အဆင့်မှသည် နိုင်ငံတော်အဆင့် Project များ စီစဉ်ရေးဆွဲ အကောင်အထည်ဖော်ရာတွင် လုပ်ငန်းစဉ် အဆင့်ဆင့်ကို စနစ်တကျဆောင်ရွက်နိုင်ရန် ရည်ရွယ်သည်။

Module III
>>>>>>>>
Title : သဘာဝပတ်ဝန်းကျင် နှင့် ဂေဟစနစ် အပေါ်သက်ရောက်သော လူတို့၏စီမံအုပ်ချုပ်မှု့ဆိုင်ရာကဏ္ဍများ (Environment & Resource Governance)
ရည်ရွယ်ချက် ။ ။ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေသော သယံဇာတစီမံခန့်ခွဲမှု့ ပုံစံများကို ချဉ်းကပ်သင်ယူ၊ ဝေမျှကြခြင်းဖြင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးအတွေးအခေါ်များ ရှင်သန်လာနိုင်စေရန်ရည်ရွယ်သည်။

Module IV
>>>>>>>>
Title : အားလုံးပါဝင်နိုင်ရေး ကိုရှေးရှုသော ဖွံ့ဖြိုးရေး အခြေခံမူများ (Principles and Inclusions in Development)
ရည်ရွယ်ချက် ။ ။ အခြေခံလူမှု့တန်ဖိုးများနှင့် နိုင်ငံတကာမှ ချဉ်းကပ်သောစံနှုန်းများကို သိရှိနားလည်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် နိုင်ငံသားတိုင်း စွမ်းဆောင်ရည်ပြည့်ဝစွာ ပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်သည်။

လျှောက်ထားမှုပုံစံ
========
လျှောက်ထားလိုသူများသည် မိမိတို့၏ ကိုယ်ရေးအချက်အလက် (CV / Resume)၊ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ သင်တန်းအပေါ် စိတ်ဝင်စားမှု ဖော်ပြချက်နှင့် အနာဂတ်ရည်မှန်းချက်ကို အနှစ်ချုပ်ရေးသားထားသော စာစီစာကုံးတစ်ပုဒ်၊ ဘွဲ့လက်မှတ်မိတ္တူ၊ မှတ်ပုံတင်မိတ္တူ၊ လိုင်စင်ဓာတ်ပုံ ၄ပုံ၊ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်တို့နှင့်အတူ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅) ရက်နေ့ နောက်ဆုံးထား၍ လူကိုယ်တိုင်ဖြစ်စေ၊ Email ဖြင့်ဖြစ်စေ လျောက်ထားနိုင်သည်။ ရွေးချယ်ခံရသူများကို ဆက်သွယ် အကြောင်းကြားပါမည်။
ပေးပို့ရမည့်လိပ်စာ (စာတိုက်/ Email)
ပေါင်းစုလုပ်အား အကူအညီပေးရေးအဖွဲ့ (NAG)
အမှတ်- ၃၁(အေ-၁)၊ မြနှင်းဆီလမ်း၊ နှင်းဆီဥယျာဉ်အိမ်ရာ အပိုင်း- ၃၊
၂၇ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
Email : [email protected]
ဆက်သွယ်မေးမြန်းနိုင်မည့်ဖုန်းနံပါတ်
Phone: 09 2563 340 26, 09 420 044 451

#သင်တန်းတည်နေရာ
==============
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၊
ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်- ၂၄၅၊
သံလျက်စွန်းလမ်း၊ လင်းစဒေါင်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

30/01/2019
Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address

Yangon