09/05/2026
အခုချိန်ထိ ကိုယ့်ကိုယုံယုံကြည်ကြည်နဲ့ ကလေးတွေကိုအပ်နှံထားတဲ့အတွက် တကယ်ကိုကျေးဇူးတင်ပါတယ်။
ကျူရှင်တွေကလည်း ပေါတော့ မိဘတွေမှာရွေးချယ်စရာ နှိုင်းယှဉ်စရာတွေရှိလာတော့ ဟိုပြောင်း ဒီပြောင်းတက်ကြတာလည်းရှိတာပေါ့။
ကိုယ်သင်တဲ့စာ သုံးတဲ့စာအုပ်တချို့ကခက်တယ်ဆိုတာသိတယ်။Singapore က စာအုပ်တွေက ခက်တယ် ဒါပေမယ့် Vocabularyကြွယ်ဝတယ် ကျမကေတာ့ကြိုက်တယ်။ Cambridge တို့ Oxford တို့ကစာအုပ်တွေကလွယ်တယ် စာနည်းတယ်လို့မြင်တယ်။တချို့ကလေးေတွအတွက်ပိုခက်ကောင်းခက်မယ်။ ဒါပေမယ့် International school ကအတန်းတွေကို အများကြီးlevel နှိမ့်ပြီး သင်နေတာပါပဲ။
ကလေးတွေပျော်အောင် စာမကျက်ရဘဲ အလွယ်လေးတွေသင်ပေးလည်းရတာပါပဲ။ ကိုယ်ကသာ မြို့က ISကျောင်းက ကလေးတွေနဲ့ရင်ပေါင်တန်းနိုင်အောင်လို့ ကိုယ်ကသာ စာလောဘကြီးပြီး သင်ပေးချင်တာ ဖြစ်စေချင်တာပါ။
အခုတော့ စိတ်တွေအများကြီးလျှော့ပြီး ပေါ့ပေါ့ပါးပါးစာတွေလည်း လျှော့သင်တော့မယ်။
တကယ်တော့ ကျမသင်တဲ့စာတွေက မများပါဘူး။ တစ်ပတ်၃ရက်ဆိုပဲ အိမ်စာလည်းသိပ်မပေးဖြစ်ပါဘူး။
ကလေးတွေကိုက ပျင်းတာလည်းပါတယ်။ကိုယ့်အသိစိတ်နဲ့စာလိုချင်သူ စာလုပ်ချင်သူကနည်းတယ်။
English က အရေးကြီးဆုံး ဘာသာရပ်ဆိုတော့ ကျောင်းကသင်တာလေးနဲ့တော့ မလုံလောက်ဘူး။
အပြင် အဂ်လိပ်စာသင်တန်းကောင်းကောင်းကတော့ တက်သင့်တယ်။ကိုယ့်ဘာသာလေ့လာနိုင်ရင်လည်းကောင်းတာပဲ။
07/05/2026
စိတ်ရှုပ်ထွေးတာ ဒါမှမဟုတ် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေတာကို အခြေအနေပေါ်မူတည်ပြီး အင်္ဂလိပ်လို အမျိုးမျိုးပြောလို့ရပါတယ်။
၁။ အသုံးအများဆုံး စကားလုံးများ
Confused: ဒါကတော့ အခြေခံအကျဆုံး စကားလုံးပါ။ တစ်ခုခုကို နားမလည်လို့ပဲဖြစ်ဖြစ်၊ ဝေခွဲမရဖြစ်တဲ့အခါ သုံးပါတယ်။
ဥပမာ - "I'm so confused." (ကျမ တော်တော် စိတ်ရှုပ်နေတယ်။)
Mixed up: အချက်အလက်တွေ ဒါမှမဟုတ် အတွေးတွေ ရောထွေးကုန်တဲ့အခါ သုံးပါတယ်။
ဥပမာ - "Everything is getting mixed up in my head." (ခေါင်းထဲမှာ အားလုံးရောထွေးပြီး ရှုပ်ကုန်ပြီ။)
၂။ ပိုပြီးထိရောက်တဲ့ စကားလုံးများ (စိတ်ဖိစီးမှုပါတဲ့အခါ)
Overwhelmed: လုပ်စရာတွေ များလွန်းလို့ ဒါမှမဟုတ် ခံစားချက်တွေ ပြင်းထန်လွန်းလို့ ဘယ်ကစရမှန်းမသိ စိတ်ရှုပ်တာမျိုးပါ။
ဥပမာ - "I feel a bit overwhelmed right now." (အခုလောလောဆယ် စိတ်တွေ အရမ်းရှုပ်နေတယ်။)
Frustrated: တစ်ခုခုက ကိုယ်ဖြစ်ချင်သလို ဖြစ်မလာလို့ စိတ်တိုတိုနဲ့ စိတ်ရှုပ်တာမျိုးပါ။
ဥပမာ - "I'm frustrated with this situation." (ဒီအခြေအနေကို စိတ်ပျက်ပြီး စိတ်ရှုပ်မိတယ်။)
၃။ Idioms (အသုံးအနှုန်းလေးများ)
At my wit's end: စိတ်ရှုပ်လွန်းလို့ ဘာဆက်လုပ်ရမလဲဆိုတာ လုံးဝစဉ်းစားမရတော့တဲ့ အခြေအနေပါ။
Lost in thought: အတွေးတွေထဲမှာ နစ်နေပြီး ဇဝေဇဝါဖြစ်နေတာပါ။
ဘယ်လိုအခြေအနေမျိုးမှာ သုံးချင်တာလဲဆိုတာ ပြောပြရင်တော့ ပိုပြီးကွက်တိကျမယ့် စကားလုံးကို အကြံပေးရွေးချယ်ပေးနိုင်ပါတယ်။
04/05/2026
ခေတ်နဲ့ရင်ပေါင်းတန်းနိုင်ဖို့ ဘာသာစကားတွေ ပညာရပ်တွေ တစ်ခုမက လေ့လာထားဖို့ လိုပါတယ်။
နည်းပညာတွေတိုးတက် လာတာနဲ့အမျှ လေ့လာစရာတွေကလည်း များလာပြီ ကိုယ်ကအမှီမလိုက်နိုင်ရင် နောက်ကျန်နေခဲ့လိမ့်မယ်။
27/04/2026
စေတနာဆိုတာ လူတိုင်းနဲ့မတန်လို့ပြောကြတယ်။
ကိုယ်ကစေတနာအပြည့်အဝနဲ့စာသင်ပေးပေမယ့်လည်း စေတနာကိုစော်ကားခံရသလိုမျိုးလည်း ကြုံရတာပဲ။
တချို့ကျူရှင်ဆရာတွေက တစ်နေ့စာ တစ်နေ့တောင်းတာမျိုးရှိတယ်။
တချို့က တစ်လစာ ယူကြတယ်။ ကျမလည်း အလုပ်ရှုပ်လို့ရော ပိုက်ဆံအနုပ်တွေလည်းမလိုချင်တာရောကြောင့် တစ်လချင်းပဲယူတယ်။
တစ်ချို့မိဘများက တစ်လလုံးကျူရှင်မတက်ရင် တစ်လစာမပေးချင်ကြဘူး။
တချို့ကျောင်းသားတွေက ၁ရက် ၂ရက် သို့မဟုတ် ရက်ပိုင်းတက်သွားပြီး လခမပေးသွားကြဘူး။
တချို့ကလည်း လကုန်ခါနီးမှာ သင်တန်းလာအပ်ကြတာမျိုးလည်းရှိတယ်။
တချို့ကိုလည်း စာအုပ်ဖိုးနဲ့ပေါင်းပြီး နည်းနည်းပါးပါးလခယူလိုက်တာလည်းရှိတယ်။
တချို့ကလေးတွေကိုလည်း တက်တာကြာနေတဲ့ကလေး ရေရှည်တက်မယ့်လူမျိုးဆိုရင်လည်း တစ်ပတ်စာလောက်ကို ယူမနေတော့ဘူး။
တချို့မိဘတွေက အလိုက်တသိပေးကြပါတယ်။အဲ့လိုမျိုး ရက်ပိုင်းစာလေးကို မယူတော့ပါဘူးလို့ ပြန်ပြောလိုက်တယ်။
မန္တလေးမှာတုန်းက ကလေးမိဘတစ်ယောက်က ပိတ်ရက်တွေအတွက်မပေးချင်ဘဲ ရက်တွက်နဲ့လခကို ကလေးအဖေနဲ့ပေးခိုင်းလိုက်တယ်။တော်တော်စိတ်ကသိကအောက်ဖြစ်ခဲ့ရတယ်။
တချို့မိဘများက တတ်နိုင်ရက်သားနဲ့ ဆရာဆရာမကို တစ်ခုခုမကြည်တော့ရင်ဖြစ်ဖြစ် ပညာသားပါပါပြောရမလား လူလည်ကျတယ်လို့ပြောရမလားမသိဘူး လခကို မေ့ချင်ယောင်ဆောင်ပြီး တော်တော်နဲ့မပေးတာကိုလည်း ကြုံဖူးတယ်။
တချို့မိဘများကြတော့လည်း မချမ်းသာပေမယ့် မဖြစ် ဖြစ်အောင် တလေးတစားပေးကြပါတယ်။
တချို့မိဘတွေရှိသေးတယ် ကလေးရှေ့ကို မင်းတို့ဆရာမက ဘယ်လို ဘယ်ညာ ပိုက်ဆံပဲတောင်းနေတာပဲတို့ ဘာတို့ အပြစ်တင်သလို ပြောကြပါသေးတယ်။အဲ့လိုေပြာရင်ဆရာဆရာမကို ကလေးတွေကမလေးစားတာ အထင်လွဲတာမျိုးဖြစ်သွားနိုင်တယ်။
ကိုယ်ကတော့ မိဘတွေဘက်ကလည်း အမြဲစဉ်းစားပေးပါတယ်။စာအုပ်ဖိုးတွေကုန်တယ် သားသမီး၂ယောက်၃ယောက်ရှိတယ်ဆိုပြီး ကိုယ့်ကျူရှင်ခကို တိုးမတောင်းခဲ့တာပါ။
မိဘတွေအနေနဲ့ကလည်း ဆရာဆရာမတွေဘက်ကိုလည်း နားလည်ပေးသင့်တာပါပဲ။
25/04/2026
Oxford Phonics နဲ့ Jolly Phonics က နှစ်ခုလုံးက ကလေးတွေကို အက္ခရာအသံ (phonics) သင်ဖို့ အသုံးများတဲ့ စနစ်တွေပါ..
ဘယ်ဟာပိုကောင်းလဲ ❓❓
ကလေးအသက်🏅 သင်ပုံသင်နည်း🏅 ရည်ရွယ်ချက် ပေါ်မှာ မူတည်ပါတယ်...
အသံကို song, action, story တွေနဲ့ သင်ပေးလို့ ကလေးတွေ စိတ်ဝင်စားလွယ်တယ်...
အသက် 3–6 အရွယ်ကလေးတွေအတွက် အရမ်းသင့်တော်ပါတယ်...
Letter sound 42 ခုကို step-by-step သင်ပေးတယ်...
Kindergarten / Preschool တွေအများကြီး သုံးကြတယ်...
** အကျိုးကျေးဇူး **
အသံထွက်ကို မြန်မြန်နားလည်တတ်လာတယ်...
ကလေးတွေ ပျော်ပျော်ရွှင်ရွှင် သင်နိုင်တယ်...
Reading (စာဖတ်ခြင်း) ကို story books တွေနဲ့ ဆက်စပ်သင်ပေးတယ်
Phonics နဲ့ reading skill ကို တပြိုင်တည်းတိုးတက်စေတယ်...
အသက် 5+ ကလေးတွေအတွက် ပိုအဆင်ပြေပါတယ်..
** အကျိုးကျေးဇူး **
စာဖတ်အလေ့အထ တိုးတက်လာတယ်...
School curriculum နဲ့ လိုက်ဖက်တတ်တယ်...
✅ အတိုချုပ်
အသက်ငယ် (3–6) → Jolly Phonics
စာဖတ်စတင်ချင် (5+) → Oxford Phonics
📌 Teacher အများစုကတော့
Jolly Phonics နဲ့ sound အခြေခံ သင်ပြီး → Oxford reading books နဲ့ reading ဆက်သင် တာကို ပိုအသုံးများပါတယ်...