IABCP

IABCP

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from IABCP, Education, Pyay Road, Yangon.

21/04/2020

🔺လက်ရှိ ချစ်သူ(or)ကြင်ယာဖက်နဲ့ အတူတူ ဘဝကိုဖြတ်သန်းရတာ အဓိပ္ပါယ်မရှိသလို ခံစားရတယ်။
🔸ပတ်ဝန်းကျင်မှာ ဒီလို Case တွေ ကြားဖူးပါသလား?

😔သူနဲ့တာ အတူဆက်သွားနေရင် ပိုပင်ပန်းနေသလိုပဲ၊ ဘဝက ပိုပြီးမရေရာသလို ဖြစ်လာတယ်။
ဆက်ပြီးတွဲရမလား? လွှတ်ချလိုက်ရတော့မလား?

🔹ဒီအကြောင်းရာနဲ့ ပတ်သတ်ပြီး ညီမတစ်ယောက် လာပြီး Coaching ယူဖြစ်တယ်။

▪️ 1 Session အပြီးမှာပဲ.. ဘယ်လမ်းကြောင်းကို အကောင်းဆုံးရွေးချင်လဲဆိုတာ ကိုယ်ကိုတိုင်အကောင်းဆုံးသိလိုက်တယ်။

နောက်ထပ် Sessions တွေမှာ Relationship အပြင် Personal Development အတွက်ပါ လုပ်ချင်တယ် ဆိုပြီး ဆွေးနွေးသွားဖြစ်တယ်။

Professional Coach
Aung Htet Khant




10/04/2020

♟တစ်ကယ်ချစ်တတ်ပြီလား?
လူ ဘယ်နှစ်ယောက်ကို များများ ပြောင်းပြီးချစ်တာကို တကယ်ချစ်တတ်တယ်လို့ ဆိုလို့မရဘူး။ -တစ်ယောက်တည်းကိုပဲ စွဲစွဲမြဲမြဲ ဘယ်လောက်ကြာကြာချစ်နိုင်လဲဆိုတာက အရေးကြီးတယ်။
————————————————————————————
🔹စင်္ကာပူက ညီမလေးတစ်ယောက် Relationship မှာ အသည်းခွဲတာ ခံစားနေရလို့ Coaching လုပ်ပေးဖြစ်တယ်။

ချစ်တယ်လို့ပြောပြောပြီး၊ တကယ် အရေးအကြောင်းကြုံတဲ့ခါကြ မရှိတော့ရင် ပိုပြီးခံစားရတတ်ပါတယ်။

Coaching က ရလာတဲ့ Daily Assignment တွေတော့လုပ်နေပြီ။

လေးစားစွာဖြင့်
ကိုအောင်ထက်ခန့်
Result Coach
One Month Result Coach

06/04/2020

🔹Coaching ဆိုတာ ကိုယ့်ထဲမှာ ရှိနေတဲ့ အကောင်းဆုံးအလားလာကို Coach တစ်ယောက်နဲ့ တိုင်ပင်ဆွေးနွေးပြီး ဖွင့်ထုတ်ခြင်းပဲ။
🔹ကိုယ့်ရဲ့ အကောင်းဆုံး အလားလာကို ကိုယ်ကိုတိုင်တကယ် လုပ်နေပြီလား?


04/04/2020

☝️“One Month Results Coaching”
🔺 “1ရက်ကို ၁၁ယောက် နူန်းရှိတယ်”

🔹ဒီရက်ပိုင်း Online Coaching တွေ အများကြီး Messenger ကနေဆက်သွယ်ပြီးမေးလာကြတယ်၊ တစ်ရက်ကို ၁၁ယောက်နူန်းလောက်ရှိတယ်။
🔹80% လောက်က Referral တွေကြောင့်ရောက်လာ ကြတာ။
🔹 Relationship Coaching ဆိုတာ ပျက်ခါနီး၊ ကွာခါနီးမှ ယူရတာပဲ မဟုတ်ဘူး၊ ချစ်နေရင်းနဲ့ ပိုကောင်းတဲ့ RS တွေဖြစ်အောင် Coaching ယူဖြစ်တာတွေ တွေ့တွေ့နေရတော့ တကယ်ပျော်မိတယ်။
🔹 အများကြီး ပိုချစ်နိုင်ကြပါစေ။
—————————————————————————————
🔺Client: Male (34)

🔺Case: အိမ်ထောင်ရေးအခက်ခဲ ( လာရောက်ပတ်သတ်နေသူ ရှိနေတဲ့အပေါ်)

🔺Effect: စိတ်ရှုပ်ထွေး၊ စိတ်ဓာတ်ကျ၊ လုပ်ငန်းထိခိုက်၊ ဘာဆက်လုပ်ရမှန်းမသိ...

🔺After Coaching 1 Session
Benefit: အရမ်းဝမ်းသာ၊ ဘယ်လမ်းလိုက်ရမလဲ တိတိကျကျဆုံးဖြတ်နိုင်၊ ပတ်သတ်နေသည့်သူ အပေါ် ဘယ်လို အကောင်းဆုံးတုန်ပြန်မလဲဆိုတာကို သိလာ။

Results Coach
Aung Htet Khant

01/04/2020

Results Coaching ဆိုတာ ဘာလဲ ?

🔷“Facts”
ကိုယ်ပိုင်အရည်အချင်းနဲ့ အောင်မြင်ကြတဲ့သူတွေဆီက အမြဲတမ်းကြားရတဲ့ စကားတစ်ခုရှိတယ် “ဘဝမှာအမြန်ဆုံး အောင်မြင်ချင်တယ်ဆိုရင် Coach ကောင်းတစ်ယောက်၊ Role Model ကောင်းတစ်ယောက်ရှာပါ”ဆိုတာပါပဲ။
ကိုယ်ကိုတိုင်လည်း ဒီစကားကို ကြားဖူးမယ်ထင်ပါတယ်။

ကမ္ဘာကျော် Television Producer အမျိုးသမီး Oprah Winfrey ဆီမှာ Coach ကောင်းကောင်းရှိတယ်၊ တိုက်တန်းနစ် ရုပ်ရှင်မင်းသားကြီး Leonardo DiCaprio မှာလည်း Coach ကောင်းကောင်းရှိတယ်၊ နောက်ဆုံး ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် Bill Gates နဲ့ Apple ရဲ့ဖန်တီးသူ Steve Jobs ကိုယ်တိုင်မှာတောင် Coachတွေ ရှိကြပါတယ်။ မကြာသေးခင်ကလည်း Steve Jobs ရဲ့ Coach ဖြစ်သူက မြန်မာပြည်ကို လာရောက်ပြီး ဟောပြောမှုပြုလုပ်သွားတာ အားလုံးသတင်းကြားလိုက်ကြမှာပါ။ လက်ရှိမြန်မာပြည်မှာလည်း Coaching Culture ဟာ အောင်မြင်ချင်တဲ့လူမှုအသိုင်းအဝန်းးနဲ့ လုပ်ငန်းရှင်တွေ ကြားမှာ အလွန်ပဲရေပန်းစားလို့လာခဲ့ပါပြီ။

လူတွေ တော်တော်များများက ဒီအရာတွေကိုကြားဖူးကြပါတယ်၊ သို့သော် သူတို့ကိုယ်တိုင်မှာတော့ ဘဝအတွက် Coachတွေ ရှိမနေကြဘူး။ “ငါတစ်ယောက်တည်းလုပ်နိုင်ပါတယ်၊ ကိုယ့်ဘာသာကိုယ်လုပ်လည်း ရတာပဲ၊ အချိန်တန်ရင် ဖြစ်သွားလိမ့်မယ်” ဆိုတဲ့ ဆင်ခြေတွေနဲ့ ပဲ ကျေနပ်နေကြပါတယ်။ တကယ်တော့ ဒီအတွေးကပဲ သူတို့ကို ကျရှုံးမှုသံသရာ ဝဲဂယက်ထဲမှာ ပြန်ပြီး ပိတ်လှောင်မိစေတာပါ။
—————————————————
🔷”Think”
စဉ်းစားတာငွေမကုန်ပါဘူး ဒါကြောင့် - ကျွန်တော်တို့ စဉ်းစားကြည့်ရအောင်..
ကိုယ်စိတ်ဓာတ်ကျနေတဲ့အချိန်၊ ကြိုးစားနေရင်းနဲ့လမ်းပျောက်လာတဲ့အချိန်၊ သတိလက်လွတ်နဲ့ သာမာန် ရှင်သန်ရုံ ဘဝထဲမှာပဲနစ်မွန်းနေတဲ့အချိန်၊ ဘယ်အရာကိုရွေးချယ်ရမလဲ ဆုံဖြတ်ဖို့ခက်နေတဲ့အချိန်၊ ကိုယ့်ဝါသနာ၊ အားသာချက်၊ အလားအလာတွေကို ဘယ်လိုအကောင်းဆုံး အသုံးချရမလဲမသိဖြစ်နေတဲ့ အချိန်တွေမှာဆိုရင် ဘာလုပ်မလဲ? ဘယ်သူက ကိုယ့်အတွက် စေနာထားပြီး စနစ်တကျ အကောင်းဆုံးကူညီပေးနိုင်မလဲ?

ဒီလိုအခြေအနေဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရလို့ ကိုယ့်မှာရောအချိန်တွေဘယ်လောက်တောင်ကုန်ဆုံးပြီးပြီလဲ? ငွေကြေးတွေရော ဘယ်လောက်ဆုံးရှုံးပြီးပြီလဲ? အသေအချာ အချိန်ယူပြီး စဉ်းစားကြည့်ပါ။

နောက်ဆုံး Coach တွေကိုယ်တိုင်မှာတောင် Coach တွေ ပြန်ပြီးလိုအပ်ပါတယ်။ ကိုယ်မမြင်သေးတဲ့ ကိုယ့်ရဲ့အစွမ်းအစတွေနဲ့ ကိုယ်ရဲ့အလားအလာတွေကို အကောင်းဆုံး အချိန်ပေးပြီး ရှာဖွေနိုင်ဖို့ Coach ကောင်း တစ်ယောက် ရှိနေရခြင်းဖြစ်ပါတယ်။
—————————————————
🔷“PURPOSE”
“Result Coaching “ ရဲ့အဓိက ရည်ရွယ်ချက်က လူတွေမှာ ကိုယ်လိုချင်တဲ့ ဘဝအတိုင်း စနစ်တကျ ဒီဇိုင်းဆွဲပြီး အလေ့အကျင့်ကောင်းနဲ့ နေနိုင်တဲ့သူတွေ ဖြစ်လာအောင် ကူညီပေးကာ ကောင်းမွန်တဲ့ ယဉ်ကျေးမှုတစ်ခု တည်ဆောက်ပေးဖို့ ဖြစ်ပါတယ်။ ကိုယ်နဲ့အတူ ကိုယ်ပတ်ဝန်းကျင်မှာလည်း Coaching ရဲ့အနှစ်သာရကို မှန်ကန်အကျိုးရှိအောင်အသုံးချနိုင်ပြီး Coaching Community ကောင်းတစ်ခု မြန်မာနိုင်ငံမှာဖန်တီးနိုင်ဖို့ပဲဖြစ်ပါတယ်။
—————————————————
🔷“ What ? ”
“One Month Results Coaching” ဆိုတာကတော့ လူတစ်ယောက်အနေနဲ့ သူလိုချင်တဲ့ဘဝကို ဒီဇိုင်းဆွဲနိုင်ဖို့ တစ်လ(28days) အချိန်ယူရပါမယ်။
အာလုံးသိတဲ့အတိုင်း အလေ့အကျင့် ကောင်းတစ်ခုကိုမွေးဖို့ အတွက်ဆိုရင် အနဲဆုံး အချိန် (၂၁)ရက် လိုအပ်ပါတယ်။ ကျန် (၇) ရက်က ကိုယ်လိုချင်တဲ့ Results တွေပေါ်မှာ ဖြည့်ဆည်းရမယ့် ဗဟုသုတတွေ၊ နည်းလမ်းကောင်းတွေ ကိုလေ့လာဖို့အတွက်ပဲဖြစ်ပါတယ်။

🔷 “How”
ဒီ One Month Results Coaching မှာ International Certified Coach နှစ်ဦးဖြစ်တဲ့ ကျွန်တော်တို့နဲ့ အတူ (၂၈) ရက်စလုံး အတူရှိနေပြီး အောင်မြင်ပျော်ရွှင်တဲ့ ဘဝတစ်ခုတည်ဆောက်နိုင်ဖို့အတွက် ဒီဇိုင်းအတူတူရေးဆွဲကြမှာ ဖြစ်ပါတယ်။

🔹လူချင်းတွေ့ပြီး 1-on-1 Coaching
(Or)
🔹Online Coaching
(Or)
🔹Group Coaching အတွက်

အသေးစိတ်သိချင်ရင်တော့ ဒီ Page ရဲ့ Messenger နဲ့
0997733 9292, 0997609 7994 တို့ကို အခုပဲ ဆက်သွယ်နိုင်ပါတယ်ဗျာ။

နွေးထွေးစွာဖြင့်
TEAM Results Coach

Photos 19/01/2017
Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Pyay Road
Yangon
1181

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00