22/04/2026
MEXT Scholarship လျှောက်ဖို့ ပြင်ဆင်နေကြတဲ့ ကျောင်းသား/သူ တွေအတွက် Application စဖွင့်နေပါပြီ…. May 13 2026 Deadline ပါ…
CALL FOR APPLICATIONS! JAPANESE GOVERNMENT SCHOLARSHIP FOR 2027
The Government of Japan offers MEXT scholarship program, which is a governmental full scholarship program, to international students who wish to study in Japan. It covers tuition fee, monthly stipend and round-trip ticket from Myanmar to Japan. The Embassy of Japan is pleased to announce that applications for the MEXT Scholarship 2027 intake are open until 13 May.
There are four types of the program, including research students program, undergraduate students program, college of technology students program and specialized training college students program. Please check the following website for the guidelines and application forms and related documents of each program.
(Research Students Program/Graduate Level)
https://www.studyinjapan.go.jp/en/smap-stopj-applications-research.html
(Undergraduate)
https://www.studyinjapan.go.jp/en/smap-stopj-applications-undergraduate.html
(College of Technology)
https://www.studyinjapan.go.jp/en/smap-stopj-applications-technology.html
(Specialized Training College)
https://www.studyinjapan.go.jp/en/smap-stopj-applications-specialized.html
All applicants are required to submit the necessary documents to Myanmar Association of Japan Alumni (MAJA) and take the first screening conducted by it. For more details including recruiting process, please check MAJA’s Homepage and Facebook.
[Home Page]
http://www.ascoja-maja.org.mm/
[Facebook]
https://www.facebook.com/MyanmarAssociationOfJapanAlumniMAJA
MAJA Head Office (Yangon)
Address: 2B (4), Snow Garden Housing, Thumingalar Road, Hnin Si Gone (Ka) Ward, Thingangyun Township, Yangon.
Phone number: 09-428612151, 09-262602121
Email: [email protected]
20/04/2026
🌟 Celebrating Success and Dedication! 🌟
MPR မှ ကျောင်းသားတစ်ဦးသည် ဂျပန်နိုင်ငံရှိ Tokyo International University (TIU) ၏ Digital Business & Innovation (DBI) Program သို့ အောင်မြင်စွာ ဝင်ခွင့်ရရှိခဲ့ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ မျှဝေအပ်ပါသည်။ 🎓
ဤအောင်မြင်မှုသည် ပညာရေးဆိုင်ရာ ပြင်ဆင်မှုကောင်းမွန်မှုနှင့်အတူ ရည်မှန်းချက်တိကျခိုင်မာမှု၊ မလျော့မပေါ့ ကြိုးစားအားထုတ်မှုတို့၏ အထူးတန်ဖိုးရှိသော အကျိုးရလဒ်တစ်ခုဖြစ်ပါသည်။
ခက်ခဲသော ပြင်ဆင်မှုကာလများကို ကျော်လွှားနိုင်ခဲ့ပြီး မိမိ၏ ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်စွာ လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့သည့်အတွက် အထူးဂုဏ်ယူပါသည်။ ဤမှတ်တိုင်သည် သင့်အတွက်သာမက အနာဂတ်တွင် ဆက်လက်လှမ်းလျှောက်မည့် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းလမ်းကြောင်းများအတွက် အရေးပါသော အခြေခံတည်ဆောက်မှုတစ်ခုလည်း ဖြစ်ပါသည်။
ထို့အပြင် ယခုအောင်မြင်မှုသည် အခြားကျောင်းသားများအတွက်လည်း အားကျအတုယူဖွယ် စံနမူနာတစ်ခုအဖြစ် တန်ဖိုးရှိပါသည်။
ရှေ့ဆက်သွားမည့် ဂျပန်နိုင်ငံမှ ပညာရေးခရီးလမ်းတွင် အောင်မြင်မှုအသစ်များနှင့် အတွေ့အကြုံမြင့်မားသော သင်ယူမှုများ ဆက်လက်ရရှိပါစေကြောင်း MPR မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ✨
12/04/2026
🌟 Another Proud Milestone Achievement! 🌟
ဂျပန်နိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သော Doshisha University တွင် Global MBA (Master’s Program) အဖြစ် တက်ရောက်ပညာသင်ကြားခွင့် ရရှိခဲ့သော MPR ကျောင်းသူ အား အထူးဝမ်းမြောက်ဂုဏ်ယူစွာဖြင့် မျှဝေလိုက်ပါသည်။ 🇯🇵🎓
Global MBA ပရိုဂရမ်သည် ကမ္ဘာတစ်ဝှမ်းမှ အရည်အချင်းပြည့်ဝသော ကျောင်းသားများအကြား ပြိုင်ဆိုင်မှုမြင့်မားသည့် ပညာရေးလမ်းကြောင်းတစ်ခုဖြစ်ပြီး၊ ယခုကဲ့သို့ Master’s Student အဖြစ် ရွေးချယ်ခံရခြင်းသည် ကျောင်းသား၏ ခိုင်မာသော ခေါင်းဆောင်မှုစွမ်းရည်၊ တန်ဖိုးရှိသော လုပ်ငန်းခွင်အတွေ့အကြုံနှင့် အနာဂတ်အပေါ် ထားရှိသော ရည်မှန်းချက်ရှင်းလင်းမှုတို့ကို ထင်ရှားစွာ ပြသထားပါသည်။
မိမိ၏ အိပ်မက်များဆီသို့ မယိမ်းမယိုင် ကြိုးပမ်းလျှောက်လှမ်းလာပြီး ယခုကဲ့သို့ ထိုက်တန်သော အောင်မြင်မှုကို ရရှိခဲ့ခြင်းအတွက် MPR Team မှ အလေးအနက် ဂုဏ်ပြုအပ်ပါသည်။
✨ ရှေ့ဆက်မည့် Master’s ဘွဲ့ခရီးလမ်းတွင်လည်း အောင်မြင်မှုအသစ်များကို ဆက်လက်ပိုင်ဆိုင်နိုင်ပါစေ၊ အရာရာ အဆင်ပြေချောမွေ့ပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါသည်။
— MPR Team 💜💚
01/04/2026
Free online AI သင်တန်း (အသက် ၁၅-၂၅)
သင်တန်း (အသက် ၁၅–၂၅)
မင်္ဂလာပါရှင်။
ဂျပန်တက္ကသိုလ်များတွင် STEM ဘာသာရပ်များကို Ph.D., Master နှင့် Undergraduate တက်ရောက်နေသော ကျောင်းသား/သူများနှင့် Myanma Perfect Research တို့ ပူးပေါင်းပြီး "AI နွေရာသီသင်တန်း" ကို ဖွင့်လှစ်သွားမည် ဖြစ်ပါတယ်။
✅ AI Navigators သင်တန်းအတွက် Registration ကို ယနေ့မှ စတင်ဖွင့်လှစ်လိုက်ပါပြီ။
📅 Registration Period: ဧပြီလ ၁ ရက် – ၁၅ ရက်၊ ၂၀၂၆
📅 Class Period: ဧပြီလ ၁၉ ရက် – မေလ ၁၁ ရက်၊ ၂၀၂၆
(သင်တန်းရက် ဧပြီလ ၁၉၊ ၂၅၊ ၂၆ ရက် နှင့် မေလ ၂၊ ၃၊ ၉၊ ၁၀၊ ၁၁ ရက်) လက်တွေ့လေ့ကျင့်ခန်း (Practical Sessions) များအတွက် အချိန်ပေးရန် လိုအပ်ပါသည်။
⏰ အချိန်: ည ၇:၀၀ နာရီ (မြန်မာစံတော်ချိန်) Zoom Online Class
⏱ ကြာချိန်: စုစုပေါင်း ၈ Sessions (တစ်ကြိမ်လျှင် ၆၀–၉၀ မိနစ်)
⚠️ Mini Project တည်ဆောက်ခြင်းနှင့် လက်တွေ့လေ့ကျင့်ခန်း (Practical Sessions) များအတွက် အချိန်ပေးရမှုမှာ အထက်ပါ သင်တန်းချိန် (၈ Sessions) ထဲတွင် ပါဝင်ခြင်းမရှိဘဲ သီးသန့်အချိန်ပေး လုပ်ဆောင်ရမည် ဖြစ်ပါသည်။
ဒီ Class မှာ ဘာတွေသင်မလဲ?
▶ AI ဆိုတာဘာလဲ? (AI Ethics & Bias)
▶ AI Foundations (Machine Learning, Algorithms, Data)
▶ Prompt Engineering (AI ကို ထိရောက်စွာ အသုံးချခြင်း)
▶ AI နှင့် အနာဂတ်အလုပ်အကိုင် (ဘယ် Skills တွေ အရေးကြီးသလဲ?)
▶ Introduction to Python for AI
▶ AI for Business Problem Solving
▶ Mini Project + Presentation & Showcase
🌟 သင်တန်း၏ ထူးခြားချက်များ
▶ Lecture သာမက Discussion နှင့် လက်တွေ့လုပ်ဆောင်ချက်များ ပါဝင်မည်။
▶ AI ကို ကိုယ်တိုင်စမ်းသပ်အသုံးပြုပြီး Team အလိုက် Project များ လုပ်ဆောင်ရမည်။
▶ သင်တန်းပြီးဆုံးပါက Certificate ရရှိမည်ဖြစ်ပြီး ဂျပန်တက္ကသိုလ်ကျောင်းသားများနှင့် Network တည်ဆောက်နိုင်မည်။
📢 အရေးကြီးသည့် အချက်များ
▶ မြန်မာနိုင်ငံအတွင်းမှ သင်ယူလိုစိတ်ထက်သန်သော်လည်း အခက်အခဲရှိနေသော လူငယ်များကို အဓိကဦးစားပေး (Prioritize) ရွေးချယ်သွားမည် ဖြစ်ပါသည်။
▶ ဤသင်တန်းမှာ Free (ပညာဒါန) ဖြစ်ပါသည်။
▶ Laptop သို့မဟုတ် Computer ရှိလျှင် ပိုကောင်းပါသည်။
▶ လူဦးရေ ကန့်သတ်ထားပါသည်။
🎁 အထူးအစီအစဉ် (Data Scholarship)
အင်တာနက် အခက်အခဲရှိသော မြန်မာပြည်တွင်းမှ လူငယ်များအတွက် Data ဖိုး ပညာသင်ဆု ပေးအပ်ရန် ရှိပါသည်။ ဤပညာသင်ဆုကို Dr. Yu နှင့် ၂၁ ရက် Challenge အဖွဲ့ဝင်အချို့က ကိုယ်ပိုင်ထည့်ဝင်ထားခြင်း ဖြစ်ပါသည်။
📩 လျှောက်ထားရန် အဆင့်ဆင့်
၁။ Google Form လင့်ခ်ကို ဤ Post ၏ Comment တွင် ဖြည့်စွက်ပါ။
၂။ Form ဖြည့်ပြီးပါက Screenshot ရိုက်ထားပါ။
၃။ ဤ Post အောက်တွင် "Done" ဟု Comment ရေးပြီး Screenshot ကိုပါ တွဲတင်ပေးပါ။ ဒီ post ကို မိတ်ဆွေများထံ Share ပေးပါ။
(တက်ရောက်ခွင့်ရသူများကို ဧပြီလ ၁၆ ရက်နေ့တွင် ပြန်လည်ဆက်သွယ်ပါမည်။)
🎓 ပျော်ရွှင်၊ အောင်မြင်ဖို့ Dr. Yu Page သို့ ဆက်သွယ်စို့။
31/03/2026
Free Online AI ကလေးတန်း အသက်(၁၁-၁၄)
14/03/2026
🌟 Dreams do come true🌟
MPR မှ ကျောင်းသားတစ်ဦး
🇯🇵 Japan ရှိ Toyo University ၏ Master’s Program သို့ အောင်မြင်စွာ ဝင်ခွင့်ရရှိခဲ့ကြောင်းကို ဝမ်းမြောက်စွာ မျှဝေလိုပါတယ်။
ဒီအောင်မြင်မှုဟာ
အလွယ်တကူရလာတာ မဟုတ်ပါဘူး။
အခက်အခဲတွေကို အတူတူ ကျော်ဖြတ်ခဲ့ပြီး
မိမိရဲ့ အိပ်မက်ကို မလွတ်တမ်း ဆက်လက် ဆုပ်ကိုင်ထားနိုင် ခြင်းရဲ့ ရလဒ်တစ်ခုပါ။
ကျောင်းသားတစ်ယောက်ရဲ့ အိပ်မက်လမ်းကြောင်းကို အမှန်တကယ် လှမ်းသွားနိုင်တာကို မြင်ရတဲ့အချိန်တိုင်း
MPR အတွက် အလွန်ဂုဏ်ယူစရာကောင်းပါတယ်။
Toyo University မှာ Master’s studies ကို အောင်မြင်စွာ သင်ယူပြီး
ပိုမိုကြီးမားတဲ့ အနာဂတ်အိပ်မက်များကို ဆက်လက် အကောင်အထည်ဖော်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။
🎓 Congratulations on this wonderful achievement!
MPR မှ အမြဲတမ်း ဂုဏ်ယူစွာ အားပေးနေပါတယ်။
09/03/2026
🌱 အိပ်မက်တွေကို ကြိုးစားမှုနဲ့ အကောင်အထည်ဖော်နိုင်ပါတယ်။ 🌱
MPR မှ ကျောင်းသူ တစ်ဦးသည် လာမည့် Academic Year အတွက် Kubota Fund Scholarship ကို အောင်မြင်စွာ ရရှိခဲ့ကြောင်း ဝမ်းမြောက်စွာ မျှဝေလိုပါတယ်။
ဒီအောင်မြင်မှုဟာ ကျောင်းသူရဲ့ စိတ်အားထက်သန်မှု၊ မလျော့မပေါ့ ကြိုးစားမှုနဲ့ ရည်မှန်းချက် တည်ကြည်မှုတို့ရဲ့ အလှဆုံး ရလဒ်တစ်ခုပဲ ဖြစ်ပါတယ်။ ကျောင်းသားတစ်ယောက်ရဲ့ ကြိုးစားမှုတွေက အခုလို အောင်မြင်မှုအဖြစ် ပြောင်းလဲသွားတဲ့ အချိန်ဟာ Mentor တစ်ယောက်အတွက် အလွန်ပီတိဖြစ်ရတဲ့ အခိုက်အတန့်ပါပဲ။
ဒါ့အပြင် ဒီအောင်မြင်မှုက MPR ရဲ့ Step-by-Step Guidance လမ်းကြောင်း မှန်ကန်နေကြောင်းကိုလည်း ထပ်မံ သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။
✨ MPR Community အားလုံးက ဒီအောင်မြင်မှုကို အလွန်ဂုဏ်ယူဝမ်းမြောက်ပါတယ်။✨
ရှေ့ဆက်ပြီး ပညာရေးလမ်းကြောင်းတွင် အောင်မြင်မှုများစွာ ဆက်လက်ရရှိပါစေ။
🎉 Congratulations on this remarkable achievement! 🎉
မိမိတို့ရဲ့ ဂုဏ်ယူစကားများကို Comment မှာ ရေးသားပေးခဲ့ကြပါဦးရှင်။ 👇
17/02/2026
Research Proposal အတန်း လေး ဖေဖော်ဝါရီလ ၁၉ ရက်နေ့ စပါမယ်။
Master နှင့် PhD လျှောက်မည့် ကျောင်းသားများ….
Research ကို စိတ်ဝင်စား သူ မည်သူမဆို တက်ရောက် နိုင်ပါတယ်။
📢 Research Proposal / Study Plan 2026 သင်တန်း ပြန်လာပါပြီ။
အခုအချိန်ကနေ သင့်အနာဂတ်အောင်မြင်မှုကို စတင်ဖို့ အချိန်ဖြစ်ပါပြီ 🎯
📚 Research Plan / Proposal Writing (7 Days)
🗓 Start Date – February 19, 2026(Thursday)
💻 Online (Zoom Class)
💡 သင်တန်း အပ်လို့ရပါပြီ။
နိုင်ငံခြားတက္ကသိုလ်များအတွက် Master / Ph.D. / Research Category လျှောက်မယ့်သူများနဲ့
Professional ဖြစ်ပြီး skill တိုးချင်သူများအတွက် အထူးသင့်လျော်ပါတယ်။
✨ MEXT / ADB / World Bank Scholarship လျှောက်မယ့်သူတွေတော့ မလွတ်သင့်ပါဘူး။
📌 သင်ယူရမည့်အကြောင်းအရာများ –
✅ Research topic ကို ဘယ်လိုရွေးမလဲ
✅ Problem statement & research question များ ရေးနည်း
✅ Objectives, Methodology & Logical Framework နဲ့ ရေးသားနည်း
✅ Scholarship & University Admission အတွက် အောင်မြင်မယ့် Proposal
✅ Hands-on exercises + Real sample proposal review
🎯 သင်တန်းပြီးချိန်တွင် –
• ကိုယ်ပိုင် Proposal / Study Plan တစ်စောင် ပြီးစီးထားနိုင်မည်
• Scholarship Application အတွက် အသုံးချနိုင်မည့် Format ရရှိမည်
• Research idea ကို အတိအကျ ပြောပြနိုင်မည်
🗓 Class Dates – February 19-22 & 26-28 (7 Days)
⏰ မြန်မာစံတော်ချိန် – ည ၆:၃၀ – ၈:၃၀
ဂျပန်စံတော်ချိန် – ည ၉:၀၀ – ၁၁:၀၀
💰 သင်တန်းကြေး – ၂၅၀,၀၀၀ ကျပ် (၂ သိန်းခွဲ)
✨ “A strong proposal opens the door to your future success.”
🎓 အပ်ရန် – Myanma Perfect Research Page မှ တိုက်ရိုက် Message ပေးပါ။
12/02/2026
🏆 Scholarship မရတာ GPA နည်းလို့လို့ ထင်နေတုန်းလား?
Scholarship မရတာက
GPA နည်းလို့ပဲလား?
IELTS မကောင်းလို့ပဲလား?
အမှန်ကတော့ အဲ့ဒါတွေကြောင့်ပဲမဟုတ်ပါဘူး။
Scholarship လျှောက်တဲ့အခါ
အကြီးမားဆုံး အမှားတစ်ခုက—
🤔 “ဘယ်သူ့ဆီက ရရ၊ ဘယ်ကျောင်းဖြစ်ဖြစ်” ဆိုတဲ့ စိတ်နဲ့ လျှောက်နေတာပါ။
❌ ကိုယ်ဘာလုပ်ချင်လဲ မသိဘဲ ပတ်လျှောက်နေရင်—
• Essay ထဲမှာ Passion မပါဘူး
• “Why this university?” ဆိုတဲ့ အဖြေက Generic ဖြစ်သွားမယ်
• ရည်မှန်းချက် မရှင်းလင်းတော့ဘူး
Professor / Selection Committee တွေက
ဒီအချက်ကို ချက်ချင်း သိနိုင်ပါတယ်။
💡 Tip
Scholarship မရှာခင်“ကိုယ့်ကိုယ်ကိုယ်” အရင်ရှာပါ။
⭐ ကိုယ်တကယ် ဘာကို Study / Research လုပ်ချင်တာလဲ?
⭐ ဒါက ကိုယ့် Future Career နဲ့ ဘယ်လို ချိတ်ဆက်နေလဲ?
Direction မရှိရင် Scholarship လည်း မခိုင်မာပါဘူး။
💬 Scholarship လျှောက်ဖို့ ပြင်ဆင်နေပေမယ့်
Major ရွေးရခက်နေရင် Comment မှာ “Help” လို့ ရေးခဲ့ပါ။ အကြံပေးပါရစေ။
09/02/2026
🚫 Research Proposal မှာ အတွေ့ရဆုံး Mistake #1
Research Problem မရှိခြင်း
အများစုက Research Proposal ရေးရင်
Topic ရှိရင် ရပြီ လို့ ထင်တတ်ကြပါတယ်။
ဒါပေမဲ့ တကယ်တမ်း
Professor တွေက Topic ထက် “Problem” ကို ပိုကြည့်ကြတာပါ။
အများစုသော ကျောင်းသားတွေက—
❌ Topic ကို ပြောနိုင်တယ်
❌ Title ကို ရေးနိုင်တယ်
❌ Background ကို စာမျက်နှာအပြည့် ရေးနိုင်တယ်
ဒါပေမယ့် Professor တွေ မေးတဲ့အခါ
ဒီနေရာမှာတင် ရပ်သွားတတ်ကြပါတယ် 👇
👉 “ဘာပြဿနာကို ဖြေရှင်းချင်တာလဲ?”
👉 “ဘာကြောင့် ဒီ Research က အခုချိန်မှာ လိုအပ်တာလဲ?”
(The So What? Question)
📌 မှတ်ထားရမယ့် အချက်က
Research Topic ရှိတာထက်
Research Problem ရှင်းလင်းတာ က
Admission ရဖို့ ပိုသေချာစေပါတယ်။
💡 ရှင်းအောင် ပြောရရင်
Topic = သင် “ဘာအကြောင်း” ပြောချင်တာလဲ
Problem = အဲဒီအကြောင်းအရာမှာ
“ဘာမှားနေလဲ” သို့မဟုတ်
“ဘာလိုအပ်နေလဲ” (Research Gap)
Problem မရှိရင်…
❌ Research Question တည်လို့မရဘူး
❌ Methodology က Copy-Paste ဖြစ်သွားမယ်
❌ Proposal တစ်ခုလုံး အနှစ်သာရမရှိဘဲ အားနည်းသွားမယ်
ဒါကြောင့် Professor ဆီက
📩 “Not clear enough”
📩 “I don’t see the problem”
ဆိုတဲ့ feedback တွေကို
ထပ်ခါထပ်ခါ ရနေကြတာပါ။
🔑 Next Step
ကိုယ့် Proposal ကို ပြန်စစ်ကြည့်ပါ။
သင်ရေးထားတာက Topic လား?
ဒါမှမဟုတ် တကယ့် Research Problem လား?
📌 နောက် Post မှာ
🚫 Mistake #2 —ကို ဆက်လက် မျှဝေပေးပါမယ်။
💬 ကိုယ့်ရဲ့ Research Topic ကို
Problem ဖြစ်အောင် ဘယ်လိုပြောင်းရမလဲ သိချင်ရင်
Comment မှာ Research Topic ကို ရေးခဲ့ပေးပါ။
👉 အတိုချုံး feedback ပေးပါမယ်။