Youya Chinese Online Course

Youya Chinese Online Course

Share

Non profit team providing free online education about Chinese languge.

28/04/2026

မ‌နေ့က basicအတန်း မှာသင်တန်း သားတယောက်ကို မေးတယ်ဘာလို့တရုတ်စာအတန်းလာတက်တာလဲဆိုတော့ Lǎo shīရေ မလေးရှား မှာအလုပ်သွားလုပ်တာ ဘာမှမပြင်ဆင်လိုက်ရတော့လေ အဆင်မပြေလို့ပြန်လာခဲ့ရတယ်တဲ့ အဲမှာတွေ့လိုက်ရတာက တရုတ်ဘာသာစကားရရင် လစာအရမ်းကောင်းတယ်တဲ့ အဲကြောင့်လိုအပ်တာပြန်လာပြင်ဆင်တာပါတဲ့ ပီးတေ့ာမှပြန်သွားမို့ ပီးတော့ မျက်နှာလဲငယ်လို့ တဲ့
ဆိုတော့လေ တခြားမှအလုပ်သွားလုပ်ရင် အဲရောက်မှပဲပြင်ဆင်မယ်ဆိုရင် တော်တော်ခက်ခဲတာမို့ ပြင်ဆင်ပီး မှပဲ အလုပ်သွားလုပ်တာက ပိုကောင်းပါတယ်ရှင်

28/04/2026

speaking ပြောနိုင်ချင်တယ်ဆိုရင်ဒီထဲမှာပြောထားတဲ့တချက်ကိုသိမှ လေ့ကျင့်ရတာ ပိုလွယ်ကူပီး ပို စကားပြောထွက်လာမှာပါ
Speaking class ပထမဆုံးရက်






27/04/2026

စကားပြောဖို့အတွက် လိုအပ်တဲ့အသုံးနှုန်းလေးတွေကိုလဲသိထားဖို့အရေးကြီးပါတယ်
တချို့ က shen me ကိုမေးခွန်း မှာပဲသိကြတယ်
Shen me ရဲ့အဓိပ္ပါယ်က အခုလို မေးခွန်ူတခုတည်းမဟုတ်ပဲ ဒီလို စကားပြောလေးတွေမှာလဲသုံးပါတယ်ရှင်
shen me ye/shen me dou (ဘာပဲဖစ်ဖစ် /ဘာမဆို/ဘာမှကို/) Verbရဲ့အရှေ့မှာပဲထည့်ူသုံးပါတယ်

1.什么也不想吃 (shénme yě bùxiǎng chī) - ဘာမှမစားချင်ဘူး
2. 什么都没买 (shénme dōu méi mǎi) - ဘာမှမဝယ်ခဲ့ဘူး။
3. 我什么也不知道 (wǒ shénme yě bù zhīdào) - ငါဘာမှမသိဘူး။
4. 他什么也不说 (tā shénme yě bù shuō) - သူ ဘာမှမပြောဘူး။
5. 什么都没有 (shénme dōu méiyǒu) - ဘာမှကိုမရှိဘူး။
6. 什么也没看 (shénme yě méi kàn) - ဘာမှလဲမကြည့်ခဲ့ဘူး။
7. 什么都不行 (shénme dōu bùxíng) - ဘာမှကိုအဆင်မပြေဘူး
8.什么也不买 (shénme yě bù mǎi) - ဘာမှမဝယ်ဘူး။
9.. 什么都不想做 (shénme dōu bùxiǎng zuò) - ဘာမှကိုမလုပ်ချင်ဘူး။
10.. 我什么也没做 (wǒ shénme yě méi zuò) - င့ ဘာမှလဲမလုပ်ခဲ့ဘူး။
​11. 他什么都会 (tā shénme dōu huì) - သူက ဘာမဆို တတ်တယ်။
12.. 我什么都吃 (wǒ shénme dōu chī) - ငါဘာမဆို စားတယ်။
13.. 这里什么都有 (zhèlǐ shénme dōu méiyǒu) - ဒီမှာ ဘာမဆို ရှိတယ်။
14.. 什么都好 (shénme dōu hǎo) - ဘာမဆို ကောင်းတယ်။
15.. 什么都可以 (shénme dōu kěyǐ) - ဘာမဆို ရတယ်။
16.. 什么都一样 (shénme dōu yíyàng) - ဘာပဲဖစ်ဖစ်အတူတူပဲ။
17. 什么都听你的 (shénme dōu tīng nǐ de) - ဘာမဆို နင့်သဘောပဲ။
18. 什么都准备好了 (shénme dōu zhǔnbèi hǎo le) - အားလုံး အကုန်ပြင်ဆင်ပြီးပြီ။
19.. 什么都想学 (shénme dōu xiǎng xué) - ဘာမဆို သင်ချင်တယ်။
20. 什么都明白 (shénme dōu míngbái) - ဘာမဆို အကုန်နားလည်တယ်။
​21. 什么都忘了 (shénme dōu wàng le) - ဘာမဆို အကုန်မေ့ကုန်ပြီ။
22.. 什么也不怕 (shénme yě búpà) - ဘာကိုမှ မကြောက်ဘူး။
23.. 什么也看不见 (shénme yě kàn bú jiàn) - ဘာမှလဲမမြင်ရဘူး။
24. 什么也听不见 (shénme yě tīng bú jiàn) - ဘာမှလဲမကြားရဘူး။
25.. 什么也换不了 (shénme yě huàn bù liǎo) - ဘာနဲ့မှ လဲ လဲလို့မရဘူး။
26.. 什么都比不上 (shénme dōu bǐ bú shàng) - ဘာနဲ့မှ နှိုင်းယှဉ်လို့မရဘူး။
27. 什么都不在乎 (shénme dōu búzàihu) - ဘာကိုမှ ဂရုမစိုက်ဘူး။
28.. 什么都别说 (shénme dōu bié shuō) - ဘာမှမပြောနဲ့တော့။
29. 什么也没留下 (shénme yě méi liú xià) - ဘာမှမကျန်ခဲ့ဘူး။
30. 什么都快没了 (shénme dōu kuài méi le) - ဘာမှကိုမကျန်သလောက်ပဲ

27/04/2026

❌သိပီးကြပီလား??❌
အမြန်လိုတယ် အတန်းသစ် မစောင့်ချင်ဘူးဆိုရင် ဒီနေ့ည zoom classအသစ်စပါပီရှင်

26/04/2026

ထမင်းတော့မစားပဲမနေပါနဲ့🥺ချောင်းလဲ မဖော်ပါနဲ့ကွယ် အချိန်တခုရှာပေးပါမယ်

သင်တန်းသား​ဟောင်းတွေက အဲလိုလေးတွေအားကိုးကြတော့လဲပျော်မိပြန်ရော

26/04/2026

သူများနိုင်ငံမှာအလုပ်လုပ်ရတာတကယ်မလွဟ်လှပါဖူး ဆိုတာတကယ်လုပ်ဖူးပီးတဲ့သူပဲသိပါတယ်
ဒါ့အပြင်အလုပ်နားတဲ့ရက်ဆိုတရုတ်ဘာသာစကားလဲလေ့ကျင့်သေးတာဆိုတော့အရမ်းချီးကျူးဖို့ကောင်းပါတယ်
နေ့တိုင်းလေ့ကျငိ့တရုတ်စကား
speaking classကသင်တန်းသားနဲ့တရုတ်စကားပြော




25/04/2026

နိုင်ငံခြားသွားဖို့ပြင်ဆင်နေတယ်ဆိုရင်
နိုင်ငံခြား (အထူးသဖြင့် စင်ကာပူ) သွားဖို့ ပြင်ဆင်နေပြီဆိုရင် တရုတ်လိုက မရှိမဖြစ်ဆိုတာ အားလုံးသိကြမှာပါ

ဒါပေမဲ့ လူတော်တော်များများက "ဟိုရောက်ခါနီးမှ သင်လည်း ရမှာပါ" ဆိုပြီး အေးဆေးနေတတ်ကြပါတယ်။
​ဒါပေမဲ့ သတိထားဖို့က...
တရုတ်စာဆိုတာ ချက်ချင်းပြုတ်၊ ချက်ချင်းစားလို့ရတဲ့ "မားမား" ထုပ် မဟုတ်ဘူးလေ။ အချိန်နီးမှ ကသုတ်ကရက် သင်မယ် မြန်မြန်တတ်ချင်တယ်လာပြောရင် Lao Shi ကတော့ စေတနာနဲ့ အတင်းသွတ်သွင်းပေးမှာပါပဲ၊ ဒါပေမဲ့ ကိုယ့်ဦးနှောက်က "Accept" မလုပ်တော့ဘဲ Error တက်သွားပါလိမ့်မယ် နောက်ဆုံးစာမပြတ်ပဲ စိတ်ပဲပြတ်သွားမှာ 🥺🥺

​Lao Shi ပေးတဲ့ ဆေးနည်းကတော့ -
စာအုပ်ကြီးအတိုင်း ကျက်မနေဘဲ Phrase (စကားစု) လေးတွေကို အလွတ်ရအောင် မှတ်ပါ။ ပြီးရင် ပါးစပ်ကနေ ဘုရားစာရွတ်သလို နေ့တိုင်းရွတ်ပေးပါ
အိပ်မက်မက်ရင်တောင် တရုတ်လို မက်အောင်အထိ "Sheng huo zhong" (နေ့စဉ်ဘဝ) ထဲမှာ ကျင့်သုံးပေးမယ်ဆိုရင် တဖြည်းဖြည်းနဲ့ချစ်လာမှာပါ

တရုတ်စာကို သရဲလိုသဘောထားပြီး ကြောက်မနေနဲ့ဦး။ ကိုယ်အရမ်းရချင်နေတဲ့ "Crush" လေးလိုပဲ သဘောထားပြီး အသည်းအသန် လိုက်ကြည့်လိုက်ပါ😢ရည်းစားကတော့ ကိုယ့်ကို ပစ်သွားရင် သွားမှာ၊ တရုတ်ဘာသာစကားကတော့တော်တော်များများ သူတို့ပဲအရင်ပစ်လိုက်တာချည်း ပစ်မခံရင် တရုတ်စာကိုုရည်းစားတော်လိုက်ပါ😁

25/04/2026

လေ့လာနေတာကြာပြီဖစ်ပေမယ့် တကယ်တမ်း ပြောရမယ့်အချိန်မှာ ထစ်နေတာ၊ ပါးစပ်က ထွက်မလာတာမျိုး ကြုံဖူးကြမှာပါ။ ဒါဟာ လိုအပ်တဲ့ Vocab တွေကို မသိလို့တင်မဟုတ်ဘဲ၊ သိထားတာတွေကို လက်တွေ့ပြန်အသုံးမချတတ်လို့ ပါပဲ

​တကယ်တော့ Speaking ကောင်းဖို့ဆိုတာ "Key points" တွေနဲ့ "Vocabulary" တွေကို ဘယ်လိုသံူးရမလဲဆိုတာ သိရပါမယ် (စာကျက်အားကောင်းရုံနဲ့မရဖူးပေါ့နော်)

တရုတ်ဘာသာစကား​ကကျယ်ပြန်တော့ အကုန်လုံူသိအောင်လုံးစေ့ပတ်စေ့လေ့လာတာထက်
နယ်ပယ်တခုချင်းလိုအပ်တာပဲလေ့လာရင် ပိုပီးအမြန်တတ်ပါတယ်

ဥပမာ - အလုပ်ခွင်မှာ စကားပြောနိုင်ပေမယ့် ဆေးရုံ၊ ဆေးခန်းသွားရင် အခက်အခဲဖြစ်နေတာမျိုးက သက်ဆိုင်ရာ keywards တွေ မရင်းနှီးလို့ပါ

​ဒါကြောင့် Youya Chineseရဲ့ Speaking Level 3 Class မှာ ဘာတွေသင်မလဲ? ဘယ်လိုပုံစံသွားမလဲ? 🤔

​တစ်ပတ်ကို Topic တစ်ခု အခြေခံပြီး စနစ်တကျ လေ့ကျင့်သွားမှာပါရှင်
topicတခုချင်းဆီမှာဒီလိုပုံစံနဲ့သွားမှာပါ
✅ Step 1: သက်ဆိုင်ရာ Vocab နဲ့ Phrase တွေကို အရင်ပိုင်နိုင်အောင် လုပ်မယ်။
✅ Step 2: လက်တွေ့နယ်ပယ်နဲ့တူတဲ့ Conversationအပြောတွေကိုလေ့ကျင့်မယ်
✅ Step 3: အမေးအဖြေ (Q&A) ကဏ္ဍမှာ ကိုယ်တိုင် ပါဝင်ပီး သေချာ ပြောတတ်အောင် တွေးတတ်အောင် သင်ကြားပေးသွားမှာပါ
✅ Step 4: Listening နားထောင်ပီး မေးခွန်းတွေကို ပြန်ဖြေနိုင်အောင် လေ့ကျင့်ပေးမယ်

​အပတ်စဉ် Topic လေးတွေနဲ့အတူ ယုံကြည်မှုရှိရှိ စကားပြောနိုင်ဖို့ အတူတူ လေ့ကျင့်ကြရအောင်။ ✨

အခုနိုင်ငံခြားမှာ speakingသေချာ မပြောနိုင်လို့ အခက်အခဲ​ရှိနေတယ်ဆိူရင် အတူတူလိုက်လေ့ကျင့်ပီး ကြိုးစားမယ်ဆိူရင်တော့ 2လအတွင်းကို တောင်ကောင်းမွန်တဲ့resultတခုကို ပိုင်ဆိုင်နိုင်ပီး လုပ်ငန်းခွင်မှာယုံကြည်မှုအပြည့်နဲ့စကားပြောနိုင်လာမှာပါ

ကိုယ့်ရဲ့အနာဂတ်ကို ကိုယ်တိုင်ပဲထုဆစ်ပုံဖော်ရမှာမို့ အခုပဲ speaking vip level 3 classမှာ အတန်းလာအပ်လို့ရပါပီရှင်

25/04/2026

စကားပြောပိုကျွမ်းချင်ရင် အခြေခံgrammer လေးတွေကိုတော့သုံးတတ်ရပါမယ်
gāi +verb
1.​该起床了 (Gāi qǐchuáng le.) - အိပ်ရာထသင့်နေပီ
2.​该睡觉了 (Gāi shuìjiào le.) - အိပ်သင့်နေပီ
3.​该吃饭了 (Gāi chīfàn le.) - ထမင်းစားသင့်နေပီ
4.​该洗澡了 (Gāi xǐzǎo le.) - ရေချိုးသင့်ပီ
5.​该出门了 (Gāi chūmén le.) - အပြင်သွားသင့်ပီ
6. 该上班了 (Gāi shàngbān le.) - အလုပ်သွားသင့်ပီး
7. 该下班了 (Gāi xiàbān le.) - အလုပ်ဆင်းသင့်ပီ
8. 该上课了 (Gāi shàngkè le.) - အတန်းစသင့်ပီ
9. 该下课了 (Gāi xiàkè le.) - အတန်းဆင်းဖိုအချိန်ရောက်ပီ
10. 该学习了 (Gāi xuéxí le.) - စာလေ့လာသင့်နေပီ
11. 该走了 (Gāi zǒu le.) - သွားသင့်ပီ
12. 该开始了 (Gāi kāishǐ le.) - စတင်ဖို့အချိန်ရောက်ပီ
13. 该结束了 (Gāi jiéshù le.) -အဆုံးသတ်သင့်ပီ
14. 该休息了 (Gāi xiūxi le.) - နားသင့်ပီ
15. 该换了 (Gāi huàn le.) - လဲသင့်ပီ
16. 该努力了 (Gāi nǔlì le.) - ကြိုးစားဖို့ အချိန်တန်ပြီ။
17. 该道歉了 (Gāi dàoqiàn le.) - တောင်းပန်ဖို့ သင့်ပီ
18. 该聽話了 (Gāi tīnghuà le.) - စကားနားထောင်ဖို့ သင့်ပြီ။
19. 该长大了 (Gāi zhǎngdà le.) - ရင့်ကျက်သင့်နေပြီ။
20. 该负责了 (Gāi fùzé le.) - တာဝန်ယူဖို့သင့်ပြီ။
21. 该喝茶了 (Gāi hēchá le.) - လက်ဖက်ရည်သောက်သင့်ပီ
22. 该运动了 (Gāi yùndòng le.) - အားကစားလုပ်သင့်ပီ
23. 该吃药了 (Gāi chīyào le.) - ဆေးသောက်ဖို့ အချိန်တန်ပီ ဆေးသောက်သင့်ပီ
24. 该回信了 (Gāi huíxìn le.) - စာပြန်သင့်နေပီ
25. 该买东西了 (Gāi mǎi dōngxi le.) - ပစ္စည်းဝယ်သင့်ပီ
26. 该你了 (Gāi nǐ le.) - မင်းအလှည့် ရောက်ပြီ။
27. 该我了 (Gāi wǒ le.) - ငါ့အလှည့် ရောက်ပြီ။
28. 该谁了? (Gāi shéi le?) - ဘယ်သူ့အလှည့်လဲ။
29. 该发生的总会发生 (Gāi fāshēng de zǒng huì fāshēng.) - ဖြစ်လာရမယ့်အရာက ဖြစ်လာမှာပဲ။
30. 该说就说 (Gāi shuō jiù shuō.) - ပြောသင့်တယ်ဆိုရင်ပြောလိုက်ပါ

24/04/2026

အခုထိစကားမပြောနိုင်သေးဖူးဆိုရင် lao shiစာမေးရင် ဒီလိုလေးလုပ်ကြည်ပါ
နောက်ဆုံးမှာအသက်






23/04/2026

စကားအမြန်ပြောတတ်ဖို့ yu yan huan jing မရှိလဲရပါတယ်
စကားပြောအမြန်ရဖို့ yu yan huan jingမရှိလဲ ဒီလိုလေ့ကျင့်လို့ရပါတယ်

တခါမှအခုလို video မရိုက်ဖူးလို့ lao shiတဲ့ အခါ 40လောက် ရိုက်လိုက်ရတာ ဒါတောင်ဒီလောက်ပဲ ရတယ် Lao shiရယ်တဲ့
လုပ်ခိုင်းရခြင်းရည်ရွယ်ချက်လဲ အဲဒါပါ ပဲ
စကားပြောရဖို့အရေးကြီးဆုံးက များများလေ့ကျင့်ဖို့ပါ
အခါ40​ဆိုတော့ အခေါက်40 လေ့ကျင့်ဖစ်တာပေါ့နော်
ကြိုးစားမှုကိုအသိအမှတ်ပြုတဲ့အနနဲ့
speaking classရဲ့ကျောင်းသားတယောက်ရဲ့ နေ့စဉ်ဘ၀





22/04/2026

သင်တန်းသားတွေအများစုကနိုင်ငံခြားကဆိုတော့ အမြဲပြောလေ့ရှိသောရင်ထဲထိတဲ့စကားလေးတခွန်း

lao shiရေ အိမ်ကိုမပြန်ရတာ 7 နှစ် 8နှစ်လောက်ရှိပီ
အိမ်ကိုလွမ်းတယ် lao shiရယ်
အရမ်းပင်ပန်းလို့တဲ့

ဒီစကားတွေကြားရတိုင်းရင်ထဲတကယ်မကောင်းဘူး
jia you💪
အခုကြိုးစားမှုတွေအကုန်လုံးက နောက်တချိန်အောင်မြင်မှုအတွက်ပါ

现在所有的努力,都是为了未来的成功💪

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Yangon
11191