Baby Shark Preschool and Learning Center

Baby Shark Preschool and Learning Center

Share

You create the world.

Photos from Baby Shark Preschool and Learning Center 's post 29/07/2024

ကားဘီးလေးလို ရွေ့ကြတယ်။
ခွက်ကလေးတွေညှပ်ပြီး မျဉ်းကိုကျော်ကြတယ်။
အုတ်ခဲ‌တွေပေါ်ကနေ ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင်ထိန်းရင်း‌ ရေဘူးတွေ ကန်ထုတ်ကြတယ် ။
ဘောလုံးလေးတွေကို ခြေထောက်နဲ့‌ဖြုတ်ကြတယ် ။

ဒါတွေက ကလေးတွေရဲ့ ခန္ဓာကိုယ်က ကြွက်သားကြီးတွေ သန်မာစေဖို့နဲ့ စိတ်ကျန်းမာပျော်ရွှင်စေဖို့ ပြီးတော့ ကလေးတို့ပျော်ရွှင်ရတဲ့နေရာလေးဖြစ်စေဖို့ လုပ်ဖြစ်ခဲ့ကြ‌တဲ့ activities လေးတွေပါ ။

#‌လွတ်လပ်ပေါ့ပါးစေတဲ့ဝန်းကျင်ပျော်ရွှင်ရတဲ့နေရာ #မိဘခွင့်ပြုချက်ဖြင့်ကလေးတို့ပုံများကိုသိမ်းပါသည်

Photos from Baby Shark Preschool and Learning Center 's post 24/07/2024

အခုရက်ပိုင်းတွေမှာ မိုးတအေးအေးဖြစ်နေတာမို့ ကလေးတွေကို အထဲမှာပဲ ပျော်ရွှင်စွာ ဆော့ကစားလို့ရမယ့် indoor activities တွေပဲလုပ်ပေးဖြစ်ပါတယ်။

ကလေးဖွံ့ဖြိုးရေးမှာ မဖြစ်မနေလိုအပ်တဲ့

🫱 Fine n Gross motor skills
🫱 Hand _ Eye coordination
🫱 Concentration activities
🫱 Brain Gym exercises

စတာလေးတွေကို ကစားရင်းနဲ့ ပျော်ရွှင်စွာ ပြုလုပ်ခဲ့ကြပါတယ်။

#‌လွတ်လပ်ပေါ့ပါးစေတဲ့ဝန်းကျင်ပျော်ရွှင်ရတဲ့နေရာ
#မိဘခွင့်ပြုချက်ဖြင့်ကလေးတို့ပုံများကိုသိမ်းပါသည်

Photos from Baby Shark Preschool and Learning Center 's post 17/07/2024

ကလေးတို့ ဘာတွေလုပ်နေကြတယ် ထင်လဲ ??

သေချာတာကတော့ အိမ်မှာထက် ပိုပြီးစိတ်ဝင်စားစရာတွေ ရှိတယ်ဆို အဲ့ဒီနေရာကို သူတို့ အမြဲသွားချင်နေမှာပါပဲ။

#‌လွတ်လပ်ပေါ့ပါးစေတဲ့ဝန်းကျင်ပျော်ရွှင်ရတဲ့နေရာ

#မိဘခွင့်ပြုချက်ဖြင့်ကလေးတို့ပုံများကိုသိမ်းပါသည်

16/07/2024

💦 Candle and water Science experiment 💦

အသေးစား သိပ္ပံစမ်းသပ်ချက်လေးတွေ လုပ်ပေးခြင်းဟာ ကလေးတွေရဲ့ သိလိုစိတ်၊ စူးစမ်းလိုစိတ်တွေကို ပျိုးထောင်ပေးတာပါပဲ။


#‌လွတ်လပ်ပေါ့ပါးစေတဲ့ဝန်းကျင်ပျော်ရွှင်ရတဲ့နေရာ #မိဘခွင့်ပြုချက်ဖြင့်ကလေးတို့ပုံများကိုသိမ်းပါသည်

Photos from Baby Shark Preschool and Learning Center 's post 15/07/2024

ကျောင်းပြန်ဖွင့်တဲ့ တနင်္လာနေ့လေးမှာ ကလေးတွေအတွက် Candle and water Science experiment လေးလုပ်ပေးဖြစ်ခဲ့ပါတယ် ။ သိပ္ပံစမ်းသပ်ချက်တွေလုပ်တိုင်း ကလေးတွေဆီက ကြားရတာက ဟာ ...ဘယ်လိုဖြစ်တာလဲ ဆိုတာပါ။ ကျမတို့ လိုချင်တာလည်း အဲ့ဒါပါပဲ ။ ကျမတို့က ဘာကြောင့် ဘယ်လိုဖြစ်သွားတယ်ဆိုတာကို ပြောပြပေမယ့် သူတို့အသက်အရွယ်အရ သိချင်မှသိပြီး၊ မှတ်မိချင်မှ မှတ်မိမှာပါ။ တကယ်တော့ ‌အသေးစား သိပ္ပံစမ်းသပ်ချက်လေးတွေ လုပ်ပေးခြင်းက သူတို့လေးတွေရဲ့ သိလိုစိတ်၊ စူးစမ်းလိုစိတ်တွေကို ပျိုးထောင်ပေးဖို့ ရည်ရွယ်ချက်ကြောင့်ပါ ။

ပြီးတော့ ဒီနေ့မှာပဲ ပါးစောင်မှာရှိတဲ့ကြွက်သားတွေသန်မာစေဖို့ Blowing activities လေးတွေနဲ့ တခြားပျော်စရာ activities လေးတွေလည်း လုပ်ခဲ့ပါသေးတယ် ။


#‌လွတ်လပ်ပေါ့ပါးစေတဲ့ဝန်းကျင်ပျော်ရွှင်ရတဲ့နေရာ #မိဘခွင့်ပြုချက်ဖြင့်ကလေးတို့ပုံများကိုသိမ်းပါသည်

Photos from Baby Shark Preschool and Learning Center 's post 13/07/2024

ပြီးခဲ့တဲ့ရက်တွေမှာတော့ မိုးရွာရတဲ့အကြောင်းကို (ရေသံသရာလည်းပုံ) သိစေချင်တာကြောင့် seasonal craft လေးလုပ်ပြီးပြောပြပေးခဲ့သလို တိမ်တွေကနေ မိုးရေစက်တွေကျလာပုံကိုလည်း သူတို့ကိုယ်တိုင်လက်တွေ့လုပ်ကြည့်စေခဲ့ပါတယ်။

#‌လွတ်လပ်ပေါ့ပါးစေတဲ့ဝန်းကျင်ပျော်ရွှင်ရတဲ့နေရာ #မိဘခွင့်ပြုချက်ဖြင့်ကလေးတို့ပုံများကိုသိမ်းပါသည်

Photos from Baby Shark Preschool and Learning Center 's post 30/06/2024

ဒီတစ်ပတ်မှာတော့ Brain development activities လေးတွေကို mathematical intelligence activities လေးတွေနဲ့ ယှဉ်တွဲ လေ့ကျင့်ပေးခဲ့ပါတယ် ။ ဒါတောင် အသက်အရွယ် လပိုင်းလောက်ကွာခြားမှုအရ သူတို့ရဲ့လုပ်နိုင်စွမ်းတွေ၊သင်ယူနိုင်စွမ်းတွေက မတူတာမို့ သူတို့အရွယ်နဲ့ညီမျှမယ့် activities တွေကို နည်းနည်းချင်း၊ ဖြည်းဖြည်းချင်း သင်ကြားလေ့ကျင့်ပေးသင့်ပါတယ်။

#‌လွတ်လပ်ပေါ့ပါးစေတဲ့ဝန်းကျင်ပျော်ရွှင်ရတဲ့နေရာ #မိဘခွင့်ပြုချက်ဖြင့်ကလေးတို့ပုံများကိုသိမ်းပါသည်

Photos from Baby Shark Preschool and Learning Center 's post 25/06/2024

ရာသီနဲ့ ကွက်တိကျပြီး လက်တွေ့လည်း ပြလို့ရတဲ့အခြေအနေလေးတွေရှိတာကြောင့် ဒီရက်သတ္တပတ်တွေအတွင်း "Frog Life Cycle" လေးကို ကလေးတို့နဲ့အတူတူလေ့လာကြပါတယ်။

ကျောင်းအပြင် ရေစည်ပိုင်းထဲမှာ ဖားဥတွေ တွေ့ကြတယ်။ နောက် ဖားသားလောင်းလေးတွေကို တွေ့တယ်၊ ဖမ်းကြည့်ကြ (ပြီးတော့ပြန်လွှတ်ပေးပါတယ်)ရင်း ဖားလေးတွေ နေထိုင်ရာနေရာအကြောင်း၊ ဖားလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးလာပုံအဆင့်ဆင့် ( Frog life cycle ) ကို လက်တွေ့ရော၊ ပုံနဲ့ရော၊ vedio နဲ့ပါပြသရင်း ဖားလေးတွေအကြောင်း လေ့လာခဲ့ကြပါတယ်။

တစ်ရက်ပြီးတစ်ရက် အပြောင်းအလဲလေးတွေကို စောင့်ကြည့်ရတာ ကလေးတို့အတွက်တော့
ရင်ခုန် စိတ်လှုပ်ရှားစရာပေါ့။

#‌လွတ်လပ်ပေါ့ပါးစေတဲ့ဝန်းကျင်ပျော်ရွှင်ရတဲ့နေရာ
#မိဘခွင့်ပြုချက်ဖြင့်ကလေးတို့ပုံများကိုသိမ်းပါသည်

Photos from Baby Shark Preschool and Learning Center 's post 19/06/2024

စမ်းသပ်မှု ဆိုသည့် စကားလုံးများက များသောအားဖြင့် ကျမတို့ မြန်မာကလေးများနှင့် အလှမ်းဝေးနေလေ့ရှိသည်။

ခေတ်ဟောင်း ပညာရေးပုံစံများ၊ ပုံစံခွက်စာသင်ခန်းများနှင့် မိရိုးဖလာ အုပ်ထိန်းမှုပုံစံများကြောင့်ဟု ဆိုရပေမည်။ ယခု နောက်ပိုင်းတော့ IS ကျောင်းတက်နိုင်သော ကလေးများက Project များ လုပ်ခွင့်ရလာသည်၊ Experiment များကို လေ့လာစူးစမ်းခွင့်ရလာသည်။ Preschool ကျောင်းအချို့လည်း လုပ်ပိုင်ခွင့်ရသလောက် လုပ်နိုင်ခွင့်ရှိသလောက်တော့ လုပ်ပေးကြတာမျိုးတွေ့ရပါသည်။

တကယ်တော့ ကလေးများ၏ ပင်ကိုသဘာဝကိုယ်၌က အရာရာကိုသိလိုစိတ်၊ စူးစမ်း‌လေ့လာလိုစိတ် ရှိပြီးဖြစ်ပါသည်။ ကလေးငယ်များကို ရှိပြီး အကြောင်းအရာ သဘောတရားများအား နားလည်မှုရှိစေရန်၊ စိတ်လှုပ်ရှား ပျော်ရွှင်စေရန်နှင့် စမ်းသပ်လုပ်ကိုင်လိုစိတ်များ ဖွံ့ဖြိုးလာစေရန်အတွက်
၎င်းတို့အရွယ်နှင့် ကိုက်ညီမည့် သိပ္ပံစမ်းသပ်ချက်များကို မိတ်ဆက်ပေးသင့်ပါသည်။

လေ့လာစူးစမ်းမှုများ၊ စမ်းသပ်ချက်များနှင့် ထိတွေ့နေရသော မစိမ်းသော ကလေးတစ်ဦးအဖို့ ကြီးပြင်းလာသည့်အခါတွင်လည်း အသစ်သစ်သော လေ့လာစူးစမ်းမှုများကို လုပ်ကိုင်ဆောင်ရွက်လိုစိတ် ရှိနေနိုင်မည် ဖြစ်သည်။

တီထွင်ပညာရှင်များ မြန်မာနိုင်ငံမှာလည်း အများအပြားပေါ်ထွန်းစေချင်မိပါသည်။

ဒီနေ့ Baby Shark မှာ baking soda နှင့် ရှာလကာရည်တို့ ဓာတ်ပြုရာမှကာဗွန်ဒိုင်အောက်ဆိုဒ်အမြှုပ်များ ထွက်လာသည့် သိပ္ပံစမ်းသပ်ချက်ကို ကလေးတို့ကိုယ်တိုင် ပြုလုပ်စေရင်း ထိတွေ့သင်ယူမှု ဖြစ်စေခဲ့ပါတယ်။

#‌လွတ်လပ်ပေါ့ပါးစေတဲ့ဝန်းကျင်ပျော်ရွှင်ရတဲ့နေရာ

#မိဘခွင့်ပြုချက်ဖြင့်ကလေးတို့ပုံများကိုသိမ်းပါသည်

Photos from Baby Shark Preschool and Learning Center 's post 14/06/2024

Risky Play

စွန့်စားခြင်းဟာ ရင်းနှီးမြှုပ်နှံမှုတစ်ခုပါပဲ။ လူ‌သားတွေဟာ အန္တရာယ်ရှိမှန်းသိရက်နဲ့ အဲ့ဒီအန္တရာယ်ရဲ့နောက်ကွယ်က အသီးအပွင့်ကို ခံစားလိုတာကြောင့် စူးစမ်းကြတယ်၊ စွန့်စားကြတယ်။ က‌လေးတွေမှာလည်း အဲ့ဒီလိုစိတ်ဟာ အပြည့်အဝရှိပါတယ်။ သူတို့အနေနဲ့ကျတော့ အန္တရာယ်နောက်ကွယ်က အောင်မြင်ခြင်း၊ ကျရှုံးခြင်းဆိုတာထက် သူတို့မလုပ်ဘူး၊ မကိုင်ဘူးတဲ့အရာတွေကို စူးစမ်းချင် စမ်းသပ်ချင်ကြတာမျိုးပါ။

အဲ့လိုအခါမျိုးမှာ ပုံမှန်အားဖြင့် ကျမတို့လူကြီးတွေက ကိုယ့်ကလေးထိခိုက်မှာစိုးတဲ့စိတ်နဲ့ သူတို့ရဲ့စူးစမ်းချင်စိတ်ကို တားမြစ်လေ့ရှိကြပါတယ်။ ကလေးရဲ့စူးစမ်းချင်စိတ် တအားထက်သန်နေပြီဆိုရင်တော့ သူတို့ကို တားမြစ်တာထက် လူကြီးတွေအနေနဲ့ ဖြစ်လာနိုင်မယ့် အကျိုးအပြစ်ကို ကြိုတင်တွေးဆပြင်ဆင်ပြီး သူတို့ရဲ့စမ်းသပ်စူးစမ်းချင်စိတ်ကို ပံ့ပိုးပေးတာက အကောင်းဆုံးပါပဲ။

Risky play ကစားခြင်းဟာ ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေး-စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အပါအဝင် အမျိုးမျိုးသောအကျိုးကျေးဇူးများကို ရရှိစေပါတယ်။ သူတို့ကိုယ်သူတို့ယုံကြည်မှုလည်း တိုးလာစေနိုင်ပါတယ်ရှင်။

#‌လွတ်လပ်ပေါ့ပါးစေတဲ့ဝန်းကျင်ပျော်ရွှင်ရတဲ့နေရာ

Photos from Baby Shark Preschool and Learning Center 's post 13/06/2024

ပြောင်းလဲလာတဲ့ ပညာခေတ်မှာ ကလေးတွေကို စာသင်ခန်းထဲမှာထက်
သဘာဝမှာ ပညာသင်၊ ပတ်ဝန်းကျင်မှာ ပညာသင်၊ လုပ်ငန်းခွင်မှာ ပညာသင် ဆိုတဲ့ ပုံစံကို ခေတ်မီကမ္ဘာ့နိုင်ငံ‌တွေ လုပ်ဆောင်နေခဲ့တာကြာပါပြီ။

ပညာ‌ရေးကမ္ဘာ့နံပတ်တစ် ဖင်လန်နိုင်ငံရဲ့ ပညာရေးဆိုင်ရာလုပ်နည်းလုပ်ဟန်တွေမှာ အဲ့ဒီပုံစံကို အထူးကျင့်သုံးကြပါတယ်။

သင်ပေးနေတာထက် သင်ယူလေ့လာခွင့်ပေးတာ၊ ထိန်းချုပ်ပြီး လုပ်ခိုင်းတာထက် စူးစမ်းချင်စိတ်ကိုနှိုးဆွပေးလှုံ့ဆော်ပေးတာ၊ မလုပ်နိုင်တာကို ဆူပူနေတာထက် အနီးကပ်စောင့်ကြည့်ပြီး လမ်းညွှန်ပေးတာ မျိုးတွေက ကလေးတစ်ဦးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိုပြီးပြည့်ဝစေပါတယ်။

Baby Shark မှာလည်း တပြေးညီ Lesson plan တွေကို စာသင်ခန်းထဲမှာ ထိုင်သင်နေတာထက် သဘာဝမှာ၊ ပတ်ဝန်းကျင်မှာ သင်ယူမှုပြုတာကို ပိုဦးစားပေးကျင့်သုံး ဖြစ်ပါတယ်။

#‌လွတ်လပ်ပေါ့ပါးစေတဲ့ဝန်းကျင်ပျော်ရွှင်ရတဲ့နေရာ

Photos from Baby Shark Preschool and Learning Center 's post 08/06/2024

ကျောင်း ဆိုတာ ကလေးတွေအတွက် စိတ်လှုပ်ရှားပျော်ရွှင်စေတဲ့နေရာ ဖြစ်ဖို့လိုပါတယ်။ နေ့တိုင်း နေ့တိုင်း သူတို့အတွက် စူးစမ်းစရာတွေ ပြည့်နေမယ်၊ ပျော်ကြရတယ်ဆို သူတို့ ကျောင်းလာချင်တာပါပဲ။

ဒီတစ်ပတ်လုံး ကလေးတို့ စိတ်လှုပ်ရှား ပျော်ရွှင်စွာနဲ့ ဖွံ့ဖြိုးတိုးတက်စေဖို့ _

✨ အပူကြောင့်လေရဲ့ထုထည်ပွလာခြင်း (Expansion of air due to heat) ဆိုတဲ့ အသေးစားသိပ္ပံစမ်းသပ်ချက်လေး လုပ်ခဲ့တာ

✨ Hand and eye coordination နဲ့ Concentration ကောင်းမွန်စေဖို့၊ လက်ချောင်းလေးတွေ သန်မာစေဖို့ သစ်ရွက်လေးတွေ၊ ခရေပန်းလေးတွေသီပြီး Nature threading လုပ်တာ line tracing လုပ်တာ

✨ ရာသီဥတုအပြောင်းအလဲပေါ်မူတည်ပြီး ကွဲပြားတဲ့ဝတ်စားဆင်ယင်မှုနဲ့အ‌ခြေအနေတွေကို သတိထားမိအောင်လို့ Seasonal Chart လေးလုပ်တာ

✨ ကျောင်းရှေ့ ကျောက်စည်ပိုင်းထဲက ဖားဥတွေနဲ့ ဖားကလေးတွေအကြောင်း လေ့လာတာ

✨ UNICEF က ကလေးတို့အတွက်သီးသန့်ထုတ်ဝေတဲ့ Story book ‌တွေ အတူတူဖတ်ကြတာနဲ့

အခြားကိုယ်လက်လှုပ်ရှား ကစားကြရတဲ့ activities တွေကို ပျော်ရွှင်စွာ လုပ်ဆောင်ခဲ့ကြ၊ လေ့လာစူးစမ်းခဲ့ကြပါတယ်။‌


#‌လွတ်လပ်ပေါ့ပါးစေတဲ့ဝန်းကျင်ပျော်ရွှင်ရတဲ့နေရာ

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


No. 249, Wah Shaung Street
Yangon
11211