Thet Myo Htet - Econ Trekker

Thet Myo Htet - Econ Trekker

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thet Myo Htet - Econ Trekker, Tutor/Teacher, Yangon.

20/05/2026

G11 အခန်း (၃) နဲ့ပတ်သက်ပြီး ကျနော့် Page မှာတင်ပေးထားတဲ့ Video များအားလုံးကို တစ်စုတစ်စည်းထဲ ပြန်တင်ပေးလိုက်ပါတယ်။

လိုအပ်သူများ လွတ်လပ်စွာအခမဲ့ ကူးယူမျှဝေနိုင်ပါတယ်ခင်ဗျ ✌️🙋

▫️ကုန်ထွက်နှင့် ထုတ်ကုန် အကြောင်း
https://www.facebook.com/share/v/18DoY6jby8/

▫️ ဝင်ငွေနည်းအကြောင်း
https://www.facebook.com/share/v/1BQLrRNbX7/

▫️ တိုင်းပြည်ဝင်ငွေ၏ အခြေခံသဘော‌အကြောင်း
https://www.facebook.com/share/v/18E8UhCa4X/

▫️ တိုင်းပြည်ဝင်ငွေကို "ဝင်ငွေရှုထောင့်မှ ရှုမြင်ခြင်း
https://www.facebook.com/share/v/1BdpvyFPwj/

▫️ ဝင်ငွေနဲ့ ထုတ်လုပ်မှုကို ဘာကြောင့်ထပ်တူထပ်မျှဖြစ်တယ်လို့ပြောတာလဲ?
https://www.facebook.com/share/v/16ynaiGmBq/

20/05/2026

ယုံကြည်မှုအလွဲတွေကြောင့်

ကိုယ့်လုပ်နိုင်စွမ်းတွေကို ပိတ်လှောင်ထားသလို
ဖြစ်နေတတ်တယ်။

“ငါမရနိုင်ဘူး”
“ငါမတော်ဘူး”
“ငါ့အတွက် မဖြစ်နိုင်ဘူး” ဆိုတဲ့အတွေးတွေက
တကယ်တော့ အမှန်တရားမဟုတ်ဘူး။

အတိတ်ကရှုံးနိမ့်မှုတချို့၊
ပတ်ဝန်းကျင်ရဲ့စကားတချို့၊
ကိုယ်တိုင်ထည့်ထားတဲ့ ကန့်သတ်ချက်တချို့ပဲ။

လူတော်တော်များများက
အခွင့်အရေးမရှိလို့ မရှုံးတာမဟုတ်ဘူး၊
ကိုယ့်ကိုယ်ကို မယုံကြည်လို့ ရပ်သွားတာ။

တကယ်တော့ သင်ထင်ထားတာထက်
သင်က ပိုလုပ်နိုင်တယ်။
ပိုသင်ယူနိုင်တယ်။
ပိုတိုးတက်နိုင်တယ်။

တစ်ခါတလေ ဘဝပြောင်းသွားဖို့လိုတာက
Skill အသစ်တစ်ခုမဟုတ်ဘူး။

“ငါလုပ်နိုင်တယ်” ဆိုတဲ့
ယုံကြည်မှုအသစ်တစ်ခုပါပဲ။

Photos from Thet Myo Htet - Econ Trekker's post 20/05/2026

G11 အခန်း (၃) က "တိုင်းပြည်ဝင်ငွေကို ဝင်ငွေရှုထောင့်မှ ရှုမြင်ခြင်း" အကြောင်းရှင်းပြထားတဲ့ Video မှာပါဝင်တဲ့ PowerPoint Slide များဖြစ်ပါတယ်။

လိုအပ်သူများ လွတ်လပ်စွာ အခမဲ့ ကူးယူမျှဝေနိုင်ပါတယ်ခင်ဗျ

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

🗨 ခုလိုမျိုး "ဘောဂဗေဒဘာသာရပ်"သင်ကြားခြင်းနည်းစနစ်များကို စိတ်ဝင်စားလိုလေ့လာချင်ပါက

📌 သင်တန်းနဲ့ပတ်သက်တာကိုအောက်က Link တွေက‌နေအသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://www.facebook.com/share/p/1beoffDahg/

19/05/2026

လုပ်ချင်တာတွေများနေခြင်းက
ဘာအလုပ်ကိုမှ ပြီးစေမှာမဟုတ်ဘူး

အာရုံစိုက်မှုက
စွမ်းအားတစ်ခုဖြစ်တယ်

တစ်ချိန်တည်းမှာ
အရာအားလုံးကို လိုချင်နေတဲ့သူက
နောက်ဆုံးမှာ ဘာတစ်ခုကိုမှ
တကယ်မရနိုင်ဘူး

တကယ်တိုးတက်တဲ့သူတွေက
“ပိုလုပ်တဲ့သူ” မဟုတ်ဘူး
“ဘာကိုလုပ်မလဲဆိုတာ ရွေးတတ်တဲ့သူ” တွေပဲ

တစ်ခုပြီးမှ တစ်ခု
တစ်လှမ်းပြီးမှ တစ်လှမ်း

Focus ဆိုတာ
အရာများများလုပ်တာမဟုတ်ဘူး
မလိုအပ်တဲ့အရာတွေကို
ရဲရဲငြင်းနိုင်တာပဲ

အောင်မြင်မှုက
မြန်မြန်ပြေးတဲ့သူဆီ မလာဘူး
တစ်လမ်းတည်းကို
ရှည်ရှည်လျားလျား လျှောက်နိုင်တဲ့သူဆီကိုပဲ ရောက်လာတယ်။

19/05/2026

🔰 G11 - အခန်း (၃)မှာ ပါဝင်တဲ့ "တိုင်းပြည်ဝင်ငွေကို ဝင်ငွေရှုထောင့်မှရှုမြင်ခြင်း" အကြောင်းကို ဒီ Video လေးမှာ အနှစ်ချုပ်လေး ရှင်းပြပေးထားပါတယ်။

🗣 Video အပြည့်အစုံကို ကျနော့်ရဲ့ Online Video Class တွင် ဝင်ရောက်လေ့လာနိုင်ပါတယ်။

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

🗨 ခုလိုမျိုး "ဘောဂဗေဒဘာသာရပ်"သင်ကြားခြင်းနည်းစနစ်များကို စိတ်ဝင်စားလိုလေ့လာချင်ပါက

📌 သင်တန်းနဲ့ပတ်သက်တာကိုအောက်က Link တွင် အသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျ...

https://www.facebook.com/share/p/1beoffDahg/

19/05/2026

G12 အခန်း (၃) က "ပေါ်လွင်စရိတ်" အကြောင်းရှင်းပြထားတဲ့ Video မှာပါဝင်တဲ့ PowerPoint Slide များဖြစ်ပါတယ်။

လိုအပ်သူများ လွတ်လပ်စွာ အခမဲ့ ကူးယူမျှဝေနိုင်ပါတယ်ခင်ဗျ

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

🗨 ခုလိုမျိုး "ဘောဂဗေဒဘာသာရပ်"သင်ကြားခြင်းနည်းစနစ်များကို စိတ်ဝင်စားလိုလေ့လာချင်ပါက

📌 သင်တန်းနဲ့ပတ်သက်တာကိုအောက်က Link တွေက‌နေအသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://www.facebook.com/share/p/1beoffDahg/

18/05/2026

ဘဝက အလုပ်လုပ်ဖို့ သက်သက်မဟုတ်ဘူး၊
ခံစားသက်ဝင်ဖို့အတွက်လည်း ဖြစ်တယ်။

ပိုက်ဆံရှာဖို့အရေးကြီးတယ်

ဒါပေမဲ့ နေ့တိုင်း အသက်ရှင်နေရတဲ့ ခံစားချက်ပျောက်သွားရင် အောင်မြင်မှုတောင် အရသာမရှိတော့ဘူး။

တစ်ခါတလေ
ကော်ဖီတစ်ခွက်သောက်ရင်း အေးဆေးထိုင်နေတာ၊
နေဝင်ချိန်ကို ကြည့်နေတာ၊
ကိုယ်ချစ်တဲ့လူတွေနဲ့ ရယ်မောနေတာတွေက
ဘဝရဲ့ တကယ့် Luxury တွေပဲ။

အလုပ်က ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပဲ
ဘဝတစ်ခုလုံး မဖြစ်သင့်ဘူး။

ကိုယ်လုပ်နေတဲ့အရာတွေကြားထဲမှာ
အသက်ရှူဖို့ အချိန်ရှိရမယ်၊
ပျော်ဖို့ အကြောင်းရှိရမယ်၊
ကိုယ့်နှလုံးသား အသက်ဝင်နေတယ်ဆိုတဲ့
ခံစားချက်ရှိရမယ်။

ဘာလို့လဲဆိုတော့
ဘဝဆိုတာ “survive” လုပ်ဖို့တင်မဟုတ်ဘူး၊

တကယ်အသက်ရှင်ဖို့ ဖြစ်တယ်

18/05/2026

🔰 G12 - အခန်း (၃)မှာ ပါဝင်တဲ့ "ပေါ်လွင်စရိတ်" အကြောင်းကို Video လေးမှာ အနှစ်ချုပ်လေး ရှင်းပြပေးထားပါတယ်။

🗣 Video အပြည့်အစုံကို ကျနော့်ရဲ့ Online Video Class တွင် ဝင်ရောက်လေ့လာနိုင်ပါတယ်။

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

🗨 ခုလိုမျိုး "ဘောဂဗေဒဘာသာရပ်"သင်ကြားခြင်းနည်းစနစ်များကို စိတ်ဝင်စားလိုလေ့လာချင်ပါက

📌 သင်တန်းနဲ့ပတ်သက်တာကိုအောက်က Link တွင် အသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျ...

https://www.facebook.com/share/p/1beoffDahg/

Photos from Thet Myo Htet - Econ Trekker's post 18/05/2026

မနေ့ကတင်‌ပေးထားတဲ့ G11 အခန်း (၃) က "ဝင်ငွေနဲ့ ထုတ်လုပ်မှု ထပ်တူညီတယ်ဆိုတဲ့" အကြောင်းရှင်းပြထားတဲ့ Video မှာပါဝင်တဲ့ PowerPoint Slide များဖြစ်ပါတယ်။

လိုအပ်သူများ လွတ်လပ်စွာ အခမဲ့ ကူးယူမျှဝေနိုင်ပါတယ်ခင်ဗျ

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

🗨 ခုလိုမျိုး "ဘောဂဗေဒဘာသာရပ်"သင်ကြားခြင်းနည်းစနစ်များကို စိတ်ဝင်စားလိုလေ့လာချင်ပါက

📌 သင်တန်းနဲ့ပတ်သက်တာကိုအောက်က Link တွေက‌နေအသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://www.facebook.com/share/p/1beoffDahg/

17/05/2026

🔰 G11 - အခန်း (၃)မှာ ပါဝင်တဲ့ "ဝင်ငွေနှင့် ထုတ်လုပ်မှုကို ဘာကြောင့်ထပ်တူထပ်မျှဖြစ်တယ်လို့ ပြောတာလဲ?"

ဒီအကြောင်းကို Video လေးမှာ အနှစ်ချုပ်လေး ရှင်းပြပေးထားပါတယ်။

🗣 Video အပြည့်အစုံကို ကျနော့်ရဲ့ Online Video Class တွင် ဝင်ရောက်လေ့လာနိုင်ပါတယ်။

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

🗨 ခုလိုမျိုး "ဘောဂဗေဒဘာသာရပ်"သင်ကြားခြင်းနည်းစနစ်များကို စိတ်ဝင်စားလိုလေ့လာချင်ပါက

📌 သင်တန်းနဲ့ပတ်သက်တာကိုအောက်က Link တွင် အသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျ...

https://www.facebook.com/share/p/1beoffDahg/

15/05/2026

သင့်ကိုသင် ပညာသင်ပေးနေဖို့က
အမြဲတမ်း သင့်အလုပ်ပဲ။

School က တစ်ချိန်မှာပြီးသွားမယ်
University ကလည်း တစ်နေ့မှာဆုံးသွားမယ်။

ဒါပေမဲ့
ဘဝကတော့ စာမေးပွဲဆက်စစ်နေတုန်းပဲ။

ပိုက်ဆံရှာနည်း
လူပေါင်းသင်းနည်း
စိတ်ထိန်းနည်း
အခွင့်အရေးမြင်နည်း
ဆုံးရှုံးမှုကိုခံနိုင်နည်း

ဒါတွေကို
ဘယ်ကျောင်းမှ အပြည့်အစုံမသင်ပေးနိုင်ဘူး။

အဲ့ဒါကြောင့်
ကိုယ့်ဘဝကို Upgrade ဖြစ်ချင်ရင်
ကိုယ့်ကိုကိုယ် Continuous Learning Mode ထဲထည့်ထားရမယ်။

စာဖတ်ပါ။
မေးခွန်းမေးပါ။
နားထောင်ပါ။
လေ့လာပါ။
စမ်းလုပ်ပါ။

ဘာလို့လဲဆိုတော့
ဒီခေတ်မှာ
အောင်မြင်တဲ့သူနဲ့ ကျန်နေတဲ့သူကြားက
ကွာခြားချက်က

Talent ထက် Learning Speed ပိုဖြစ်လာလို့ပဲ။

နေ့တိုင်း နည်းနည်းစီတိုးတက်နေတဲ့သူက
တစ်နေ့မှာ အရမ်းဝေးသွားတတ်တယ်။

မမေ့နဲ့—

သင့်ဘဝရဲ့ အကြီးမားဆုံးဆရာက
တခြားသူမဟုတ်ဘူး။

သင်ကိုယ်တိုင်ပဲ

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Yangon