29/08/2022
Myanmar Inspiration ရဲ့ Test Center ကိုနာမည်ပြောင်းလဲဖွင့်လှစ်ထားပါတယ်။
PTE Test ကို IMCM(RITZ Test Center) မှာဖြေလို့ရနေပါပီ ။
PTE Test ဆိုတာ ဘာလဲ ?
ကျောင်းသားတော် တော် များများ က IELTs ,TOEFL , Duolingo စတဲ့ English Proficiency Test တွေနဲ့ ရင်းနှီးကျွမ်းဝင် ကြပေမဲ့ PTE ဆိုရင်တော့ သိပ်မသိကြတာ များပါတယ် ။
PTE ရဲ့ အရှည်က Pearson Language Tests ဖြစ်ပြီး အခြား English Proficiency Test တွေလိုပဲ ကျောင်းလျှောက်ဖို့ အလုပ်လျှောက်ဖို့ နဲ့ immigration အတွက် အသုံးဝင်ပါတယ် ။
PTE test အမျိုးအစား ၃ ခုရှိပါတယ်။
- PTE Academic Test
- PTE General
- PTE Young Learners
America မှ develop လုပ်ထားတဲ့ Test ဖြစ်ပေမဲ့ PTE Academic Test ကို UK , Australia , Canada , Singapore အပြင် အခြား နိုင်ငံတကာ က တက္ကသိုလ် ၊ ကျောင်းများက လက်ခံပေးပါတယ် ကိုယ်တက်ချင်တဲ့ကျောင်းက PTE လက်ခံ /မခံ confirm ထားဖို့တော့ လိုပါမယ် ။
PTE Academic Test ကို တစ်နှစ်ပတ်လုံး ကျောင်းသားအတွက် အဆင်ပြေတဲ့ အချိန်မှာ ဖြေဆိုလို့ ရပါတယ် ။
Computer based ဖြစ်လို့ result ကို ဖြေဆိုပြီး 48 hrs အတွင်းမှာ ရပါတယ် IELTs လိုပဲ result က 2 နှစ် အထိ valid ဖြစ်ပါတယ်။
Contact us for more info
Mon- Fri (9:00 am to 5:00pm) အတွင်း 01-652321/652316 ကို မေးမြန်းစုံစမ်းနိုင်ပါတယ်။