Next Level English

Next Level English Let's level up your English language skills with NLE.

October လ အတွက် ရရှိနိုင်သော One-on-one OR group class အချိန်ဇယား ဖြစ်ပါတယ်ရှင်။ မိမိတို့ရဲ့ သားသားမီးမီးအတွက်ပဲဖြစ်စေ မ...
27/09/2025

October လ အတွက် ရရှိနိုင်သော One-on-one OR group class အချိန်ဇယား ဖြစ်ပါတယ်ရှင်။

မိမိတို့ရဲ့ သားသားမီးမီးအတွက်ပဲဖြစ်စေ မိမိ ကိုယ်တိုင်ပဲဖြစ်စေ English စာ လေ့လာလိုသူများအတွက် ရည်ရွယ်ပါတယ်ရှင်။

သင်ကြားပေးမဲ့ တီချယ်ကတော့ Tr.Claire ဖြစ်ပါတယ်။ တီချယ်ကတော့ ယခုလက်ရှိ Indonesia နိုင်ငံ President University မှာ တက်ရောက်နေပြီး မြန်မာနိုင်ငံမှာလည်း B.Ed. တက်ရောက်ခဲ့သူလည်းဖြစ်ပါတယ်ရှင်။

လက်ရှိမှာ Young Learners နှင့် Adult Learners အတန်းများ သင်ကြားပေးလျက်ရှိပါတယ်ရှင်။

သင်ယူလိုသော skills နှင့် မိမိရဲ့ level ဒါမှမဟုတ် မိမိရဲ့ learning journey, target နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို အတန်းမစခင် အသေးစိတ်လာရောက်ဆွေးနွေးပြီး အပ်နှံ နိုင်ပါတယ်ရှင်။

မေတ္တာဖြင့်
Tr.Claire

26/09/2025

Lesson Plan တစ်ခုမှာ အရေးကြီး အစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်တဲ့ " Controlled Practice ".

ဒီ ကလေးလေး ကို classroom language 100% English သုံးလို့မရသေးပေမဲ့ တဖြည်းဖြည်းချင်း တွေ့အထိများအောင် အသုံးချသင်ကြားပေးဖြစ်ပါတယ်ရှင်။

ပြောဆိုသင်ကြားနေချိန်မှာ တုံ့ဆိုင်းသွားတာ အမှားတွေပြောမိတာ အသံထွက်တွေမမှန်တာ.. ဒါတွေဟာ သင်ယူသူ တစ်ယောက်အနေနဲ့ Learning လုပ်နေတဲ့ Progress ကို ပြနေတာဖြစ်ပြီး Learned ဖြစ်သွားတဲ့ achievement ရသည်အထိ သင်ကြားပြသပေးလျက်ရှိပါတယ်ရှင်။

သင်ကြားသလောက်ရယူနိုင်တဲ့ အလွန်ကြိုးစားနေသော ကလေးလေးဖြစ်ပါတယ်ရှင်။ ❣️

20/09/2025

Phonics Level 1
One-on-one class
Letter T သင်ကြားခြင်း ဖြစ်ပါတယ်ရှင်။

Classroom Language ကို English သုံးလို့မရသေးပေမဲ့ internet အခက်အခဲတွေကြားက ကြိုးစားသင်ကြားနေကြတဲ့ အလွန်တော်သောကလေးလေးများဖြစ်ပါတယ်ရှင့် ❣️

16/09/2025

Cambridge Global Stage-2 သင်နေတဲ့ one-on-one အတန်းလေးဖြစ်ပါတယ်ရှင်။

Classroom language ကို တစ်ချိန်လုံးနီးပါး English လို သင်ကြားပေးသမျှကို ကောင်းကောင်းနားလည်ပြီး ဆရာ့ထက်လက်စောင်းထက်တဲ့ ကလေးလေးဖြစ်ပါတယ်ရှင့်❣️

Adult learners and Young learnersများအတွက် သင်တန်းစုံစမ်းရန်- page messenger

မင်္ဂလာပါရှင်...ဒီအတန်းလေးကတော့ Grade-1 or KG မှာ တက်ရောက်နေကြတဲ့ အသက် ၆နှစ်ပြည့်ပြီးသူ သားသားမီးမီးများအတွက် ရည်ရွယ်ပါတ...
06/09/2025

မင်္ဂလာပါရှင်...

ဒီအတန်းလေးကတော့ Grade-1 or KG မှာ တက်ရောက်နေကြတဲ့ အသက် ၆နှစ်ပြည့်ပြီးသူ သားသားမီးမီးများအတွက် ရည်ရွယ်ပါတယ်ရှင်။

Family and friends Starter နဲ့ Oxford phonics level 1 ပါ တစ်ခါတည်း သင်ပေးမှာဖြစ်တဲ့အတွက် vocabulary နဲ့ အသံထွက် မှန်မှန်ကန်ကန်ကို သင်ယူလိုသူ ကလေးများအတွက် အထူးသင့်လျော်ပါတယ်ရှင်။

သင်တန်းအကြောင်းစုံးစမ်းလိုပါက page messenger ကနေတဆင့် ဆက်သွယ်နိုင်ပါတယ်နော်။

သင်ကြားပေးမဲ့ တီချယ်ကတော့ Tr.Claire ဖြစ်ပါတယ်။ တီချယ်ကတော့ B.Ed တက်ရောက်ထားပြီး အခုလက်ရှိ အင်ဒိုနီးရှားနိုင်ငံ| President University မှာ ဆက်လက်ပညာသင်ယူနေတာဖြစ်ပါတယ်။ English စာသင်ကြားရေးအတွေ့အကြုံ ၄ နှစ်ရှိထားပြီး လက်ရှိမှာ adult learner များအတွက် one-on-one အတန်းများလည်းဖွင့်လှစ်ထားပါတယ်ရှင်။

ကိုယ့်ရဲ့ Pronunciation ကို ပိုကောင်းလာစေဖို့ လမ်းညွှန်ပေးမဲ့ ဆရာတစ်ယောက်နဲ့ လေ့ကျင့်လိုတဲ့သူတွေ ဒါမှမဟုတ် English Learn...
03/09/2025

ကိုယ့်ရဲ့ Pronunciation ကို ပိုကောင်းလာစေဖို့ လမ်းညွှန်ပေးမဲ့ ဆရာတစ်ယောက်နဲ့ လေ့ကျင့်လိုတဲ့သူတွေ ဒါမှမဟုတ် English Learner တစ်ယောက်အနေနဲ့ IPA အကြောင်းကို အခုမှစပြီး လေ့လာလိုတဲ့ သူတွေအတွက် NLE ကနေ အတန်းအသစ်လေး ဖွင့်လိုက်ပါပြီနော်။

ဒီ course လေးကတော့ ပထမဆုံး ဖွင့်တဲ့အတန်းလေးဖြစ်တဲ့အတွက် တစ်လလျှင် ၃သောင်း ကျပ်သာ ကျသင့်မှာဖြစ်ပါတယ်။

Course Duration ကတော့ ၂ လ ဖြစ်ပါတယ်။

September 13 ရက်မှာ အတန်းလေးစမှာဖြစ်တဲ့အတွက် စာတွေနောက်မကျဖို့ အတန်းမစခင် လာအပ်ထားကြပါနော်။

Classroom language က အဓိကအားဖြင့် မြန်မာလို သင်ကြားပေးမှာဖြစ်တဲ့အတွက် IPA နဲ့ Pronunciation ကို စိတ်ဝင်စားတဲ့ မည်သူမဆို တက်ရောက်နိုင်ပါတယ်။

Page messenger ကနေ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။

မှော်ဆန်တဲ့....ဒီ Breakthrough Stage ဆိုတာ Language Learning မှာ အင်မတန် ဆန်းကြယ်တဲ့ အချိုးအကွေ့လေးဖြစ်ပါတယ်...Cognitive...
21/07/2025

မှော်ဆန်တဲ့....

ဒီ Breakthrough Stage ဆိုတာ Language Learning မှာ အင်မတန် ဆန်းကြယ်တဲ့ အချိုးအကွေ့လေးဖြစ်ပါတယ်...Cognitive နည်းကျကျပြောရရင်တော့ language learning process မှာ mental shift ဖြစ်သွားတဲ့ အချိန်ဖြစ်ပါတယ်.. အရှင်းဆုံး ဥပမာ ပြရရင် ကိုယ်ရဲ့ device မှာ Language Input ကို change လိုက်သလိုမျိုး ဦးနှောက်က automatically process စတင် လုပ်တဲ့ အဆင့် ဖြစ်ပါတယ်။

CEFR B1 and B2 ကြားမှာ ဖြစ်တတ်ပါတယ်။

ကိုယ်တိုင်လည်း Breakthrough Stage ကို ဘယ်အချိန်ရောက်ခဲ့လဲလို့ ပြန်စဉ်းစားကြည့်လိုက်တဲ့အခါမှာ မီးဖိုခန်းထဲ ချက်ပြုတ်နေရင်း အိမ်ရှေ့ခန်းမှာ ဖေဖေ ဖွင့်ထားတဲ့ TV က international news report ကို လှမ်းကြားပြီး နားလည်နေတဲ့ moment လေးလို့ ပြောရမယ်ထင်ပါတယ်။
100% တော့မဟုတ်ပါဘူး ဒီတိုင်း နားလည်နေတာမျိုးပါ။

အဲ့တုန်းကတော့ 100% နားမလည်ပေမဲ့ " အ ဟား ငါနားလည်နေပါလား ဟုတ်လှပါလား" ဆိုတဲ့ ပေါတောတော အချိန် ဖြစ်မယ်ထင်ပါတယ်

အရမ်းကို intrinsically motivated ဖြစ်ခဲ့ရတဲ့ ကာလ တစ်ခုဖြစ်ပါတယ် ဒီလို moment ကို တပည့်တွေတိုင်း language learnersတွေတိုင်းကို ကြုံစေချင်တယ် ခံစားစေချင်တယ် " အ ဟား ဟုတ်ပြီ ဟုတ်နေပြီ " ဆိုတဲ့ ခံစားချက်ပါ...

ဒါကတော့ Listening အတွက်ပါ။ Speaking အတွက်ရော ဆိုတော့ သူက နည်းနည်းအချိန်ပိုကြာပါတယ် ဖြတ်လမ်းရှိလား ဆိုတော့ မရှိပါဘူး " You must speak and, even think in English to improve your speaking skills."

Speaking အတွက် breakthrough stage ကို ရောက်ချင်ရင်တော့ challenge တွေ လုပ်ကြည့်ပါ တွန့်ဆုတ်နေတာတွေကို ရှေ့ဆက်တိုးပါ ကိုယ့်ရဲ့ skills ကို judgement or evaluation လုပ်ခံရတဲ့ အချိန်မှာ ပြန် reflect လုပ်ပါ... နားယောင်ဖို့ ပြောတာမဟုတ်ပါဘူး demotivated ဖြစ်သွားဖို့မဟုတ်ပါဘူး self-evaluation မှန်မှန်ကန်ကန်လုပ်စေချင်တာပါ... ပြောရင်းနဲ့ Topic ကနေ ထွက်နေပြီမို့ ပြန်သွားပါမယ်။

ဘယ်လို အခြေအနေဟာ Breakthrough Stage လို့ ခေါ်နိုင်လဲ။ ဒီ checklist လေး ဖြေ ကြည့်ကြည့်ပါ။

1. Do you recognize patterns automatically?

2. Do you enjoy using English? ( You start choosing English for fun, like watching shows or chatting with friends.)

3. Do you feel natural while you are listening and reading?

4. Can you think in English without translating?

5. Do your conversations flow easily, even on abstract topics?

6. Do you understand different accents and styles? ( To you, native speakers no longer sound like they are speaking too fast.)

7. Can you learn something new in English, instead of "about" English? ( For instance, you watch a " how to" video on YouTube and you can understand or learn something new.)

ဒီ checklist လေးတွေဖြေကြည့်ရင်း 6 or 7 points ရပြီးဆိုရင်တော့ Congratulations! You have passed or you are in the Breakthrough Zone!

ဒီ Stage မရောက်သေးတဲ့ language learners တွေလည်း Please input, input, input, then output, output and output!!
You are almost there!
The Magical Stage is Waiting for You!

So, What about you? When did you reach the Breakthrough Stage? Could you share your magical moment to motivate other learners?

အရေးကြီးတာမေ့တော့မလို့ ဒါလေးမှတ်ထားပေးပါနော်
" Breakthrough is the beginning of Real Mastery. So, keep going to unlock the world."

With love💌

📩 ကလေးငယ်များ Phonics အတန်းတွေတက်သင့်/မသင့် ။⚠️ ကျွန်မ သမီး/သား က အသံထွက်တွေအရမ်းကောင်းပါတယ်... အဲ့တာ Phonics အတန်းလေးတွ...
07/07/2025

📩 ကလေးငယ်များ Phonics အတန်းတွေတက်သင့်/မသင့် ။

⚠️ ကျွန်မ သမီး/သား က အသံထွက်တွေအရမ်းကောင်းပါတယ်... အဲ့တာ Phonics အတန်းလေးတွေ တက်ဖို့လိုအပ်ပါသလားရှင်။

ဒီမေးခွန်းကို ဖြေရမယ်ဆိုရင်တော့ ပထမဆုံးပြောချင်တာက...

⚠️Good pronunciation ≠ Phonics Mastery⚠️ ပါ။

ဘာကြောင့် အသံထွက်ကောင်းနေပေမဲ့ Phonics သင်ယူကြသင့်လဲ ဆိုတာကို ဆက်ပြီးဆွေးနွေးပေးသွားပါမယ်။

(၁) အချက်။ ။ Phonics က " decoding skills" ကို သင်ပေးတာဖြစ်ပါတယ်။ အသံထွက်ကောင်းခြင်းဆိုတာ စကားလုံးတွေကို မှန်မှန်ကန်ကန် ပြောနိုင်ခြင်းဖြစ်ပြီးတော့ Phonics ကတော့ " sound နဲ့ letter" ကြားက ဆက်သွယ်ချက်ကို နားလည်ပြီး unfamiliar words တွေကိုပါ အသံထွက်တတ်အောင် ကူညီပေးပါတယ်။

ဥပမာ။ ။ အသံထွက်ကောင်းတဲ့ ကလေးက elephant ကို မှန်အောင်ထွက်နိုင်တယ်ဆိုရင် Phonics က
" elevate, effort" စတဲ့ စကားလုံးတွေကို ဖတ်နိုင်ဖို့ ကူညီပေးပါတယ်။

(၂) အချက်။ ။ Spelling ( စာလုံးပေါင်း) မှန်ကန်စေဖို့ အထောက်အကူပြုပါတယ်။ စကားလုံးတစ်ခုကို ဘာကြောင့် ဒီလိုပေါင်းရတာလဲ... ဘယ်လိုအသံထွက်မို့ ဘာနဲ့ပေါင်းသင့်တယ်... စတာတွေကို ဆက်စပ်နားလည်အောင် ကူညီပေးပါတယ်။

(၃) အချက်။ ။ Reading ပိုင်းကိုလည်း ချောချောမွေ့မွေ့၊ တိတိကျကျ ဖတ်နိုင်ဖို့ ကူညီပေးတဲ့အပြင် reading speed လည်း မြန်ဆန်လာဖို့ အထောက်အကူပြုပါတယ်။

(၄) အချက်။ ။ Independent learning skills တိုးတက်စေပါတယ်။ ကလေးတစ်ယောက်ဟာ စကားလုံး အသစ်/ spelling ရှည်တဲ့ စကားလုံးတွေနဲ့ တွေ့လာရပြီဆိုရင် ကိုယ်တိုင် ခွဲခြမ်းစိတ်ဖြာ အသံထွက်နိုင်လာမှာ ဖြစ်ပြီး adult တစ်ယောက်ရဲ့ အကူအညီ မပါပဲလေ့လာမှု စတင်နိုင်စေဖို့ လမ်းစတစ်ခု ဖြစ်ပါတယ်။

(၅) အချက် ကတော့ language skills (4) ခုဟာ တစ်နဲ့တစ်ခု interrelated ဖြစ်နေတဲ့အတွက် phonics သင်ယူခြင်းဟာဆိုရင် English စာလေ့လာရာမှာ များစွာအထောက်အပံ့ဖြစ်ပါကြောင်း။ ။

ဘာတွေလဲကွာ!!!" အင်္ဂလိပ်စာသင်တန်းတွေကလည်းအများကြီးပဲ အမျိုးကိုစုံနေတာပဲ "ဆိုပြီး ဘယ်သင်တန်းတက်ရမှန်းမသိဘူးဆိုတဲ့ မိဘများ...
28/06/2025

ဘာတွေလဲကွာ!!!

" အင်္ဂလိပ်စာသင်တန်းတွေကလည်းအများကြီးပဲ အမျိုးကိုစုံနေတာပဲ "

ဆိုပြီး ဘယ်သင်တန်းတက်ရမှန်းမသိဘူးဆိုတဲ့ မိဘများ မိတ်ဆွေများအတွက် ဒီပို့စ်ကိုရည်ရွယ်ပါတယ်။

အင်္ဂလိပ်စာလေ့လာနေကြတဲ့ နယ်ပယ်မှာ အဓိကအားဖြင့် english စာသင်တန်းအမျိုးအစား ( ၈ )မျိုးကိုအများဆုံးတွေ့ရမှာဖြစ်ပါတယ်။

✅ (၁) Year-1 to Year 9 or P-1 to P-9 ကနေ IGCSE/A Level အတွက် သင်တန်းကျောင်းများ

✅ (၂ ) Starters/ movers...CAE အထိ CEFR level အသိအမှတ်ပြု Cambridge exam များအတွက် သင်တန်းကျောင်းများ

✅( ၃) Phonics သင်တန်းကျောင်းများ

✅ (၄) Young learners four skills သင်တန်းကျောင်းများ

✅ (၅) Adult learners four skills သင်တန်းကျောင်းများ

✅ (၆) skills တစ်ခုချင်းစီ အတွက် ( grammar/ listening/ reading/ writing/ speaking) အထူးပြု သင်တန်းကျောင်းများ

✅ (၇) IELTS/ Duolingo နှင့် တခြားသော accredited certification အတွက် သင်တန်းကျောင်းများ

✅ (၈) Business English Classes

ဆိုပြီး ရှိကြပါတယ်။

‼️ဘယ်သင်တန်းကို ရွေးချယ်တက်ရမလဲ‼️

ဒီမေးခွန်းအတွက်တော့ ကိုယ်က ဘာဖြစ်လို့အင်္ဂလိပ်စာကိုသင်ချင်ရတာလည်း ဆိုတဲ့မေးခွန်းနဲ့ တိုက်ရိုက်အချိုးကျနေမှာဖြစ်ပါတယ် 👀

ရွေးချယ်မှုမှန်ကန်စေရန်အတွက် အထက်ဖော်ပြပါ သင်တန်းကျောင်းများရဲ့ ရည်ရွယ်ချက်များကို ရှင်းပြပေးပါမယ်

🥁 နံပါတ် (၁ ) သင်တန်းကျောင်းများကတော့ Pearson exam ( IGCSE/ A level) များအတွက် ရည်ရွယ်ထားပြီး Academic English ကို သင်ကြားပေးပါတယ်။ IS/ Private ကျောင်းများမှာ သင်ကြားပေးနေပြီး Academic English အတွက် အပြင် အပို သင်တန်း ဖွင့်ထားသော သင်တန်းများလည်းရှိပါတယ်။

🥁 နံပါတ်(၂ ) သင်တန်းကျောင်းများကတော့ CEFR level ( A1/A2/B1/...C2) အစရှိသော English level များအတွက် Cambridge အသိအမှတ်ပြု certificate များ ရရှိရန်အတွက် ရည်ရွယ်ပါတယ်

ဒီသင်တန်းကျောင်းများကတော့ Cambridge exam ကို မဖြစ်မနေရ ဖြေဆိုရတာမျိုးမဟုတ်ဘဲ မိမိလိုချင်သော level ရောက်မှ certificate အတွက် exam fee သွင်းပြီး ဖြေဆိုနိုင်ကြပါတယ် ( exam fee ကို မြင်ဖို့ မလိုသူများ level တစ်ခုပြီးတိုင်း ဖြေဆိုနိုင်)
သဘောကတော့ exam fee ချွေတာနိုင်ရန် Starter ကို exam center မှာ မဖြေသေးဘဲ movers ပြီးမှ ဖြေဆိုရင်လည်း
ရပါတယ် ဒါပေမဲ့ အတန်းများ တက် ဖို့လိုအပ်ပြီး class teacher ရဲ့ approval ရှိသင့်ပါတယ်။

🥁 နံပါတ် (၃) Phonics သင်တန်းများကတော့ Oxford/ Jolly phonics များ ကို အသုံးပြု၍ သင်ကြားပေးပါတယ် အသံထွက် မှန်ကန်စေရန် ရည်ရွယ်ပါတယ် အသက် ၅ နှစ် - ၆ နှစ် ကလေးများ စတင်တက်ရောက်နိုင်ပါတယ်။

🥁 နံပါတ် (၄) သင်တန်းကျောင်းများက တော့ Oxford/ Cambridge/ BC or any other organizations များမှ ရေးဆွဲပေးထားသော course book များကို အသုံးပြု၍ General English သင်ကြားကြပါတယ် Young learners ( age about 5-15) အတွက် ရည်ရွယ်ပါတယ်။

🥁 နံပါတ် (၅) သင်တန်းကျောင်းများကလည်း နံပါတ် ၄ သင်တန်းများနည်းတူ General English သင်ကြားပေးပါတယ် ကွာခြားချက်ကတော့ အသက်အပိုင်းအခြားပဲဖြစ်ပါတယ် ( above 16) အသက်အပိုင်းအခြားကွာခြားချက်ကြောင့် အတွေးအခေါ်ပိုင်း knowledge ပိုင်း မတူတဲ့အတွက် အသုံးပြုရသော course book များ မတူကြပါ။

( နံပါတ် ၄+၅ သင်တန်းများမှာ center exam မျိုး မရှိပဲ မိမိ တက်ရောက်နေသော သင်တန်းကျောင်းများမှ စစ်ဆေးအကဲဖြတ် ( certificate) ပေးကြခြင်းဖြစ်ပါသည်)

🥁 နံပါတ် ၆ သင်တန်းကျောင်းများကတော့ မိမိလိုအပ်နေသော စကေးများ တစ်ခုချင်းစီ ထပ်ဖြည့် လိုတဲ့ learners အတွက်ရည်ရွယ်ပါတယ်။

🥁 နံပါတ် ၇ သင်တန်းကျောင်းများကတော့ နိုင်ငံခြားမှာ ပညာသင်ယူလို့သူများ စကောလားရှစ် လျှောက်ရန် ရည်ရွယ်သူများကို မိမိတို့အတွက် လိုအပ်သော အသိအမှတ်ပြု certificate များ ရရှိနိုင်ရေး သင်ကြားပေးပါတယ်။

🥁 နံပါတ် (၈) သင်တန်းများကတော့ လုပ်ငန်းခွင်အတွက် လိုအပ်သော Business English ကို သင်ကြားပေးကြပါတယ်။

သင်တန်းတွေဟာ တစ်ခုတည်း တစ်စိုက်မတ်မတ် တက်သွားလို့ ရသလို တွဲပြီးလည်း တက်နိုင်ပါတယ်။ ( အချိန်နှင့် ငွေအား ပေါ်မူတည်)
ဥပမာ-

📍 Business English + four skills for adults

📍 Academic English ( နံပါတ် ၁) + four skills by particular school ( နံပါတ် ၄/၅)

📍 Academic English + Starter.....CAE

📍 IELTS + fours skills or individual skills or FCE/CAE

📍 Phonics+ four skills for young learners

📢 📢📢 သင်တန်းကျောင်းတွေသည်လည်း တစ်နေရာတည်းကနေ အတန်းစုံဖွင့်လှစ်ထားတာမျိုးရှိသလို field တစ်ခုတည်းကိုပဲ ဖွင့်လှစ်ထားတဲ့ ကျောင်းများလည်းရှိပါတယ်။

🎀 ကိုယ်နဲ့ အကိုက်ညီဆုံး အင်္ဂလိပ်စာသင်တန်း များ ရွေးချယ်နိုင်ကြပါစေရှင်။🎀🎀🎀

‼️‼️ ( Do not copy this post)‼️‼️

နေ့တိုင်းနီးပါးမြင်ဖူးနေပေမဲ့ ဒီ things to wear လေးတွေကို ဘယ်လိုခေါ်ရမလဲ 🤔...leggings /ˈleɡɪŋz/sandals /ˈsændl/goggles /...
20/06/2025

နေ့တိုင်းနီးပါးမြင်ဖူးနေပေမဲ့ ဒီ things to wear လေးတွေကို ဘယ်လိုခေါ်ရမလဲ 🤔...

leggings /ˈleɡɪŋz/

sandals /ˈsændl/

goggles /ˈɡɒɡəlz $-ˈɡɑː/

trainers /ˈtreɪnəz $ -ərz/

gloves /ɡlʌvz/

scarf / skɑːf $ skɑːrf/

သားသားမီးမီးများအတွက် အခြေခံကနေ ကျွမ်းကျင်ပိုင်နိုင်အောင် သင်ကြားပေးတဲ့ YLE class လေးတွေလည်း ဖွင့်လှစ်ထားပါတယ်ရှင်။မိမိက...
18/06/2025

သားသားမီးမီးများအတွက် အခြေခံကနေ ကျွမ်းကျင်ပိုင်နိုင်အောင် သင်ကြားပေးတဲ့ YLE class လေးတွေလည်း ဖွင့်လှစ်ထားပါတယ်ရှင်။

မိမိကလေးရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမဲ့ အတန်းလေးတွေကို လာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

Next Level English မှ လက်ရှိ ဖွင့်လှစ်ထားတဲ့ အတန်းများနဲ့ မိတ်ဆက်ပေးပါရစေရှင့်။အောက်ပါအတန်းတွေကတော့ young adult နဲ့ adul...
18/06/2025

Next Level English မှ လက်ရှိ ဖွင့်လှစ်ထားတဲ့ အတန်းများနဲ့ မိတ်ဆက်ပေးပါရစေရှင့်။

အောက်ပါအတန်းတွေကတော့ young adult နဲ့ adult learners တွေအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ထားပါတယ်ရှင်။

NLE မှ အတန်းအများစုကတော့ One-on-one class များဖြစ်ပြီး တစ်ချို့ကတော့ သူငယ်ချင်းတွေစုတက်တဲ့ group class လေးတွေ ဖြစ်ပါတယ်။

ဒါကြောင့် တစ်ယောက်ချင်း private တန်းယူချင်တာဖြစ်ဖြစ် ကိုယ့်သူငယ်ချင်းတွေနဲ့ အတူတူတက်ချင်ရင်ပဲဖြစ်ဖြစ် လာရောက်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Next Level English posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share