Teacher Hazel Maung

Teacher Hazel Maung

Share

Fluency first,
Accuracy follows.

05/08/2025

ဒီနောက်ပိုင်း စာရေးပျင်းလာတယ်...

စာရေးရမှာ ဘလောက်ပျင်းလဲဆို ရေးနေရင်းကို ဆက်မရေးတော့ဘဲ ထားလိုက်တာတွေ notesထဲ များလာပီ...

ငယ်ငယ်က ၁၀တန်းရောက်မှ မြန်မာစာမှာရော၊ အင်္ဂလိပ်စာမှာပါ essay writingဆိုတာကြီး နဖူးတွေ့ဒူးတွေ့ကြုံရတော့မှ ဘလိုရေးရတာလဲမသိတဲ့အချိန်ရယ်၊ LCCI UK diploma အတန်းတက်မှ နိုင်ငံခြားစာ
မေးပွဲမေးခွန်းပုံစံကို စရင်းနှီးခဲ့တဲ့အချိန်ရယ်ကတော့ ဘဝမှာမမေ့နိုင်ဆုံးသောပါပဲ...

လိုအပ်ချိန်မှ တရွတ်တိုက်ရုန်းကန်လိုက်ရတာမျိုး ကိုယ့်လိုမဖြစ်ရအောင် ကိုယ့်ကျောင်းသားတွေကို ခုချိန်မှာ အ‌‌ခြေခံပါသွားဖို့ လေ့ကျင့်ပေးထားနိုင်ဖို့က ကိုယ့်ရဲ့ဦးစားပေးထဲကတစ်ခုပါပဲ ...

HZM

30/06/2025

Hi everyone! 🌟 You can support me by sending Stars - they help me earn money to keep making content you love.

Whenever you see the Stars icon, you can send me Stars!

22/12/2023

Onlineကနေ အင်္ဂလိပ်စာတိုးတက်အောင်လေ့ကျင့်သင်ကြားပေးရတဲ့ one-on-one coachingတွေ လုပ်လာတာ ၂ နှစ်တောင်ရှိခဲ့ပီ ...

အပြင်သင်တန်းမှာ သင်တန်းသားများများနဲ့ပျော်ပေမယ့် onlineမှာတော့ လူကြီးတန်းတစ်ဦးခြင်းသီးသန့်ကိုပဲလက်ခံသင်ကြားပေးဖြစ်နေတယ်

သင်တန်းသားတွေထဲမှာဆိုရင် INGO၊ Foreign Companyတွေနဲ့ International schoolတီချယ်လေးတွေ လာတက်ကြတာများတယ် Primary Checkpoint Exam အတွက်ပြင်ဆင်နေတဲ့ကလေးတစ်ယောက်ကိုလဲ လေ့ကျင့်သင်ပေးဖြစ်နေပါတယ်

ဘယ်တော့မှရပ်တန့်လို့မရတဲ့ထဲမှာ သင်ကြားရေးနဲ့သင်ယူမှုဟာလဲထိပ်ဆုံးကပါတာမို့ အလုပ်တွေလုပ်နေရတာကို မမောသလို သိပ်ကြော်ငြာစရာမလိုဘဲ အတန်းချိန်ပြည့်‌ေအာင်ကို သင်နေရတဲ့အတွက်လဲ ကိုယ့်ရဲ့ခုချိန်ထိရှိနေသေးတဲ့ networking‌ေလးကိုလဲ ကျေးဇူးတင်ရပါတယ်

မိတ်ကောင်းဆွေကောင်းတွေကို တန်ဖိုးထားရပါတယ်..
ကိုယ်တိုင်လဲ မိတ်ဆွေကောင်းဖြစ်အောင်ကြိုးစားနေရပါတယ် ...ရွှေငွေကျောက်သံပတ္တမြားတွေစုသလို မိတ်ဆွေကောင်းတွေကိုလဲ အမြဲတန်ဖိုးထားစုဆောင်းပါဆိုတဲ့အတိုင်း ကိုယ့်ကိုကိုယ် မပြတ်သတိပေးနေထိုင်ဖြစ်ပါတယ်

With gratitude
Hazel Maung

22/09/2023

အင်္ဂလိပ်စာဆရာမသာဖြစ်မလာခဲ့ရင် Art teacher ပန်းချီဆရာမများဖြစ်‌လာခဲ့မလားပဲ ...

ပန်းချီအရမ်းတော်လို့ဆိုတာထက်
ဝါသနာပါတာရယ်
ခုချိန်ထိဆွဲဖြစ်နေတာရယ်
ဘာပဲသင်သင်ကိုယ့်ထက်သာတဲ့သူ‌ေတွဖြစ်အောင်သင်ပြပေးချင်တဲ့စိတ်အခံရယ်ကြောင့် Artistတော့မဖြစ် နိုင်ရင်တောင် Art teacher‌ တော့ဖြစ်‌ေအာင်ကြိုးစားမိမယ်လို့ ထင်မိတာပါပဲ...

With gratitude
Hazel Maung

23/08/2023

🌷Grow through what you go through.

🌷Be kind to yourself.

🌷Reflect on what you have learnt.

🌺အတွေ့အကြုံတွေဖြတ်သန်းရင်းနဲ့ ကြီးပြင်းလာပါ‌စေ။

🌺ဖိအားတွေနဲ့ပဲ အမြဲမရှင်သန်ဘဲ ကိုယ့်ကိုယ်ကိုကြင်နာတတ်ပါစေ။

🌺ကိုယ်တွေ့ကြုံဖြတ်သန်းခဲ့သမျှကိုလဲ အမြဲပြန်လည်သုံးသပ်ပီး သင်ယူတတ်ပါစေ။

With gratitude
Hazel Maung

Photos from Teacher Hazel Maung's post 10/03/2023

သင်တန်းပေးရမယ်ဆိုရင် မမောနိုင်သောပါပဲ💯

ကျောင်းကတီချယ်တွေအတွက် teaching development အတွက် trainingပေးဖို့ဆိုပြီး

ယုံယုံကြည်ကြည်ဖိတ်ခေါ်တိုင်ပင်လာတဲ့ Scarlet Preschool & Learning Academyကိုလဲ ဆထက်တံပိုးတိုးတက်အောင်မြင်ပြီး ကျောင်းခွဲတွေလဲအများကြီးဖွင့်နိုင်ပါစေနော် 💯💯💯

ပညာရေးရဲ့အခြေခံအကျဆုံးဟာ မူကြိုကျောင်းတွေပဲဖြစ်ပါတယ်..ကလေးတွေရဲ့ပညာရေးအတွက် ခုလိုမျိုး နိုင်ငံတကာအဆင့်မီ preschoolတစ်ခုအနေနဲ့ ပေါ်ထွက်လာပီး training‌ ပေးဖို့ ဖိတ်ခေါ်ပေးတဲ့အတွက်လဲကျေးဇူးတင်ဂုဏ်ယူရပါတယ်
💯💯💯

တီချယ်တွေအားလုံးကလဲတက်တက်ကြွကြွနဲ့ပါဝင်ကြတဲ့အတွက် တကယ်ကိုအကျိုးရှိပီး အားရမှုရှိခဲ့ရတဲ့ Training Dayလေးတစ်ခုဖြစ်ခဲ့ပါတယ်ရှင်

With gratitude
Teacher Hazel Maung


04/03/2023

Hello hello❣️

In person class‌ မေးနေတဲ့သူများအတွက်ပါ
လက်ရှိမှာ ကလေးတွေအတွက် Junior English class အနေနဲ့ နွေရာသီအင်္ဂလိပ်စာသင်တန်းလေးတွေဖွင့်ထားပါပီရှင် သင်တန်းအပ်လို့ရပါပီ💯

https://www.facebook.com/profile.php?id=100090594966787&mibextid=ZbWKwL

အသက် ၆နှစ်ကနေ ၁၅နှစ်ထိကို English 4 Skills + grammarကို ကိုယ်တိုင်သင်ကြားပေးမှာပါ လူဦးရေနည်းနည်းပဲလက်ခံတဲ့ small class sizeဖြစ်လို့ ထိထိရောက်ရောက်သင်ချင်သူတွေအတွက်သင့်တော်ပါတယ်

အတန်းတွင်းမှာEnglishဘာသာစကားကိုသာအသုံးပြုသင်မှာဆိုပေမယ့် မလိုက်နိုင်မှာစိတ်ပူစရာမလိုပါဘူးနော် activitiesလေးတွေလိုက်လုပ်ရင်း Speakingနဲ့ Listeningသွက်လာပီး Reading နဲ့ writingတိုးတက်လာဖို့ သင်ပေးသွားမှာပါ Levelအလိုက် International curriculumတွေကိုသာ အသုံးပြုပြီးသင်ပေးမှာဖြစ်ပါတယ် စာအပြင် အခြား extra curriculum activitiesတွေလဲပါပါသေးတယ်နော် 💯💯💯

သင်တန်းတွေအကြောင်းကို Hazel Learning Academy pageမှာလဲ အသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်ပါပီရှင် တခြားknowledge sharing tips လေးတွေလဲတင်ပေးသွားမှာမို့ ပေ့ကို like & followလုပ်ထားဖို့လဲနှိုးဆော်လိုက်ရပါတယ်နော်❣️

With gratitude
Hazel Maung

https://www.facebook.com/profile.php?id=100090594966787&mibextid=ZbWKwL

Onlineအတန်းက တီချယ့်ကလေးများကိုလဲသတိရလျက်ရှိကြောင်းပါနော်♥️♥️♥️

16/10/2022

ကို ဖြေဆိုချင်သူများအတွက် Tips လေး‌တွေဖြစ်ပါတယ်...

ကိုယ့်သင်တန်းသားတွေထဲမှာလဲ IELTSအတွက် ပြင်ဆင်နေကြသူတွေရှိတဲ့အတွက် ကိုယ့်သင်တန်းသားမဟုတ်ပေမယ့်လဲ Secondaryတန်းမှာတုန်းက‌ေကျာင်းသား‌ေဟာင်းဖြစ်ဖူးတဲ့ လတ်တလောဖြေဆိုထားပီးBand Score ကောင်းကောင်းရထားသူ သမီး Sophie ကို ဆက်သွယ်ပြီး‌ေမးထားပေးတာလေး‌တွေဖြစ်ပါတယ် ❗❗❗

✅ Things to take:
•colored copy of the registered identity card (NRC/Passport)
•original passport/NRC
•original vaccination document

✅Things allowed to take into the examination room:
•clear water bottle
•your identity card

❎ Things you will have to leave behind in the personal locker:
•any obvious/valuable jewelries
•watches
•pen/pencil

◾ Tips (Listening)
•use full volume for the listening test to get better hearing
•read/scan the questions ahead for the whole session before the recording is played
•type the answer you think is correct first and continue to listen whether the answer changes or not
•Make sure to understand the questions first before you listen to the recording
Recheck the grammar and spellings at the very end

◾ Tips (Reading)
•highlight your answers to check again in the end
•look for the instructions carefully (whether they say only one word or no more than two words)
•read the answers/questions first before scanning the paragraph

◾ Tips (Speaking)
•relax yourself and have a natural tone
•don’t try to speak very fast or slow. Keep a natural pace
•elaborate your responses
•use your one minute wisely and plan for part 2
•ask your examiner the question again if you didn’t hear it. Do not panic.

◾ Tips (Writing)
•If you are fast at typing, you’ll have a lot of time to plan and also recheck
•stick to word limit for part 1 (150-200 words)
•plan and think about part 2 before starting it
•check for grammatical mistakes and typo errors

♥️Credit to Sophie Lin♥️

Secondaryပြီးကတည်းကမတွေ့ရတာကြာသွားပေမယ့်လဲ တီချယ့်ကို ခုလိုသတိတရအချိန်ပေး‌ေဖြကြားပေးတဲ့တွက်‌ေရာ၊ Sharingလုပ်‌ပေးတဲ့အတွက်ပါကျေးဇူးပါနော်သမီးရေ ...




With gratitude
Hazel Maung

14/09/2022

We become what we repeatedly do.

အလေ့အကျင့်ထက်ကောင်းတဲ့အရာမရှိပါ။
အင်္ဂလိပ်စာသင်ကြားလေ့ကျင့်ပေးတဲ့တဲ့တီချယ်တစ်ယောက်အနေနဲ့လဲ အတန်းထဲမှာ အလေ့အကျင့်ပျိုးထောင်ရတဲ့အဆင့်ဖြစ်တဲ့အစပိုင်းဟာ အခက်ခဲဆုံးကာလပါပဲ...

အလေ့အကျင့်ကောင်းရသွားပီဆိုရင်တော့ ကျန်တာတွေဟာ အရမ်းကြီးမခက်ခဲတော့တာဖြစ်လို့ နေ့စဉ်အလေ့အကျင့်ကောင်းတွေကို လုပ်ဆောင်နေဖို့လိုအပ်ပါတယ်

What we do determines who we can beပါ။

01/08/2022

Speakingသင်တဲ့အခါမှာ အမြဲပြောပြနေကြစကားလေးကတော့ ရိုးရိုးလေးပြောပါဆိုတာပါပဲ။

ရိုးရိုးလေးပဲပြောပါ။
တချို့သင်တန်းသားတွေရှိတတ်ကြပါတယ်...
ကိုယ်သိထားပီးသား သင်ခဲ့သမျှ grammarတွေက အသုံးမဝင်တော့ပါဘူးဆိုပြီး လုံးဝပစ်ထားပလိုက်ကြပါတယ်။

ကိုယ့် styleနဲ့ကိုယ်ပါပဲ။
ကိုယ့်ပုံစံနဲ့ကိုယ်နေပါ အဆင်ပြေပါတယ်။
Vocab ကျက်ရတာကြိုက်ရင် ကျက်ပါ။
Grammarလုပ်ရတာကြိုက်တဲ့သူဆိုလုပ်ပါ။

ဘာသာစကားတစ်ခုလေ့လာတဲ့နေရာမှာ ဖြတ်လမ်းနည်းဆိုတာမရှိပါဘူး။ တချိန်မှာလိုကိုလိုအပ်ပါတယ်။
သင်ထားသမျှတွေဟာ လုံးဝအသုံးမဝင်တာမဟုတ်ဘဲ လက်တွေ့စကားပြောတဲ့အခါနဲ့ချိတ်ဆက်နိုင်ဖို့ပဲလိုအပ်တာပါ။

အဓိကက အသံထွက်‌တော့မှန်ရပါမယ်။
လေယူလေသိမ်း စကားလုံးအထားအသိုမှန်ရပါမယ်။
ပြောစကားကပြောစကားပီသပြီး အမေးစကားကအမေးစကားပုံပေါက်နေရပါမယ်

ကိုရီးယားစကားတို့၊ ဂျပန်စကားတို့လို ကိုယ်မသိတဲ့ဘာသာစကားတစ်ခုကို လေ့လာပီဆိုရင် အသံထွက်ကနေစလေ့လာကြဖို့သိကြပါတယ်။ အင်္ဂလိပ်ဘာသာစကားကိုတော့ စာအနေနဲ့လေ့လာခဲ့ကြတော့ အသံထွက်ကနေစ‌မလေ့လာချင်ကြတော့ပါဘူး။ ရိုးရိုးလေးပြောရမှာကိုပဲ ပြောမထွက်နိုင်သေးဘဲ အဆင့်ကျော်ချင်တတ်မိကြပါတယ်။

ခက်ခက်ခဲခဲVocab‌ေတွပဲ လိုက်စု၊လိုက်ကျက်နေမယ့်အစားစာကြောင်းတည်ဆောက်ပုံ sentence structureတွေနဲ့တွဲဖက်ပြီး ကိုယ်ပြောတတ်သလို၊ ကိုယ်သိထားတဲ့စကားလုံးလေးတွေနဲ့ပဲ ရိုးရိုးလေးကနေပဲ စပြောကြည့်ကြည့်ပါ။

Fluency skill တက်ကိုတက်ပါတယ်။

Speakingမှာ Fluencyရှိတယ်ဆိုတာ ကိုယ့်စကားကိုသူများနားလည်အောင်ပြောတတ်တာပါ။
Readingမှာ fluencyရှိတယ်ဆိုတာကလဲ သူများရေးထားတဲ့ကိုယ်ဖတ်တဲ့စာကို ကိုယ်နားလည်တာကို‌ ခေါ်တာပါ။

Conversationပြောကြတယ်ဆိုတာမှာ ကိုယ့်စကားသူများနားလည်ပြီး သူ့စကားကိုယ်ဆိုလိုရင်းသဘောပေါက်ဖို့အဓိကပါပဲ
တခါတလေ ဆိုလိုရင်းမရောက်တာဟာ vocabတွေ၊ structureတွေထက် ကိုယ့်လေသံနဲ့ ပြောဆိုပုံနေရာမကျတာကြောင့်လဲဖြစ်နေတတ်ပါတယ်။

ဘယ်ဘာသာစကားမှာမဆို သူ့မှာရှိတဲ့ language cultureကိုလဲ ပစ်ပယ်လို့မရတဲ့အကြောင်းလေးကိုလဲ သတိပြုဖို့ပါပဲ။

ဒါကြောင့် Speaking စနစ်တကျလေးပြောတတ်ချင်တယ်ဆိုရင် ပြောတတ်သလိုလေးကနေ အသံထွက်မှန်မှန်ပြောတတ်အောင်စပြောကြည့်ပါ။ တဖက်ကလဲ vocabulary နဲ့ ပြောစကား sentence structureကိုတပါတည်းလေ့လာပါ။

ရိုးရိုးလေး‌ပြောတာကသာ အဆန်းဆုံးဖြစ်တတ်ကြောင်းပါ။

With gratitude
HZM

11/07/2022

Keep educating yourself.

ကိုယ်တိုင်လဲ အမြဲလေ့လာပါတယ်။
သင်ယူပါတယ်။

Teaching is a lifelong learning processပါ။
အဆက်မပြတ်လေ့လာဆည်းပူးနေမှသာ တော်ကာကျမှာပါ...

With gratitude
Hazel Maung

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Yangon