30/03/2026
မနက်သုံးနာရီကျမှ ထ တင်တာ 🤌
လောလောဆယ်ဝင်ကြည့်ထားပေးပါ။ ပြီးရင် သေချာလေးထပ်တင်ပေးမယ်နော်။
going through a hard time alone? ခက်ခဲတဲ့အခြေအနေကိုတစ်ယောက်တည်းရင်ဆိုင်နေရတဲ့လူငယ်တိုင်းကြည့်ပါ။
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
30/03/2026
ဘယ်တော့မှ ဝန်ထမ်းလုပ်စရာမလိုတော့မယ့် နည်းလမ်း။ 📌
အစ်မ ဆယ်တန်းပြီးတော့စပြီးငွေရှာတဲ့အချိန်ကနေ အခုထိ ( 7 နှစ်ကျော် ၊ 8 နှစ်) ဝန်ထမ်း Position ကနေ တစ်ခါပဲအလုပ်လုပ်ခဲ့ဖူးတယ်။အဲ့တာလည်း Online ကနေပဲ။ အဲ့ဒီ့နောက်ပိုင်းရယ် ၊ အဲ့တာမတိုင်ခင်ကရယ် Freelance အလုပ်တွေနဲ့ တစ်ခြားကိုယ်ပိုင်အလုပ်တွေပဲလုပ်ခဲ့တာ။
ဘာလို့လဲဆိုတော့ စကားလှလှနဲ့ ပြောရင် လွတ်လပ်မှုရဲ့အရသာကိုခံစားဖူးသွားလို့လေ။ ကိုယ့်အချိန်ကိုယ်ပိုင်တဲ့ခံစားချက် ၊ ကိုယ်လုပ်ချင်တာဆို လုပ်ချင်တဲ့အချိန် လုပ်လိုက်နိုင်တဲ့ခံစားချက်ကိုပိုပြီးသဘောကျလို့ ဝန်ထမ်းမလုပ်ရဲ့လမ်းကြောင်းကိုပဲရွေးမယ်ဆိုပြီးဆုံးဖြတ်ခဲ့တာ။
ဒီတော့ လူငယ်တွေထဲမှာ ရုံးအလုပ်စိတ်မဝင်စားပဲ ၊ ကိုယ်ပိုင်အလုပ်ပဲလုပ်ချင်တဲ့သူတွေအတွက် ဝန်ထမ်းမလုပ်ရဖို့အတွက် ဘာတွေလုပ်ရမလဲ။ပြင်ဆင်ရမလဲဆိုတာကို ကိုယ်ပိုင်အတွေ့အကြုံကနေ အကြံပေးပါမယ်။ ☝
(1) ` သိချင်စိတ် ရှိအောင်လုပ်။ ´ ☑
အသက်ငယ်တဲ့အရွယ်မှာ ဘဝနဲ့ပတ်သက်ပြီး အားလုံးသိစရာမလိုဘူး။မသိလည်းရတယ်။အဓိက က သိချင်တဲ့စိတ်ရှိဖို့ပဲ ။ ဘာတွေကို သိချင်စိတ်ရှိရမလဲဆိုတော့
- ကိုယ့်အကြောင်းကိုယ်သေချာသိရမယ်။
- ကိုယ့်ကိုယ်ကိုသေချာနားလည်ရမယ်။
- ကိုယ့်အားသာချက် ၊ အားနည်းချက်တွေသိရမယ်။
- ကိုယ်ဘာတွေစိတ်ဝင်စားတယ်၊ ဘာတော့စိတ်မဝင်စားဘူးဆိုတာတွေသိရမယ်။
ဒါမှ သူများတွေရဲ့စကားနဲ့ သူများဘဝပုံစံကလာလွှမ်းမိုးလို့ သူများလုပ်လို့လိုက်လုပ်မိတာမျိုးတွေ ၊ မရေမရာ လျှောက်လုပ်လို့အချိန်ကုန်တာမျိုးတွေ ၊လမ်းပျောက်ရတဲ့အခြေအနေတော်တော်များများကနေရုန်းထွက်နိုင်လာလိမ့်မယ်။
(2) ` လေ့လာ ၊ လေ့ကျင့် ၊ အသုံးချ ရမယ်။´ ☑
* ဘာမှမတတ်ရင် ဘာမှလုပ်လို့မရဘူး။ ´ နောက်တစ်ခေါက်ထပ်ပြောမယ်နော်။ ` ဘာမှမတတ်ရင် ဘာမှလုပ်လို့မရဘူး။ ´
တစ်ချို့လူငယ်တွေ အစ်မကိုပြောတာရှိတယ်။ သိမှမသိတာ ဘယ်လိုလုပ်ရမလဲ။ တတ်မှမတတ်တာဘယ်လိုလုပ်ရမလဲ။ အဲ့လိုဆိုအဖြေကရှင်းရှင်းလေး။ မသိရင် သိအောင်လုပ်။ မတတ်ရင်တတ်အောင်လုပ်မှပဲရမယ်။ တစ်ခြားနည်းလမ်းမရှိဘူး။ အဲ့လိုမလုပ်ပဲ ထိုင်ပြီး ငြီး နေလို့လည်းဘာမှမရဘူး။ အဲ့တော့ ငွေရှာဖို့ဆို Skill တစ်ခုခု တတ်ဖို့လိုမယ်။ Skill ရှိဖို့ဘာလုပ်ရမလဲဆိုရင် လေ့လာရမယ်။ လေ့လာပြီးတော့ကျွမ်းကျင်လာအောင် လေ့ကျင့်ရမယ်။ လေ့ကျင့်ပြီးရင်အသုံးချတတ်ရမယ်။
ဒီနေရာမှာမေးခွန်းက ဘာ Skill ကို တတ်အောင်လုပ်ရမလဲ။ ☝
နည်းလမ်းနှစ်မျိုးနဲ့ရွေးချယ်လို့ရတယ်။
1 ) အပေါ်မှာပြောသလို ကိုယ့်ကိုယ်ကိုနားလည်ပြီဆိုရင် ကိုယ်ဝါသနာပါတာတွေအပေါ် အခြေခံပြီး ကိုယ်စိတ်ဝင်စားတဲ့ Skillကိုရွေး။ ဒါကြောင့်ကိုယ့်ကိုယ်ကိုသိဖို့လိုတယ်လို့ပြောတာ။
2 ) စိတ်ဝင်စားတာမရှိသေးဘူးဆိုရင် ကိုယ့်အခြေအနေနဲ့အဆင်ပြေတာကိုအရင်သင်တာအကောင်းဆုံးပဲ။ ဘာသင်ရမလဲမသိရင် Content Writing လောက်တော့သင်။ Laptop မရှိလည်းရတယ်။ ပညာအရည်အချင်းတွေဘာတွေလည်းအရေးမကြီးဘူး။ စိတ်ဝင်စားရင်ကိုစပြီးလေ့လာလို့ရတယ်။အချိန်အရမ်းအများကြီးလည်းမလိုဘူး။ တစ်ကယ်လို့စိတ်ဝင်စားလို့ပိုသိချင်တယ်။ အခုလေ့လာချင်တယ်ဆိုရင်တော့ အစ်မရဲ့ကျောင်းမှာ စီစဥ်ထားတဲ့ Class ရှိတာမို့ Link ထဲကိုဝင်ကြည့်လို့ရပါတယ်။ 👇
https://www.facebook.com/share/p/18G6PGWLTV/
စိတ်မဝင်စားရင်တော့ကျော်သွားလိုက်ပါ။
(3) ရေရှည် Plan လိုလိမ့်မယ်။ ☑
Freelance လုပ်တာတွေဘာတွေကနေ ရတဲ့ဝင်ငွေတွေက များကောင်းများနိုင်တယ်။ဒါပေမယ့် ဝင်ငွေကောင်းတာပဲဆိုပြီး တစ်သက်လုံးဒါပဲလုပ်မယ်လို့တွေးလို့မရဘူး။ ဘဝကို အေးအေးဆေးဆေးဖြတ်သန်းချင်တာဆိုရင် အလုပ်လုပ်စရာမလိုပဲ ငွေဝင်နေမယ့် လမ်းကြောင်းတွေကိုဖန်တီးရမယ်။မသိရင်လေ့လာကြည့်ပါ။ ပြီးရင်ရတဲ့ဝင်ငွေကို သုံးဖို့ပဲတွေးလို့မရဘူး။ စီမံခန့်ခွဲတတ်ဖို့လိုမယ်။ ကိုယ်ရေရှည်မှာလုပ်ချင်တာပေါ်မူတည်ပြီးတော့ Plan တစ်ခုခုရှိမှရမယ်။
ဒီတော့တစ်ဖက်ကနေ Skill နဲ့ငွေရှာနေတုန်း ၊တစ်ဖက်မှာလည်းဝင်ငွေကိုသေချာစီမံခန့်ခွဲပြီးအနာဂတ်အတွက် Plan တွေချပြီးသာ ရှေ့ဆက်ရင် လစာရမှအဆင်ပြေမယ့် အခြေအနေကိုဘယ်တော့မှမရောက်တော့ဘူး။
* ပြောတော့လွယ်တယ်။လုပ်တော့ခက်တယ် * လို့တွေးရင် လောကကြီးမှာ လွယ်လွယ်ရပြီးတန်ဖိုးရှိတဲ့အရာဆိုတာရှိလို့လားနော်။ *
ဒီနေ့မျှဝေပေးချင်တာကတော့ဒီလောက်ပါပဲ။ အကျိုးရှိတယ်လို့ခံစားရရင် ❤ ပေးပြီး Share သွားဖို့မမေ့နဲ့နော်။
-----------------------------------------------------------------
လူငယ်ဘဝမှာကြုံရတဲ့အခက်အခဲတွေကိုဘယ်သူ့ကိုပြောပြပြီးအကြံညဏ်တောင်းရမလဲမသိလို့ အစ်မနဲ့ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ ဒီ Link ထဲမှာအသေးစိတ်ကြည့်ပါ။ 👇
အစ်မနဲ့ သီးသန့်ဆွေးနွေးတိုင်ပင်ချင်ရင်တော့ဒီ Link ထဲမှာကြည့်ပါ။ 📍
https://www.facebook.com/share/p/17yegmD3C9/
About Me 📍
https://www.facebook.com/share/p/179ZqrouZe/
Telegram Channel 👇
https://t.me/jess25_hope
28/03/2026
17 / 18 အရွယ်ကနေ 20 ကျော်အရွယ်အထိက ကိုယ်ဖြစ်ချင်တာတွေ ၊ လုပ်ချင်တာတွေ ၊ ရည်မှန်းချက်တွေ ရှာဖွေဖို့ ၊ အမှားတွေလည်းလုပ် လမ်းတွေလည်းပျောက်ရင်း အတွေ့အကြုံတွေယူဖို့ ဆိုတာမှန်ပေမယ့်
ဘဝ အတွေ့အကြုံဘာမှသိပ်မရှိသေးတဲ့လူငယ်တစ်ယောက်အတွက် တစ်ချို့အရာတွေက ပိုပြီးခက်ခဲနိုင်တာမို့လို့ အဲ့လိုအခြေအနေတွေမှာ တစ်ယောက်တည်းရင်ဆိုင်နေတာထက်
ကိုယ့်ကိုလုံးဝမဝေဖန်ပဲ နားထောင်ပေးပြီး ၊ တိုင်ပင်လို့ရမယ့် ၊ လမ်းပြပေးမယ့်သူတစ်ယောက်ရှိရင်
ပိုမကောင်းဘူးလား။ 👤
ဒါပေမယ့် ခက်ခဲတဲ့အခြေအနေတွေမှာ ပြောပြစရာ ၊ တိုင်ပင်စရာ တစ်ယောက်မှမရှိဘူးဆိုတဲ့လူငယ်တွေအတွက် အစ်မနဲ့
( Paid ) Coaching & Consultation Session ယူလို့ရပါတယ်။ 📣
ဘယ်လိုအကြောင်းအရာတွေဆွေးနွေးလို့ရမလဲ။📍
-----------------------------------------------------------------------
ဆွေးနွေးလို့ရမယ့် အကြောင်းအရာတွေကတော့
(3) မျိုးရှိပါတယ်။
(1) Life Focus ☑
လူငယ် ဘဝမှာကြုံရတဲ့ အခက်အခဲတွေ တစ်ယောက်တည်းရင်ဆိုင်နေရလို့ အရမ်းစိတ်ပင်ပန်းနေရတဲ့လူငယ်တွေအတွက်ဖြစ်ပါတယ်။
အစ်မဘက်ကနေ ကူညီပေးနိုင်မှာကတော့
- ရင်ဖွင့်ပြောပြတာတွေကိုနားထောင်ပေးပါမယ်။
- ဖြစ်နေတဲ့ပြသာနာကိုရှင်းပေးမှာ မဟုတ်ပဲနဲ့ ကိုယ်တိုင်ဖြေရှင်းနိုင်လာဖို့အတွက် စိတ်ခွန်အားရလာအောင် ကူညီပေးပါမယ်။
- ဘာလုပ်ရမှန်းမသိလို့လမ်းပျောက်နေတဲ့အခြေအနေကနေလည်းရုန်းထွက်နိုင်လာအောင်လို့ အစ်မရဲ့အတွေ့အကြုံတွေကနေ အခြေခံပြီး ကူညီအကြံပေး ပေးမှာပါ။
(2) Career Focus ☑
Freelance အလုပ်တွေကိုစိတ်ဝင်စားတဲ့လူငယ်တွေ နဲ့ Online ကနေ ဝင်ငွေလမ်းကြောင်းဖန်တီးဖို့ကိုစိတ်ဝင်စားတဲ့သူတွေအတွက်ပဲဖြစ်ပါတယ်။
- Freelance အလုပ် လုပ်ရင်း Career တစ်ခုကိုတည်ဆောက်ချင်တဲ့လူငယ်တွေသိဖို့လိုအပ်တဲ့အရာတွေ ၊ သိချင်တဲ့အရာတွေ အထူးသဖြင့် Personal Branding အပိုင်းအထိပါ သိချင်တာတွေအားလုံးကို ကူညီအကြံပေးသွားမှာပဲဖြစ်ပါတယ်။
* အဓိက ကတော့ အစ်မရဲ့ကျောင်းသူ၊ကျောင်းသားတွေအတွက်ရည်ရွယ်ထားတာပါ။ *
(3) Business Focus ☑
ဒါကတော့ အစ်မရဲ့ ကျောင်းသူကျောင်းသားတွေထဲက Skill တွေကိုသင်ယူပြီးတော့ ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်တဲ့သူတွေ ၊ ဒါမှမဟုတ် သင်ယူထားတဲ့ပညာတွေကို ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့အတွက်အသုံးချချင်ပေမယ့် ဘယ်ကဘယ်လိုစရမလဲမသိတဲ့သူတွေအတွက် ဆွေးနွေးချင်တဲ့အကြောင်းအရာပေါ်မူတည်ပြီးတော့ လိုအပ်တာတွေအားလုံးကို ကူညီအကြံပေးသွားမှာပဲဖြစ်ပါတယ်။
ဆွေးနွေးမှုကနေ ဘယ်လိုအကျိုးရှိမလဲ။ 📍
----------------------------------------------------------------
အစ်မက အခက်အခဲတွေကိုရှင်းပေးမှာမဟုတ်ပါဘူး။ အမှန်အတိုင်းသာပြောရရင် အစ်မတို့အားလုံး ကိုယ့်ဘဝက အခက်အခဲတွေကို ကိုယ်တိုင်ပဲရင်ဆိုင်ကြရတာပဲမလား။
ဒါပေမယ့်အဲ့လိုခက်ခဲတဲ့အချိန် ၊ ဘာလုပ်ရမှန်းမသိလို့ပိတ်မိနေတဲ့အချိန်မှာသာ တိုင်ပင်လို့ရတဲ့သူ ၊ ပြောပြလို့ရတဲ့သူရှိရင် အရာအားလုံးပြေလည်သွားတာမဟုတ်ပေမယ့်အနည်းဆုံးတော့ တစ်ယောက်တည်းရင်ဆိုင်ရတာထက် အများကြီးပိုပြီးစိတ်သက်သာရတယ်မလား။
အဲ့လိုပါပဲ ။ အစ်မဘက်က ကူညီပေးမှာက ◽
- ဘာဝေဖန်မှု မှမရှိပဲနားထောင်ပေးမယ်။
- ဖြစ်နေတာတွေကို ကိုယ်တိုင်ဖြေရှင်းနိုင်ဖို့အတွက် လမ်းပြပေးမယ်။ ဒါပေမယ့်အဲ့ဒီ့လမ်းကိုကိုယ်တိုင်တော့လျှောက်ရမယ်။ အဲ့ဒီ့အတွက်လည်းစိတ်ခွန်အားရှိလာအောင်ကူညီပေးမယ်။
- တစ်ယောက်တည်းပိတ်မိနေတဲ့အခြေအနေကနေရုန်းထွက်နိုင်ဖို့အတွက် ဘယ်လိုလုပ်ရမလဲဆိုတာကိုမြင်လာအောင်ကူညီပေးပါမယ်။
ဘယ်လိုပုံစံမျိုးနဲ့ဆွေးနွေးလို့ရမလဲ။ 📍
-----------------------------------------------------------
(1:1 ) Private Zoom Session ဖြစ်ပါတယ်။
တစ်ကယ်လို့ Zoom နဲ့ comfortable မဖြစ်ဘူးလို့ခံစားရရင် Phone Call နဲ့လည်းရပါတယ်။ ကိုယ်နဲ့အဆင်ပြေတာကိုရွေးချယ်ပါ။
Paid Session ဖြစ်တဲ့အတွက် ဆွေးနွေးချင်တဲ့အကြောင်းအရာပေါ်မူတည်ပြီးတော့ မတူညီတာမို့လို့
Appointment ယူချင်တယ်ဆိုရင်တော့
- Page Cb မှာ ` Appointment အတွက်ပါ။ ´ လို့စာပို့ပြီး ဆွေးနွေးချင်တဲ့အကြောင်းအရာကိုပြောပြပြီး Appointment ယူလို့ရပါတယ်။
* ဆွေးနွေးပြီးမှ အကျိုးမရှိဘူးလို့ခံစားရရင် 100% Refund ပါ။ *
27/03/2026
ကိုယ့်အားကိုယ် ကိုးချင်တယ်ဆိုပြီး 2025 နှစ်စကတည်းကပြောလာတာ အခု 2026 ရောက်တဲ့အထိ
ဘာမှမလုပ်နိုင်သေးတဲ့လူငယ်တွေအတွက်
ကိုယ်ပိုင်အတွေ့အကြုံ ကနေ Formula ထုတ်ပေးပါမယ်။ ဒါကိုသိပြီး လိုက်လုပ်ရင်ရပါပြီ။
ကိုယ့်အားကိုယ်ကိုးခြင်းရဲ့ အဓိပ္ပါယ် ✉
_________________________________
ကိုယ့်အားကိုယ်ကိုးတယ်ဆိုတာဘာလဲလို့မေးရင် အစ်မကတော့ ကိုယ့်ဘဝနဲ့သက်ဆိုင်သမျှအရာအားလုံးကိုတာဝန်ယူနိုင်စွမ်းရှိခြင်းလို့လက်ခံတယ်။
ဒါဆို တာဝန်ယူနိုင်စွမ်းရှိဖို့ဘာတွေလိုမလဲ။ ◾
တာဝန်ယူနိုင်စွမ်း=mindset+Action+Money
(1) Mindset ✅
အရာအားလုံးက စိတ်ကစတယ်။ ဖြစ်ချင်တာကိုဖြစ်အောင်လုပ်မယ်ဆိုတာကလည်း စိတ်ကပဲစတာ။ အခြေအနေပေးတာမပေးတာတွေပြောလို့မရဘူး။ ဘဝမှာအရာအားလုံးက ` ဆုံးဖြတ်ချက် ´ ပဲ။ ပြောင်းလဲချင်တယ်တို့ ၊ ကိုယ့်အားကိုယ်ကိုးချင်တယ်ဆိုရင် စိတ် ကနေ အရင်စရမှာ။ ကိုယ့်အတွက်ကိုယ်တာဝန်ယူပြီဆိုကတည်းက ခက်ခဲမှာပဲ။ ဒါပေမယ့်လည်း ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ခိုင်မာတဲ့ စိတ်၊ဆုံးဖြတ်ချက်လိုတယ်။ ဒီတော့ စိတ်ကိုအရင်ပြင်ဆင်ရမယ်။
(2) Action ✅
Mindset ကောင်းတိုင်းလည်း Action မလိုက်လာရင် ဘာမှမထူးဘူး။ မအိပ်ခင်ဆို တအားတွေတက်ကြွ ၊ မနက်ကျရင် ဘယ်လိုကြိုးစားမှာတွေလုပ်။ New Year မတိုင်ခင်ဆို ဘယ်လိုပြောင်းလဲမှာတွေဘာတွေ ကိုယ့်ကိုယ်ကိုပြောပြီး ၊တစ်ကယ်လည်းဘာမှမလုပ်ပဲနဲ့ ဒီတိုင်း က ဒီတိုင်းပဲဆို အလကားပဲ။
ပြီးတော့ လောကကြီးမှာ မကြိုးစားပဲ အခန့်သင့်လေး ရလာတာဘာမှမရှိဘူး။ပြီးတော့အဲ့လိုရလာတာတွေကလည်းကြာကြာမခံဘူး။ ပြီးတော့ ငြင်းလို့မရတဲ့အမှန်တရားက ဘဝမှာ လူတိုင်းက ကိုယ်အားထုတ်သလောက်ပဲ ကိုယ်ရကြတာ။ အဲ့ထက်ဘာမှပိုမရဘူး။ ဒီတော့ အရာရာကိုအလွယ်လိုချင်နေတဲ့စိတ်ကိုအရင်ပြင်၊ ခက်ခဲမယ် ၊ကြိုးစားရမယ်ဆိုတာကိုလက်ခံပြီး တစ်ကယ်ကြိုးစားအားထုတ်ရမယ်။ ဇွဲလည်းရှိရမယ်။
(3) Money ✅
တာဝန်ယူနိုင်ခြင်းဆိုတာ တစ်ခါတစ်လေ ငွေရှိခြင်းနဲ့လည်း ထပ်တူကျတတ်တယ်။ ဘာလို့လဲဆိုတော့ ဘဝရဲ့ တစ်စိတ်တစ်ပိုင်းပြသာနာတွေက ငွေနဲ့ရှင်းလို့ရတဲ့ပြသာနာတွေပါဝင်နေတတ်လို့ပဲ။ ဒါကြောင့် ကိုယ့်အားကိုယ်ကိုးတော့မယ်ဆို အာရုံစိုက်သင့်တာလည်း ငွေရှာမယ် ဆိုတဲ့အပိုင်းပါတယ်။
ဒါဆို ဒီမှာမေးစရာက ` ငွေဘယ်လိုရှာရမလဲ။ ´
_________________________________________
ငွေရှာနိုင်ခြင်း = အတန်းပညာ / အတတ်ပညာ
လောကကြီးမှာငွေရှာနိုင်ဖို့ဆို လုပ်လို့ရတဲ့အလုပ်က နှစ်ခုပဲရှိတယ်။ အတန်းပညာနဲ့လုပ်လို့ရတဲ့အလုပ်တွေရယ် ၊ အတတ်ပညာနဲ့လုပ်လို့ရတဲ့အလုပ်တွေရယ်။
အတန်းပညာနဲ့လုပ်တာက ကျတော့ ဆရာဝန်တို့ဘာတို့လိုမျိုးပေါ့။ အဲ့လို Career မျိုးဆို အတန်းပညာကောင်းကောင်းလည်းလိုသေးတယ်။ အတတ်ပညာကတော့ Skill နဲ့လုပ်ကြတာမျိုးပေါ့။ အရောင်းပညာတတ်တဲ့သူတွေက အရောင်းပိုင်းတွေလုပ်ကြသလိုမျိုး ၊ စာရင်းတွက်နိုင်တဲ့သူတွေက Accounting ပိုင်းလုပ်ကြသလိုမျိုး။ အတန်းပညာ မပြည့်စုံလည်း ဝါသနာသာပါရင် သင်ယူပြီး တတ်အောင်လုပ်လို့ရတဲ့ Skill တွေကို အတတ်ပညာ၊ ကျွမ်းကျင်မှုလို့ခေါ်လို့ရတယ်။ ဒီတော့ အခုခေတ်လူငယ်တွေထဲကတစ်ဝက်လောက်က အတန်းပညာလိုအပ်ချက်ရှိနေတော့ အတတ်ပညာကို ပိုအာရုံစိုက်ရမယ်။
နောက်ထပ်အမှန်တရားတစ်ခုပြောပြမယ်။ ငွေကောင်းကောင်းရှာနိုင်ချင်ရင် အတတ်ပညာကောင်းကောင်းတတ်ဖို့လိုမယ်။ ကြိုက်တဲ့အလုပ်သွားလျှောက် CV ထဲမှာတောင် နာမည် ၊ အသက် နဲ့လိပ်စာကလွဲရင် ထည့်စရာမရှိတဲ့အခြေအနေဆို အမြဲတမ်းလစာနည်းတဲ့အလုပ်ပဲရလိမ့်မယ်။
ဆိုတော့ ဒီခေတ်ကြီးရဲ့ဒီလိုအခြေအနေမှာ
` ကယ်တင်ရှင် ´ လို့ပြောလို့ရတဲ့ အခွင့်အရေးတစ်ခုပေါ်လာတာက Social Media နဲ့ Online ပဲ။ အဲ့တာတွေကြောင့်ပဲ Freelance လုပ်ကြတယ်တို့ အိမ်ကနေငွေရှာကြတယ်ဆိုတဲ့အခွင့်အလမ်းတွေထပ်ပေါ်လာတယ်။ အဲ့လိုအခွင့်အလမ်းတွေကြောင့်ပဲ ငွေရှာနိုင်တဲ့လူငယ်တွေပိုများလာတယ်။ အစ်မဆိုလည်း အစ်မလုပ်ငန်းတစ်ခုလုံးကို Social Media ကနေတည်ဆောက်ခဲ့တာ။
ဒါပေမယ့်ပြသာနာက လူငယ်တွေက အခုထိကို ဘာမှမတတ်ပဲ ငွေရှာဖို့ကြိုးစားနေကြတုန်းပဲ။ ပြောချင်တာက ပိုက်ဆံရှာနိုင်ချင်တယ်ဆိုရင် ကိုယ့်မှာငွေရှာနိုင်မယ့် Skill တစ်ခုခုတတ်ထားမှရမှာ။ စျေးကြီးတဲ့ University တွေဘာတွေတက်ရမယ်ပြောချင်တာမဟုတ်ဘူး။ YouTube ကနေ ဘာသာစကားအသစ်လေ့လာပြီးပြန်အသုံးချတာမျိုးလုပ်ရင်တောင်ရတယ်။ လက်ထဲမှာဖုန်းရှိနေတာကိုက ကြိုက်တဲ့ပညာကိုလေ့လာလို့ရနိိုင်မယ့် အခွင့်အရေးပဲလေ။
ဒါကြောင့် ဝါသနာပါတဲ့ Skillတွေကို လေ့လာကြည့်။ မုန့်ဖိုးစုပြီးသင်တန်းတက်တာမျိုးတွေဘာတွေပိုလုပ်။ ဝါသနာပါတာမရှိဘူးလား။ ဒါဆို လွယ်တာလေးတွေကနေစ စမ်းကြည့်။ English လေ့လာတာမျိုး။ ဒါမှမဟုတ် Content Writing လေ့လာတာမျိုးလောက်လုပ်ကြည့်။ Content Writing ဆို အချိန်တစ်လပေးပြီးလေ့လာရုံနဲ့ Freelance အလုပ်တွေစလုပ်လို့ရတယ်။ ဝင်ငွေအကောင်းဆုံးSkill တွေထဲမှာလည်းပါတယ်။ စိတ်ဝင်စားရင်တော့ အစ်မကျောင်းမှာဖွင့်ထားတဲ့အတန်းရှိတယ်ဝင်ကြည့်ပါ။ 👇👇
https://www.facebook.com/share/p/18G6PGWLTV/
စိတ်မဝင်စားရင်ကျော်သွားပါ။
ဆိုတော့..... လေ့လာတာနဲ့အမျှ အခွင့်အလမ်းတစ်ခုမဟုတ်တစ်ခုကိုမြင်လာလိမ့်မယ်။ သိလာလိမ့်မယ်။ အများစု ကဘာလုပ်ရမှန်းမသိဘူးဆိုတာက မလေ့လာလို့ဖြစ်ကြတာများတယ်။ Research အားနည်းတာလည်းပါမှာပေါ့နော်။ တစ်ခြားအကြောင်းအရင်းတွေလည်းရှိမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်စိတ်ဝင်စားတာဆိုရင်စမ်းကြည့်ပါ။
ဒီနေ့ကတော့ ကိုယ့်အားကိုယ်ကိုးချင်တဲ့လူငယ်တွေကို Formula လာပေးတာပဲ ဖြစ်ပါတယ်။ အကျိုးရှိတယ်လို့ခံစားရရင် ❤ ပေးပြီး Share သွားဖို့မမေ့နဲ့နော်။
အစ်မနဲ့ သီးသန့်ဆွေးနွေးတိုင်ပင်ချင်ရင်တော့ဒီ Link ထဲမှာကြည့်ပါ။ 📍
https://www.facebook.com/share/p/17yegmD3C9/
About Me 📍
https://www.facebook.com/share/p/179ZqrouZe/
Telegram Channel 👇
https://t.me/jess25_hope
26/03/2026
အသက် 20 မပြည့်ခင်မှာ ဝန်ထမ်းလည်းမလုပ်ပဲနဲ့
Online ကနေပဲ ဝင်ငွေဆယ်သိန်းကျော် ရှာနိုင်စေခဲ့တဲ့ လျှို့ဝှက်ချက် (1) ခု ။ 🟩
* ဒီPost ကနေ ဗဟုသုတ တစ်ခုခုယူပြီး အသုံးချနိုင်ရင် 2026 မရောက်ခင် ငွေဘယ်လိုရှာရမလဲသိပါလိမ့်မယ်။ *
ရှေ့ရက်က Post တွေမှာတုန်းက အစ်မဘယ်လိုငွေရှာခဲ့တယ်ဆိုတဲ့အကြောင်းကို Share ပေးပြီးသွားပြီဆိုတော့ ဒီနေ့တော့ အစ်မအသက် 20 မပြည့်ခင်တုန်းက ဝန်ထမ်းလည်းမလုပ်ခဲ့ပဲနဲ့ ဝင်ငွေရအောင် Online ကနေဘယ်လိုရှာခဲ့လဲပြောပြပေးပါမယ်။
အစ်မကအဲ့ဒီ့အချိန်တုန်းက ဘွဲ့ရတစ်ယောက်လည်းမဟုတ်ပါဘူး။ Background လည်းမရှိဘူး။ အစ်မ စပြီး Online လောကထဲဝင်လာကတည်းက လက်ထဲမှာ ဖုန်းတစ်လုံးနဲ့ လုပ်တတ်တာဆိုလို့ Online ကနေ ပစ္စည်းရောင်းတာပဲရှိတာ။ အဲ့တာတောင်ဖြောင့်အောင်မရောင်းတတ်ခဲ့ဘူး။ ဒါပေမယ့် အဲ့လို Online Shop လုပ်တာကနေ သင်ယူခဲ့ရတာတွေအများကြီးတော့ရှိတာပေါ့။
ဒီတော့ ဝန်ထမ်းမလုပ်ပဲ ဝင်ငွေ ဆယ်သိန်းကျော်ကဘယ်ကရလာတာလဲ။ ✔
___________________________________________
ဒီနေရာမှာသိစေချင်တာက ငွေရှာတာနဲ့ အလုပ်ရှာတယ်ဆိုတာက မတူဘူး။ အများစုက ငွေရှာဖို့ဆို အလုပ်ရှာမှဖြစ်မယ်ထင်ကြတာ။ အစ်မကတော့ ငွေရှာဖို့ တစ်ခြားလမ်းကြောင်းတွေကိုပဲ ကြည့်ခဲ့တာဖြစ်လို့ ဝန်ထမ်းဘဝကို မဦးတည်ခဲ့ဘူး။
ဒီတော့ Online Shop လုပ်ရာကနေမှ တစ်လတစ်သိန်းလောက်စမြတ်လာတော့ ၊ တစ်ဆင့်တက်ဖို့ကြိုးစားတယ်။ကိုယ်တိုင်ရင်း တာ လက်ကားပေးတာတွေစလုပ်တယ်။ အဲ့ဒီ့ကနေပိုက်ဆံပိုရလာတာနဲ့အမျှ Skill တစ်ခုခုပိုသင်တယ်။ တစ်ခြား Product တွေပိုယူပြီးရောင်းနိုင်အောင်လုပ်တယ်။ အစ်မဆီကလက်ကားယူတဲ့သူတွေကိုလည်းရောင်းတတ်အောင်သင်တယ်။ တစ်ဖက်ကလည်း Social Media မှာ Content တွေရေးတယ်။ Branding တည်ဆောက်ခဲ့တယ်။
အဲ့ဒီ့ကနေ Content Creating ပိုင်းကိုစ ကူးတယ်။ အစ်မ Acc ထဲမှာဟိုးအရင်ကတည်းကရှိတဲ့သူတွေဆိုရင်သိတယ်။ အဲ့တုန်းက Video Content လေးတွေလုပ်တယ်။ တစ်ခါတစ်လေ ကတဲ့vd တွေ ၊ တစ်ခါတစ်လေ ကြော်ငြာVd တွေလုပ်တယ်။ အဲ့လို Content တွေလုပ်ရင်း တစ်ဖြည်းဖြည်းနဲ့ Personal Branding အားကောင်းလာတော့ Business Training ဘက်ကို ကူးဖို့အခွင့်အရေးရခဲ့တယ်။ အဲ့ဒီ့ မှာ Training ပေးတဲ့ Career ကစလာတယ်။ အဲ့ဒီ့ Career လုပ်နေရင်း တစ်ပြိုင်တည်း တစ်ဖက်မှာလည်း Freelance အနေနဲ့ Editing / Content Writing နဲ့ Catalogue Model လုပ်ပေးတဲ့ Service ပါပေးတယ်။ ကျန်တဲ့အချိန်တွေမှာတော့ စာသင်တဲ့အလုပ်ကိုလုပ်တယ်။
အဲ့မှာတင်အစ်မရဲ့ဝင်ငွေလမ်းကြောင်းက ✅
- Freelance အလုပ်တွေကနေရတယ်။
- Training ပေးတာကနေ Commission ရတယ်။
- စာသင်တာကနေလည်း ရတယ်။
ဒီတော့ သတိထားကြည့်စေချင်တာက အခုအစ်မပြောသွားတဲ့အလုပ်တွေအားလုံးလုပ်ပြီး ၊ ဝင်ငွေလမ်းကြောင်းရှိလာဖို့အတွက် အစ်မ ဘယ်ဘွဲ့မှလည်းမယူခဲ့ရဘူး။ ဘယ်ရုံးမှလည်းမသွားခဲ့ရဘူး။ အစ်မ အဲ့တုန်းက ကိုင်တဲ့ ဖုန်းတစ်လုံး နဲ့ Skill တွေပဲ အစ်မဆီမှာရှိတာ။ ကျန်တာဘာမှမရှိခဲ့ဘူး။
ဒီတော့ ဒီလိုတွေလုပ်နိုင်လာတဲ့ အကြောင်းအရင်းခံက Skillကြောင့်ရယ် ၊ ငွေရှာဖို့အတွက် အလုပ်ကို ဖိရှာနေတာမျိုးမလုပ်ပဲ ကိုယ့်အရည်အချင်းနဲ့ကိုက်ညီတဲ့အခွင့်အရေးရလာဖို့ Branding တွေလုပ်ပြီး အခွင့်အရေး တွေကို ကိုယ်တိုင်ဖန်တီးလိုက်တာပဲ။
အခုပြန်တွေးရင်တော့ Online Shop လုပ်ရင်း Content ရေးတယ်ဆိုတာကို သိခွင့်ရခဲ့တာပဲအရမ်းကျေးဇူးတင်တယ်။ အစ်မ Career တစ်ခုလုံးကို ဒီလို Social Media ကနေတည်ဆောက်ဖို့ ၊ အစ်မဘာတွေလုပ်နိုင်တယ်ဆိုတာချပြဖို့အတွက် Content ရေးနည်းသာမသိခဲ့ရင်ဘာမှလုပ်နိုင်ခဲ့မှာမဟုတ်ဘူး။
အဲ့ဒီ့ Content ရေးနိုင်တဲ့ Skillကြောင့်ပဲ စာသင်တုန်းကလည်းသင်တန်းသားတွေရပြီး အစ်မအပေါ်ယုံကြည်လာအောင်လုပ်နိုင်ခဲ့တာ။
အဲ့ဒီ့ Skillကြောင့်ပဲ အစ်မ Freelance Service တွေပေးတော့ ယုံကြည်ပေးမယ့် Clientတွေရခဲ့တာ။
ဒါကြောင့်လည်း အခု အစ်မ ကျောင်းဖွင့်ထားတော့ Content Writing Class ကိုပိုဖွင့်ပေးဖြစ်တာ။ ဘာလို့လဲဆိုတော့ Social Media နဲ့မကင်းတဲ့ခေတ် ၊ လုပ်ငန်းတိုင်းနီးပါး Social Media သုံးနေကြတဲ့ခေတ်မှာ Content Writing Skill ကိုတတ်ထားရင် အနည်းဆုံးတော့ ဝါသနာမပါလည်း စာရေးပြီးငွေရှာလို့ရတာပေါ့။ အနည်းဆုံးတော့အဲ့ဒီ့ကရတဲ့ငွေနဲ့ ကိုယ်ဝါသနာပါတာကိုဆက်လုပ်လို့ရတာပဲလေ။
ဒီတော့ စိတ်ဝင်စားလို့သင်ချင်တယ်ဆိုရင် အစ်မရဲ့ကျောင်းမှာ ဖွင့်ထားတဲ့Class ရှိပါတယ်။ တစ်တန်းအပ်ရုံနဲ့နောက်ထပ် လက်ဆောင်တွေလည်းရမှာပါ။ စာရင်းအရင်ပေးပြီး လကုန်မှသင်တန်းကြေးသွင်းလို့ရပါတယ်။ Link ထဲမှာအသေးစိတ်ကြည့်ပါ။ 👇👇
https://www.facebook.com/share/p/18G6PGWLTV/
အဲ့တာကတော့ကြားဖြတ်ကြော်ငြာပါ။ မကြိုက်ရင်ကျော်သွားလိုက်ပါ။
ဆိုတော့ ဒီနေ့ Postကနေမျှဝေပေးချင်တာက ငွေရှာချင်တယ် ၊ ဝင်ငွေရှိချင်တယ်ဆိုပြီးခေါင်းထဲပေါ်လာတဲ့အခါမှာ အလုပ်ရှာမှရမယ်ဆိုတဲ့အတွေးတစ်ခုပဲမတွေးပါနဲ့။ ကိုယ့်လက်ထဲကဖုန်းနဲ့တင်လုပ်လို့ရတဲ့လမ်းကြောင်းတွေ ၊ဝင်ငွေပိုကောင်းတာတွေအများကြီးရှိပါတယ်။ အခုခေတ်မှာဆိုရင် ပိုတောင်ရှိသေးတယ်။ ဒါကြောင့်လေ့လာဖို့မမေ့ပါနဲ့။ အစ်မတောင်အဲ့အချိန်ကလုပ်နိုင်ရင် အခုခေတ်လူငယ်တွေဆိုပိုလုပ်နိုင်ပါလိမ့်မယ်။
ဒီနေ့မျှဝေပေးတာက အကျိုးရှိရင် ❤ ပေးပြီး Share သွားပေးဦးနော်။
အစ်မနဲ့ သီးသန့်ဆွေးနွေးတိုင်ပင်ချင်ရင်တော့ဒီ Link ထဲမှာကြည့်ပါ။ 📍
https://www.facebook.com/share/p/17yegmD3C9/
About Me 📍
https://www.facebook.com/share/p/179ZqrouZe/
Telegram Channel 👇
https://t.me/jess25_hope
25/03/2026
ကျောင်း တက်ရင်းနဲ့ အပိုဝင်ငွေလေးရအောင်တစ်ခုခုစလုပ်ချင်တယ်။ ဘယ်ကနေဘယ်လို စရမလဲ။ ဘာတွေလုပ်ရမလဲ။ ✉
_________________________________________
* ဒီနေ့ Post ကတော့ မြန်မာနိုင်ငံမှာပဲနေနေ ၊ ပြည်ပမှာပဲရောက်နေနေ ကျောင်းတက်နေရင်းနဲ့ အပိုဝင်ငွေရမယ့် အလုပ်တစ်ခုခုလုပ်ချင်နေကြတဲ့ လူငယ်တွေအတွက် Ideas တစ်ချို့ကို Share ပေးပါမယ်။ *
ကျောင်းတက်နေတာဆိုတော့ အချိန်ကိုအရင်တွက်ဖို့လိုမယ်။ ဘာလို့လဲဆိုတော့ အလုပ်တိုင်းက အချိန်တစ်ခုတော့ပေးရတယ်။ အားစိုက်ထုတ်ရတာတွေရှိတယ်။ ဒီတော့ ကျောင်းတက်ရင်း ငွေရှာချင်တဲ့အခါမှာ စာလုပ်ရလို့ အလုပ်မလုပ်နိုင်ဘူးတို့ ၊ ပင်ပန်းလို့ ဘာညာ ဆိုပြီးမရဘူး။ အလုပ်ကအလုပ်ပဲ။
* အစ်မဘာလို့အဲ့လိုပြောလဲဆိုတော့ အစ်မလည်းပညာလေ့လာရင်းငွေရှာတာပါပဲ။ ဒါပေမယ့်အဲ့လိုလုပ်မယ်ဆိုရင် အပင်ပန်းတော့ခံနိုင်ဖို့လိုတယ်။ အလုပ်နဲ့ပတ်သက်ပြီးပျက်ကွက်တာတွေရှိလာရင် ကိုယ်က ကျောင်းတက်နေရလို့ပါဆိုပြီး ဆင်ခြေပေးလို့မရဘူး။ ဒီတော့ ပင်ပန်းလိမ့်မယ်။ ကိုယ်လုပ်နိုင်တာသေချာမှလုပ်စေချင်တယ်။ *
ဒီတော့အရင်ဆုံး ကိုယ်က ဘယ်အချိန်တွေအားတာလဲ။ ဘယ်အချိန်တွေမှာအလုပ်လုပ်နိုင်မလဲ အရင်ကိုယ့်ဘာသာသေချာပြန်စဥ်းစားပါ။ အချိန်ရတယ်ဆိုရင်တော့ အခုစပြောပြမှာတွေကို Try လို့ရပါပြီ။
(1) Service ပေးခြင်း ။ Freelancing ✅
ဒါကတော့ ပြည်ပရောက်နေတဲ့သူတွေ ၊ အိမ်မပိုင်တဲ့သူတွေ ၊ အပြင်မသွားချင်တဲ့သူတွေ ၊ ရုံးမသွားချင်တဲ့သူတွေ ၊အချိန်ပိုင်းပဲအားတဲ့သူတွေနဲ့ အသင့်တော်ဆုံးပဲ။
ကိုယ်ကကျောင်းတက်နေပြီဆိုကတည်းက ကိုယ့်မှာ Skill တစ်ခုခုတော့ရှိမှာပဲလေ။ Editing တွေလုပ်နိုင်တာမျိုး။ Design တွေဆွဲနိုင်တာမျိုး။ ဒါမှမဟုတ် ကိုယ်တတ်တာတစ်ခုခုပေါ့နော်။ အဲ့ပညာတွေကို အသုံးချ Branding တည်ဆောက် ၊ Marketing လုပ်ပြီး Freelancer တစ်ယောက်အနေနဲ့ ငွေပြန်ရှာလို့ရတယ်။
ဒါပေမယ့်အဲ့လိုမျိုးလုပ်နိုင်ဖို့ဆိုရင် သေချာပေါက် Content Writing ကို တတ်အောင်လုပ်။ ဒါမှ Social Media မှာကိုယ့်ကိုယ်ကို သေချာ ချပြနိုင်မယ်။ Branding လည်းတည်ဆောက်နိုင်မယ်။
Content ရေးနည်းတွေ ၊ လုပ်ငန်းလည်ပတ်ပုံတွေ ၊ Branding နဲ့ Marketing အကြောင်းအရာတွေကို တစ်နေရာတည်းမှာသင်ချင်ရင်တော့ အစ်မကျောင်းကအတန်းကိုစုံစမ်းလို့ရပါတယ်။ 👇👇
https://www.facebook.com/share/p/18G6PGWLTV/
(2) Content Creating ✅
ကိုယ့်ဘာသာ ပြောချင်တာ ပြော ၊ လုပ်ချင်တာလုပ်ပြီး Social Media ကနေငွေပြန်ရတာ Content Creating ပဲရှိတယ်။ Social Media မှာပေါက်ကရပဲပြောနေနေ ၊ ကနေနေ Video တွေကနေငွေပြန်ရှာလို့ရတယ်။ ဖုန်းတစ်လုံးနဲ့ Video Editing လုပ်နိုင်ဖို့ပဲလိုလိမ့်မယ်။
အဲ့ဒီ့ Content Creating ပိုင်းကလေ့လာချင်ရင် အစ်မကျောင်းမှာပဲ အဲ့အတန်းကို လက်ဆောင်ပေးတဲ့အစီစဥ်ရှိတယ်။ HOPE - Youth Empowerment မှာကြည့်ကြည့်ပါ။
* ကြော်ငြာလိုဖြစ်နေရင်တော့ Sorryပါ။ ကျော်သွားလိုက်ပါ။ တိုက်ဆိုင်လို့ Share ပေးတာပါ။ *
(3) သင်ကြားမှု။ ✅
ကိုယ်က ပညာတစ်ခုခုကိုသေချာတတ်ထားတယ်ဆိုရင် Online ကနေ ပြန်ပြီးသင်ကြားပေးတာမျိုးလည်းလုပ်လို့ရတယ်။ အဲ့တာဆိုရင်တော့ ကိုယ်ကြိုက်တဲ့အချိန်ကိုညှိနှိုင်းပြီး စီစဥ်လို့ရတာပေါ့နော်။
ဘယ်ကနေဘယ်လိုစရမလဲ။
-----------------------------------------
အရင်ဆုံး ကိုယ့်ကိုယ်ကို ဒီမေးခွန်း နှစ်ခု ပြန်မေးပါ။
- ဘာလုပ်တတ်လဲ။ ဘာကျွမ်းကျင်လဲ။
🟩 ကျွမ်းကျင်တာတစ်ခုခုရှိရင်အဆင်ပြေတယ်။ ဘာမှမတတ်ဘူးဆိုရင် ပညာတစ်ခုခုကိုအရင်သင်မှရမယ်။
- ဘာကိုစိတ်ဝင်စားလဲ။
🟩 စိတ်ဝင်စားတဲ့ပညာရှိပေမယ့် မလုပ်တတ်ဘူးဆိုရင်လည်းအရင်သင်မှရမယ်။ ဘဝကြီးမှာ မလုပ်တတ်လို့ဘယ်လိုလုပ်ရမလဲဆိုတာတွေရဲ့အဖြေက သင်မှပဲရမှာပါ။ ဒီတော့ သင်မလား။ ကိုယ့်ဘာသာလေ့လာမလား။ ဒီနှစ်ခုထဲကတစ်ခုကိုရွေးမှပဲရမှာပါ။မလုပ်တတ်လို့ဆိုပြီး ဒီတိုင်းနေရင်တော့ဘာမှဖြစ်မလာတော့ဘူးပေါ့။
* စိတ်ဝင်စားတာ မရှိဘူး။ငွေရှာနိုင်ရင်ရပြီဆိုရင်တော့ အနီးစပ်ဆုံး ၊ အလွယ်ဆုံးလောက်ကနေစသင်လိုက်ပါ။ ဖုန်းရှိရင် Content Writing လောက်က စလို့ရပါတယ်။ *
ဒီတော့ သေချာစဥ်းစား၊ ဆုံးဖြတ်ပြီးရင် စတင်လို့ရပါပြီ။
ဒီနေ့မျှဝေပေးချင်တာကတော့ဒီလောက်ပါပဲ။ အကျိုးရှိတယ်လို့ခံစားရရင် ❤ ပေးပြီး Share သွားဖို့မမေ့နဲ့နော်။
အစ်မနဲ့ သီးသန့်ဆွေးနွေးတိုင်ပင်ချင်ရင်တော့ဒီ Link ထဲမှာကြည့်ပါ။ 📍
https://www.facebook.com/share/p/17yegmD3C9/
About Me 📍
https://www.facebook.com/share/p/179ZqrouZe/
Telegram Channel 👇
https://t.me/jess25_hope
24/03/2026
ကျောင်းတက်နေရင်းနဲ့ တစ်လ ဆယ်သိန်းကျော် ရှာနိုင်တဲ့အလုပ် ဘယ်လိုလုပ်ခဲ့လဲ။ 🖇
အစ်မကတော့ University က မြန်မာမှာမတက်ဖြစ်ခဲ့ဘူး။ ဒါပေမယ့်အဲ့ဒီ့အချိန်တွေတုန်းက International Certificate နဲ့ Diploma အတန်းတွေ တက်ခဲ့တာမို့လို့ စာလုပ်ရတဲ့အချိန်တွေနဲ့ အလုပ်လုပ်ရတဲ့အချိန်တွေ ဘယ်လိုစီမံ ခဲ့လဲ။ ပညာလည်းသင်နေရင်းနဲ့ ငွေလည်းဘယ်လိုရှာခဲ့လဲ ဆိုတာကိုမျှဝေပေးပါမယ်။
အစ်မဆယ်တန်းပြီးတာ တစ်နှစ်လောက်ကြာပြီးတဲ့အချိန်မှာ နောက်ထပ် စလုပ်ခဲ့တဲ့အရာက English စာသင်တဲ့အလုပ်ကိုစလုပ်ခဲ့တယ်။ အဲ့ဒီ့တုန်းက တစ်လကို Class (4) ခု သင်တယ်။ ကိုယ်တိုင်က တက်နေတဲ့အတန်းတွေလည်းရှိတယ်။ အစ်မသင်တဲ့ Class (4) ခုက ဘယ်ကျောင်းမှာမှ ဝင်တက်ခဲ့တာမဟုတ်ဘူးနော်။ Freelance လုပ်ခဲ့တာ။
ဒီတော့ ဆယ်သိန်းကျော်ဝင်တဲ့ဝင်ငွေက စာသင်တဲ့အလုပ်ကနေ 70% ရပြီးတော့ 30% ကတော့ အဲ့တုန်းကလုပ်နေတဲ့ Freelance Service တွေကနေရတယ်။ ဘယ်လို Service လဲဆိုတော့ Photo Editing ရယ် Video Editing ရယ် Catalogue Model လည်း လုပ်ခဲ့သေးတယ် ။ အဓိကလုပ်ခဲ့တာကတော့ content writer ပဲ။
😂
ဒီတော့ မနက် နိုးပြီဆို Client တွေဆီကလက်ခံထားတဲ့အလုပ်တွေလုပ်တယ်။ နေ့လည် 2 နာရီခွဲ ကနေ ည 10 နာရီအထိက စာသင်တယ်။ 10 နောက်ပိုင်း ကတော့ ဝါသနာပါတာ ဟိုလုပ်ဒီလုပ် ။ ပြီးရင် ညဘက် 12 လောက်ကနေ မနက် 3 နာရီ 4 နာရီ ထိစာလုပ်တယ်။ တစ်ခါတစ်လေ အိပ်တောင်မအိပ်ဖြစ်ဘူး။ ( လိုက်မလုပ်ပါနဲ့အဲ့လို ။ ကျန်းမာရေးအတွက်မကောင်းဘူး။ )
ဘာလို့အဲ့လောက်ထိလုပ်လဲဆိုတော့ အစ်မရဲ့ပြသာနာက မပြည့်မစုံကြီးလာတော့ ၊ ငယ်ငယ်ကတည်းက ခေါင်းထဲမှာရှိတာက ` ငါ့မှာသာငွေရှိရင် အားလုံးပြေပြီ ´ဆိုတဲ့ စိတ်ကိုစွဲထားပြီးကြီးလာတာ။ အဲ့တော့ ကိုယ်တိုင်ငွေရှာလို့ရတဲ့အရွယ်ရောက်တော့ အရမ်း အသည်းအသန်လုပ်တတ်တဲ့အကျင့်ရှိတယ်။ ကိုယ်နိုင်တာထက်ပိုလုပ်တာမျိုးပေါ့။ အလုပ်မလုပ်ရရင်ကို ရူးမလိုဖြစ်နေတာရယ်။ အရမ်းလောနေတာရယ် ။ အချိန်စီမံခန့်ခွဲမှု မလုပ်တာလည်းပါတယ်။ အချိန်တိုင်းကအလုပ်ကြီးပဲ ။
အဲ့လိုလုပ်ခဲ့တာကနေ ကောင်းတဲ့သင်ခန်းစာတွေလည်းရသလို ၊ မကောင်းတဲ့ရလဒ်တွေလည်းရခဲ့ပေမယ့် ဒီနေ့ကတော့ သိသင့်တာတွေကိုပြောပြမယ်ပေါ့နော်။
(1) ကျောင်းတက်ရင်းနဲ့ငွေရှာမယ်ဆိုရင် အဓိကလိုတာက အပင်ပန်းခံနိုင်ဖို့ပဲ။ အရှေ့မှာလည်းပြောဖူးပါတယ်။ တစ်ခုကနေ နှစ်ခုလုပ်တာဆိုရင် ပင်ပန်းမှာပဲ။ အဲ့တာကိုမခံနိုင်လို့မရဘူး။ လောကကြီးမှာ အလွယ်ရတာဘာမှမရှိဘူး။ အဲ့တော့ ပင်ပန်းတာကိုခံနိုင်ရမယ်။ သည်းခံနိုင်စိတ်လည်းရှိရပြီးတော့ ၊ ဇွဲလည်းရှိဖို့လိုတယ်။
(2) ရလဒ် မမြင်ရသေးလည်း လုပ်စရာရှိတာကိုလုပ်ရမယ်။ အစ်မ စာစသင်တုန်းက အတန်းတစ်တန်းကို လာတက်တာ အများဆုံး သုံးယောက်လောက်ပဲရခဲ့တာ။ သုံးလလောက်အဲ့တိုင်းပဲ။ ဒါပေမယ့် ကြော်ငြာ တင်စရာရှိတာတွေတင်တယ်။ လုပ်စရာရှိတာတွေလုပ်တယ်။ ပုံမှန် Content တွေလည်းတင်တယ်။ အဲ့တုန်းကတော့ ဝန်ထမ်းလည်းမရှိတော့ Content တွေအကုန်ကိုယ်တိုင်ရေး ၊ ကိုယ်တိုင်တင်ပဲ။ အချိန်တစ်ခုရောက်လာတော့ အဲ့ဒီ့ ကနေ အစ်မကိုမြင်တာများပြီးယုံကြည်လာကြတယ်။ အဲ့လိုနဲ့ကျောင်းသားတွေများလာတာပဲ။
အဲ့ဒီ့အချိန်တုန်းကသာ အခုလိုမျိုး Contentတွေ တင်ပြီး ဒေါ်လာရှာလို့ရခဲ့ရင် ၊ ငွေအများကြီးဝင်နေလောက်တယ်။ အစ်မတုန်းကတော့မရဘူးပေါ့နော်။ အခုတော့ Content တွေကနေငွေရှာလို့ရတဲ့နည်းတွေရှိလာလို့ စိတ်ဝင်စားလို့ Content Writing Class ကိုလေ့လာချင်ရင် အစ်မရဲ့ကျောင်းက 👇 ဒီအတန်းကို ကြည့် ကြည့်ပါ။
https://www.facebook.com/share/p/18G6PGWLTV/
(3) ငွေဝင်ရင် Skill အတွက်အရင်သုံး။
ဒီစကားကိုအစ်မ ခဏခဏပြောတယ်။ လူငယ်တွေကိုခဏခဏ လည်းမှာတယ်။ ငယ်သေးလို့ သုံးချင်တာ လိုချင်တာတွေများတာသိပေမယ့် အဲ့ဒီ့ ငယ်သေးတဲ့ အချိန်မှာ Skill များများ တတ်လေ ၊ အချိန်တိုအတွင်း နေရာတစ်ခုကိုမြန်မြန်ရောက်လေပဲ။ ဘာလို့လဲဆိုတော့ အခုလိုခေတ်မှာက ပညာအရည်အချင်းမပြည့်စုံရင်တောင် Skill ကောင်းကောင်း တစ်ခုခုတတ်ထားလို့ ဝင်ငွေရှာလာနိုင်ကြတဲ့သူတွေမှအများကြီးပဲ။ ဒီတော့ မုန့်ဖိုးရရင် ပညာလေ့လာဖို့သုံး။ ငွေစုမိထားရင် ပညာလေ့လာဖို့သုံး။ ပြီးရင် အဲ့ဒီ့ပညာကို အသုံးချပြီး ငွေထပ်ရှာ။ ဒါဆို ပိုပြီးအတွေ့အကြုံတွေလည်းများလာပြီးတော့ လုပ်နိုင်တာတွေပိုထွက်လာလိမ့်မယ်။
ဒီနေ့မျှဝေပေးချင်တာက တော့ဒီလောက်ပါပဲ။ အကျိုးရှိတယ်လို့ခံစားရရင် ❤ ပေးပြီး Share သွားပေးဖို့ မမေ့နဲ့နော်။
အစ်မနဲ့ သီးသန့်ဆွေးနွေးတိုင်ပင်ချင်ရင်တော့ဒီ Link ထဲမှာကြည့်ပါ။ 📍
https://www.facebook.com/share/p/17yegmD3C9/
About Me 📍
https://www.facebook.com/share/p/179ZqrouZe/
Telegram Channel 👇
https://t.me/jess25_hope
23/03/2026
ဒီနေ့ကို သွားစရာရုံးမရှိ ၊ အလုပ်မရှိသေးတဲ့သူတွေသိထားသင့်တဲ့
Full Time အလုပ်ထက် ဝင်ငွေ သုံးဆ ´ ကနေ
ဆယ်ဆ ´ အထိဝင်စေတဲ့ Freelance လုပ်တယ်ဆိုတာဘာလဲ။ 📣
အစ်မ Acc ကနေ Freelance လုပ်တာတွေအကြောင်းတော့ခဏခဏပြောဖူးပေမယ့် အခုခေါင်းထဲပေါ်လာတာလေးတွေကိုထပ်မျှဝေပေးချင်လို့ ထပ်ပြီး Share ပေးလိုက်ပါတယ်။
Freelance လုပ်တယ်ဆိုတာဘာလဲ။ 📍
----------------------------------------------------------
အလွယ်ပြောရင်တော့ ရုံးအလုပ်လို အထက်လူကြီးတွေ ၊ ဝန်ထမ်း တွေ ဘာတစ်ခုမှမရှိပဲ ကိုယ့်အချိန်ကိုယ်ပိုင်ပြီးတော့ ကိုယ်ကြိုက်တဲ့နေရာကနေ ၊ ကြိုက်တဲ့အချိန်မှာအလုပ်လုပ်လို့ရတာမျိုးကို ပြောတာပါ။ ဥပမာ... Monday ကို အစောကြီးထစရာမလိုပဲနဲ့ အိပ်ရေးဝတဲ့အချိန်ထပြီး အိပ်ယာထဲမှာပဲ Laptop နဲ့ဖြစ်ဖြစ် ဖုန်းနဲ့ဖြစ်ဖြစ် အလုပ်လုပ်လို့ရတာမျိုးပေါ့။
ဝင်ငွေ 📍
--------------
အစ်မကိုယ်ပိုင်အတွေ့အကြုံအရ Freelance လုပ်ခဲ့တဲ့ လေးနှစ်ငါးနှစ်အတွင်းမှာ ၊ အပြင်မှာ ရုံးအလုပ်လုပ်မှ တစ်လရတဲ့ဝင်ငွေထက် သုံးလေးဆ ကို လတိုင်းရှာနိုင်ခဲ့ဖူးတယ်။ တစ်ကယ်သာသေချာလုပ်ရင် အဲ့ဒီ့ထက်ပိုပြီးဝင်ငွေရှိလာမှာ။
ဘာလို့အဲ့လောက်ဝင်ငွေကောင်းရတာလဲဆိုရင် ကိုယ်လုပ်ရင်လုပ်သလောက် ဝင်ငွေလည်းတက်လာလို့ပဲ။ ကိုယ်ပေးတဲ့အချိန်နဲ့ ရင်းနှီးသလောက်ကို ငွေဝင်မှာပဲ။
စလုပ်တဲ့အချိန်ခဏလောက်တော့ နည်းနည်းတော့ခက်ပေမယ့် အတွေ့အကြုံများလာတာနဲ့အမျှ လုပ်နိုင်တာတွေများလာတာနဲ့အမျှ ဝင်ငွေကပိုတက်လာတာပဲ။
အားသာချက် 📍
------------------------
အားသာချက်ကတော့ စတင်ဖို့လွယ်ကူတာရယ် ၊ Skill ရှိရုံနဲ့စတင်လို့ရတာရယ် ၊ ဖုန်းရှိရုံ ၊ Laptop ရှိရုံနဲ့စလို့ရတာရယ် ၊ ရုံးအလုပ်လိုမဟုတ်တော့ ကိုယ်ကြိုးစားရင်ကြိုးစားသလောက် ကိုယ့်ရဲ့ဝင်ငွေပိုကောင်းလာတာရယ် ၊ အချိန်လွတ်လပ်မှုရတာရယ် နဲ့တင် အများကြီးကောင်းနေပြီ။ အစ်မအတွက်ကတော့ ဘဝကို ကြိုက်တာလုပ်ပြီးဖြတ်သန်းခွင့်ရဖို့ကအရမ်းအရေးကြီးလို့ အဲ့ဒီ့လမ်းကြောင်းကိုရွေးချယ်ခဲ့တာပဲ။
စတင်ဖို့ဘာတွေလိုမလဲ။ 📍
----------------------------------------
- Skill လိုမယ်။
အစ်မ postတိုင်းမှာ အခါတစ်ရာမက ပြောဖူးသလိုပါပဲ။ ငွေရှာချင်ရင် Skill ရှိမှရပါမယ်။ Skill မရှိပဲနဲ့ဘာဆိုဘာမှလုပ်လို့မရဘူးဆိုတာကိုမမေ့ပါနဲ့။
တစ်ကယ်လို့ကိုယ်ကဘာမှမတတ်ဘူးဆိုရင် အရင် Skill တစ်ခုခုကိုလေ့လာပါ။ ဘာမှမတတ်ပဲနဲ့တော့ဘာမှလုပ်လို့မရပါဘူး။
ဘာလေ့လာရမှန်းမသိရင် Content Writing ကိုသာစလေ့လာလိုက်ပါ။ အချိန်အရမ်းမလိုတဲ့အပြင် Laptop မရှိပဲနဲ့လည်းစတင်လို့ရပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းလည်းများတဲ့အပြင် ဝင်ငွေကလည်း ကိုယ်အားထုတ်မှုပေါ်မူတည်ပြီးကောင်းတာမို့လို့ စိတ်ဝင်စားလို့လေ့လာချင်ရင်တော့အစ်မရဲ့ကျောင်းကအတန်းကို Link ထဲမှာဝင်ကြည့်လို့ရပါတယ်။ 👇
https://www.facebook.com/share/p/18G6PGWLTV/
စိတ်မဝင်စားရင်လည်း တစ်ခြား ကိုယ်ဝါသနာပါတဲ့ Skill တစ်ခုခုကိုလေ့လာပြီး လုပ်လို့လည်းရပါတယ်။ အဓိက ကတော့ ဘယ်လိုလုပ်ရမလဲဆိုတာကိုသေချာသိဖို့ပဲလိုပါတယ်။
တစ်ခြားမျှဝေပေးထားတာတွေလည်းရှိလို့ စိတ်ဝင်စားရင် အစ်မ Acc ထဲမှာတင်ထားတာတွေကိုဖတ်ကြည့်လို့ရပါတယ်။ Research လုပ်ကြည့်လို့လည်းရပါတယ်။
ဒီနေ့မျှဝေပေးချင်တာကတော့ဒီလောက်ပါပဲ။ အကျိုးရှိတယ်လို့ခံစားရရင် ❤ ပေးပြီး Share သွားဖို့မမေ့နဲ့နော်။
အစ်မနဲ့ သီးသန့်ဆွေးနွေးတိုင်ပင်ချင်ရင်တော့ဒီ Link ထဲမှာကြည့်ပါ။ 📍
https://www.facebook.com/share/p/17yegmD3C9/
About Me 📍
https://www.facebook.com/share/p/179ZqrouZe/
Telegram Channel 👇
https://t.me/jess25_hope
22/03/2026
အသက်ငယ်ပေမယ့် ရည်မှန်းချက်က ကိုယ်ပိုင်စီးပွားရေးလုပ်ချင်တာဆိုရင် ဘယ်ကနေဘယ်လိုစလုပ်ရမလဲ။ ဘာတွေလိုအပ်မလဲ။
* ( အဓိကလိုတာ ပိုက်ဆံမဟုတ်ပါ။) *
ကိုယ်ပိုင်စီးပွားရေး လုပ်ဖို့စိတ်ဝင်စားနေတဲ့လူငယ်တိုင်း ဒီ Postကို အဆုံးထိဖတ်ပါ။ 💬
အစ်မကတော့ လုပ်ငန်းတွေ ၊ စီးပွားရေးတွေ ၊ Product တွေ ၊ Service တွေ ဖြစ်လာရတဲ့အကြောင်းအရင်းက ပြသာနာ ´ တွေကစတာလို့ယုံတယ်။
အစ်မရဲ့အတန်းတိုင်းမှာပြောဖူးသလိုပဲ ပြောပြမယ်။
လူတိုင်းမှာပြသာနာရှိတယ်။ လုပ်ငန်းတွေ Product တွေက အဲ့ဒီ့ပြသာနာတွေထဲကမှ တစ်ခုမဟုတ်တစ်ခုကို နည်းလမ်းတစ်ခုခုနဲ့ဖြေရှင်းပေးနေကြတာတွေကြီးပဲ။
မျက်စိရဲ့ပြသာနာကိုဖြေရှင်းပေးတဲ့ မျက်မှန်တွေပေါ်လာသလိုပဲ ၊ မျက်မှန် မကြိုက်တဲ့သူတွေအတွက် မျက်ကပ်မှန်တွေပေါ်လာတယ်။
Covid ကြောင့် အိမ်မှာပဲနေရတော့ အလုပ်တွေ ပညာရေးတွေ ရှေ့ဆက်ဖို့ခက်တဲ့အချိန်မှာ Zoom ကအဲ့ဒီ့ပြသာနာကိုဖြေရှင်းပေးတယ်။
ခရီးသွားတဲ့အခါ ဖုန်းအားသွင်းစရာနေရာမရှိတဲ့ပြသာနာတွေကို Power Bank ကဖြေရှင်းပေးတယ်။
အဲ့လိုမျိုးပဲ ပြသာနာတွေရှိလို့ အဖြေတွေပေါ်လာတယ်။ အဖြေတွေကနေ လုပ်ငန်းတွေဖြစ်လာတယ်။ Product တွေဖြစ်လာတယ်။
အစ်မလည်း အစ်မရဲ့လုပ်ငန်းကို လူငယ်တွေရဲ့လမ်းပျောက်နေတဲ့ပြသာနာကိုဖြေရှင်းပေးချင်လို့စတင်ဖြစ်ခဲ့တာပဲ။
ဒီတော့ကိုယ်က စီးပွားရေးလုပ်ချင်ရင်
ဘယ်သူတွေရဲ့ - ဘယ်ပြသာနာကို - ဘယ်လို ဖြေရှင်းပေးမှာလဲဆိုတာကိုအဓိက စ စဥ်းစားရမှာ။
ပြသာနာကိုမဖြေရှင်းပေးနိုင်ရင် တန်ဖိုးတစ်ခုခုထည့်ပေါင်းပေးနိုင်ဖို့လိုလိမ့်မယ်။ မဟုတ်ရင်တော့ဘာမှလုပ်မရဘူး။
တွေးရမယ့်အရာကိုပြောပြပြီးပြီဆိုတော့ နောက်ထပ်လုပ်ရမယ့်အရာက အဖြေ ´ ကိုဘယ်လိုဖန်တီးမလဲနဲ့ လူတွေ အဲ့ဒီ့အဖြေကိုလိုချင်လာအောင်ဘယ်လိုလုပ်ရမလဲလေ့လာရမယ်။
အစ်မကျတော့ Product Business လိုမဟုတ်ပဲ ကျောင်းဖွင့်တာဆိုတော့ အစ်မရဲ့ အဖြေက အစ်မသင်ပေးမယ့်ပညာတွေပဲလေ။ ဒီတော့ အဲ့ဒီ့ပညာတွေကို အစ်မရည်ရွယ်တဲ့သူတွေ သင်ယူချင်စိတ်ဖြစ်လာဖို့အတွက် Social Media ကနေပဲသေချာချပြတယ်။ အဲ့ဒီ့အတွက်ဘာတွေလေ့လာခဲ့လဲဆိုရင်
(1) Tools တွေသုံးတတ်အောင်လုပ်တယ်။ 🖇
Social Media အတွက်လိုအပ်တဲ့ Tools တွေ ၊ App တွေ သုံးတတ်မှ အလုပ်တော်တော်များများကို ကိုယ့်စိတ်တိုင်းကျလုပ်နိုင်မှာ။ Budget မရှိဘူးဆိုရင် ကိုယ်တိုင်က အကုန်လုပ်တတ်တဲ့အခါကျတော့ သူများကို ငွေပေးပြီးငှားစရာမလိုတော့ဘူးပေါ့။
(2) များများလေ့လာရမယ်။ 🖇
စီးပွားရေးက စတင်တာတင်မဟုတ်ပဲ ၊ စီမံခန့်ခွဲတဲ့ပုံစံတွေ ၊ လည်ပတ်တဲ့ ပုံစံတွေ ၊ အကျိုးအမြတ် ၊ အရင်းအနှီး ၊ အတက်အကျ စတာတွေပါဝင်တာမို့လို့ လိုအပ်တာတွေအကုန်လေ့လာထားရမယ်။ ကျောင်းတွေ၊သင်တန်းတွေတက်ရမယ်ဆိုလိုချင်တာမဟုန်ဘူး။ကိုယ်ကငွေကြေးတတ်နိုင်လို့ ကျောင်းတစ်ခုခုတက်ပြီးလေ့လာတာဆိုရင်တော့ကောင်းတာပေါ့။ မတတ်နိုင်လည်းဘာမှမဖြစ်ဘူး။ အဖန်တီးမှုကခုခေတ်မှာ YouTube က Free Education ပဲ။ လေ့လာချင်တာတွေအကုန်သာရှိလို့ YouTube ကနေများများသာလေ့လာပြီးအသုံးချ။
(3) Content Writing + Branding 📍
ဒီအပိုင်းကအရေးကြီးပါတယ်။ အရှေ့မှာပြောဖူးသလိုပါပဲ။ Social Media သုံးရပြီဆိုကတည်းက Content မပါမဖြစ်ပါပဲ။ Social Media မှာက Post တင်တတ်ရုံနဲ့မပြီးပါဘူး။ post တင်တယ်သာပြောတာ... Acc မှာဟိုတင်ဒီတင်ကလွယ်လွယ်လေး။ တစ်ကယ်သာ အလုပ်အတွက်လိုအပ်လို့ Page မှာတစ်ခုခုတင်ရမယ်ဆို အများစုက အဲ့နေရာမှာတင် ဘာတင်ရမလဲမသိဘူး။´ ဆိုတာနဲ့တင်ပြိုင်ဖက်တွေကြားထဲမှာတောင် ဘာမှဆက်မလုပ်ဖြစ်ကြတော့ဘူး။ ဒါကြောင့် Content Writing Skill ကို တတ်ဖို့ကအရေးကြီးတယ်။ ဒါမှ ဘယ်အချိန်မှာဘယ်လို Postတွေတင်ရမယ်။ ဘယ်လိုအခြေအနေမှာဘာတွေလုပ်ရမယ်။ ဘယ်လိုကာလမှာ ဘယ်လို Strategy တွေပြင်ဆင်ရမယ်စသည်ဖြင့်...သေချာသိမှာ။ Branding ကတော့ မပါမဖြစ်ပဲ။ ဘာနဲ့ယှဥ်လာ ယှဥ်လာ ကိုယ့်ကိုပဲရွေးချယ်စေချင်တယ်ဆိုရင် Branding ကောင်းကောင်းလုပ်တတ်ဖို့လိုလိမ့်မယ်။ အဲ့တာကြောင့်များများလေ့လာ။
တစ်ကယ်လို့ Content Writing နဲ့ Branding ကိုတစ်နေရာတည်းမှာလေ့လာချင်ရင်တော့ အစ်မရဲ့ကျောင်းမှာ စီစဥ်ထားတဲ့ Class ရှိပါတယ်။ စိတ်ဝင်စားရင် Link ထဲဝင်ကြည့်ပြီး Page မှာသင်တန်းသွားအပ်လို့ရပါတယ်။ 👇
https://www.facebook.com/share/p/18G6PGWLTV/
(4) နောက်တစ်ခုကတော့ Marketing 🖇
Marketing ဘယ်လောက်အရေးကြီးလဲဆိုတာ ဒီ Postနဲ့ပြောပြရုံနဲ့မလောက်ဘူး။ အရောင်းပညာနဲ့ Marketing သာတတ်ထားရင် တစ်သက်လုံးထမင်းမငတ်ဘူးဆိုတဲ့ စကားတောင်ရှိတယ်။ ဒီတော့ လေ့လာပါ။ အစ်မရဲ့ Class ထဲမှာလည်းထည့်သင့်ပါတယ်။
နောက်ဆုံးကတော့ စိတ် ´ ပါပဲ။ ဘယ်အရာမှလွယ်တယ်ဆိုတာမရှိပါဘူး။ တစ်ခုခုကိုစမယ်ဆိုပြီးစိတ်ဆုံးဖြတ်ထားရင် ခက်ခဲတဲ့အချိန်တွေကြုံရတဲ့အခါ ရည်မှန်းချက်ကိုမပြောင်းပါနဲ့။ Plan ကိုပြောင်းပြီးဆက်ကြိုးစားပါ။
ဒီနေ့မျှဝေပေးချင်တာကတော့ဒီလောက်ပါပဲ။အကျိုးရှိရင် ❤ ပေးပြီး Share သွားဖို့မမေ့နဲ့နော်။
အစ်မနဲ့ သီးသန့်ဆွေးနွေးတိုင်ပင်ချင်ရင်တော့ဒီ Link ထဲမှာကြည့်ပါ။ 📍
https://www.facebook.com/share/p/17yegmD3C9/
About Me 📍
https://www.facebook.com/share/p/179ZqrouZe/
Telegram Channel 👇
https://t.me/jess25_hope