26/09/2023
Migration Journey Part 2
Part 1 ရေးပီး တည်း က ဆက်ရေးမယ် ဆိုပီး
sharing လုပ်တဲ့ လူတွေ တော်တော် များများ ရှိနေတာ နဲ့ ဆက်မရေး ဖြစ်တော့ဘူး တော် ကြာ sharing is caring မမြင်ဘဲ အော်စီ ရောက်ပီး မှ စာ အရှည် ကြီးတွေ ရေး နေပြန်ပီ ပြောခံရမှာလဲ ကြောက်လို့ 🥹 ဒါပေမယ့်လဲ အခုနောက်ပိုင်း အသိညီမလေးတော်တော်များများ လဲ လာ ဖို့ ကြိုးစား ပီး မေးတာလေးတွေလဲ ရှိလို့ ကြောက်ကြောက်နဲ့ ကိုဗစ် ဖြစ်တုန်း လေး ဆက်ရေး လိုက်ပါတယ် 😅
3. Job seeking
AHPRA Full Registration or IPA Letter ရပီဆို အလုပ်ရှာ လို့ရပါပီ
ဒီနေရာမှ recruitment Agent နဲ့ ရှာလို့ရသလို ကိုယ့်ဟာကို အစအဆုံးရှာ လဲရပါတယ် Recruitment Agent တော်တော် များများ က Private Hospital တွေ နဲ့ ပဲ ချိတ်ထားတာပါ
ဒီက Agent တွေ Agent Fee တပြားမှ ပေးစရာ မလိုပါဘူး အစ အဆုံးကူညီပေးပါတယ် ဒါပေမယ့် Agent နဲ့ ဆို သူတို့ ရှာပေးတဲ့ Hospital ပဲရပါ့မယ် အဲ့ Agent နဲ့ စာချူပ်ချူပ်လိုက်ရင် သူတို့ ရှာပေးတဲ့ Regional ဘက်တွေ မှာပဲ အဓိက ရပါတယ် မြို့ ကြီးတွေ ဘက်ဆိုရင်တော့ Private Hospital တွေ မှာ ရပါတယ်
ကိုယ်ဘာသာ ရှာ မယ် ဆို CV ကောင်းကောင်းနဲ့ တွေ့တဲ့ Website တွေ မှာ Sponsorship Visa ပေးနိုင်မယ့် ဆေးရုံတွေ ကို ရှာပီး လိုက်တင်ပါ ကိုယ် အဓိကရှာ ကတော့ ဒီ အောက် က website ၃ ခုပါ ဖုန်းကနေဆိုလဲ App တွေ ရှိပါတယ်
www.seek.com.au
www.linkedin.com
https://au.indeed.com/m/
ကိုယ်သိတဲ့ Hospital Website တွေရှိလဲ website ကနေ တိုက်ရိုက် သွား လျှောက်လို့ရပါတယ်
အလုပ် ရှာတော့မယ် ဆို CV နဲ့ Cover Letter ကောင်းကောင်းရေးထားရပါ့မယ်
Public Hospital ကတော့ Selection Criteria
ကောင်းကောင်းရေးနိုင်မှရပါမယ် သူတို့ ကို ကြို တော့ ပြောထားရပါတယ် Working Right မရှိသေး ကြောင်းနဲ့ Sponsorship Visa လို တဲ့ ဆိုတဲ့ အကြောင်း
ကိုယ် တုန်း က အေးဂျင့်ရှာ ပေးတဲ့ Aged Care တွေ Regional ဘက်တွေ မသွား ချင်တာ နဲ့ ကိုယ့်ဘာသာ ပဲ ဆက်ရှာ ခဲ့တာပါ
မြို့ ကြီးတွေ ဘယ်လောက် အလုပ်ရခက်တယ် ပြောပြော ကိုယ် Skills နဲ့ ကိုက်တယ် ဆို ခေါ်ပါတယ်
CV တွေ တင်ပီးရင် ကိုယ့် ကို Interview ခေါ် မယ့်ဆေးရုံ ကို စောင့် လို့ရပါပီ
ကိုယ် ဆို အများ ကြီးလိုက်တင်ပါတယ် Working Rightနဲ့ Visa မရှိသေးတဲ့ အတွက် အများ ကြီးလဲ Reject ဖြစ်ပါတယ် ဒီနေရာမှာ Agent နဲ့ လုပ်တဲ့
လူတွေ က သက်သာပါတယ် Agent စီစဉ်ပေးတဲ့ Interview ကိုအေးအေးဆေးဆေး စောင့်ရုံပါပဲ တချို့ Agent တွေ ဆို ဘယ်ဆေးရုံ က ဘာတွေ မေးလဲ ဆိုတာ တောင် Guidelines ပေးပါတယ်
တချိူ့ ဆို Relocation package ပေးတဲ့ Agent တွေလဲ ရှိပါတယ် မြို့ ကြီး တွေ မှာတော့မရပါဘူး
Regional သွားမယ် ဆို ရပါတယ်
Interview
ဆေးရုံဘက် က Interview ရပီ ဆို Be prepared ပါ ကိုယ့်တုန်းက မေးစရာလူ မရှိ တော့ Google မှာလိုက် ရှာ ဖတ်ပါတယ် ဘာတွေ မေးတတ်လဲ ဆိုတာ အခု ၄ ခါလောက် Interview ခံ ပီးတော့ ဆရာမ ကြီး ဖြစ်သွားပါပီ 😅
သူတို့ ဘက် က များသော အားဖြင့် Interviewer၂ ယောက်ပါ HR ဘက်က တယောက်ရယ် ကိုယ့် ward က NUM or ANUM ရယ်ပါ HR ဘက် က တယောက် က အမြဲ Technical questions မေးပီး NUM ကတော့ Clinical questions မေးပါတယ် အောက်မှာ မေးလေ့ ရှိတာ တွေ ထညိ့ပေးထားပါတယ် ဒါ ကိုယ်ဖြေခဲ့တဲ့ အင်တာဗျူး 4 ခု လုံးလိုလိုမှာ မေးခံခဲ့ တာပါ
1. Tell me about your self
2. How long have you been in Nursing and what are ur qualifications ?
3. Tell me about your ward
4. Why did you apply our hospital ?
5. What are our hospital’s values and how would you apply them in clinical?
6. What would you do if you encounter difficult patients and family members?
7. What would you do if patient’s daughter complains about our services?
8. What would you do if you realise that one of your colleagues always come to work late and it has the impact in ur working environment?
8. What is cholecystitis ? What are the post op managements? why does pt need cholecystectomy? ( ဒါ က တော့ ကိုယ့်တုန်းကမေးတာ )
ဒါပီးရင် သူတို့ က 2 Referees ဆီက References တောင်းပါတယ် Referee က မန်နေဂျာ နဲ့ အထက် ဖြစ်ရပါ့မယ် အဲ့ References တွေ က ကိုယ်မသိရပါဘူး သူတို့ ဆီ ကို ကိုယ့်ရဲ့ လက်ရှိ အလုပ်က NM or NC ကတိုက်ရိုက်ပို့ရမှာ ပါ အဲ့တော့ စလုံးက ထွက်ဖို့ ပြင်နေတဲ့ အသိမိတ်ဆွေ တွေ ဒီဘက်မှာ အလုပ်မရခင် အလုပ်ထဲ က မမ ကြီးတွေ ကို တည့်အောင် အရင် ပေါင်းထားပါ 😝သူတို့ References ကောင်းကောင်းလိုပါတယ်
ကဲ Reference ပို့ပီးပီဆို Interview result ကို စောင့်ပါ တော့
4. Visa and PR
တော်တော်များ များ လာမေး ကြတယ် PR နဲ့လား PR နဲ့ ပဲလာချင်တာ ဆိုပီး
ကိုယ်တွေ လာတာ Temporary Skill Shortage Visa 482 (TSS) ပါ
Melbourne က မြို့ ကြီး ဖြစ်တဲ့ အတွက် oversea skill worker ကို PR နဲ့ ဘယ်လိုမှ တန်း မခေါ်ပါဘူး အရင်က ရကြတယ် လေ ဆိုပီး ပြောကြတယ် ဟုတ်ပါတယ် overseas ကနေပီး65 points ပြည့်ရင် တင်ထားလို့ ရပါတယ် နှစ်ချီပီး ကြာပါတယ် ခုလောလောဆယ်က onshore တွေပဲ ဦးစား ပေးလို့ပါ
အဲ့တော့ မြန်မြန် migrate လုပ်ချင်ရင် ရွေးစရာ အများ ကြီးမရှိပါဘူး
TSS Visa Sponsorship ရှာ ပီးအရင်လာ ပီးမှ အေးဆေး PR လျှောက်ရုံပါ TSS နဲ့ လာမယ်ဆို interview အောင်ပီး ဗီဇာကျတဲ့ အထိ အများဆုံး ၁ လ လောက်ပဲ ကြာတာပါ
ဒီနေရာမှာ Regional ကို အရင်သွား ပီး ၂ နှစ်လောက် နေနိုင်မယ်ဆို PR မြန်မြန်ရပါတယ် အခု တော့ TASMANIA က PR တန်းပေးတယ် လို့ ကြားပါတယ် PR criteria တွေက ပြည်နယ် တခုနဲ့ တခု မတူပါဘူး အဲ့တော့ Home Affairs မှာ ကိုယ် လို ချင်တဲ့ ပြည်နယ် ရဲ့ criteria တွေ ကို ဝင်ဖတ်ရင် သိမှာပါ ဒါကတော့ Regional ရဲ့အားသာချက်ပါ
မြို့ ကြီးလဲလာချင်တယ် PR လဲ တန်း လိုချင်တယ် လို့တော့ မရပါဘူး TSS နဲ့ အရင်လာ ပီးမှ PR 190 or 189 လျှောက်တာ ပို အဆင် ပြေတယ် လို့ အကြံပေးချင်ပါတယ် မဟုတ်လဲ TSS နဲ့ ၂ နှစ်နေပီး အလုပ်ရှင်က စပွန်ဆာ ပေးတဲ့ PR 186 လျှောက်လို့ရပါတယ် PR ရဖို့ အရမ်းလောစရာ မလိုပါဘူး
5. TSS Visa
ဒီ Visa က Employer က Nomination ပေးရတဲ့ ဗီဇာပါ အဲ့တော့ Interview အောင်ပီ အလုပ် Offer ရပီဆို Employer Nominations ကိုစောင့်ရပါတယ် ၁ ပတ်လောက်ပဲ ကြာပါတယ် ဒီမှာ Agent နဲ့ဆို တခုခု Agent ကိုမေးလို့ ရသလို ကိုယ့်ဟာကို ဆို NUM ကို အမြဲအီးမေးလ် လို့ ရပါတယ်
Nomination ရပီဆို Visa တင်လို့ရပါတယ်
ကိုယ့် ဘာသာ တင်လို့ ရသလို Migration Agent ငှားပီး တင်လို့ရပါတယ်
Agent Fee က $1000 လောက်ရှိပါတယ်
Visa တင်ရတာ လွယ်ပါတယ် ကိုယ့်ဘာ သာ လုပ်နိုင်ရင် လုပ်ပါ Agent က ကိုယ့်အစား စာရွက်တင်ပေးတာပဲ ရှိတာပါ
Private Hospital ကတော့ ကိုယ်ဘာသာတင်ရပါတယ် Agent လိုချင်ရင် ကိုယ့်ဘာသာ ငှားရပါတယ်
ကိုယ့်တုန်းကတော့ ဆေးရုံ က သူတို့ Agent ငှားပေးတာပါ ဗီဇာ ကြေးပဲ ပေးရတာ ပါ
ဗီဇာ ကြေးက တယောက် ကို $2650 ပါ
ဒီဗီဇာ က (immediate family members) ကိုယ့် ဇနီး/ခင်ပွန်း /ကလေး/ရည်းစား ပါ တခါတည်း ခေါ်လို့ရတဲ့ ဗီဇာပါ ၂ နှစ်နေထိုင်ခွင့်ရှိပါတယ်
ဇနီး/ ခင်ပွန်း ဆို လက်ထပ် ပီး၆ လ ကျော်ဆို လက်ထပ်စာချူပ် တင်ရုံပါ ပဲ ၆ လအောက်နဲ့ လက်မထပ်ရသေး တဲ့ Defacto Partner အနေနဲ့ဆို Relationship Statement နဲ့ evidences တော်တော် ပြရပါတယ်
ကိုယ်တွေ နှစ်ယောက် ကတော့ Defacto Partner မို့ Statement အပြင် photos / joint bank account/ same residential address/ shared PUB bills တွေပါ ပြရပါတယ်
တခါ တည်း လျှောက်လို့ရသလို နောက်မှ Subsequent entry အနေနဲ့ လျှောက်လဲ ရပါတယ် နောက်မှ လျှောက်ရင်တော့ ပိုက်ဆံ ပို ကုန်ပါတယ်
ကဲဒါကတော့ ဗီဇာ လျှောက်တဲ့ အထိပါ ရောက်ပီးမှ Justice of Peace တွေ ဆီ မှာ AHPRA FULL LICENSE ရဖို့ လုပ်ရတာတွေ ရယ်
အသိမိတ်ဆွေက အဲ့မှာ အလုပ်များလား လူနာတွေ က ရော မိသားစုတွေကရော ဆိုပီး ခဏ ခဏ မေး ကြလို့ ဒီက Working and Living Life အကြောင်း ရယ် နောက်မှ ဆက်ရေးပေးပါ့မယ် 🤗
With Indeed, you can search millions of jobs online to find the next step in your career. With tools for job search, resumes, company reviews and more, were with you every step of the way.