21/05/2026
ကျောင်းဆင်းတွေကို
အသိအမှတ်ပြု ကျေးဇူးတင်ချင်လို့ ❤️
သူငယ်ချင်းတွေက
ပြောပြလို့ သင်တန်းလာတက်ဖြစ်သူတွေ
ပိုပိုပြီးတွေ့လာရလို့ ❤️
ကိုယ်ရည်ကိုယ်သွေး မြှင့်တင်မှု သင်တန်းများ
မြန်မာနိုင်ငံရဲ့ အောင်ချက်အကောင်းဆုံး လေယာဉ်မောင်မယ်သင်တန်း
အများတကာ မမှတ်မိလောက်အောင် ကိုယ်ရည်ကိုယ်သွေး တွေ အချိန်တိုအတွင်း တိုးတက် ပြောင်းလဲသွားအောင် လေ့ကျင့်ပေးနေပါတယ်
21/05/2026
ကျောင်းဆင်းတွေကို
အသိအမှတ်ပြု ကျေးဇူးတင်ချင်လို့ ❤️
သူငယ်ချင်းတွေက
ပြောပြလို့ သင်တန်းလာတက်ဖြစ်သူတွေ
ပိုပိုပြီးတွေ့လာရလို့ ❤️
20/05/2026
အရင် အပါတ်က
Zoom Session လေးမှာ
မစုငယ်ဆီကနေ သင်ယူလိုက်ရတယ်
ခွန်အားတွေ ရလိုက်တယ်လို့
ကြားရတာ ဝမ်းသာမိပါတယ်။
✅ မစုငယ်လိုပဲ အတွေ့အကြုံတွေရှိတဲ့
အခြား အကို အမ ဘယ်သူတွေနဲ့များ
ခုလို Zoom အချိန်လေး လုပ်ပြီး
ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး
သင်ယူ ဆွေးနွေးချင်ပါသလဲ?
✅ သင်လေးစားရပြီးတော့
MFAS ကနေ ဖိတ်စေချင်တဲ့
သူတွေကို
အောက်မှာ ရေးသွားပေးလို့
ရပါတယ်။
✅ လေယာဉ်မောင်မယ်တွေတင်မကပါဘူး
ဘယ်သူ့ကို မဆို Vote လုပ်ပေးလို့ရပါတယ်။
✅ တီချယ်တို့ ကြိုးစားပေးမယ် ❤️
လက်ရှိ 𝐃𝐮𝐛𝐚𝐢 နိုင်ငံမှာ 𝐑𝐞𝐜𝐞𝐩𝐭𝐢𝐨𝐧𝐢𝐬𝐭 အနေနဲ့လုပ်ကိုင်နေတဲ့ မကြည်ဖြူအနေနဲ့ ဘာသာစကား အတွေ့ကြုံတွေကို Sharing လုပ်ပေးထားပါတယ်။ ✨️❤️
20/05/2026
𝐌𝐅𝐀𝐒 ကို ၂၀၂၀ ခုနှစ် နယ်မှာ နေထိုင်စဉ်ကတည်းက စတင်သတိထားမိပြီး စိတ်ဝင်စားခဲ့တာပါ။ 💫
အဲ့ဒီအချိန်ကတည်းက သင်တန်းတက်ချင်စိတ်တွေ တဖွားဖွားဖြစ်ပေါ်ခဲ့ရပြီး 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 က တက်လာသမျှ Post တိုင်းကိုလည်း မလွတ်တမ်း စောင့်ကြည့်လေ့လာဖြစ်ခဲ့ပါတယ်။
အထူးသဖြင့် Page ထဲက တီချယ်တို့ရဲ့ နွေးထွေးပျူငှာပြီး 𝐅𝐫𝐢𝐞𝐧𝐝𝐥𝐲 ဖြစ်တဲ့ အပြုံးတွေကို မြင်ရတိုင်း "ဒီတီချယ်တွေနဲ့ သင်ယူခွင့်ရရင် သိပ်ကောင်းမှာပဲ" ဆိုတဲ့ ဆန္ဒလေး အမြဲရှိခဲ့မိတာပါ။ 💖
အခုတော့ စောင့်မျှော်ခဲ့ရတဲ့ အိမ်မက်လေးအတိုင်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှာ MFAS ရဲ့ သင်တန်းသားတစ်ဦးအဖြစ် တက်ရောက်ခွင့်ရရှိခဲ့ပါပြီရှင့်။ ✨️🥰
𝙈𝙖 𝙉𝙜𝙚 𝙉𝙜𝙚 ❤️
သင် ဘာကြောင့် ခရီးသွားသင့်သလဲ?
19/05/2026
HCP လို့ခေါ်တဲ့
Hospitality Career Preparation
မေလ အတန်းကပါ။
ဇွန်လ ဆိုရင်
၈ ရက်နေ့နဲ့
၁၃ ရက်နေ့တို့မှာ
ဖွင့်မဲ့ အတန်းတွေ ရှိပါမယ် ❤️
18/05/2026
Emirates ကခေါ်ပြီနော်🎉
နောက်လဆန်း ဘန်ကောက်မှာ အင်တာဗျူးဖြေရမယ်
သင် ထိုင်းမှာ ရောက်နေရင် ဖြစ်ဖြစ်
ဘန်ကောက်သွားဖြေနိုင်ရင် ဖြစ်ဖြစ်
လျှောက်လို့ရပါတယ်
✅ ဒါတွေနဲ့ ပြည့်စုံလား အရင်စစ်ကြည့်လိုက်
၁။ အသက် ၂၁ နှစ် ပြည့်ပြီးသူ။
၂။ အင်္ဂလိပ်စာ ရေးသားပြောဆိုမှု ကျွမ်းကျင်သူ။
၃။ အရပ် အနည်းဆုံး ၁၆၀ စင်တီမီတာ၊
ခြေဖျားထောက် လက်လှမ်းမီအမြင့် ၂၁၂ စင်တီမီတာ ရှိသူ၊
၄။ ပညာအရည်အချင်း: အနည်းဆုံး အထက်တန်း ပြီးမြောက်သူ။
၅။ ဝန်ဆောင်မှုလုပ်ငန်း အတွေ့အကြုံ အနည်းဆုံး ၁ နှစ် ရှိရမည်။
၆။ Emirates ယူနီဖောင်းဝတ်ဆင်ထားချိန်တွင်
မြင်သာသော တက်တူးများ မရှိသူ။
၇။ အကောင်းမြင်တတ်သူ၊ တောက်ပသော
ကိုယ်ရည်ကိုယ်သွေးရှိသူ၊ အဖွဲ့လိုက်လုပ်ဆောင်နိုင်သူ။
✅ ဘယ်ကနေ လျှောက်ရမလဲ?
ခုပဲ Online ကနေ လျှောက်လို့ရနေပြီ
လွယ်လွယ်ကူကူ ကြည့်လို့ရအောင်
Comment ထဲမှာ Link ပေးထားမယ်
✅ ဘယ်နေ့ဖောင်ပိတ်မလဲ?
ဇွန်လ ၅ ရက်နေ့ အင်တာဗျူးဆိုတော့
ဒီလကုန် နောက်ဆုံးထားပြီး တင်သင့်ပါတယ်
ဘာပဲဖြစ်ဖြစ် ဒီအပါတ်ထဲ ဖောင်အပြီး တင်ဖို့ ဆုံးဖြတ်ထားလိုက်ကွာ။
✅ ခုမှ စ လေ့လာကြည့်မှာလား ?
Cabin Crew အလုပ်အကိုင်အကြောင်း
အခြေခံ အချက်အလက်တွေ အကြောင်းကို
တစ်စုတစ်စည်းထဲ တင်ထားတဲ့ Link ကို လည်း
Comment မှာ ချ ထားပေးပါတယ်။
Live Your Dreams! ❤️
18/05/2026
သင်တန်းမှာ အဆင်ပြေခဲ့ပါတယ်ရှင့် Hotel Life ထဲဝင်ဖို့အတွက် ... ✨️
အများကြီး အသုံးဝင်ပြီး အကျိုးရှိတဲ့ သင်တန်း ဖြစ်ခဲ့ပါတယ်။
သင်တန်းသူ သင်တန်းသားတွေကို ဂရုစိုက်ပေးပြီး စေတနာထားတာကိုလည်း မြင်ရပါတယ်။ နောက်ပိုင်းတွေကျရင်လည်း ဒီအတန်းတက်ချင်တဲ့သူတွေကို ညွှန်းပေးဖြစ်မှာပါရှင့် 💫✅️
Ma On On ❤️
ရန်ကုန်မှာ
ငလျင်လှုပ်သွားတယ်နော်
ဘေးကင်းကြပါစေ ❤️
17/05/2026
လေကြောင်းလောကရဲ့ စိတ်ဝင်စားစရာ
ဖက်ရှင်အပြောင်းအလဲ! 👟✈️
လေယာဉ်မယ်/မောင် ဆိုလိုက်တာနဲ့
သပ်ရပ်သန့်ရှင်းတဲ့ ဝတ်စုံတွေအပြင်
ဒေါက်မြင့်ဖိနပ်လေးတွေနဲ့ လှပကျော့ရှင်းနေတဲ့
ပုံရိပ် (Glamorous Looks) ကို ပြေးမြင်မိကြမှာပါ။
ဒါပေမဲ့ အခုနောက်ပိုင်း လေကြောင်းလောကမှာ
ရိုးရာအစဉ်အလာပုံရိပ်တွေထက်
"ဝန်ထမ်းတွေရဲ့ ကျန်းမာရေးနဲ့
သက်တောင့်သက်သာဖြစ်မှု (Comfort)" ကို
ပိုပြီး ဦးစားပေးလာတဲ့
ရေစီးကြောင်းတစ်ခု တွေ့လာရတယ်။
လတ်တလော သတင်းတစ်ခုအနေနဲ့
ဂျာမနီလေကြောင်းလိုင်း Lufthansa ရဲ့
လက်အောက်ခံဖြစ်တဲ့ Eurowings လေကြောင်းလိုင်းဟာ
သူတို့ရဲ့ Cabin Crew တွေအတွက်
အဖြူရောင် Sneaker ဖိနပ်တွေ ကို
နေ့စဉ်ဝတ်စုံ (Uniform) ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်
တရားဝင် ဝတ်ဆင်ခွင့်ပြုလိုက်ပြီပဲ ဖြစ်ပါတယ်။
အရင်က "Sneaker Flydays" ဆိုပြီး
သောကြာနေ့တွေမှာပဲ စီးခွင့်ပြုခဲ့ရာကနေ
ဝန်ထမ်းတွေရဲ့ တောင်းဆိုမှုနဲ့ လုပ်ငန်းခွင်
ပိုမိုပေါ့ပါးသွက်လက်စေဖို့အတွက်
အခုလို နေ့စဉ်စီးခွင့် ပြုလိုက်တာပါ။
ဒီလိုပြောင်းလဲတာ Eurowings တစ်ခုတည်းတော့ မဟုတ်ပါဘူး။
တခြားလေကြောင်းလိုင်းတွေမှာလည်း
ဒီ Trend ကို တွေ့လာရပါတယ် -
👟 ဉပမာ ယူကရိန်းလေကြောင်းလိုင်း
SkyUp Airlines ဆိုရင်
လေယာဉ်မယ်တွေအတွက် စကတ်ကျပ်ကျပ်နဲ့
ဒေါက်မြင့်ဖိနပ်တွေအစား Nike Sneaker တွေနဲ့
ဘောင်းဘီပွပွတွေကို ပြောင်းလဲအသုံးပြုခဲ့ပါတယ်။
👟 အိန္ဒိယက Akasa Air နဲ့
အိုက်စလန်က PLAY Airlines တို့ကလည်း
သူတို့ရဲ့ Crew တွေအတွက် သက်တောင့်သက်သာရှိတဲ့
Custom Sneaker ဖိနပ်တွေကို တရားဝင်
Uniform အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။
✅ လေယာဉ်ပေါ်မှာ အချိန်အကြာကြီး မတ်တပ်ရပ်၊
လမ်းလျှောက်ပြီး ဝန်ဆောင်မှုပေးရတဲ့
အလုပ်ဖြစ်လို့ ဒီလိုပြောင်းလဲမှုတွေက
Crew တွေရဲ့ ခြေထောက်နာကျင်မှုနဲ့
ကျန်းမာရေးအတွက်
အများကြီး အထောက်အကူဖြစ်စေပါတယ်။
✅ Flight Birds တို့ရော ဒီ Trend အပေါ် ဘယ်လိုထင်လဲ?
ဘာဝတ်ချင်တဲ့လူ ပိုများလဲ
React လေးတွေ ပေးခဲ့ပြီးတော့
မဲပေးကြည့်လိုက်ရအောင်နော်
ဒေါက်မြင့်ဖိနပ်လေးတွေပဲ ဝတ်ချင်ရင် 👍
ဒါမှမဟုတ် Sneaker လေးတွေကို ပိုကြိုက်ရင် ❤️
17/05/2026
June လ Hospitality အတန်း အချိန်စာရင်းထွက်ပြီ
(နယ်ကျောင်းသူများအတွက် အဆောင် ရှိပါသည်)
✅ပြည်ပမှာ ဟိုတယ်အလုပ်နဲ့
အမြန်ဆုံး အခြေချလိုသူများအတွက်
အချိန်အတိုဆုံးနဲ့ ကုန်ကျစားရိတ် အသက်သာဆုံး
ဟိုတယ် သင်တန်း လမ်းကြောင်း ဖြစ်ပါတယ်။ 🔊
✅သင်တန်းပြီးဆုံးလျှင်
လစာရ ပြည်ပ အလုပ်သင် ဆင်းရင်
လျှောက်ထားနိုင်ပါသည်။
စနေ မှ တနင်္ဂနွေ အတန်း
−−−−−−−−−−−−−−−−
🗓 စတင်မည့်ရက် - ဇွန်လ ၁၃ ရက်နေ့
🕛 နံနက် ၁၀ နာရီ မှ ညနေ ၅ နာရီထိ
⏳ သင်တန်းကာလ - ၁ လ ခွဲ
တနင်္လာ မှ ကြာသပတေး ၄ ရက် အတန်း
−−−−−−−−−−−−−−−−−−−−−−−−−−−
🗓 စတင်မည့်ရက် - ဇွန်လ ၈ ရက်နေ့
🕛 နေ့လည် ၁၀ နာရီ မှ ညနေ ၅ နာရီထိ
⏳ သင်တန်းကာလ - ၁ လ
သင်တန်းသားဦးရေ ကန့်သတ်ထားလို့
အခုပဲ စာရင်းသွင်း အပ်နှံနိုင်ပါပြီ။
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |