21/01/2022
မနေ့ကတင်ပေးထားတဲ့ Quiz ရဲ့ အဖြေမှန်ကို တင်ပေးလိုက်ပါတယ်
-ed & -ing နဲ့ဆုံးတဲ့ adjectives များဟာ တခါတလေမှာ ရောထွေးပြီး မှားတတ်ပါတယ်။ အောက်ပါစကားလုံးအချို့ကို ကြည့်ကြပါစို့။
Annoyed/annoying, bored/boring, confused/confusing, disappointed/disappointing, excited/exciting, frightened/frightening, interested/interesting, surprised/surprising, tired/tiring, worried/worrying, exhausted/exhausting, amazed/amazing, shocked/shocking, depressed/depressing, embarrassed/embarrassing, fascinated/fascinating
ဘယ်လိုတွေကွာခြားလဲ
-ed နဲ့ဆုံးတဲ့ adjective များဟာ စိတ်ခံစားမှုကို ဖော်ပြတဲ့စကားလုံးများဖြစ်ပါတယ်။ ဥပမာ-I am confused or he is excited. စသည်ဖြင့် လူပုဂ္ဂိုလ်၊ အရာဝတ္ထုများရဲ့ ခံစားမှုကို ဖော်ပြတဲ့အခါမှာ သုံးတာပါ။
I am disappointed with my holiday photos.
He was really surprised that he received a gift.
-ing နဲ့ဆုံးတဲ့ adjective များဟာ စိတ်ခံစားမှုကို ဖြစ်စေတဲ့၊ ပေးတဲ့ အရာများကို ဖော်ပြတဲ့ စကားလုံးများဖြစ်ပါတယ်။ ဥပမာ- This book is interesting or His voice is annoying. စသည်ဖြင့် လူပုဂ္ဂိုလ်၊ အရာဝတ္ထုများရဲ့ ခံစားမှုကို ဖြစ်စေတဲ့ အရာများကို ဖော်ပြတဲ့အခါမှာ သုံးတာပါ။ စာအုပ်က ပျင်းဖို့ကောင်းလို့ လူကပျင်းသွားတာ၊ အသံက စိတ်အနှောင့်အယှက်ပေးလို့ လူကစိတ်ရှုပ်သွားရတာပါ။
The music is too loud and it is really annoying.
Mountain climbing is so tiring.
လေ့ကျင့်ခန်းများပါ တွဲလုပ်လို့ရအောင် အောက်ပါလင့်များမှာ ရှာပေးထားပါတယ်။
https://bit.ly/3tFZIE1
https://bit.ly/352bn5H