Tr. Thin

Tr. Thin

Share

A good education can change anyone. A good teacher can change everything.

24/10/2025

🍀ကိုယ်တွေကျောင်းစနေကတည်းက ကျောင်းဖွင့်ခါနီးပြီးဆိုရင် အမေ့မှာ စာအုပ်ပုံကြား အလုပ်တွေရှုပ်နေပြီ။ ဖတ်စာအုပ်တွေ ရေးစာအုပ်တွေအကုန်ကို အဖုံးဖုံးပေးတယ်။ ပြီးရင် ဗလာစာအုပ်တွေကို တစ်မျက်နှာချင်းကို စာမျက်နှာလိုက်တပ်ပေးနေတာ။ စာရွက်မဖြဲအောင်လို့။ ကျောင်းကပြန်လာပြီဆို တာနဲ့ စာအုပ်တွေကိုစစ်တယ် စာမျက်နှာတွေကို သေချာကိုစစ်တာ။ စာအုပ်ထဲမှာလည်း ကျောင်းက သင်လိုက်တဲ့စာကလွဲလို့ ဘာမှလျှောက်ပြီး မရေးခြစ်ရဘူး။ ကိုယ်ကလည်း အရုပ်ပုံတွေဆွဲရတာ ဝါသနာ ပါတော့ စာအုပ်နောက်ကျောမှာ ပုံတွေဆွဲ။ အိမ်ရောက်တော့ အမေကပုံတွေပြန်ဖျက်ပြီး လက်ဆစ်ကို သစ်သားပေတံနဲ့ခေါက်ရော။ နောက်တော့ အမေကစာရွက်အလွတ်တွေ ထည့်ပေးတယ်။ အကြမ်း သုံးချင်သုံးဖို့။ စာအုပ်ကို လွယ်အိတ်ထဲထည့်ရင်လည်း ပြောင်းပြန်မထည့်ရဘူး အတည့် ဖြစ်နေရတယ်။ စာအုပ်ကိုထိုး မထည့်ရဘူး။ စာအုပ်ထောင့်တွေ ပြဲမှာစိုးလို။ ဖတ်စာအုပ်ကိုကိုင်ရင်လည်း ခေါက်မကိုင် ရဘူး အပြန့်ပဲကိုင်ရတယ်။ ရေးစာအုပ်ကို ခေါက်ပြီးမရေးရဘူး။ ခဲတံ၊ ခဲဖျက်၊ ပေတံ စာရေးကိရိယာ အကုန်ကိုလည်း နာမည်တပ်ပေးထားတာ။ ကိုယ့်ပစ္စည်းကိုယ်သုံး။ မပျောက်စေရဘူး။ သူများပစ္စည်း လည်း ယူမသုံးနဲ့၊ ငှားမသုံးနဲ့ ကိုယ့်ဆီမှာလည်း သူများပစ္စည်း မပါလာစေနဲ့။ ကျောင်းသွားခါနီးရင် အကုန် ပါလား စစ်ရသလို ကျောင်းကပြန်ချိန်မှာလည်း အကုန်ပြန်ပါလာသလား စစ်ခဲ့ရတယ်။
🍀 အဲ့လိုကြောင့်မို့လားမသိ ခဲတံဆိုလည်း ကိုယ့်ခဲတံပဲ ပေတံဆိုလည်း ကိုယ့်နာမည်ထိုးထားတဲ့ပေတံပဲ နှစ်သက်နေတော့တာ။ ကျောင်းကပြန်ခါနီးလို့ ရှာမတွေ့ရင် မရရအောင်ရှာတော့တာပဲ။ မတွေ့တော့လို့ အသစ်ပြန်ဝယ်ပေးရင်တောင် အရင်ခဲတံ၊ ပေတံကိုယ့်ပစ္စည်းလေးကို သတိရနေတုန်း။ တမ်းတနေတုန်း။ ခဲဖျက်ဆိုလည်း အတုံးသေးသေးပဲ။ တစ်တုံးကုန်မှတစ်တုံးထုတ်သုံးရတယ်။ အဲ့ခဲဖျက်တစ်တုံးကလည်း အကြာကြီးသုံးရတယ်။
🍀 အဲ့အလေ့အကျင့်ကြောင့်ထင်တယ် ကိုယ်တိုင်ဆရာမဖြစ်လာချိန်မှာ ကျောင်းသားတွေ စာအုပ်က စာရွက်တွေဖြဲတာ၊ ခဲဖျက်တွေကို အတုံးလေးတွေလှီးလှီးပြီးတစ်ယောက်နဲ့ တစ်ယောက်ပေါက်ပြီး ဆော့တာတွေဆိုရင် ပြင်းပြင်းထန်ထန်သတိပေးပြီး နောက်တစ်ကြိမ်လုပ်ပြီဆိုရင်တော့ အပြစ်ပေးတယ်။ ဗလာစာရွက်တွေ အလွယ်တကူဖြဲမသုံးဖို့၊ ရေးစာအုပ်မပါရင် ပါတဲ့စာအုပ်မှာ ခဲတံနဲ့ရေးသွား အိမ်ရောက်လို့ သက်ဆိုင်ရာစာအုပ်ထဲပြန်ကူးပြီးရင် ခဲတံနဲ့ ရေးသွားတဲ့စာပြန်ဖျက်ဆိုပြီးမှာထားတယ်။ စာအုပ်ဖြဲတာလုံးဝမကြိုက်ဘူးလို့လည်း ပြောထားတယ်။
🍀 မိဘတွေကသားသမီးအတွက်ဆို လိုလေးသေးမရှိ ဖြည့်ဆည်းပေးချင်ကြတော့ လိုအပ်တာထက် ပို အောင် ဝယ်ပေးထားတာကို သူတို့တွေစိတ်ထဲ အိမ်မှာအများကြီးပဲ လိုရင်လည်း ထပ်ဝယ်ပေးမှာပဲဆိုတဲ့ စိတ်နဲ့ တန်ဖိုးမသိဖြစ်နေကြတယ်။ နှမျောရကောင်းမှန်းမသိလေးတွေ ဖြစ်နေကြတယ်။ ဒါလေးတွေကို ပြင်နိုင်ဖို့အတွက် သူတို့စာသင်ခန်းထဲရောက်လာပြီဆိုရင် စာသင်ချိန်ထဲကနေ အချိန်ခဏယူပြီး သူတို့အတွက် စကားလေးတွေ ပြောပေးဖြစ်တယ်။ ကိုယ့်ပစ္စည်းတွေကို တန်ဖိုးထားဖို့လိုသလို သူတစ်ပါးပစ္စည်းကိုလည်း တန်ဖိုးထားတတ်ဖို့လိုကြောင်း၊ သူတစ်ပါးပစ္စည်းကို ခွင့်ပြုချက်မရဘဲ ယူသုံး ခွင့်မရှိသလို ခွင့်ပြုချက်ပေးတိုင်းလည်း အားမနာတမ်း မသုံးရဘူးဆိုတာလေးတွေ ပြောပြဖြစ်တယ်။ ကျောင်းဆင်းခါနီးရင်လည်း ကိုယ့်ရဲ့စာအုပ်၊ ခဲတံ၊ ခဲဖျက်၊ ပေတံ၊ ဘောပင်၊ ရေဘူး၊ ထမင်းဘူး၊ ထီး အကုန်ပြန်စစ် ဘာမှမကျန်စေဖို့၊ ဒီလိုပဲ အတန်းဖော်သူငယ်ချင်းပစ္စည်းတွေလည်း မှားပါမသွားအောင် သေချာပြန်စစ်ဖို့ သတိပေးရတယ်။
🍀 အထက်တန်းပဲဖြစ်ဖြစ်၊ မူလတန်းပဲဖြစ်ဖြစ် စာသင်သားလူငယ်လေးတွေမို့အရာရာကို တန်ဖိုးထားတတ် ဖို့နဲ့ စည်းကမ်းတကျဖြစ်ဖို့ကို သင်ကြားပေးရတာတော့ အတူတူပါပဲ။
🍀 ကျောင်းသားလူငယ်တွေ၊ စာသင်ပျိုနုကလေးလေးတွေဆိုတော့ တစ်ခါသင်ကြားရုံနဲ့တော့ မရ။ ထပ်ခါ ထပ်ခါတော့ သတိပေးနေရတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ တိုးတက်မှု၊ ကောင်းတဲ့ပြောင်းလဲခြင်း လေးတွေ ပြောင်းလဲလာမှုကိုမြင်ရတဲ့အခါ အမောပြေရတာကတော့ ဆရာတစ်ယောက်အတွက် ပီတိ အားဆေးတစ်ခွက်ပါပဲ။
🍀 တန်ဖိုးရှိတဲ့ လူတော်လူကောင်းလေးတွေဖြစ်စေဖို့ ရည်သန်ရင်း....

19/10/2025

❇️ Grade-5 တွေကို စာသင်ပေးရင်း
စာတွေ အမြန်ရအောင်၊
ကျက်ပြီးသားစာတွေ မမေ့အောင်၊
စာကျက်နည်းတွေ မျှဝေပေးခဲ့တဲ့
“ရွက်နုသစ်ဝေ” ကျောင်း တည်ထောင်အုပ်ချုပ်သူ
ဆရာမကြီး ဒေါ်သင်းမြမြထွေး…

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

📮အမှတ် (၁၈)၊ ဗိုလ်မင်းရောင်လမ်း၊ ၃၅ ရပ်ကွက်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ရန်ကုန်မြို့။

☎️ 09 965 197 045

🚌 Bus Car No. (13)
🚏လောပိတမှတ်တိုင်၊ (၄၀) ဈေးမှတ်တိုင်

#အနာဂတ်တွေလင်းလက်စေသားသားမီးမီးတို့အတွက်ရွက်နုသစ်ဝေ ゚

06/10/2025

“ကလေး” တဲ့
အရွယ်ငယ်သေးလို့ ကလေးလို့ သတ်မှတ်ကြတယ်
ဒါပေမယ့် ဒီကလေးလေးတွေမှာ
စွမ်းရည်တွေရှိတယ်..
အားမာန်တွေရှိတယ်..
နူးညံ့တဲ့နှလုံးသားလေးတွေရှိတယ်..
ကိုယ်ချင်းစာတတ်တယ်..
တစ်ဦ်းကိုတစ်ဦးဖေးမရမယ်ဆိုတဲ့အသိရှိတယ်..
ကြီးသူကိုရိုသေရသလို ငယ်သူကိုသနားညှာတာရမယ်ဆိုတဲ့အသိရှိတယ်..
စိတ်ခံစားချက်တွေရှိတယ်..
ဝမ်းနည်းတတ်တယ်..
အားငယ်တတ်တယ်..
ဝမ်းသာတတ်တယ်..
လွတ်လပ်ပေါ့ပါးစွာ ပျော်ရွှင်တတ်တယ်..
သူတို့မှာသူတို့ကိုယ်ပိုင်တန်ဖိုးတွေရှိတယ်..

နောင်သူတို့လေးတွေ ကြီးပြင်းလာမယ့် ပုံရိပ်က ကလေးဘဝကပုံရိပ်တွေရဲ့ရာခိုင်နှုန်းအတော်များများပါလာမှာဖြစ်လို့
သူတို့လေးတွေကို
အကောင်းဆုံးနည်းမှန်လမ်းမှန်နဲ့ ပျိုးထောင်ပေးနိုင်ရင်
သူတို့လေးတွေရဲ့ ပစ္စုပ္ပန်နဲ့အနာဂတ်ဝန်းကျင်က
အမြဲလှပနေမှာပါ🤍


[Disclaimer : No copyright infringement intended. WE DO NOT OWN this audio content. All the contents are credited to rightful owners. I upload it for entertainment purpose only]

16/09/2025

Cheers to another year of greatness!
Happy Birthday Tr.Thin ...! 🥳✨

Photos from Ywat Nu Thit Wai ကိုယ်ပိုင်မူလတန်းကျောင်း's post 08/05/2025

တီချယ်က မြန်မာစာဆရာမတစ်ယောက်ဆိုပေမဲ့
တီချယ့် သားတွေ သမီးတွေကို
ကမ္ဘာအထိခြေဆန့်စေချင်တဲ့ စေတနာနဲ့
ခြေလှမ်းသစ်တစ်ခုကို ဒီနေ့ စတင်ခဲ့ပါတယ်... 🤍

29/04/2025

🌷မြန်မာစာကို အခြေခံကစပြီး ပိုင်ပိုင်နိုင်နိုင် ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်၊ နားထောင်တတ်ဖို့ တီချယ်ကိုယ်တိုင် လေ့ကျင့်သင်ကြားပေးနေတဲ့ အခြေခံမြန်မာစာသင်တန်းက ချစ်စရာ ကလေးလေးတွေ...

သင်တန်းစုံစမ်းလိုပါက-
📮အမှတ် (၁၈)၊ ဗိုလ်မင်းရောင်လမ်း၊ ၃၅ ရပ်ကွက်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ရန်ကုန်မြို့။

☎️ 09 965 197 045

: I do not own this video, no copyright infringement intended

17/04/2025

တပည့်လေးတစ်ယောက်ကို သူ့သူငယ်ချင်းတွေက မင်းတို့ကို ကြည့်ရတာ မင်းတို့ဆရာမနဲ့စာသင်ရတာ ပေါ့ပါးနေတာပဲလို့ ပြောတယ်တဲ့။ ဟုတ်တယ် ငါတို့ဆရာမက သဘောကောင်းတယ် ဒါပေမယ့် စိတ်ဆိုးသွားရင်လည်း ငါတို့နားရွက်တောင်မလှုပ်ရဲ၊ အသက်ရှုသံတောင်ထွက်မှာစိုးလို့ မျှင်းမျှင်းရှုရတယ်လို့ ပြန်ပြောလိုက်တယ်တဲ့။ ဟယ် ငါ့ကို ဘီလူးသဘက်ကျနေရောပဲ ပြောလိုက်တာကြီးကဆိုတော့။ ဟုတ်တယ် တကယ် တီချယ် စိတ်တိုသွားရင် တစ်တန်းလုံးက ငြိမ်ကျသွားတာတဲ့။

ကိုယ်တိုင်က အရာရာကို စိုးရိမ်စိတ်ကြီးနဲ့နေရတာကို မကြိုက်တဲ့အတွက် စာသင်ရင်လည်း ကျောင်းသားတွေကို စိုးရိမ်စိတ်ကြီး အကြောက်တရားကြီးနဲ့မသင်စေချင်ဘူး သူတို့စိတ်လေး စာသင်ယူမှုအပေါ် ပေါ့ပေါ့ပါးပါးနဲ့စိတ်လိုလက်ရ ဖြစ်စေချင်တယ်။ အဲ့ဒါမှလည်း စာသင်ခန်းက သူတို့အတွက် ရွံကြောက်ကြီးမဖြစ်ဘဲ စာတွေကို ပိုမိုမှတ်မိလွယ်စေမယ်လို့ထင်တယ်။ သင်ခန်းစာတွေကို ဝိုင်းဝန်းဆွေးနွေးရဲကြမယ်။ ဆရာနဲ့တပည့် အပြန်အလှန်ဆွေးနွေးမှုတွေ လုပ်နိုင်ကြမယ်။ ဒါဆိုသင်ခန်းစာတွေကို ပိုမှတ်မိလွယ်မယ်လို့ ထင်တယ်။ အဲ့ဒါကြောင့် ကိုယ့်စာသင်ချိန်ဟာ အမြဲ တက်ကြွလှုပ်ရှားနေကြတာများတယ်။

အဲ ဒါပေမဲ့ သင်ကြားရေးကိုအနှောက်အယှက်ဖြစ်စေမယ့် အပျက်သဘေ ာအပြုအမူမျိုး၊ ကိုယ်သတ်မှတ်ပေးထားတဲ့ စည်းကမ်းကို ဖောက်ဖျက်တာမျိုးဆိုရင်တော့ အဲ့အချိန်က လက်သံလည်းပြောင်တယ်၊ စကားလုံးမြားတံတွေကလည်းစူးတယ်။

ဆရာတစ်ယောက်ပြောတာကို ပြန်ပြောပြရမယ်ဆိုရင် ဆရာမကလေးတွေက ဆရာမကိုသိပ်ချစ်တာနော်တဲ့ ဒါပေမယ့် ဟိတ်ဆိုရင်ဟိတ် တိတ်ဆိုရင်တော့တိတ်ပဲနော်တဲ့။

ခုတော့ ဟိတ်ဆိုလည်းမဟိတ်နိုင်တိတ်ဆိုလည်းတော်တော်နဲ့မတိတ်နိုင်တာလေးတွေနဲ့ ဝဋ်လည်နေပေါ့လို့ 😄😄

ရွက်နုသစ်ဝေက သားသားမီးမီးပိစိတွေကို မြန်မာစာသင်ဖို့ တီချယ်ကြီးသင်ပေးပါတဲ့ ပြောလာကြတော့။ အေးသင်မှာပေါ့ ငါ့ကလေးလေးတွေကို သင်မှာပေါ့လို့။ အားရပါးရသင်လိုက်မယ်ဟဲ့ပေါ့ စိတ်ထဲကပီတိတွေနဲ့ စာသင်ခန်းထဲရောက်။ အင်ထရိုလေးအရင်ဝင် တစ်ယောက်ချင်းနှုတ်ဆက် စကားလေးတွေပြောပြီးတာနဲ့ ကဲ...ကလေးလေးတွေ ဗျည်းလေးတွေကိုသိလားလို့ ကကြီးကနေ ငအထိရေးပြီး အသံနဲ့ နာမည်ကွဲပြားကြောင်းစသင်တာ။ ကိုယ်က ကလို့ပဲပြောရသေး သူတို့ကတောက်လျှောက်ဆိုသွားတာ အ အထိ။ အဲ့အချိန်မှာတစ်ယောက်က တီချယ်ဆိုခိုင်းတာ က ပဲလေ ဘာလို့အကုန်ဆိုတာလဲ။ နောက်တစ်ယောက်ကလည်း တီချယ်တီချယ် က ဆိုတာ ဒီလိုကတာကိုပြောတာ။ မဟုတ်ဘူးဟ ကကြီးလေး ကကြီးကိုပြောတာ။ ဟိတ် တိတ်တိတ်နေလေ တီချယ်စာသင်မှာ။ ကိုယ်ကတစ်ခွန်းပဲ ပြောရသေးတယ် စာသင်ခန်းထဲသူတို့ပဲဦးဆောင်သွားလိုက်တာမှ ဆည်းလည်းသံတွေညံလို့ပ။

ကိုယ့်မှာ ဟိတ်ဖို့လည်းမေ့ တိတ်လို့လည်းမရနဲ့။ ပထမဆုံးရက်စာသင်အပြီး အသက်ကို မနည်းဝ အောင် ရှုရတယ် မောလိုက်တာဆိုတာမှ တစ်ခါမှမမောဖူးတဲ့အမော။ နောက်ရက်တွေမှာတော့ သူတို့အတွက် ပုံစံလေးတွေချမှတ်ပေးရတယ်။ ပြောစရာရှိရင် လက်လေးထောင် ခွင့်တောင်းပြီးမှ ပြောရ မေးရမယ်။ စာသင်နေတဲ့အချိန်တော့ စကားမပြောရသေးဘူး။ ပြီးရင် သားတို့သမီးတို့ ပြောဖို့အချိန်လေးတွေပေးမယ် အဲ့အချိန်လေးမှာပြောကြမယ်နော်ဆိုတော့လည်း သူတို့ပြောချင်တာလေးတွေ ကြိုးစားမျိုသိပ်ထားကြရှာတယ်။ ပြောခွင့်ပေးလိုက်တဲ့အချိန်မှာတော့ လက်လေးတွေထောင်ကြတာမှ တန်းစီနေတာပဲ။ သမီးလက်အရင်ထောင်တာ သားလက်အရင်ထောင်တာနော်နဲ့ ဒီဆရာမ ဟိတ်လည်းမဟိတ် ရက်၊ တိတ်လို့လည်းမအော်ရက်နဲ့ တစ်ယောက်ချင်းအလှည့်ကျပြောခိုင်းရင်း...မောတော့မောတာ ပေါ့ ဒါပေမယ့်ပီတိအမော...

တီချယ်သင်း
17.4.2025 (Thu)

(ရွက်နုသစ်ဝေကိုယ်ပိုင်ကျောင်း အခြေခံမြန်မာစာသင်တန်း Batch(1) အမှတ်တရလေးပါ... မြန်မာစာကို စနစ်တကျတတ်မြောက်စေချင်လို့ ကိုယ်တိုင်သင်ပေးဖြစ်တဲ့ ပထမဆုံး သင်တန်းလေးပေါ့)

08/03/2025

🍀Grade-12 မြန်မာစာနွေသင်တန်းလေး ဒီနေ့ စပါတယ်... Online ကနေစိတ်ဝင်တစား တက်ရောက်ကြတဲ့ သားတို့၊ သမီးတို့နဲ့ On Campus မှာ လာရောက်ပြီး ကြိုးကြိုးစားစားသင်ယူကြတဲ့ သားတွေ၊ သမီးတွေကြောင့်ရော တီချယ့်မှာ သင်ရတာ အင်အား ဖြစ်ရပါတယ်...

🌷မြန်မာစာဘာသာရပ်က မြန်မာလိုသင်ကြားရတာမို့ ကျောင်းသားအတော်များများက လွယ်ကူတယ်လို့ သတ်မှတ်ထားကြတာများပါတယ်။ ဟုတ်ပါတယ် မိခင်ဘာသာစကားကို ဘာသာရပ်အဖြစ်သင်ရတာမို့ ဖတ်ရတာလွယ်ကူပါတယ်။ ဒါပေမယ့် ဘာသာရပ်မှာပါတဲ့ အကြောင်းအရာတွေရဲ့ အတိမ်အနက် ဆိုလိုရင်းကို နားလည်ဖို့တော့သိပ်မလွယ်ကူလှပါဘူး။

🌷နားမလည်ဘဲ စာတွေကိုကျက်နေတဲ့အခါ အရသာမရှိတဲ့စက္ကူဖတ်ကိုဝါးနေရသလိုပါပဲ။ အရသာလည်းမရှိ ၊ မျိုချလို့လည်း အာဟာရမဖြစ်၊ အာညောင်းရုံသာအဖတ်တင်ပါလိမ့်မယ်။ စာတွေကို နားလည်ပြီးမှ ကျက်တဲ့အခါ အရသာရှိတဲ့ ကြက်သားဖတ်ကို ဝါးရသလိုပေါ့... ဝါးရတာလည်းအရသာရှိသလို မျိုချရင်လည်း အာဟာရဖြစ်စေနိုင်ပါတယ်။

🌷Grade 12 မြန်မာစာသင်ရိုးသစ်မှာပါတဲ့အပိုင်း ၃ ပိုင်းမှာ ကျက်ရမယ့်အပိုင်းပါသလို ဖတ်မှတ် လေ့ကျင့်ရမယ့်အပိုင်းရယ်လို့လည်း ပါပါတယ်။

🌷အပိုင်း ၃ ပိုင်းလုံးကို သေချာနားလည်ပြီးမှ ကျက်မှတ်မယ်ဆိုရင် ကျက်ရတာလည်းပိုင်ပိုင်နိုင်နိုင်ရှိသလို ပိုပြီးလည်း မှတ်မိလွယ်စေမှာပါ။ စာမေးပွဲကိုလည်း အခက်အခဲမရှိဖြေဆိုနိုင်ပြီး ပြည့်ဝတဲ့ဂုဏ်ထူးမှတ်ရကြမှာပါ။ သည်လို ကောင်းမွန်တဲ့ရလဒ်တွေရဖို့ ကြိုတင်လေ့ကျင့်ကြရအောင်...

🚸သင်တန်းကာလ 🚸
~~~~~~~~~~~~
🔸 တစ်ပတ် - ၂ ရက် (စနေ၊ တနင်္ဂနွေ)
🔸 သင်တန်းကာလ - ၃ လ

🚸သင်တန်းအချိန်🚸
~~~~~~~~~~~~
🔸 ညနေ (၃:၃၀) နာရီ မှ (၅:၀၀) နာရီ အထိ

🚸သင်တန်းကြေး🚸
~~~~~~~~~~~~
🔸 ၇၅,၀၀၀ ကျပ် (တစ်လချင်းပေးသွင်းပါက)
🔸၂၀၀,၀၀၀ ကျပ် (၃ လစာ တစ်ခါတည်းပေးသွင်းပါက)

🚸စတင်ဖွင့်လှစ်မည့်ရက်🚸
~~~~~~~~~~~~~~~
🔸 မတ်လ (၈) ရက်

🚸သင်တန်းပြီးဆုံးမည့်ရက်🚸
~~~~~~~~~~~~~~~~~
🔸 မေလ (၃၁) ရက်

🚸သင်တန်းတက်ရောက်ရမည့်နေရာ🚸
~~~~~~~~~~~~~~~~~~~~
📮အမှတ် (၁၈)၊ ဗိုလ်မင်းရောင်လမ်း၊ ၃၅ ရပ်ကွက်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ရန်ကုန်မြို့။

☎️ 09 965 197 045 ကနေတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်...

04/03/2025

🔅အလယ်တန်းအဆင့် မြန်မာစာ စာစီစာကုံးရေးသားနည်းသင်တန်း 𝗕𝗮𝘁𝗰𝗵-𝟯 စတင်ဖွင့်လှစ်နေပါပြီနော်... ရွက်နုသစ်ဝေကျောင်း တည်ထောင်အုပ်ချုပ်သူ ဆရာမကြီးဒေါ်သင်းမြမြထွေးကိုယ်တိုင် သင်ကြားပို့ချပေးနေတာ ဖြစ်ပါတယ်ရှင်...

🔅Grade-5 တွေကတော့ စာမေးပွဲ ၈ ရက်နေ့မှပြီးမှာမို့ ပြန်လည်သင်ကြားပေးပါမယ်နော်...

📌ONLINE သင်တန်းလေးလည်းရှိတာကြောင့် ကျောင်းမှာလာသင်ယူဖို့ခက်ခဲတဲ့ကလေးတွေက Online သင်တန်းကို တက်ရောက်နိုင်ပါတယ်...📌

သင်တန်းကာလ
~~~~~~~~~~~~
🔸 တစ်ပတ် - ၂ ရက် (တနင်္လာ၊ အင်္ဂါ)
🔸 သင်တန်းကာလ - ၅ ပတ်

သင်တန်းအချိန်
~~~~~~~~~~~~
🔸 နံနက် (၁၀:၃၀) နေ့လယ်မှ (၁၂:၀၀) နာရီ အထိ

သင်တန်းကြေး
~~~~~~~~~~~
🔸 ၁၀၀,၀၀၀ ကျပ်

စတင်ဖွင့်လှစ်မည့်ရက်
~~~~~~~~~~~~~~~
🔸 မတ်လ (၃) ရက်

သင်တန်းပြီးဆုံးမည့်ရက်
~~~~~~~~~~~~~~~~~
🔸 ဧပြီလ (၁) ရက်

📮လိပ်စာကတော့ - အမှတ် (၁၈)၊ ဗိုလ်မင်းရောင်လမ်း၊ ၃၅ ရပ်ကွက်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ရန်ကုန်မြို့။

☎️ ဖုန်း - 09 965 197 045 ကနေတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်...

08/02/2025

🌷မြန်မာစာကို အခြေခံကစပြီး ပိုင်ပိုင်နိုင်နိုင် ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်၊ နားထောင်တတ်ဖို့ လေ့ကျင့်ပေးမယ့် အခြေခံမြန်မာစာသင်တန်း...
🌷စာစီစာကုံးအရေးအသားပိုင်နိုင်ဖို့အတွက် အဓိကလိုအပ်ချက်တွေဖြစ်တဲ့ စာလုံးပေါင်းသတ်ပုံမှန်ကန်ရေး၊ ဝါကျအထားအသိုမှန်ကန်ရေး၊ စကားလုံးအသုံးအနှုန်း ရွေးချယ်ရေးတွေအပြင် ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရေးသားနိုင်ဖို့အတွက် အလယ်တန်းအဆင့် စာစီစာကုံးရေးသားနည်းသင်တန်း...
🌷စာမေးပွဲကိုလည်း အခက်အခဲမရှိဖြေဆိုနိုင်ပြီး မြန်မာစာမှာ ပြည့်ဝတဲ့ဂုဏ်ထူးမှတ်ရကြဖို့နဲ့ သင်ရိုးမှာပါဝင်တဲ့အပိုင်း ၃ ပိုင်းလုံးကို သေချာနားလည်ပြီး မှတ်မိလွယ်စေဖို့ Grade-12 မြန်မာစာသင်တန်း...

🍀မိမိတို့နှစ်သက်ရာသင်တန်းများကို ရွေးချယ်တက်ရောက်နိုင်ပါပြီ...🍀

🚸သင်တန်းတက်ရောက်ရမည့်နေရာ🚸
~~~~~~~~~~~~~~~~~~~~
📮အမှတ် (၁၈)၊ ဗိုလ်မင်းရောင်လမ်း၊ ၃၅ ရပ်ကွက်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ရန်ကုန်မြို့။
☎️ကြိုတင်စာရင်းပေးသွင်းလိုပါက ဖုန်း - 09 965 197 045 ကနေတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်...

15/01/2025

☀အလယ်တန်းအဆင့်စာစီစာကုံး ရေးသားနည်းသင်တန်း 𝗕𝗮𝘁𝗰𝗵-𝟯 နဲ့ မိတ်ဆက်ပေးပါရစေ...

☀သင်တန်းကို ကလေးကိုယ်တိုင် လာရောက် သင်ယူနိုင်မှာ ဖြစ်ပါတယ်...

သင်တန်းကာလ
~~~~~~~~~~
🔸 တစ်ပတ် - ၂ ရက် (တနင်္လာ၊ အင်္ဂါ)
🔸 သင်တန်းကာလ - ၅ ပတ်

သင်တန်းအချိန်
~~~~~~~~~~~~
🔸 နံနက် (၁၀:၃၀) နေ့လယ်မှ (၁၂:၀၀) နာရီ အထိ

သင်တန်းကြေး
~~~~~~~~~~~~
🔸 ၁၀၀,၀၀၀ ကျပ်

စတင်ဖွင့်လှစ်မည့်ရက်
~~~~~~~~~~~~
🔸 မတ်လ (၃) ရက်

သင်တန်းပြီးဆုံးမည့်ရက်
~~~~~~~~~~~~
🔸 ဧပြီလ (၁) ရက်

📮လိပ်စာကတော့ - အမှတ် (၁၈)၊ ဗိုလ်မင်းရောင်လမ်း၊ ၃၅ ရပ်ကွက်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ရန်ကုန်မြို့။

☎️ကြိုတင်စာရင်းပေးသွင်းလိုပါက ဖုန်း - 09 965 197 045 ကနေတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်...

14/01/2025

🔔 နွေရာသီသင်တန်းလေးတွေ ဖွင့်ပေးဖို့ တောင်းဆိုထားကြတဲ့ ဖေဖေမေမေတို့ရေ...

🌷မြန်မာစာကို အခြေခံကစပြီး ပိုင်ပိုင်နိုင်နိုင် ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်၊ နားထောင်တတ်ဖို့ လေ့ကျင့်ပေးမယ့်သင်တန်းလေးပါ...

🌷ဒီသင်တန်းလေးကို အသက် ၅ နှစ်ကနေ ၈ နှစ်အတွင်း သားသားမီးမီးတွေတက်ရောက်နိုင်မှာဖြစ်ပါတယ်...

🌷ဘာတွေလေ့ကျင့်သင်ကြားပေးမလဲဆိုရင်တော့ လက်ရေးလှလှရေးတတ်ဖို့၊ အသံထွက်မှန်မှန် ရွတ်ဆိုတတ်ဖို့နဲ့ ချောချောမောမော စာဖတ်တတ်ဖို့ လေ့ကျင့် သင်ကြားပေးမှာပါ...

🌷ရွက်နုသစ်ဝေကျောင်း တည်ထောင်သူ ဆရာမကြီးဒေါ်သင်းမြမြထွေးကိုယ်တိုင်လေ့ကျင့်သင်ကြားပေးမှာဖြစ်ပြီး လက်ထောက်ဆရာမနဲ့ Admin Staff တွေကလညိး ကူညီပေးကြမှာဖြစ်လို့ အခုပဲစာရင်းသွင်းအပ်နှံလိုက်ပါတော့နော်...

🚸သင်တန်းကာလ 🚸
~~~~~~~~~~~~~~
🔸 တစ်ပတ် - ၂ ရက် (တနင်္လာ၊ အင်္ဂါ)
🔸 သင်တန်းကာလ - ၅ ပတ်

🚸သင်တန်းအချိန်🚸
~~~~~~~~~~~~~~
🔸 နံနက် (၉:၀၀) နာရီ မှ (၁၀:၃၀) နာရီ အထိ

🚸သင်တန်းကြေး🚸
~~~~~~~~~~~~~
🔸 ၁၀၀,၀၀၀ ကျပ်

🚸စတင်ဖွင့်လှစ်မည့်ရက်🚸
~~~~~~~~~~~~~~~~~~
🔸 မတ်လ (၃) ရက်

🚸သင်တန်းပြီးဆုံးမည့်ရက်🚸
~~~~~~~~~~~~~
🔸 ဧပြီလ (၁) ရက်

🚸သင်တန်းတက်ရောက်ရမည့်နေရာ🚸
~~~~~~~~~~~~~~~~~~~~~~~~~~
📮အမှတ် (၁၈)၊ ဗိုလ်မင်းရောင်လမ်း၊ ၃၅ ရပ်ကွက်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ရန်ကုန်မြို့။

☎️ကြိုတင်စာရင်းပေးသွင်းလိုပါက ဖုန်း - 09 965 197 045 ကနေတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်...

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


North Dagon
Yangon