National University of Arts and Culture - Yangon

National University of Arts and Culture - Yangon Established in 1993

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)တွင် လစ်လပ်လျက်ရှိသော ရာထူး နေရာများအတွက် အလုပ်လျှောက်လွှာခေါ်ယူခြင်း
17/08/2026

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)တွင် လစ်လပ်လျက်ရှိသော ရာထူး နေရာများအတွက် အလုပ်လျှောက်လွှာခေါ်ယူခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခြင်း ****************  အမျိုးသားယဉ်...
13/08/2026

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခြင်း
****************
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ “မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ” အခမ်းအနားကို ၆-၈-၂၀၂၆ ရက်နေ့၊ နံနက် ၀၇:၃၀ နာရီ၌ တက္ကသိုလ်ဝင်းအတွင်းရှိ ကံ့ကော်ဆောင်ဘေး မြေကွက်လပ်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် ပါမောက္ခချုပ်က ဒုတိယပါမောက္ခချုပ်များထံသို့ ပျိုးပင်များပေးအပ်ခြင်း၊ ပါမောက္ခများထံသို့ ပျိုးပင် များပေးအပ်ခြင်း၊ အရာထမ်း၊ အမှုထမ်းများထံသို့ ပျိုးပင်များပေးအပ်ခြင်းကို ဆောင်ရွက်ခဲ့ကြ ပါသည်။ ထို့နောက် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမ များနှင့် ဝန်ထမ်းများက သတ်မှတ်နေရာအသီးသီးတွင် ခရေပင်နှင့် မဟော်ဂနီစသည့် သစ်ပင် ပျိုးပင်များစိုက်ပျိုးခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ (၃၂)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ ကျင်းပခြင်း**********...
13/08/2026

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ (၃၂)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ ကျင်းပခြင်း
********************
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ (၃၂)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့်လှူဒါန်းမှုအစုစုအား ရေစက်ချသာဓုအနုမောဒနာ ခေါ်ဆိုပွဲအခမ်းအနားကို (၇-၈-၂၀၂၆) ရက်နေ့ (၁၀:၀၀) နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၈)ရပ်ကွက်၊ ပုလဲကျွန်း လမ်း၊ ရွှေစေတီဝိစာရဓမ္မရိပ်သာ ကျောင်းတိုက်ကြီး မှ ဆရာတော် သံဃာတော် (၅)ပါး တို့အား ပင့်ဖိတ်၍ ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပါသည်။

အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူများ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်းအင်အား (၃၅၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ် ဆို၍ အခမ်းအနား ဖွင့်လှစ်ခြင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ (၁၈) ရပ်ကွက်၊ ပုလဲကျွန်းလမ်း ရွှေစေတီဝိစာရဓမ္မရိပ်သာကျောင်းတိုက်ကြီး၏ ပဓာနနာယက ဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇ သဒ္ဓမ္မဇောတိကဓဇ သာသနဓဇဓမ္မာစရိယ ဝိနယဝိဒူ ဒေါက်တာဘဒ္ဒန္တဓမ္မသာရ အရှင်သူမြတ်ထံမှ ဧည့်ပရိသတ်များ က ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော် သံဃာတော် အရှင်သူမြတ်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္စျာယ်တော်မူခြင်း၊ သံဃာတော် အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း၊ ပန်းတစ်ပွင့်တောင် ဗုဒ္ဓတက္ကသိုလ်မှ ပါမောက္ခ/ဌာနမှူး သာသနဓဇဓမ္မာစရိယ ဒေါက်တာအဂ္ဂဝံသ အရှင်သူမြတ်က တရားချီးမြှင့်ခြင်း၊ ရေစက်ချ အမျှပေးဝေခြင်းနှင့် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃) ကြိမ် ရွတ်ဆို၍ အခမ်းအနား ရုပ်သိမ်းခဲ့ပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် အခမ်းအနားအစီအစဉ်ပြီးနောက် တက်ရောက်လာကြသူများအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ ခဲ့ကြပါသည်။

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)နှင့် အိန္ဒိယသံရုံး၊ Swami Vivekananda Cultural Centre (SVCC) တို့ ပူးပ...
07/08/2026

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)နှင့် အိန္ဒိယသံရုံး၊ Swami Vivekananda Cultural Centre (SVCC) တို့ ပူးပေါင်းကျင်းပသော အိန္ဒိယရိုးရာဂန္ထဝင်တေးဂီတ (Hindustani Classical Vocal Music) နှင့် Bharatanatyam အကပညာဆိုင်ရာ Workshop cm Lecture Demonstration သင်တန်းဆင်းပွဲကျင်းပခြင်း
*************
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)နှင့် အိန္ဒိယသံရုံး၊ Swami Vivekananda Cultural Centre (SVCC) တို့ ပူးပေါင်းကျင်းပသော အိန္ဒိယရိုးရာဂန္ထဝင်တေးဂီတ (Hindustani Classical Vocal Music) နှင့် Bharatanatyam အကပညာဆိုင်ရာ Workshop cm Lecture Demonstration သင်တန်းဆင်းပွဲကို အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)၊ သရဖီဆောင်၊ အနုပညာခန်းမ၌ ၅-၈-၂၀၂၆ ရက်နေ့,၊ မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အိန္ဒိယသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက အဖွင့်အမှာစကားပြောကြားခြင်း၊ Swami Vivekananda Cultural Centre (SVCC) မှ ဆရာမများအား ဂုဏ်ပြုလက်မှတ်ပေးအပ်ခြင်း၊ SVCC နှင့် NUAC (YGN) မှ သင်တန်းသားများက ပူးပေါင်းဖျော်ဖြေတင်ဆက်ခြင်း တို့ကို ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပခြင်း*****************  ယာဉ်အန္တရာယ်၊ လမ်းအန္တရာ...
06/08/2026

ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပခြင်း
*****************
ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ၄-၈-၂၀၂၆ ရက်နေ့၊ နေ့လယ် ၁၃:၀၀ နာရီ အချိန်တွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ သရဖီဆောင်၊ အနုပညာခန်းမ၌ ကျင်းပ ပြုလုပ်ရာ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်းအင်အား ၂၅၀ ဦးကျော် တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ဒုတိယပါမောက္ခချုပ် (သင်ကြား) ဦးခိုင်ထွန်း က အဖွင့်အမှာစကား ပြောကြားခြင်း၊ ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာန ခရိုင်ရုံး(ရန်ကုန်အရှေ့ပိုင်း)မှ ခရိုင်ဦးစီးမှူး ဒေါ်နှင်းမာလာမိုးက ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ရည်မှန်းချက်၊ ယာဉ်မတော်တဆ ဖြစ်မှုအခြေအနေများ၊ ယာဉ်မောင်းနှင်သူနှင့် လိုက်ပါစီးနင်းသူတို့ လိုက်နာရမည့်စည်းကမ်းချက်များ အသိပညာပေး ဟောပြောခြင်း၊ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန် က လမ်းအသုံးပြုသူတိုင်း ယာဉ်အန္တရာယ် ကင်းရှင်းစေရေး လိုက်နာရမည့်စည်းကမ်းချက်များ၊ ယာဉ်မောင်းနှင်ရာတွင်လိုက်နာရမည့်အချက်များ အသိပညာပေး ဟောပြောခြင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခရိုင်ရုံး(ရန်ကုန်အရှေ့ပိုင်း) မှ ဦးစီးအရာရှိ ဦးကျော်သီဟက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လိုက်နာရမည့် အချက်အလက်များကို အသိပညာပေးဟောပြောဆွေးနွေးပြီး ဟောပြောပွဲ တက်ရောက်လာသူများက မေးမြန်းခြင်းများအား ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ ဒုတိယပါမောက္ခချုပ်(သင်ကြား) ဦးခိုင်ထွန်းက ဟောပြောပွဲ ဆွေးနွေးပေးခဲ့သည့် တာဝန်ရှိပုဂ္ဂိုလ်များအား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ခဲ့ကာ အခမ်းအနားကို ညနေ ၁၅:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

အချိန်ပိုင်း အနုပညာဒီပလိုမာသင်တန်းဆင်းပွဲအခမ်းအနား တတိယပိုင်းအစီအစဉ် ဆက်လက်ကျင်းပခြင်း ***************** သဘင်ပညာဌာန Leve...
05/08/2026

အချိန်ပိုင်း အနုပညာဒီပလိုမာသင်တန်းဆင်းပွဲအခမ်းအနား တတိယပိုင်းအစီအစဉ် ဆက်လက်ကျင်းပခြင်း
*****************
သဘင်ပညာဌာန Level I, II, မှ “သွက်လက်မြူးကြွ သူငယ်တော်နှင့် မျောက်အက” (ရုပ်သေး)ဖြင့်လည်းကောင်း၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာန Level II (Group-B)က “ကွမ်း” ဇာတ်လမ်း တိုနှင့် ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာန Level II (Group-C) က “The Story of a 1974 Land Rover Series II A” ကို ပြသပါသည်။
ဆက်လက်၍ သဘင်ပညာဌာန Level III, မှ “မြင်းခင်းတော်”ယိမ်းအကဖြင့်လည်းကောင်း၊ ဂီတပညာဌာန Level I, II, III (စောင်း၊ ပတ္တလား၊ စန္ဒရား၊ တယော၊ အဆို)က “အလှကမ္ဘာမြေ” သီချင်းဖြင့်လည်းကောင်း၊ သဘင်ပညာဌာန Level I က “ကျေးလက်ရိုးရာအကပဒေသာ” ဖြင့် လည်းကောင်း စွမ်းရည်ပြ ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။
ထိုနောက် ပါမောက္ခချုပ်ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုုပ် (သင်ကြား)၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနမှူး(ဂီတ)၊ ဌာနမှူး(သဘင်)၊ ဌာနမှူး(ရုပ်ရှင်နှင့်ပြဇာတ်)တို့က ဂီတ၊ သဘင် Level- III (ထက်) သင်တန်းသားများကိုလည်းကောင်း၊ ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ် Level II သင်တန်းသားများကိုလည်းကောင်း၊ ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ် Level I သင်တန်းသားများ ကိုလည်းကောင်း သင်တန်းဆင်းလက်မှတ် အပ်နှင်းချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ် သင်တန်းသားများနှင့် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

အချိန်ပိုင်း အနုပညာဒီပလိုမာသင်တန်းဆင်းပွဲအခမ်းအနား တတိယပိုင်းအစီအစဉ် ဆက်လက်ကျင်းပခြင်း**************  ၂၀၂၅ - ၂၀၂၆ ပညာသင်...
05/08/2026

အချိန်ပိုင်း အနုပညာဒီပလိုမာသင်တန်းဆင်းပွဲအခမ်းအနား တတိယပိုင်းအစီအစဉ် ဆက်လက်ကျင်းပခြင်း
**************
၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ အချိန်ပိုင်းအနုပညာဒီပလိုမာသင်တန်း အမှတ်စဉ်(၅)နှင့် အချိန်ပိုင်း အနုပညာဒီပလိုမာသင်တန်း အမှတ်စဉ်(၂) (မူ၊ လယ်၊ ထက်) သင်တန်းဆင်းလက်မှတ် အပ်နှင်းပွဲ အခမ်းအနားကို ၃၁-၇-၂၀၂၆ ရက်နေ့၊ နေ့လယ်ပိုင်းတွင် သရဖီဆောင်၊ အနုပညာခန်းမ၌ အစီအစဉ် တတိယပိုင်းကို ဆက်လက်ကျင်းပရာ ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ် သင်တန်းသား/သူများက သင်တန်းဆင်းစွမ်းရည်ပြတင်ဆက်ကြပါသည်။
ပထမဦးစွာ ဂီတပညာဌာန Level I, II, III (စောင်း၊ ပတ္တလား၊ စန္ဒရား၊ တယော၊ အဆို) သင်တန်းသားများက “ထံတျာတေရှင်(ပုဇဉ်းတောင်သံကြိုး)”သီချင်းဖြင့်လည်းကောင်း၊ သဘင်ပညာဌာန Level II မှ “တူယှဉ်နွှဲပျော် ရေစကြို ကိုကြီးကျော်” အက နှင့် Level II မှ “အပျိုတော်အက ဖြင့်လည်း ကောင်း တင်ဆက်ပြီး ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာန Level I (Group-A) က “ကျေးဇူးပါကွယ်” ဇာတ်လမ်းတိုနှင့် Level I (Group-B)က “အသဲနုတော့ ကြောက်တာပေါ့” ဇာတ်လမ်းတိုကို ပြသပါသည်။
ဆက်လက်၍ သဘင်ပညာဌာန Level III မှ “ထောင်ရောင်နေ” နန်းတွင်းယိမ်းအကဖြင့် လည်းကောင်း၊ ဂီတပညာဌာန Level II, III (စောင်း၊ ပတ္တလား၊ စန္ဒရား၊ တယော၊ အဆို)က “နန်းဘုံ သီဟာဗွေ(ယိုးဒယား)”သီချင်းဖြင့်လည်းကောင်း တင်ဆက်ပြီး ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာန Level I (Group-C)က “လွယ်လွယ်နဲ့မေ့လို့မရတဲ့အချစ်” ဇာတ်လမ်းတိုနှင့် ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာန Level II (Group-A) က “ကြိုးကမ္ဘာရဲ့ နှလုံးခုန်သံ” (ရုပ်သေး) Documentary ကို ပြသပါသည်။

အချိန်ပိုင်း အနုပညာဒီပလိုမာသင်တန်းဆင်းပွဲအခမ်းအနား ဒုတိယပိုင်းအစီအစဉ် ဆက်လက်ကျင်းပခြင်း ******************၂၀၂၅ - ၂၀၂၆ ပည...
05/08/2026

အချိန်ပိုင်း အနုပညာဒီပလိုမာသင်တန်းဆင်းပွဲအခမ်းအနား ဒုတိယပိုင်းအစီအစဉ် ဆက်လက်ကျင်းပခြင်း
******************
၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ အချိန်ပိုင်းအနုပညာဒီပလိုမာသင်တန်း အမှတ်စဉ်(၅)နှင့် အချိန်ပိုင်း အနုပညာဒီပလိုမာသင်တန်း အမှတ်စဉ်(၂) (မူ၊ လယ်၊ ထက်) သင်တန်းဆင်းလက်မှတ် အပ်နှင်းပွဲ အခမ်းအနားကို ၃၁-၇-၂၀၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် သရဖီဆောင်၊ အနုပညာခန်းမ၌ အစီအစဉ် ဒုတိယပိုင်းအနေဖြင့် ဆက်လက်ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက အဖွင့်အမှာစကား ပြောကြားပါသည်။
ဆက်လက်၍ အနုပညာကွန်ပျူတာဒီပလိုမာသင်တန်း Level II (Group-1) ၏ “မောဟအလွန်” ဇာတ်လမ်းတိုအား လည်းကောင်း၊ Level II (Group-2) ၏ “ငွေမှင်ရောင် ပိတ်ကား နောက်ကွယ်မှ အနုပညာ ဖန်တီးသူများ” Documentary ကိုလည်းကောင်း၊ Level II (Group-4) ၏ “ရာနှုန်းပြည့် သူငယ်ချင်း” Music Video ကိုလည်းကောင်း၊ Level II (Group-3) ၏ “ရုပ်ရှင်သမိုင်းပြတိုက် လေ့လာရေးကွင်းဆင်းဘလော့ခ်” ကိုလည်းကောင်း ပြသပါသည်။
ထို့နောက် ပါမောက္ခချုပ်ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုုပ် (သင်ကြား)၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနမှူး(စာပေ)၊ ဌာနမှူး(ပန်းပု)၊ ဌာနမှူး(ယဉ်ကျေးမှုအမွေအနှစ်စီမံ ခန့်ခွဲမှု)တို့က ပန်းချီ၊ ပန်းပု၊ ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှု Level- III (ထက်) သင်တန်းသားများကို လည်းကောင်း၊ ပန်းချီ၊ ပန်းပု၊ ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှု၊ အနုပညာကွန်ပျူတာဒီပလိုမာ Level II သင်တန်းသားများကိုလည်းကောင်း၊ ပန်းချီ၊ ပန်းပု၊ ယဉ်ကျေးမှု အမွေအနှစ်စီမံခန့်ခွဲမှု Level I သင်တန်းသားများကိုလည်းကောင်း သင်တန်းဆင်းလက်မှတ် အပ်နှင်းချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ ပန်းချီ၊ ပန်းပု၊ ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှု၊ အနုပညာကွန်ပျူတာဒီပလိုမာ သင်တန်းသားများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။

ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာန၏ သင်တန်းဆင်းလက်ရာများအားကြည့်ရှုခြင်း******************** ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ အချိန်ပိုင်း...
05/08/2026

ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာန၏ သင်တန်းဆင်းလက်ရာများအားကြည့်ရှုခြင်း
********************
၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ အချိန်ပိုင်းအနုပညာဒီပလိုမာသင်တန်း အမှတ်စဉ်(၅)နှင့် အချိန်ပိုင်းအနုပညာဒီပလိုမာသင်တန်း အမှတ်စဉ်(၂) (မူ၊ လယ်၊ ထက်) သင်တန်းဆင်းလက်မှတ် အပ်နှင်းပွဲအခမ်းအနားကို ၃၁-၇-၂၀၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် သရဖီဆောင်၌ ကျင်းပပြုလုပ်ရာ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာန၏ သင်တန်းဆင်းလက်ရာများအား ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဌာနမှူးများ ကြည့်ရှုစဉ်

၄-၈-၂၀၂၆ ရက်နေ့၊ ဂီတပညာဌာနတွင် အိန္ဒိယရိုးရာဂန္ထဝင်တေးဂီတ (Hindustani Classical Vocal Music) အား လက်တွေ့ သင်ကြားခြင်း
04/08/2026

၄-၈-၂၀၂၆ ရက်နေ့၊ ဂီတပညာဌာနတွင် အိန္ဒိယရိုးရာဂန္ထဝင်တေးဂီတ (Hindustani Classical Vocal Music) အား လက်တွေ့ သင်ကြားခြင်း

Address

Yangon
11431

Telephone

+9595056425

Website

Alerts

Be the first to know and let us send you an email when National University of Arts and Culture - Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to National University of Arts and Culture - Yangon:

Shortcuts

Share